အဖေ့ရဲ့လက်ဝါး (အရမ်းကောင်းလို့ အချိန်ခဏပေးပြီးဖတ်ကြည့်ပါ)

တခါကကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေသည်၊၊

လူငယ်လေးတစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့်အနေဖြင့် အင်တာဗျူးရန် ခေါ်တွေ့သည် ၊၊

ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အားဖတ်လိုက်ပြီး သဘောကျသွားသည်

ထိုလူငယ်လေး၏ ပညာအရည်အချင်းနဲ့ ကြိုးစားအားထုတ်ခဲ့မှုများမှာ ဘာမှအပြစ်ပြောစရာမရှိ

အလယ်တန်းအဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူ၏ပညာအရည်အချင်းက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်၊၊

ဒါရိုက်တာကြီးတစ်ဦးက ဒါနဲ့မောင်ရင်က ပညာတော်တော့ ပညာသင်ဆုတွေဘာတွေများ ရခဲ့ဖူးလား

ထောက်ပံ့ကြေးတွေ ဘာတွေရခဲ့ဖူးလား မင်းတင်ပြထားတဲ့အချက်တွေထဲမှာ အဲဒါတွေ မပါလို့

ကျနော်ထောက်ပံ့ကြေးတွေ တစ်ခါမှမရခဲ့ဖူးပါဘူးခင်ဗျာ ဒါဆိုမင်းအဖေက ချမ်းသာလို့လား ဒီမှာတော့အလုပ်သမားလို့ပဲတွေ့တယ်၊၊

သူကဘာလုပ်လဲ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့ ဟုတ်ပါတယ်ဗျ အမေဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ

မင်းအဖေကဘာလုပ်သလဲ ပန်းရံဆရာတစ်ယောက်ပါ ထိုစဉ်ဒါရိုက်တာ တစ်ဦးက ဒီရှေ့ကိုခဏလောက်လာပါအုံး ဟုပြောလိုက်သည်၊၊

လူငယ်လေးက ဒါရိုက်တာအဖွဲ့ထံ သွားလိုက်သည် မင်းလက်ကို ခဏလောက်ပြစမ်းပါကွာ လူငယ်လေးက သူ့လက်တွေကိုဖြန့်ပြလိုက်သည်၊၊

ဟုတ်ပြီသွားပြန်ထိုင်တော့ သူပြန်ထိုင်ပြီးချိန်တွင် ဒါရိုက်တာတစ်ဦးက မင်းအဖေအလုပ်က ပြန်လာတဲ့အခါမှာ သူ့လက်တွေကို ကိုင်ကြည့်ဖူးသလား

ဟင့်အင်းမကိုင်ကြည့်ဖူးပါဘူး ဒါဆိုသူ့လက်တွေကိုရော ဆေးပေးဖူးသလား မဆေးပေးဖူးပါဘူး

အေးမင်းကငါတို့ကြိုက်တဲ့ အရည်အချင်းတွေနဲ့အားလုံး ပြည့်စုံတဲ့သူပါ ဒါပေမဲ့ တစ်ခုပဲလိုတော့တယ်၊၊ အဲဒါဘာလဲ ဆိုတော့ မင်းဘက်ကတစ်ခုလုပ်ပေးဖို့ပဲ

ဟုတ်ကဲ့ဘာများ လုပ်ပေးရမလဲခင်ဗျာ ဒီကနေအိမ်ပြန်ရောက်ပြီးညစာစားရင် မင်းအဖေရဲ့လက်တွေကို ဆေးပေးပါရစေ လို့တောင်းဆိုပြီး ဆေးပေးပါလား၊

အေးဆေးပေးပြီးရင် ပြီးပါပြီ။ မနက်ဖြန်ဒီကိုပြန်လာပြီး မင်းအတွေ့အကြုံလေး ပြောပြပေါ့ဟုတ်ပီလား

ဟုတ်ကဲ့ သို့ဖြင့်ကောင်လေးက အိမ်ပြန်ရောက်သည့်အခါတွင် ထမင်း၊ ဟင်းများချက်ပြီး သူ့အဖေပြန်အလာကို စောင့်နေသည်၊၊

ဖခင်ကအလုပ်မှပြန်လာပြီး ဦးထုပ်ကိုချွတ်ကာ ချိတ်လိုက်သည်၊၊

အဖေ အေးဘာလဲသားအလုပ်ခန့်ပြီလား အဆင်ပြေခဲ့ရဲ့လား ဒီကိုခဏလောက်လာပါအုံးအဖေ ဘာလုပ်မလို့လဲကွ

ဒီခုံမှာခဏလောက် ထိုင်ပေးပါလား ဘာများလဲကွာ အဖေ့ရဲ့လက်တွေသားကိုပြပါလား ဘာလုပ်မလို့လဲ ပြပါအဖေရယ်

အဖေဖြစ်သူက သူ့လက်တွေကိုပေးလိုက်သည်။ သားဖြစ်သူက လက်တွေကို ဆွဲယူကာကြည့်လိုက်သည်၊၊

လက်ဝါးပြင်ကြီးတွေမှာ ကျွဲပခုံးထသလို အဖုအထစ်တွေနှင့်ဖြစ်နေသည်။ သူကသူ့လက်ဖြူဖြူနုနုလေးနှင့် ပွတ်ကြည့်မိသည်၊၊

ကော်ပတ်ကြမ်းကြီးကို လက်နှင့်ပွတ်သလိုခံစားနေရသည်။ သူ့မျက်ရည်တွေ တစ်ပေါက်ပေါက်ကျလာသည်..၊၊

ဘာဖြစ်တာလဲသား အလုပ်ကသားကို အဖေ့လက်ကို ကိုင်ကြည့်ဖူးသလားတဲ့ ပြီးတော့အဖေ့လက်တွေကို ဆေးပေး ဖူးသလားတဲ့ ”ဘ“ ဘာလုပ်မလို့လဲ

သူတို့ဘာလုပ်လုပ်ပါ အဖေရယ် သားတစ်သက်လုံး အဖေ့လက်တွေကို သတိမထားမိတာ နောင်တရလိုက်တာ၊

ဘာဖြစ်လို့ အဖေ့လက်လေးတစ်ချက်တောင် ကိုင်ကြည့်ဖို့စိတ်မကူးမိတာလဲ ဘာဖြစ်လို့အဖေ့ လက်လေးတွေကိုဆေးပေးဖို့ စိတ်ကူးထဲမဖြစ်ခဲ့တာလဲ

မလိုမှမလိုတာသားရယ် အဖေကကိုယ့်လက်ကို ကိုယ်ဆေးနိုင်တာပဲ ဒီလက်တွေကအကောင်းကြီးပဲ ။ ဒီလက်တွေနဲ့ အဖေ အလုပ်တွေ အများကြီးလုပ်နိုင်တာပဲ

သားကအဆင့်ပြင်ထားသည့် ရေဇလုံထဲတွင် အဖေ့လက်ကလေးကို နှစ်ခိုင်းလိုက်ပြီး ဆပ်ပြာနှင့်ပွတ်ကာ ဆေးပေးလိုက်သည်။ ထို့နောက် မျက်နှာသုတ်ပဝါနှင့် ပွတ်ပေးကာ

အဖေရယ်အဖေအများကြီးပင်ပန်းခဲ့မှာပဲ ဒါများ အထူးအဆန်းလုပ်လို့သားရယ် သားကပညာတတ်ကြီးဖြစ်ပြီး ခုဆို အလုပ်နဲ့အကိုင်နဲ့ဖြစ်တော့မှာပဲ အဖေဖြစ်စေချင်တာ အဲဒါပဲကွ အဲဒီလိုဖြစ်အောင် အဖေလုပ်နေတာလေ

“ အဖေရယ် ”သူက အဖေ့လက်လေးကို ကိုင်ပြီးငိုနေမိသည်၊၊

ဟေ့ကောင် ယောက်ျား ဆိုတာ ဘယ်သူ့ကိုမှ မျက်ရည် မကျပြနဲ့ကွ မင်းပျော့ညံ့တာ လူသိသွားလိမ့်မယ်

“ အဖေ့ရှေ့မှာ ငိုတာပါ”

“ အဖေ့ရှေ့မှာ မင်းကပိုတောင် မငိုသင့်သေးတယ် မင်းက လိမ္မာ ကြိုးလည်း ကြိုးစားလို့ ဒီလို ဖြစ်ခဲ့တာ မဟုတ်လား ”

“ အဖေသာ မထောက်ပံ့ခဲ့ရင် ဒီလိုအခြေအနေ ရောက်မှာ မဟုတ်ပါဘူးအဖေရာ”

“ အေးလေ ရောက်ပြီဆို ရှေ့ဆက်ကွာ တွေဝေမနေနဲ့ ထလိုက် အဖေထမင်းဆာနေပြီ”

နောက်တစ်နေ့တွင် လူငယ်လေးက ကုမ္ပဏီကို ပြန်ရောက်လာသည်။ ယနေ့တော့ ဒါရိုက်တာကြီး တစ်ဦးကိုသာ သူ တွေ့ဆုံရသည်။

“ မနေ့က အိမ်ပြန်ရောက်တော့ မင်းအဖေလက်ကို ဆေးပေးခဲ့သလား ”

“ ဟုတ်ကဲ့ ”

“ မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာ ပြောပြစမ်းကွာ ”

“ ကျွန်တော့် စိတ်ထဲမှာ ဖြစ်ခဲ့တာတွေလား ”

“ အေးလေ ”

နံပါတ် ၁။ ကျွန်တော်ခုမှ အဖေ့တန်ဖိုးကို ပိုသိသွားတယ်လို့ ထင်ပါတယ်။ အဖေသာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော် ဒီနေရာမှာ ရပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး၊

နံပါတ် ၂။ တစ်ညလုံး တွေးမိတာက အဖေဘာကြောင့် ကျွန်တော့်အတွက်ပဲ လုပ်ခဲ့ပြီး သူ့အတွက် ဘာတစ်ခုမှ မလုပ်ခဲ့သလဲဆိုတာပဲ၊

နံပါတ် ၃။မိသားစုဆိုတာ ဘယ်လို သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ထားတယ် ဆိုတာ ကျွန်တော် ခုမှ ပိုပြီး နားလည် ခဲ့ရပါတယ်၊၊

ဒါရိုက်တာကြီးက သူ့ကို ပြုံးပြီးကြည့်နေလိုက်သည်။ ထို့နောက် “ ငါတို့ ရှာနေတဲ့ မန်နေဂျာဆိုတာ အဲဒီလို အသိအမြင် အတွေးရှိသူမျိုးပဲကွ ” ဟု ပြောလိုက်သည်၊၊

ထို့နောက် ဆက်ပြောသည်မှာ “ ပညာတွေ အများကြီး တတ်ထားရုံနဲ့ မပြီးဘူးကွ သူတစ်ပါးအပေါ် နားလည်ခံစားတတ်တဲ့ လူမျိုးတွေလည်း လိုအပ်တယ်၊၊

ကိုယ့်မိသားစုထဲမှာ ကိုယ့်မိဘအပေါ်တောင် နားမလည်နိုင်တဲ့ လူတစ်ယောက်ဟာ အဖွဲ့အစည်း တစ်ခုမှာ မိဘတစ်ယောက်လို ပြန်ပြီးတော့ အုပ်ချုပ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး၊၊

ငါတို့က ရင့်ကျက်တဲ့ စိတ်ထား ရှိသူတွေကိုပဲ လိုတယ်။ ပညာတတ်ပြီး နို့နံ့မပျောက်သေးတဲ့ နို့သက်ခံစို့နေသူတွေကို မလိုချင်ဘူး၊၊

ကိုယ့် အဖေရဲ့ ဘဝတစ်ခုကို ပြန်ပြီးခံစားနိုင်ရဲ့လား ဆိုတာကို မင်းကို စစ်ဆေးလိုက်တာ အောင်မြင်ပါတယ်၊၊

မင်းကို ငါတို့ ကုမ္ပဏီက ကြိုဆိုပါတယ် ”

( My Father is a Mason ကို မြန်မာမှုပြုပါသည်။ )

တခါကကုမၸဏီႀကီးတစ္ခုတြင္ မန္ေနဂ်ာရာထူးအတြက္ လူေတြ႕စစ္ေဆးပြဲကို က်င္းပျပဳလုပ္ေနသည္၊၊

လူငယ္ေလးတစ္ေယာက္ကို ဒါ႐ိုက္တာအဖြဲ႕က ေနာက္ဆုံးအဆင့္အေနျဖင့္ အင္တာဗ်ဴးရန္ ေခၚေတြ႕သည္ ၊၊

ဒါ႐ိုက္တာတစ္ဦးက လူငယ္ေလး၏ စီဗြီေဖာင္အားဖတ္လိုက္ၿပီး သေဘာက်သြားသည္

ထိုလူငယ္ေလး၏ ပညာအရည္အခ်င္းနဲ႔ ႀကိဳးစားအားထုတ္ခဲ့မႈမ်ားမွာ ဘာမွအျပစ္ေျပာစရာမရွိ

အလယ္တန္းအဆင့္မွသည္ ဘြဲ႕ရၿပီးသည့္တိုင္ သူ၏ပညာအရည္အခ်င္းက ထိပ္တန္းအဆင့္တြင္ ရွိေနခဲ့သည္၊၊

ဒါ႐ိုက္တာႀကီးတစ္ဦးက ဒါနဲ႔ေမာင္ရင္က ပညာေတာ္ေတာ့ ပညာသင္ဆုေတြဘာေတြမ်ား ရခဲ့ဖူးလား

ေထာက္ပံ့ေၾကးေတြ ဘာေတြရခဲ့ဖူးလား မင္းတင္ျပထားတဲ့အခ်က္ေတြထဲမွာ အဲဒါေတြ မပါလို႔

က်ေနာ္ေထာက္ပံ့ေၾကးေတြ တစ္ခါမွမရခဲ့ဖူးပါဘူးခင္ဗ်ာ ဒါဆိုမင္းအေဖက ခ်မ္းသာလို႔လား ဒီမွာေတာ့အလုပ္သမားလို႔ပဲေတြ႕တယ္၊၊

သူကဘာလုပ္လဲ ဘြဲ႕ရၿပီးတဲ့အထိ သူကပဲ မင္းကို ေထာက္ပံ့ခဲ့တာေပါ့ ဟုတ္ပါတယ္ဗ် အေမဆုံးသြားၿပီးကတည္းက အေဖကပဲ ေထာက္ပံ့ၿပီး ေက်ာင္းထားခဲ့တာပါ

မင္းအေဖကဘာလုပ္သလဲ ပန္းရံဆရာတစ္ေယာက္ပါ ထိုစဥ္ဒါ႐ိုက္တာ တစ္ဦးက ဒီေရွ႕ကိုခဏေလာက္လာပါအုံး ဟုေျပာလိုက္သည္၊၊

လူငယ္ေလးက ဒါ႐ိုက္တာအဖြဲ႕ထံ သြားလိုက္သည္ မင္းလက္ကို ခဏေလာက္ျပစမ္းပါကြာ လူငယ္ေလးက သူ႔လက္ေတြကိုျဖန႔္ျပလိုက္သည္၊၊

ဟုတ္ၿပီသြားျပန္ထိုင္ေတာ့ သူျပန္ထိုင္ၿပီးခ်ိန္တြင္ ဒါ႐ိုက္တာတစ္ဦးက မင္းအေဖအလုပ္က ျပန္လာတဲ့အခါမွာ သူ႔လက္ေတြကို ကိုင္ၾကည့္ဖူးသလား

ဟင့္အင္းမကိုင္ၾကည့္ဖူးပါဘူး ဒါဆိုသူ႔လက္ေတြကိုေရာ ေဆးေပးဖူးသလား မေဆးေပးဖူးပါဘူး

ေအးမင္းကငါတို႔ႀကိဳက္တဲ့ အရည္အခ်င္းေတြနဲ႔အားလုံး ျပည့္စုံတဲ့သူပါ ဒါေပမဲ့ တစ္ခုပဲလိုေတာ့တယ္၊၊ အဲဒါဘာလဲ ဆိုေတာ့ မင္းဘက္ကတစ္ခုလုပ္ေပးဖို႔ပဲ

ဟုတ္ကဲ့ဘာမ်ား လုပ္ေပးရမလဲခင္ဗ်ာ ဒီကေနအိမ္ျပန္ေရာက္ၿပီးညစာစားရင္ မင္းအေဖရဲ႕လက္ေတြကို ေဆးေပးပါရေစ လို႔ေတာင္းဆိုၿပီး ေဆးေပးပါလား၊

ေအးေဆးေပးၿပီးရင္ ၿပီးပါၿပီ။ မနက္ျဖန္ဒီကိုျပန္လာၿပီး မင္းအေတြ႕အႀကဳံေလး ေျပာျပေပါ့ဟုတ္ပီလား

ဟုတ္ကဲ့ သို႔ျဖင့္ေကာင္ေလးက အိမ္ျပန္ေရာက္သည့္အခါတြင္ ထမင္း၊ ဟင္းမ်ားခ်က္ၿပီး သူ႔အေဖျပန္အလာကို ေစာင့္ေနသည္၊၊

ဖခင္ကအလုပ္မွျပန္လာၿပီး ဦးထုပ္ကိုခြၽတ္ကာ ခ်ိတ္လိုက္သည္၊၊

အေဖ ေအးဘာလဲသားအလုပ္ခန႔္ၿပီလား အဆင္ေျပခဲ့ရဲ႕လား ဒီကိုခဏေလာက္လာပါအုံးအေဖ ဘာလုပ္မလို႔လဲကြ

ဒီခုံမွာခဏေလာက္ ထိုင္ေပးပါလား ဘာမ်ားလဲကြာ အေဖ့ရဲ႕လက္ေတြသားကိုျပပါလား ဘာလုပ္မလို႔လဲ ျပပါအေဖရယ္

အေဖျဖစ္သူက သူ႔လက္ေတြကိုေပးလိုက္သည္။ သားျဖစ္သူက လက္ေတြကို ဆြဲယူကာၾကည့္လိုက္သည္၊၊

လက္ဝါးျပင္ႀကီးေတြမွာ ကြၽဲပခုံးထသလို အဖုအထစ္ေတြႏွင့္ျဖစ္ေနသည္။ သူကသူ႔လက္ျဖဴျဖဴႏုႏုေလးႏွင့္ ပြတ္ၾကည့္မိသည္၊၊

ေကာ္ပတ္ၾကမ္းႀကီးကို လက္ႏွင့္ပြတ္သလိုခံစားေနရသည္။ သူ႔မ်က္ရည္ေတြ တစ္ေပါက္ေပါက္က်လာသည္..၊၊

ဘာျဖစ္တာလဲသား အလုပ္ကသားကို အေဖ့လက္ကို ကိုင္ၾကည့္ဖူးသလားတဲ့ ၿပီးေတာ့အေဖ့လက္ေတြကို ေဆးေပး ဖူးသလားတဲ့ ”ဘ“ ဘာလုပ္မလို႔လဲ

သူတို႔ဘာလုပ္လုပ္ပါ အေဖရယ္ သားတစ္သက္လုံး အေဖ့လက္ေတြကို သတိမထားမိတာ ေနာင္တရလိုက္တာ၊

ဘာျဖစ္လို႔ အေဖ့လက္ေလးတစ္ခ်က္ေတာင္ ကိုင္ၾကည့္ဖို႔စိတ္မကူးမိတာလဲ ဘာျဖစ္လို႔အေဖ့ လက္ေလးေတြကိုေဆးေပးဖို႔ စိတ္ကူးထဲမျဖစ္ခဲ့တာလဲ
မလိုမွမလိုတာသားရယ္ အေဖကကိုယ့္လက္ကို ကိုယ္ေဆးႏိုင္တာပဲ ဒီလက္ေတြကအေကာင္းႀကီးပဲ ။ ဒီလက္ေတြနဲ႔ အေဖ အလုပ္ေတြ အမ်ားႀကီးလုပ္ႏိုင္တာပဲ

သားကအဆင့္ျပင္ထားသည့္ ေရဇလုံထဲတြင္ အေဖ့လက္ကေလးကို ႏွစ္ခိုင္းလိုက္ၿပီး ဆပ္ျပာႏွင့္ပြတ္ကာ ေဆးေပးလိုက္သည္။ ထို႔ေနာက္ မ်က္ႏွာသုတ္ပဝါႏွင့္ ပြတ္ေပးကာ

အေဖရယ္အေဖအမ်ားႀကီးပင္ပန္းခဲ့မွာပဲ ဒါမ်ား အထူးအဆန္းလုပ္လို႔သားရယ္ သားကပညာတတ္ႀကီးျဖစ္ၿပီး ခုဆို အလုပ္နဲ႔အကိုင္နဲ႔ျဖစ္ေတာ့မွာပဲ အေဖျဖစ္ေစခ်င္တာ အဲဒါပဲကြ အဲဒီလိုျဖစ္ေအာင္ အေဖလုပ္ေနတာေလ

“ အေဖရယ္ ”သူက အေဖ့လက္ေလးကို ကိုင္ၿပီးငိုေနမိသည္၊၊

ေဟ့ေကာင္ ေယာက္်ား ဆိုတာ ဘယ္သူ႔ကိုမွ မ်က္ရည္ မက်ျပနဲ႔ကြ မင္းေပ်ာ့ညံ့တာ လူသိသြားလိမ့္မယ္

“ အေဖ့ေရွ႕မွာ ငိုတာပါ”

“ အေဖ့ေရွ႕မွာ မင္းကပိုေတာင္ မငိုသင့္ေသးတယ္ မင္းက လိမၼာ ႀကိဳးလည္း ႀကိဳးစားလို႔ ဒီလို ျဖစ္ခဲ့တာ မဟုတ္လား ”

“ အေဖသာ မေထာက္ပံ့ခဲ့ရင္ ဒီလိုအေျခအေန ေရာက္မွာ မဟုတ္ပါဘူးအေဖရာ”

“ ေအးေလ ေရာက္ၿပီဆို ေရွ႕ဆက္ကြာ ေတြေဝမေနနဲ႔ ထလိုက္ အေဖထမင္းဆာေနၿပီ”

ေနာက္တစ္ေန႔တြင္ လူငယ္ေလးက ကုမၸဏီကို ျပန္ေရာက္လာသည္။ ယေန႔ေတာ့ ဒါ႐ိုက္တာႀကီး တစ္ဦးကိုသာ သူ ေတြ႕ဆုံရသည္။

“ မေန႔က အိမ္ျပန္ေရာက္ေတာ့ မင္းအေဖလက္ကို ေဆးေပးခဲ့သလား ”

“ ဟုတ္ကဲ့ ”

“ မင္းစိတ္ထဲမွာ ဘယ္လိုျဖစ္ခဲ့တယ္ ဆိုတာ ေျပာျပစမ္းကြာ ”

“ ကြၽန္ေတာ့္ စိတ္ထဲမွာ ျဖစ္ခဲ့တာေတြလား ”

“ ေအးေလ ”

နံပါတ္ ၁။ ကြၽန္ေတာ္ခုမွ အေဖ့တန္ဖိုးကို ပိုသိသြားတယ္လို႔ ထင္ပါတယ္။ အေဖသာ မရွိခဲ့ရင္ ဒီေန႔ ကြၽန္ေတာ္ ဒီေနရာမွာ ရပ္ႏိုင္ခဲ့မွာ မဟုတ္ပါဘူး၊

နံပါတ္ ၂။ တစ္ညလုံး ေတြးမိတာက အေဖဘာေၾကာင့္ ကြၽန္ေတာ့္အတြက္ပဲ လုပ္ခဲ့ၿပီး သူ႔အတြက္ ဘာတစ္ခုမွ မလုပ္ခဲ့သလဲဆိုတာပဲ၊

နံပါတ္ ၃။မိသားစုဆိုတာ ဘယ္လို သံေယာဇဥ္ေတြနဲ႔ ေႏွာင္ဖြဲ႕ထားတယ္ ဆိုတာ ကြၽန္ေတာ္ ခုမွ ပိုၿပီး နားလည္ ခဲ့ရပါတယ္၊၊

ဒါ႐ိုက္တာႀကီးက သူ႔ကို ၿပဳံးၿပီးၾကည့္ေနလိုက္သည္။ ထို႔ေနာက္ “ ငါတို႔ ရွာေနတဲ့ မန္ေနဂ်ာဆိုတာ အဲဒီလို အသိအျမင္ အေတြးရွိသူမ်ိဳးပဲကြ ” ဟု ေျပာလိုက္သည္၊၊

ထို႔ေနာက္ ဆက္ေျပာသည္မွာ “ ပညာေတြ အမ်ားႀကီး တတ္ထား႐ုံနဲ႔ မၿပီးဘူးကြ သူတစ္ပါးအေပၚ နားလည္ခံစားတတ္တဲ့ လူမ်ိဳးေတြလည္း လိုအပ္တယ္၊၊

ကိုယ့္မိသားစုထဲမွာ ကိုယ့္မိဘအေပၚေတာင္ နားမလည္ႏိုင္တဲ့ လူတစ္ေယာက္ဟာ အဖြဲ႕အစည္း တစ္ခုမွာ မိဘတစ္ေယာက္လို ျပန္ၿပီးေတာ့ အုပ္ခ်ဳပ္ႏိုင္ဖို႔ ဆိုတာ မလြယ္ဘူး၊၊

ငါတို႔က ရင့္က်က္တဲ့ စိတ္ထား ရွိသူေတြကိုပဲ လိုတယ္။ ပညာတတ္ၿပီး ႏို႔နံ႔မေပ်ာက္ေသးတဲ့ ႏို႔သက္ခံစို႔ေနသူေတြကို မလိုခ်င္ဘူး၊၊

ကိုယ့္ အေဖရဲ႕ ဘဝတစ္ခုကို ျပန္ၿပီးခံစားႏိုင္ရဲ႕လား ဆိုတာကို မင္းကို စစ္ေဆးလိုက္တာ ေအာင္ျမင္ပါတယ္၊၊

မင္းကို ငါတို႔ ကုမၸဏီက ႀကိဳဆိုပါတယ္ ”

( My Father is a Mason ကို ျမန္မာမႈျပဳပါသည္။ )


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *