သားသမီးတွေကို ဆုံးမတဲ့အခါ လက်ကိုင်ပြုသင့်တဲ့အချက် (၁၀)ချက်

သားသမီးတွေကို ဆုံးမတဲ့အခါ လက်ကိုင်ပြုသင့်တဲ့အချက် (၁၀)ချက်

၁။သားသမီးတွေရဲ့ အနာဂတ်ကို ချစ်ရင် အဆဲမပါပဲ စကားပြောတတ်အောင် ကလေးတွေကို သင်ပေးသင့်တယ်။

၂။ ရန်ဖြစ်ရင် ကိုယ့်ဘက်က အနိုင်ယူဖို့ထက် ရန်မဖြစ်အောင် နေတတ်ထိုင်တတ်ဖို့ကို ပိုပြီးသင်ပေးသင့်တယ်။

၃။ တစ်ချို့တောင်းပန်ခြင်းတွေက ကိုယ့်ဘက်ကမှားလို့မဟုတ်ပဲ နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ပိုပြီးသင့်မြတ်အဆင်ပြေဖို့အတွက် တောင်းပန်ရတယ်ဆိုတာ ရှင်းပြပေးသင့်တယ်။

၄။ တစ်စုံတစ်ယောက်ဆီက တစ်ခုခုရလိုက်လို့ခံစားရတဲ့ပျော်ရွှင်မှုမျိုးထက် တစ်စုံတစ်ယောက်ကို ပေးဆပ်လိုက်ရလို့ ကြည်နူးရတဲ့ ပီတိတွေအကြောင်းကို သေချာပြောပြသင့်တယ်။

၅။ ကိုယ်မဟုတ်တဲ့ အခြားသောလူတစ်ယောက်ရဲ့အောင်မြင်မှုကို မနာလိုဝန်တိုစိတ်မမွေးပဲ ထိုလူရဲ့ အောင်မြင်မှုအတွက် လက်ခုပ်သံအကျယ်ကြီးတီးပြီး မုဒိတာ ပွားနိုင်အောင် သင်ကြားပေးသင့်တယ်။

၆။ တရားမျှတတဲ့ပြိုင်ပွဲတွေ ပြိုင်တဲ့အခါဂုဏ်သိက္ခာရှိစွာ အရှုံးအနိုင်ကို လက်ခံနိုင်ဖို့ သင်ကြားပေးသင့်တယ်။

၇။ မြေပေါ်ကျသွားတဲ့ မုန့်လေးဟာ ကိုယ့်အတွက်အသုံးမဝင်ခဲ့ရင်တောင် အခြားသက်ရှိသတ္တဝါတွေ( ဥပမာ-ပုရွက်ဆိတ် )လိုသတ္တဝါလေးတွေအတွက်အသုံးဝင်တယ်ဆိုတဲ့အထိ တွေးနိုင်အောင် ကလေးတွေရဲ့ ဦးနှောက်နဲ့နှလုံးသားကိုသေချာပြုစု ပျိုးထောင်ပေးသင့်ပါတယ်။

၈။ ကလေးတွေ အမှားလုပ်မိတဲ့အခါအပြစ်တင်ပြောဆိုခြင်းထက် နောက်ဒီလိုမမှားအောင် နားဝင်အောင် ဆုံးမပြုပြင်ပေးခြင်းကပိုကောင်းပါတယ်။

၉။ တကယ်တော့ ကလေးတွေက ဖြူစင်ပါတယ်လူတွေရဲ့ အတ္တတွေနဲ့ပတ်ဝန်းကျင်ရဲ့ မကောင်းမြင်စိတ်တွေကြောင့် အရောင်တွေ ပြောင်းသွားကြတာပါ။

၁၀။ အဖြူထည်လေးတွေ အရောင်စွန်းမသွားဖို့ဆိုရင် မိတ်ဆွေတို့ ကျွန်မတို့ဟာ ကလေးတွေအပေါ်မှာ လူသားဆန်ဖို့ လိုအပ်ပါတယ်။

အနာဂတ်ကို တကယ်ချစ်ရင် ယခုပစ္စုပ္ပန်မှာ ကလေးတွေကို တန်ဖိုးထားပါ။

လေးစားစွာဖြင့် Credit – နှင်းနှင်းအေး

Zawgyi. .

သားသမီးေတြကို ဆုံးမတဲ့အခါ လက္ကိုင္ျပဳသင့္တဲ့အခ်က္ (၁၀)ခ်က္

၁။သားသမီးေတြရဲ႕ အနာဂတ္ကို ခ်စ္ရင္ အဆဲမပါပဲ စကားေျပာတတ္ေအာင္ ကေလးေတြကို သင္ေပးသင့္တယ္။

၂။ ရန္ျဖစ္ရင္ ကိုယ့္ဘက္က အနိုင္ယူဖို႔ထက္ ရန္မျဖစ္ေအာင္ ေနတတ္ထိုင္တတ္ဖို႔ကို ပိုၿပီးသင္ေပးသင့္တယ္။

၃။ တစ္ခ်ိဳ႕ေတာင္းပန္ျခင္းေတြက ကိုယ့္ဘက္ကမွားလို႔မဟုတ္ပဲ ႏွစ္ဦးႏွစ္ဖက္ဆက္ဆံေရး ပိုၿပီးသင့္ျမတ္အဆင္ေျပဖို႔အတြက္ ေတာင္းပန္ရတယ္ဆိုတာ ရွင္းျပေပးသင့္တယ္။

၄။ တစ္စုံတစ္ေယာက္ဆီက တစ္ခုခုရလိုက္လို႔ခံစားရတဲ့ေပ်ာ္႐ႊင္မႈမ်ိဳးထက္ တစ္စုံတစ္ေယာက္ကို ေပးဆပ္လိုက္ရလို႔ ၾကည္ႏူးရတဲ့ ပီတိေတြအေၾကာင္းကို ေသခ်ာေျပာျပသင့္တယ္။

၅။ ကိုယ္မဟုတ္တဲ့ အျခားေသာလူတစ္ေယာက္ရဲ႕ေအာင္ျမင္မႈကို မနာလိုဝန္တိုစိတ္မေမြးပဲ ထိုလူရဲ႕ ေအာင္ျမင္မႈအတြက္ လက္ခုပ္သံအက်ယ္ႀကီးတီးၿပီး မုဒိတာ ပြားနိုင္ေအာင္ သင္ၾကားေပးသင့္တယ္။

၆။ တရားမွ်တတဲ့ၿပိဳင္ပြဲေတြ ၿပိဳင္တဲ့အခါဂုဏ္သိကၡာရွိစြာ အရႈံးအနိုင္ကို လက္ခံနိုင္ဖို႔ သင္ၾကားေပးသင့္တယ္။

၇။ ေျမေပၚက်သြားတဲ့ မုန့္ေလးဟာ ကိုယ့္အတြက္အသုံးမဝင္ခဲ့ရင္ေတာင္ အျခားသက္ရွိသတၱဝါေတြ( ဥပမာ-ပု႐ြက္ဆိတ္ )လိုသတၱဝါေလးေတြအတြက္အသုံးဝင္တယ္ဆိုတဲ့အထိ ေတြးနိုင္ေအာင္ ကေလးေတြရဲ႕ ဦးႏွောက္နဲ႕ႏွလုံးသားကိုေသခ်ာျပဳစု ပ်ိဳးေထာင္ေပးသင့္ပါတယ္။

၈။ ကေလးေတြ အမွားလုပ္မိတဲ့အခါအျပစ္တင္ေျပာဆိုျခင္းထက္ ေနာက္ဒီလိုမမွားေအာင္ နားဝင္ေအာင္ ဆုံးမျပဳျပင္ေပးျခင္းကပိုေကာင္းပါတယ္။

၉။ တကယ္ေတာ့ ကေလးေတြက ျဖဴစင္ပါတယ္လူေတြရဲ႕ အတၱေတြနဲ႕ပတ္ဝန္းက်င္ရဲ႕ မေကာင္းျမင္စိတ္ေတြေၾကာင့္ အေရာင္ေတြ ေျပာင္းသြားၾကတာပါ။

၁၀။ အျဖဴထည္ေလးေတြ အေရာင္စြန္းမသြားဖို႔ဆိုရင္ မိတ္ေဆြတို႔ ကြၽန္မတို႔ဟာ ကေလးေတြအေပၚမွာ လူသားဆန္ဖို႔ လိုအပ္ပါတယ္။

အနာဂတ္ကို တကယ္ခ်စ္ရင္ ယခုပစၥဳပၸန္မွာ ကေလးေတြကို တန္ဖိုးထားပါ။

ေလးစားစြာျဖင့္ Credit – ႏွင္းႏွင္းေအး


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *