ဟာ …. ရက်စက်လိုက်တဲ့လူတွေ TAXI ငှားပီး ယာဉ်မောင်းကို…..

ဟာ …. ရက်စက်လိုက်တဲ့လူတွေ TAXI ငှားပီး ယာဉ်မောင်းကိုဝက်အူလှည့်ဖြင့်ထိုးကာ ကားလုယူမှုဖြစ်

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်တွင် အမည်မသိအမျိုးသား ၄ ဦးက Taxi မောင်းသူအား ဝက်အူလှည့်ဖြင့်ထိုး၍ ကားကိုလုယက်မောင်းနှင်သွားခဲ့မှု ရက်(ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့သည်ဟု ကားပိုင်ရှင်ထံမှသိရသည်။

“မနက် ၅ နာရီလောက်မှ ထောက်ကြန့် ကမ္ဘောဇဘဏ်ရှေ့တစ်ဖက်လမ်းကနေ လမ်းကူးလာပြီး မင်္ဂလာဒုံ ပုလဲအိမ်ယာဝင်းထဲကိုဌားတယ်

ဘဏ်အကျော်လေးလောက်မှာ ၂ ယောက်စောင့်နေတယ် ၄ ယောက်ပေါင်းပြီး ၅၀၀၀ နဲ့ဌားတာ”ဟု Taxi ကားပိုင်ရှင်ကပြောသည်။

ထို့နောက် ပုလဲအိမ်ယာဝင်းအတွင်းရှိ လူပြတ်သည့်နေရာအရောက်တွင် ကားအားရပ်ခိုင်းပြီးနောက် ကျသင့်ငွေပေးရာမှတဆင့်

Taxi မောင်းသူ၏လည်ပင်းအား ကြိုးကွင်းဖြင့်စွတ်၍ ကားပေါ်မှဆွဲချကာ ထိုးကြိတ်ကန်ကျောက်ပြီးနောက် ကားအားမောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ကျသင့်ငွေ ၅၀၀၀ ပေးတဲ့အချိန်မှာစဖြစ်တာ ပြန်အမ်းတဲ့ပိုက်ဆံထဲမှာ တစ်ထောင်တန်အကြီးတစ်ရွက်ပါသွားတာကိုပြန်လဲခိုင်းတယ် လဲစရာမရှိဘူးလို့ပြောတဲ့အချိန်

ကားသမားလည်ပင်းကိုကြိုးကွင်းစွတ်ပြီး ဆောင့်ဆွဲတယ် အပြန်အလှန်ထိုးကြိတ်တာနည်းနည်းဖြစ်တယ် သူတို့ကပါလာတဲ့ ဝက်အူလှည့်နဲ့ကားသမားရဲ့ဆီးအိမ်ကိုထိုးတယ် ရှောင်လိုက်တဲ့အတွက် ပေါင်ကိုရှပ်ထိသွားတယ်”ဟု ကားပိုင်ရှင်ကပြောသည်။

ထိုးကြိတ်ကန်ကျောက်ခံခဲ့ရသဖြင့် ကားမောင်းသူ၏ မျက်လုံး ၂ လုံး၊မျက်နှာတစ်ပြင်လုံး၊သွား ၂ ချောင်းနဲ့ပြီး ပြတ်ရှဒဏ်ရာတို့ရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးရှိ ဘုန်းတော်ကြီးကျောင်းမှ ပရဟိတအသင်းကားဖြင့် ကားမောင်းသူ၏နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အိမ်ကနေမှတဆင့် အင်းစိန်ဆေးရုံကိုသွားတယ် ဆေးရုံမှာလိုအပ်တာတွေလုပ်ပြီး အိမ်ကိုပြန်ခေါ်လာတယ် ဆေးရုံထပ်ပြဖို့မနက်ဖြန်ရက်ချိန်းယူထားတယ်

ဆေးရုံကစောင့်ကြည့်တဲ့သဘောနဲ့ ၂၄ နာရီဆေးရုံတက်ခိုင်းပေမယ့် အခက်အခဲရှိတဲ့အတွက် မတက်ဖြစ်တာပါ”ဟု ကားပိုင်ရှင်ကပြောသည်။

မနက်ဖြန်တွင် ဆေးရုံးရက်ချိန်းပြန်လည်ပြသရာ၌ လိုအပ်ပါက ဆေးရုံတက်သွားမည်ဖြစ်ပြီး ဖြစ်စဉ်အား ထောင့်ကြန့်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

“ကားကိုတော့လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူး ပြန်လည်းမတွေ့သေးဘူး ရဲစခန်းမှာလည်းအမှုဖွင့်ထားပြီးသားပါ

ဖြစ်ဖြစ်ချင်းမှာ မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့်တယ် နယ်မြေမတူတဲ့အတွက် ပုလဲရဲစခန်းမှာလည်းဖွင့်တယ် နောက်ဆုံးကြမှ ဒီထောက်ကြန့်ရဲစခန်းမှာအမှုဖွင့်နိုင်ခဲ့ပါတယ်”ဟု ကားပိုင်ရှင်ကပြောသည်။

credit to orginal

zawgyi

ဟာ …. ရက္စက္လိုက္တဲ့လူေတြ TAXI ငွားပီး ယာဥ္ေမာင္းကို၀က္အူလွည့္ျဖင့္ထိုးကာ ကားလုယူမႈျဖစ္

ရန္ကုန္တိုင္း၊မဂၤလာဒုံၿမိဳ႕နယ္၊ပုလဲၿမိဳ႕သစ္တြင္ အမည္မသိအမ်ိဳးသား ၄ ဦးက Taxi ေမာင္းသူအား ဝက္အူလွည့္ျဖင့္ထိုး၍ ကားကိုလုယက္ေမာင္းႏွင္သြားခဲ့မႈ ရက္(ယေန႔)နံနက္အေစာပိုင္းကျဖစ္ပြားခဲ့သည္ဟု ကားပိုင္ရွင္ထံမွသိရသည္။

“မနက္ ၅ နာရီေလာက္မွ ေထာက္ၾကန္႔ ကေမာၻဇဘဏ္ေရွ႕တစ္ဖက္လမ္းကေန လမ္းကူးလာၿပီး မဂၤလာဒုံ ပုလဲအိမ္ယာဝင္းထဲကိုဌားတယ္

ဘဏ္အေက်ာ္ေလးေလာက္မွာ ၂ ေယာက္ေစာင့္ေနတယ္ ၄ ေယာက္ေပါင္းၿပီး ၅၀၀၀ နဲ႔ဌားတာ”ဟု Taxi ကားပိုင္ရွင္ကေျပာသည္။

ထို႔ေနာက္ ပုလဲအိမ္ယာဝင္းအတြင္းရွိ လူျပတ္သည့္ေနရာအေရာက္တြင္ ကားအားရပ္ခိုင္းၿပီးေနာက္ က်သင့္ေငြေပးရာမွတဆင့္

Taxi ေမာင္းသူ၏လည္ပင္းအား ႀကိဳးကြင္းျဖင့္စြတ္၍ ကားေပၚမွဆြဲခ်ကာ ထိုးႀကိတ္ကန္ေက်ာက္ၿပီးေနာက္ ကားအားေမာင္းႏွင္ထြက္ေျပးသြားခဲ့ၾကေၾကာင္း သိရသည္။

“က်သင့္ေငြ ၅၀၀၀ ေပးတဲ့အခ်ိန္မွာစျဖစ္တာ ျပန္အမ္းတဲ့ပိုက္ဆံထဲမွာ တစ္ေထာင္တန္အႀကီးတစ္႐ြက္ပါသြားတာကိုျပန္လဲခိုင္းတယ္ လဲစရာမရွိဘူးလို႔ေျပာတဲ့အခ်ိန္

ကားသမားလည္ပင္းကိုႀကိဳးကြင္းစြတ္ၿပီး ေဆာင့္ဆြဲတယ္ အျပန္အလွန္ထိုးႀကိတ္တာနည္းနည္းျဖစ္တယ္ သူတို႔ကပါလာတဲ့ ဝက္အူလွည့္နဲ႔ကားသမားရဲ႕ဆီးအိမ္ကိုထိုးတယ္ ေရွာင္လိုက္တဲ့အတြက္ ေပါင္ကိုရွပ္ထိသြားတယ္”ဟု ကားပိုင္ရွင္ကေျပာသည္။

ထိုးႀကိတ္ကန္ေက်ာက္ခံခဲ့ရသျဖင့္ ကားေမာင္းသူ၏ မ်က္လုံး ၂ လုံး၊မ်က္ႏွာတစ္ျပင္လုံး၊သြား ၂ ေခ်ာင္းနဲ႔ၿပီး ျပတ္ရွဒဏ္ရာတို႔ရရွိခဲ့သျဖင့္ အခင္းျဖစ္ေနရာအနီးရွိ ဘုန္းေတာ္ႀကီးေက်ာင္းမွ ပရဟိတအသင္းကားျဖင့္ ကားေမာင္းသူ၏ေနအိမ္သို႔ျပန္လည္ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

“အိမ္ကေနမွတဆင့္ အင္းစိန္ေဆး႐ုံကိုသြားတယ္ ေဆး႐ုံမွာလိုအပ္တာေတြလုပ္ၿပီး အိမ္ကိုျပန္ေခၚလာတယ္ ေဆး႐ုံထပ္ျပဖို႔မနက္ျဖန္ရက္ခ်ိန္းယူထားတယ္

ေဆး႐ုံကေစာင့္ၾကည့္တဲ့သေဘာနဲ႔ ၂၄ နာရီေဆး႐ုံတက္ခိုင္းေပမယ့္ အခက္အခဲရွိတဲ့အတြက္ မတက္ျဖစ္တာပါ”ဟု ကားပိုင္ရွင္ကေျပာသည္။

မနက္ျဖန္တြင္ ေဆး႐ုံးရက္ခ်ိန္းျပန္လည္ျပသရာ၌ လိုအပ္ပါက ေဆး႐ုံတက္သြားမည္ျဖစ္ၿပီး ျဖစ္စဥ္အား ေထာင့္ၾကန္႔ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

“ကားကိုေတာ့လက္ရွိအခ်ိန္အထိ အဆက္အသြယ္မရေသးဘူး ျပန္လည္းမေတြ႕ေသးဘူး ရဲစခန္းမွာလည္းအမႈဖြင့္ထားၿပီးသားပါ

ျဖစ္ျဖစ္ခ်င္းမွာ မဂၤလာဒုံၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္တယ္ နယ္ေျမမတူတဲ့အတြက္ ပုလဲရဲစခန္းမွာလည္းဖြင့္တယ္ ေနာက္ဆုံးၾကမွ ဒီေထာက္ၾကန္႔ရဲစခန္းမွာအမႈဖြင့္ႏိုင္ခဲ့ပါတယ္”ဟု ကားပိုင္ရွင္ကေျပာသည္။

credit to orginal


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *