ဘယ်အချိန်ကို စောင့်နေတာလဲ?
မိဘကိုဘယ်အချိန် လုပ်ကျွေးမှာလဲလို့မေးလိုက်တိုင်းအလုပ်တွေ အဆင်ပြေရင်လုပ်ကျွေးမယ်လို့ဖြေကောင်း ဖြေကြပါလိမ့်မယ်။
ဒါပေမဲ့မိဘတော်တော်များများကတော့သား သမီးတွေအလုပ်ကောင်းတွေ ရတဲ့အချိန်ထိအသက်မရှည်ကြတော့ပါဘူး။
မိဘကို ဘယ်လိုထားမှာလဲလို့မေးလိုက်တဲ့အခါရွှေအိမ်ကြီးနဲ့ ထားချင်တာမထားနိုင်လို့အဲဒီလို ဖြေဘူးကြမှာပါ။တကယ်တော့ရွှေအိမ်ကြီး ဆောက်နိုင်တဲ့အခါမိဘတွေဟာအုတ်ဂူထဲ ရောက်နေပါပြီ။
မိဘကို ထောက်ပံ့သလားလို့မေးရင်ငါ့ကလေးတွေ ကိစ္စတွေနဲ့မလုံလောက်လို့မထောက်ပံ့နိုင်ကြောင်း ဖြေမိကြမှာပါ။
ဒါပေမဲ့သင့်ကလေးတွေ လက်လွတ်တဲ့အထိသူတို့တွေအသက်ရှည်ဖို့ မလွယ်ပါဘူး။သင့်စိတ်ကူးနဲ့ ပြင်ဆင်ထားတဲ့သူတို့ကို ပြန်ကြည့်ဖို့ဆုံးဖြတ်ထားတဲ့ အချိန်ထိသူတို့ မနေရဖို့ များပါတယ်။
မိဘကို ပေးကမ်းလှူဒါန်းဖို့ပြန်လည်ကြည့်ရှုဖို့ကျွန်တော်တို့ကို မေးရင်ကျွန်တော်တို့ကတျခားအရာ တခြားသူတွေကိုအရင်စဉ်းစား တွက်ချက်ကြပါတယ်။အဲဒါတွေကျော်လွန်မှအစွန်းထွက်အချိန်အစွန်းထွက် ငွေကြေးကိုသူတို့အတွက် ပေးကြတာပါ။
ဒါဟာ လူအတော်များများပါ။သူတို့အလှည့်တုန်းကတော့ကျွန်တော်တို့ကိုအရင်စဉ်းစားခဲ့တာ ဖြစ်ပါတယ်။မိဘတွေရဲ့ အတွင်းစိတ်ဟာသိပ်ကိုလျှို့ဝှက်သိပ်သည်းလွန်းပါတယ်။
ကျွန်တော်တို့ကို အားမကိုးဘူး။ကျွန်တော်တို့ဆီက မတောင်းဘူး။ကျွန်တော်တို့မရှိလည်း ဖြစ်အောင်နေမယ်။သူတို့ဖာသာ သူတို့အဆင်ပြေအောင် နေနိုင်တယ်။ဒီလိုအတွေးတွေ ရှိနေကြပေမယ့်
တကယ့်စိတ်တွေကတော့ကျွန်တော်တို့ကိုသိပ်ပြီး အားကိုးပါတယ်။ကျွန်တော်တို့ကိုသိပ်ပြီး လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့သိတတ်မှုကို မျှော်လင့်ကြပါတယ်။မိဘကို တတ်နိုင်သမျှ လုပ်ကျွေးပါ။
လစာကောင်းတဲ့အထိမစောင့်ပါနဲ့။သင်အားမယ့်အချိန်ထိမစောင့်ပါနဲ့။သူတို့ အိုမင်း နာမကျန်းဖြစ်တဲ့အထိမစောင့်ပါနဲ့။သူတို့က အကူအညီတောင်းလာတဲ့အထိမစောင့်ပါနဲ့။ရွှေအိမ်ကြီး ဆောက်ပြီးတဲ့အထိမစောင့်ပါနဲ့။နောက်ဆုံးပေါ်ကားကြီးနဲ့
ဘုရားတွေ လိုက်ပို့ပေးနိုင်တဲ့အထိမစောင့်ပါနဲ့။ပိုက်ဆံတွေ အထုပ်လိုက်ရွှေတွေအထုပ်လိုက် ပုံပေးနိုင်တဲ့အထိမစောင့်ပါနဲ့။သင် ဘဲဥတစ်ခြမ်း စားရရင်သူတို့လည်း တစ်ခြမ်းစားရပါစေ
သင် ကြက်သားတစ်တုံး စားရတဲ့အခါသူတို့လည်း တစ်တုံးစားရပါစေသင် ရယ်မောပျော်ရွှင်နေရချိန်မှာသူတို့ မျက်ရည်ကျမနေပါစေနဲ့။သင် ဘယ်လောက်ပဲရရသူတို့အတွက်ပမာဏတစ်ခု အမြဲချန်ထားပါ။
သင့်ကလေး နေမကောင်းဖြစ်လို့ဆေးရုံပို့ပေးနိုင်သေးရင်သူတို့ နာမကျန်းဖြစ်တဲ့အခါ(အနည်းဆုံး)ဆေးတော့ ဝယ်ပေးနိုင်ပါစေသား သမီးကို ကစားကွင်းပို့နိုင်ရင်မိဘကို အနည်းငယ်တော့ အချိန်ပေးပါ။
သေမှ မငိုပါနှင့်။မသေခင်ကိုယ်နိုင်တဲ့ဝန်နဲ့ ထမ်းပိုးပါ။သေမှအမျှဝေ ဆုတောင်းမလုပ်ပါနဲ့။မသေခင်တတ်နိုင်သလောက် ကျွေးပါ။သေမှသူတို့အတွက် နေရာပေါင်းစုံမှာလိုက်မလှူပါနဲ့။မသေခင်တတ်နိုင်သလောက် ပေးကမ်းပါ။
မိဘကို လုပ်ကျွေး ပြုစုဖို့ချမ်းသာတဲ့အချိန်အားတဲ့အချိန်ထိ မစောင့်ပါနဲ့။ဒါဆို မင်းရော ဘာတွေလုပ်လဲမေးရင်ကိုယ်တတ်နိုင်သလောက်လုပ်နေတယ်လို့ပဲ ဖြေပါရစေ
Credit-
zawgyi
ဘယ္အခ်ိန္ကို ေစာင့္ေနတာလဲ?
မိဘကိုဘယ္အခ်ိန္ လုပ္ေကြၽးမွာလဲလို႔ေမးလိုက္တိုင္းအလုပ္ေတြ အဆင္ေျပရင္လုပ္ေကြၽးမယ္လို႔ေျဖေကာင္း ေျဖၾကပါလိမ့္မယ္။
ဒါေပမဲ့မိဘေတာ္ေတာ္မ်ားမ်ားကေတာ့သား သမီးေတြအလုပ္ေကာင္းေတြ ရတဲ့အခ်ိန္ထိအသက္မရွည္ၾကေတာ့ပါဘူး။
မိဘကို ဘယ္လိုထားမွာလဲလို႔ေမးလိုက္တဲ့အခါေ႐ႊအိမ္ႀကီးနဲ႔ ထားခ်င္တာမထားႏိုင္လို႔အဲဒီလို ေျဖဘူးၾကမွာပါ။တကယ္ေတာ့ေ႐ႊအိမ္ႀကီး ေဆာက္ႏိုင္တဲ့အခါမိဘေတြဟာအုတ္ဂူထဲ ေရာက္ေနပါၿပီ။
မိဘကို ေထာက္ပံ့သလားလို႔ေမးရင္ငါ့ကေလးေတြ ကိစၥေတြနဲ႔မလုံေလာက္လို႔မေထာက္ပံ့ႏိုင္ေၾကာင္း ေျဖမိၾကမွာပါ။
ဒါေပမဲ့သင့္ကေလးေတြ လက္လြတ္တဲ့အထိသူတို႔ေတြအသက္ရွည္ဖို႔ မလြယ္ပါဘူး။သင့္စိတ္ကူးနဲ႔ ျပင္ဆင္ထားတဲ့သူတို႔ကို ျပန္ၾကည့္ဖို႔ဆုံးျဖတ္ထားတဲ့ အခ်ိန္ထိသူတို႔ မေနရဖို႔ မ်ားပါတယ္။
မိဘကို ေပးကမ္းလႉဒါန္းဖို႔ျပန္လည္ၾကည့္ရႈဖို႔ကြၽန္ေတာ္တို႔ကို ေမးရင္ကြၽန္ေတာ္တို႔ကတ်ခားအရာ တျခားသူေတြကိုအရင္စဥ္းစား တြက္ခ်က္ၾကပါတယ္။အဲဒါေတြေက်ာ္လြန္မွအစြန္းထြက္အခ်ိန္အစြန္းထြက္ ေငြေၾကးကိုသူတို႔အတြက္ ေပးၾကတာပါ။
ဒါဟာ လူအေတာ္မ်ားမ်ားပါ။သူတို႔အလွည့္တုန္းကေတာ့ကြၽန္ေတာ္တို႔ကိုအရင္စဥ္းစားခဲ့တာ ျဖစ္ပါတယ္။မိဘေတြရဲ႕ အတြင္းစိတ္ဟာသိပ္ကိုလွ်ိဳ႕ဝွက္သိပ္သည္းလြန္းပါတယ္။
ကြၽန္ေတာ္တို႔ကို အားမကိုးဘူး။ကြၽန္ေတာ္တို႔ဆီက မေတာင္းဘူး။ကြၽန္ေတာ္တို႔မရွိလည္း ျဖစ္ေအာင္ေနမယ္။သူတို႔ဖာသာ သူတို႔အဆင္ေျပေအာင္ ေနႏိုင္တယ္။ဒီလိုအေတြးေတြ ရွိေနၾကေပမယ့္
တကယ့္စိတ္ေတြကေတာ့ကြၽန္ေတာ္တို႔ကိုသိပ္ၿပီး အားကိုးပါတယ္။ကြၽန္ေတာ္တို႔ကိုသိပ္ၿပီး လိုအပ္ပါတယ္။ကြၽန္ေတာ္တို႔ရဲ႕သိတတ္မႈကို ေမွ်ာ္လင့္ၾကပါတယ္။မိဘကို တတ္ႏိုင္သမွ် လုပ္ေကြၽးပါ။
လစာေကာင္းတဲ့အထိမေစာင့္ပါနဲ႔။သင္အားမယ့္အခ်ိန္ထိမေစာင့္ပါနဲ႔။သူတို႔ အိုမင္း နာမက်န္းျဖစ္တဲ့အထိမေစာင့္ပါနဲ႔။သူတို႔က အကူအညီေတာင္းလာတဲ့အထိမေစာင့္ပါနဲ႔။ေ႐ႊအိမ္ႀကီး ေဆာက္ၿပီးတဲ့အထိမေစာင့္ပါနဲ႔။ေနာက္ဆုံးေပၚကားႀကီးနဲ႔
ဘုရားေတြ လိုက္ပို႔ေပးႏိုင္တဲ့အထိမေစာင့္ပါနဲ႔။ပိုက္ဆံေတြ အထုပ္လိုက္ေ႐ႊေတြအထုပ္လိုက္ ပုံေပးႏိုင္တဲ့အထိမေစာင့္ပါနဲ႔။သင္ ဘဲဥတစ္ျခမ္း စားရရင္သူတို႔လည္း တစ္ျခမ္းစားရပါေစ
သင္ ၾကက္သားတစ္တုံး စားရတဲ့အခါသူတို႔လည္း တစ္တုံးစားရပါေစသင္ ရယ္ေမာေပ်ာ္႐ႊင္ေနရခ်ိန္မွာသူတို႔ မ်က္ရည္က်မေနပါေစနဲ႔။သင္ ဘယ္ေလာက္ပဲရရသူတို႔အတြက္ပမာဏတစ္ခု အၿမဲခ်န္ထားပါ။
သင့္ကေလး ေနမေကာင္းျဖစ္လို႔ေဆး႐ုံပို႔ေပးႏိုင္ေသးရင္သူတို႔ နာမက်န္းျဖစ္တဲ့အခါ(အနည္းဆုံး)ေဆးေတာ့ ဝယ္ေပးႏိုင္ပါေစသား သမီးကို ကစားကြင္းပို႔ႏိုင္ရင္မိဘကို အနည္းငယ္ေတာ့ အခ်ိန္ေပးပါ။
ေသမွ မငိုပါႏွင့္။မေသခင္ကိုယ္ႏိုင္တဲ့ဝန္နဲ႔ ထမ္းပိုးပါ။ေသမွအမွ်ေဝ ဆုေတာင္းမလုပ္ပါနဲ႔။မေသခင္တတ္ႏိုင္သေလာက္ ေကြၽးပါ။ေသမွသူတို႔အတြက္ ေနရာေပါင္းစုံမွာလိုက္မလႉပါနဲ႔။မေသခင္တတ္ႏိုင္သေလာက္ ေပးကမ္းပါ။
မိဘကို လုပ္ေကြၽး ျပဳစုဖို႔ခ်မ္းသာတဲ့အခ်ိန္အားတဲ့အခ်ိန္ထိ မေစာင့္ပါနဲ႔။ဒါဆို မင္းေရာ ဘာေတြလုပ္လဲေမးရင္ကိုယ္တတ္ႏိုင္သေလာက္လုပ္ေနတယ္လို႔ပဲ ေျဖပါရေစ
Credit-
Leave a Reply