ဘုရား ဘုရား မိဘတွေ ရင်ကျိုးရပီ ဒီဘ၀ ဒီမျှ ဝဋ်ကြွေးတွေ ကျေကြပါစေ ကလေးတို့ရေ….

ဘုရား ဘုရား မိဘတွေ ရင်ကျိုးရပီ ဒီဘ၀ ဒီမျှ ဝဋ်ကြွေးတွေ ကျေကြပါစေ ကလေးတို့ရေ

ရေငုပ်ရှာဖွေချိန် (1:30) အတွင်း ကျန်ရှိ ရုပ်အလောင်း (3)လောင်းစလုံးအား ဆယ်ယူပေးခဲ့

ရေနံချောင်းမြို့ / ညောင်လှရပ်ကွက် (ဧရာဝတီမြစ်) ညောင်လှချောင်းသာတွင် ‌

ကလေးငယ် (4) ဦး ရေနစ် ပျောက်ဆုံးမှု ဖြစ်စဉ်ကိုအကူအညီ တောင်းခံချက်အရ

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အား စေလွှတ်ပေးခဲ့ရာ အခင်းဖြစ်ပွါးသည့် နေရာ အား

15:00 နာရီ တွင် ရေငုပ်အဖွဲ့ စတင်ရောက်ရှိပြီး အခင်းဖြစ်နေရာအား လေ့လာခြင်း /အတွေ့အကြုံများ နှင့် ပေါင်းစပ် သုံးသပ်ခြင်းများ ပြုလုပ် ၍

15:36 နာရီ တွင် စတင် ရေငုပ်ရှာဖွေ ခဲ့ရာ 15:52 နာရီ တွင် ပထမ ရုပ်အလောင်းမနိုင်နိုင်မော် (13 နှစ်) အား လည်းကောင်း /

16:23 နာရီ တွင် ဒုတိယ ရုပ်အလောင်း မောင်ဝေလျှံဆက် (6 နှစ် ) အား လည်းကောင်း

16:52 နာရီ တွင် တတိယ ရုပ်အလောင်း မသက်ထားစံ (15 နှစ်) အား လည်းကောင်း

ဧရာဝတီမြစ် ကြမ်းပြင် ပျမ်းမျှ ရေအနက် 40-45 ပေ ဝန်းကျင် မှအသီးသီး ဆက်တိုက် ဆယ်ယူပေးနိုင်ခဲ့ပြီး

ရေငုပ်ကယ်ဆယ်‌ရေးလုပ်ငန်းလုပ်ချိန် (1:30) နာရီ အသုံးပြုကာ ကျန်ရစ်သူ မိသားစုဝင်များ ၏ အပူ ကို ဖေးမ စာနာ ၍ ကူညီပေးနိုင်ခဲ့ ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီ ) တိုင်းဒေသကြီး ကော်မတီရုံး

09 – 767 119 119 / 09 – 787 119 119 / 09 – 440 119 119

သကျသီဟကျောင်း တိုက် / အမရပူရမြို့နယ် / မန္တလေးမြို့

zawgyi












🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏





Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *