မိဘတွေအနေနဲ့ သားသမီးတွေ အထင်မြင်လွဲမှားစေနိုင်တဲ့ ဒီအချက်တွေကို သတိထားစေချင်တယ်..

မိဘတွေအနေနဲ့ သားသမီးတွေ အထင်မြင်လွဲမှားစေနိုင်တဲ့ ဒီအချက်တွေကို သတိထားစေချင်တယ်

မိဘတွေအနေနဲ့ သားသမီးတွေ အထင်မြင်လွဲမှားစေနိုင်တဲ့ ဒီအချက်တွေကို သတိထားစေချင်တယ်

(၁) `အပြစ်တင်လွန်းတဲ့မိဘ´

ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ တနည်းဆိုရရင် လောဘကြီးမိကြတာပါ။အသုံးမကျဘူး ဆိုတဲ့ ဘောင်ထဲ သွတ်သွင်းတာ သားသမီးက တကယ် အသုံးမကျတာဖြစ်ချင်ဖြစ်မယ် ။

ဒါပေမဲ့ အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ ဒါကို ကြားရဖန်များလာတဲ့ အခါ ဒေါသက မိဘကိုပြန်ခံပြောတတ် ဖို့ စတင်လာတယ် ။

(၂) `ဘက်လိုက်တတ်တာ´

သားသမီးချင်း တူတူ ငါ့သမီး/သားလေး ဘက်လိုက် ဆက်ဆံတတ်တာ။ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာ များတယ်။

မိဘက သွေးခွဲထားလို့ပါ `နင်ကညံ့တယ် နင်ကတော်တယ်´ ဆိုပြီး ကွာလတီ ခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေ ဟာဘယ်တော့မှ ဈေးနှုန်း ညှိမရကြတော့ဘူး ။

ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ် အချင်းချင်း မနာလို စိတ်ကနေ အမုန်းတရား ပွားများလာတယ်။ကလေးဘဝ ကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး။မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ ပက်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေဖြစ်နေကြပါ လိမ့်မယ် ။

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ပြန်ပြောမိရင်တော့ မိဘကို ခံပြောသလိုဖြစ်တယ်။ငရဲကြီးမယ် ဒုက္ခရောက်မှ အေးမယ် ။ခွေးဖြစ်မှာ ဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုးပါတယ်။

ကောင်းကောင်းမွန်မွန် ပြောပြီးခိုင်းလို့ ရနိူင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ်။ထင်တဲ့ အတွေးနဲ့ ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်။

(၄) `သားသမီး အိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ´

`နင့် ယောက်ကျားက ဘယ်လို´

`နင်ယူထားတဲ့ မိန်းမကဘယ်လို´ ဆိုတာမျိုး မပြောသင့်ပါဘူး ။

သားသမီးရဲ့ ရွေးချယ်မှုကို လဲ လေးစားရပါမယ်။သူတောင် သူ့ဘဝကိုသူ နေတတ်လို့နေနေတာပါ။သားသမီးက သူ့အိမ်ထောင်နဲ့ ပက်သက်ပြီး ကူညီပါလို့ မပြောမချင်း ဝင်ပါစရာ မလိုတာပါ။ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့ အယူအဆ ဟာမှားပါတယ်။

ကိုယ့်သားသမီး အကြောင်းသိတယ် ဆိုတာ ကလေးဘဝ မှာပဲဖြစ်ပါလိမ့်မယ်။ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန် ရှိနေလို့သူတို့ အကျင့်လေးတွေသိနေကြရတာ

သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေဆိုတာ ကိုသတိထားသင့်ပါတယ်။သားသမီးဆိုတာ မိဘကို အစစအရာရာပြောပြချင်တဲ့ အရွယ်ဆိုတာ အသက်လေးငါးဆယ်နှစ် အရွယ်မှာပဲရှိတယ်။

ဒါကိုကလေးလိုပဲ အကုန်သိချင် အကုန်ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ်ဖြစ်လာရင် တောင် မိဘကိုမတိုင်ပင် ကြတော့တာများပါတယ်။`ငါပြောသားပဲ´ဆိုတဲ့ စကားနောက်က အပြစ်တင်မှုတွေဟာ ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေက ရိပ်စားမိကြပါတယ်။သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်။

(၅) `သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ´

အချို့ မိဘတွေရှိပါတယ်…။ ပြင်ပမှာတော့ လူငယ်လူကြီး မရွေးကို အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်။ပြောရရင် လူတွေအပေါ် လေးစားမှု ရှိတာပေါ့ ။ သားသမီးကိုကျ အဲ့လို မလုပ်နိုင်ကြပါဘူး။သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ။

စေတနာစကားပေမယ့်.. အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ။အပြင်ပန်းက မှတ်မထားချင်ရင် နေမယ် ။ စိတ်ခံစားချက် ကတော့ မိဘက ငါပြောတိုင်း မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့သားသမီးတွေ ရှိလာရတာပါ။

စိတ်ဆိုတာ အမြဲကြည်သာ မနေပါဘူး ။ အမြဲနားပူအောင် နေ့စဉ် ဆုံးမစကား ဆိုမနေမိ ပါစေနဲ့။သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကား တစ်ခွန်းချင်းပြောသင့် ပါတယ်။

တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ်။သားသမီးအနေနဲ့လည်း မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်။သူ့အမှားကိုဆင်ခြင်နိုင်တယ် ။ `ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် ။

ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့ ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ။အဆင်မပြေမှုတွေကို သူတို့လဲမလိုလားကြပါဘူး ။ ဒါပေမဲ့ ငြင်းဆန်မရရင်တော့ မိဘနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်း ထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်။

မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ ရပ်တည်နေရတဲ့ အခါမှာလဲ အဆင်ပြေဘို့ဆိုတာ မလွယ်ကူပါဘူး။အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့ အဆင်ပြေတယ်ပဲပြောလိုက်ပါ ။ တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်း စေပါတယ် ။

တတ်နိုင်ရင်အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ် ။ အနီးမှာပဲ နေမယ်ဆိုလဲမိဘနဲ့ အဆင်ပြေအောင်နည်းလမ်းရှာပြီးစိတ်လျော့ကြပါ။

မိဘဆိုတာ အဖိုးတန်ပါတယ် ဒါပေမယ့်… သားသမီးဆိုတာလဲ လူသားမို့ သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများ အထူး သတိထားကြည့်ကြပြီး မိဘနဲ့သားသမီးများ ဆက်ဆံရေး ဟာလဲပိုအဆင်ပြေကြမှာပါ။

Credit : ရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ

မိဘေတြအေနနဲ႔ သားသမီးေတြ အထင္ျမင္လြဲမွားေစႏိုင္တဲ့ ဒီအခ်က္ေတြကို သတိထားေစခ်င္တယ္

မိဘေတြအေနနဲ႔ သားသမီးေတြ အထင္ျမင္လြဲမွားေစႏိုင္တဲ့ ဒီအခ်က္ေတြကို သတိထားေစခ်င္တယ္

(၁) `အျပစ္တင္လြန္းတဲ့မိဘ´

ဘာလုပ္လုပ္ အျပစ္တင္ေနတတ္တာ တနည္းဆိုရရင္ ေလာဘႀကီးမိၾကတာပါ။အသုံးမက်ဘူး ဆိုတဲ့ ေဘာင္ထဲ သြတ္သြင္းတာ သားသမီးက တကယ္ အသုံးမက်တာျဖစ္ခ်င္ျဖစ္မယ္ ။

ဒါေပမဲ့ အသုံးမက်တာကိုပဲ ေဖာက္ျမင္ေနတတ္တာ ဒါကို ၾကားရဖန္မ်ားလာတဲ့ အခါ ေဒါသက မိဘကိုျပန္ခံေျပာတတ္ ဖို႔ စတင္လာတယ္ ။

(၂) `ဘက္လိုက္တတ္တာ´

သားသမီးခ်င္း တူတူ ငါ့သမီး/သားေလး ဘက္လိုက္ ဆက္ဆံတတ္တာ။ဘက္လိုက္တတ္တဲ့ မိဘေတြရဲ႕ သားသမီးေတြဟာ မစည္းလုံးၾကတာ မ်ားတယ္။

မိဘက ေသြးခြဲထားလို႔ပါ `နင္ကညံ့တယ္ နင္ကေတာ္တယ္´ ဆိုၿပီး ကြာလတီ ခြဲလိုက္တဲ့ ကုန္ပစၥည္းေတြ ဟာဘယ္ေတာ့မွ ေဈးႏႈန္း ညႇိမရၾကေတာ့ဘူး ။

ဘက္လိုက္မႈက မေလးစားမႈကို အစပ်ိဳးပါတယ္ အခ်င္းခ်င္း မနာလို စိတ္ကေန အမုန္းတရား ပြားမ်ားလာတယ္။ကေလးဘဝ ကတည္းက အ႐ိုးစြဲတဲ့ အမုန္းတရားက ဘယ္ေတာ့မွ ေဖ်ာက္မရေတာ့ဘူး။မိဘေတြသာမရွိၾကေတာ့ရင္ ဒီေမာင္ႏွမေတြဟာ ပက္သက္စရာ လုံးဝကို မရွိေတာ့တဲ့ လူေတြျဖစ္ေနၾကပါ လိမ့္မယ္ ။

(၃) ဆဲဆိုလြန္းတာ

ေန႔စဥ္ အဆဲခံရတဲ့လူဟာ မခံခ်င္စိတ္ေၾကာင့္ ေဒါသမ်ားမယ္။ျပန္ေျပာမိရင္ေတာ့ မိဘကို ခံေျပာသလိုျဖစ္တယ္။ငရဲႀကီးမယ္ ဒုကၡေရာက္မွ ေအးမယ္ ။ေခြးျဖစ္မွာ ဆိုတဲ့ က်ိန္စာဆန္ဆန္ စကားေတြဟာ အရမ္းဆိုးပါတယ္။

ေကာင္းေကာင္းမြန္မြန္ ေျပာၿပီးခိုင္းလို႔ ရႏိူင္ေပမယ့္ ဆဲေရးၿပီးမွ လုပ္မယ္။ထင္တဲ့ အေတြးနဲ႔ ခိုင္းတာဟာ ဆိုးဝါးလြန္းပါတယ္။

(၄) `သားသမီး အိမ္ေထာင္ေရးကိစၥကို စြက္ဖက္တာ´

`နင့္ ေယာက္က်ားက ဘယ္လို´

`နင္ယူထားတဲ့ မိန္းမကဘယ္လို´ ဆိုတာမ်ိဳး မေျပာသင့္ပါဘူး ။

သားသမီးရဲ႕ ေ႐ြးခ်ယ္မႈကို လဲ ေလးစားရပါမယ္။သူေတာင္ သူ႔ဘဝကိုသူ ေနတတ္လို႔ေနေနတာပါ။သားသမီးက သူ႔အိမ္ေထာင္နဲ႔ ပက္သက္ၿပီး ကူညီပါလို႔ မေျပာမခ်င္း ဝင္ပါစရာ မလိုတာပါ။ငါ့သမီးမွန္တယ္ ငါ့သားမွန္တယ္ ဆိုတဲ့ အယူအဆ ဟာမွားပါတယ္။

ကိုယ့္သားသမီး အေၾကာင္းသိတယ္ ဆိုတာ ကေလးဘဝ မွာပဲျဖစ္ပါလိမ့္မယ္။ကေလးဘဝမွာသာ မိဘနဲ႔တစ္ေနကုန္ ရွိေနလို႔သူတို႔ အက်င့္ေလးေတြသိေနၾကရတာ

သူတို႔္အ႐ြယ္ေရာက္တဲ့အခါ မိဘနဲ႔ေနခ်ိန္နည္းေလ မိဘက သားသမီးစိတ္ကို မသိရေလဆိုတာ ကိုသတိထားသင့္ပါတယ္။သားသမီးဆိုတာ မိဘကို အစစအရာရာေျပာျပခ်င္တဲ့ အ႐ြယ္ဆိုတာ အသက္ေလးငါးဆယ္ႏွစ္ အ႐ြယ္မွာပဲရွိတယ္။

ဒါကိုကေလးလိုပဲ အကုန္သိခ်င္ အကုန္ေျဖရွင္းေပးခ်င္တယ္ ဆိုရင္ေတာ့ တကယ္ျဖစ္လာရင္ ေတာင္ မိဘကိုမတိုင္ပင္ ၾကေတာ့တာမ်ားပါတယ္။`ငါေျပာသားပဲ´ဆိုတဲ့ စကားေနာက္က အျပစ္တင္မႈေတြဟာ ျပႆနာကိုေျဖရွင္းဖို႔ ေဝးကြာေစတာ သားသမီးေတြက ရိပ္စားမိၾကပါတယ္။သားသမီးအေၾကာင္း တကယ္သာသိရင္ ဒါမ်ိဳးမလုပ္သင့္တာကို သိကိုသိထားရမယ္။

(၅) `သားသမီးကို ေျပာဆိုဆက္ဆံပုံ မွားတာ´

အခ်ိဳ႕ မိဘေတြရွိပါတယ္…။ ျပင္ပမွာေတာ့ လူငယ္လူႀကီး မေ႐ြးကို အရမ္းအေလးထား ဆက္ဆံတတ္ပါတယ္။ေျပာရရင္ လူေတြအေပၚ ေလးစားမႈ ရွိတာေပါ့ ။ သားသမီးကိုက် အဲ့လို မလုပ္ႏိုင္ၾကပါဘူး။သားသမီးဆိုတာ ငယ္ႏိုင္လိုျဖစ္ေနေတာ့ စိတ္အလိုမက် တိုင္းသားသမီးကို ႏွိမ္ေနတတ္တာမ်ိဳးပါ။

ေစတနာစကားေပမယ့္.. အေျပာမတတ္ရင္ နားခါးတာ လူ႔သဘာဝပါ။အျပင္ပန္းက မွတ္မထားခ်င္ရင္ ေနမယ္ ။ စိတ္ခံစားခ်က္ ကေတာ့ မိဘက ငါေျပာတိုင္း မေကာင္းျမင္တယ္ဆိုၿပီး ေဒါသႀကီးေနတတ္တဲ့သားသမီးေတြ ရွိလာရတာပါ။

စိတ္ဆိုတာ အၿမဲၾကည္သာ မေနပါဘူး ။ အၿမဲနားပူေအာင္ ေန႔စဥ္ ဆုံးမစကား ဆိုမေနမိ ပါေစနဲ႔။သူေန႔စဥ္လုပ္တာေတြ မွတ္ထားၿပီး တစ္ပတ္တစ္ခါ တစ္လတစ္ခါေလာက္သာ စားပြဲဝိုင္းမွာ ေအးေအးေဆးေဆးပဲ ဆုံးမစကား တစ္ခြန္းခ်င္းေျပာသင့္ ပါတယ္။

တစ္ပတ္တစ္ခါမို႔ ဆုံးမရတာ စိတ္လဲရွည္တယ္။သားသမီးအေနနဲ႔လည္း မိဘက ခ်က္က်လက္က်ေျပာေတာ့ ျငင္းရခက္တယ္။သူ႔အမွားကိုဆင္ျခင္ႏိုင္တယ္ ။ `ေဒါသပါတဲ့ ဆုံးမစကားဟာ ေျပာင္းျပန္အက်ိဳးသက္ေရာက္ပါတယ္ ။

ဘာလို႔လဲဆိုေတာ့ သားသမီးဆိုတာလူသားမို႔ ေဒါသထြက္ရင္အ႐ြဲ႕တိုက္တတ္လို႔ပါ။အဆင္မေျပမႈေတြကို သူတို႔လဲမလိုလားၾကပါဘူး ။ ဒါေပမဲ့ ျငင္းဆန္မရရင္ေတာ့ မိဘနဲ႔ ထိပ္တိုက္ရင္ဆိုင္ျခင္း ထက္ အေဝးကို ေျပးသြားလိုက္တာ အကုသိုလ္အနည္းဆုံး အဆင္ေျပဆုံးလို႔ ထင္ျမင္ယူဆလာၾကပါတယ္။

မိဘနဲ႔အဆင္မေျပတဲ့ သားသမီးဟာ သူ႔ဖာသာ ရပ္တည္ေနရတဲ့ အခါမွာလဲ အဆင္ေျပဘို႔ဆိုတာ မလြယ္ကူပါဘူး။အဆင္ေျပေျပ မေျပေျပ မိဘမသိပါေစနဲ႔ အဆင္ေျပတယ္ပဲေျပာလိုက္ပါ ။ ေတြးပူေနတတ္တဲ့ မိဘကိုလည္း စိတ္မပင္ပန္းေစသလို အကုသိုလ္လဲနည္း ေစပါတယ္ ။

တတ္ႏိုင္ရင္အေဝးကေန ေထာက္ပံ့ျခင္းကို လုပ္လို႔ရပါတယ္ ။ အနီးမွာပဲ ေနမယ္ဆိုလဲမိဘနဲ႔ အဆင္ေျပေအာင္နည္းလမ္းရွာၿပီးစိတ္ေလ်ာ့ၾကပါ။

မိဘဆိုတာ အဖိုးတန္ပါတယ္ ဒါေပမယ့္… သားသမီးဆိုတာလဲ လူသားမို႔ သူလဲသူ႔တန္ဖိုးနဲ႔သူရွိတယ္ဆိုတာ မိဘမ်ား အထူး သတိထားၾကည့္ၾကၿပီး မိဘနဲ႔သားသမီးမ်ား ဆက္ဆံေရး ဟာလဲပိုအဆင္ေျပၾကမွာပါ။

Credit : ေရးသားသူ

Zawgyi ျဖင့္ဖတ္ပါ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *