ငွေကြေးနဲ့ပတ်သက်ပြီး နောင်တမရအောင် ဒါလေးတွေဖတ်ထားစေချင်တယ်
ဘယ်လောက်ပဲ ဝင်ငွေကောင်းပါစေ ဝင်လာတဲ့ငွေကို ကောင်းစွာမစီမံတတ်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။ မိမိရရှိတဲ့ ဝင်ငွေကို ကောင်းစွာစီမံတတ်တဲ့သူသာလျှင် ဘဝမှာ ငွေကြေးအခက်အခဲမရှိပဲ ကောင်းစွဖြတ်သန်းနိုင်မှာပါ။
လူတစ်ယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့ တစ်လကို ၅သောင်းသုံးတယ် သူတစ်လဝင်ငွေ ၅သောင်းပဲ ရတော့တဲ့အခါ ဘာလုပ်မလဲတဲ့ ကိုယ်ထင်ခဲ့တာ အသုံးစရိတ်ကို တဝက်လျှော့ သုံးမယ်ပေါ့ သူရယ်တယ်။ အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင် ငါအမြဲဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲတွေးရတယ်။
လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့။ စောစောကပြောတော့ ဝင်ငွေကတဝက်ကျသွားတာဆိုလို့ ပြန်မေးတော့သူ ထပ်ရယ်တယ်။ ဒီစီးပွားက ငွေဝင်နည်းရင် အခြားတစ်ခုကိုရအောင်ကြံပေါ့ အချိန်တိုင်း ကြံစည်နေရမှာပဲလေ။ လူဆိုတာ မွေးစကနေ သေသည်အထိ ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ။ ပူလောင်လိုက်တာ မညည်းနဲ့အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့။
အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ။ သူငယ်ငယ်က သူ့မိသားစုကစက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ သူ့ဘဝမှာ ရုပ်ရှင်ရုံလဲမသိဘူး ပန်းခြံလဲမသိဘူး အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး။ အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင် မင်းကြောင့် ငါအာရုံစိုက်မရဖြစ်တယ်ကွဆိုပြီး လှမ်းဆဲတတ်တဲ့သူမျိုး။
သူ့မှာလူငယ်ဘဝလဲ ဆုံးရှုံးတယ် ပျော်စရာဆိုတာ မရှိသလောက်ပဲ ဒီလိုနေရတာ ပျော်ရဲ့လား?ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့ အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်။ ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်။ မကျန်းမာတဲ့အခါ ကုနိုင်တယ် ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်။ တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ ငွေမရှိပဲ ငယ်ဘဝကို ပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့။
ဘဝမှာ တခုပဲရမယ်အောင်မြင်မှုလား အေးချမ်းမှုလား နှစ်ခုလုံးလိုချင်လို့တော့ မရဘူး။ ကြာလာလေ သဘောပေါက်လာလေပဲ ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်။ သူများစားရင် ကျွေးချင်တယ်။ သူများဝတ်ရင် ဆင်ချင်တယ်သူများပေးရင် ကိုယ်လဲပေးချင်တယ်။ ဒါဟာ လောဘ ဆိုရင် ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာ…။
မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။
Leave a Reply