ချောင်းသာကမ်းခြေ သွားမယ့်သူတွေ အထူးဂရုပြုရမယ့် အကြောင်းအရာတခု (အန္တရာယ် အလွန်ရှိပါတယ်)…..

နွေရာသီကို စတင်ရောက်ရှိလာပြီဖြစ်တာကြောင့် ချောင်းသာအပါအဝင် မြန်မာပြည်ကမ်းခြေတွေကို သွားလာကြမယ့်သူတွေ များပြားလာပါတယ်။ ကမ်းခြေသွားမယ့်သူတွေ အထူးဂရုပြု သတိထားရမယ့် အရေးကြီး ကိစ္စတခုလည်း ရှိလာပါတယ်။

အဲဒါကတော့ ချောင်းသာကမ်းခြေမှာ ယခုရက်ပိုင်း ထူးဆန်းပြီး လှပတဲ့ အပြာရောင် သတ္တဝါလေးတွေ အများအပြား သောင်တင်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ သတ္တဝါလေးတွေဟာ ဂျယ်လီငါး အမျိုးအစား တခုဖြစ်ပြီး သူ့မှာ ရှိတဲ့ အဆိပ်က ပြင်းထန်တယ်လို့ သိရပါတယ်။ လက်နဲ့ ကိုင်တွယ်မိပါက အလွန်ဆိုးဝါးတဲ့ နာကျင်မှုကို ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဂျယ်လီငါးတွေဟာ လေပြင်းတိုက်ပြီး ရာသီဥတုဆိုးဝါးတဲ့ အချိန်မျိုးမှာ ကမ်းခြေကို သောင်တင်လေ့ ရှိတယ်လို့ ဒေသခံများထံက သိရပါတယ်။

ချောင်းသာကမ်းခြေမှာ အဆိပ်ပြင်း ဂျယ်လီငါးတမျိုးနဲ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူ တယောက်ရဲ့ အတွေ့အကြုံကို ဖော်ပြပေးလိုက်ပါတယ်။ ကမ်းခြေမှာ တွေ့ရတဲ့ ထူးဆန်းတဲ့ အကောင်တွေကို လက်နဲ့ အလျင်စလို မကိုင်မိကြဖို့ အသိပေးလိုက်ရပါတယ် ခင်ဗျာ။

ရေထဲမျောနေရင် စိမ်းပြာရင့်ရင့်လေးနဲ့ အဖြူဝိုင်းလေးနဲ့ တော်တော်ကိုလှပါတယ်။ တုပ်ချက်ကတော့ ရှယ်ပဲ ကိုင်လိုက်တာနဲ့ကို ထုံးခနဲ အီစိမ့် မျက်စိထဲ လျှပ်စီးပါလက်တယ်။ ချောင်းသာကမ်းခြေ နှင့်ကျန် ကမ်းခြေတွေမှာလဲ ရှိနိုင်ပါတယ်။

Porpita porpita or blue button လို့ခေါ်တဲ့ အဏ္ဏဝါသက်ရှိတစ်မျိုးပါ ၄င်းတုပ်ခံရပါက ဒဏ်ရာကို ရေနွေးပူပူ (မိမိခံနိုင်သလောက် အပူရှိန်) ဖြင့် မိနစ်၂၀ ခန့် စိမ်ထားပေးလို့ ရပါတယ်။

ကမ်းခြေဖက်ခရီးသွားနေတဲ့သူ တွေသွားမယ့်သူတွေ ဒီအကောင်လေးတွေတွေ့ရင်ကောက်မကိုင်ကြပါနဲ့လို့ မနေ့က မြန်မာ့ဇီဝမျိုးစိတ်များဂရု မှာလာတင်တဲ့အကိုတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ အကောင်အမျိုးစားကတော့ The Blue Button Jellyfish၊ Porpita ဂျယ်လီငါး မျိုးစိတ်ပါ။ (Soe Thandar Aung)









Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *