ဆံပင် တပိဿာ သိန်း ၂၀ အထိ ဈေးရောက် (ရွှေဈေးထက် ကျော်သွားတော့မှာလား)

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှာ ဆံပင်ဈေး တစ်ပိဿာကို ကျပ်သိန်း၂၀ကျော်အထိ ပေးဝယ် နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာတော့ စားဝတ်နေရေး အခက်အခဲကြောင့် အမျိုးသမီးအများစုက ဆံပင်ရောင်းချမှုများလာတယ်လို့ နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက် က ဆံပင်ကျွတ် ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။

ဆံပင်ကို အကျွတ်လည်းဝယ်သလို လက်ရှိဆံပင်ကို ဖြတ်ပြီးရောင်းတဲ့သူတွေလည်း ရှိတယ်လို့ သိရပြီး ဆံပင်ကို ဖြတ်ရောင်းရင်တော့ ဝယ်သူက စိတ်ကြိုက်ဖြတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆံပင်ကို ဖြတ်ပြီးရောင်းရင်တော့ ခါးလောက်အရှည်ဆိုရင် တစ်သိန်းကျော်အထိရတယ်လို့လည်း သိရပါတယ်။ ဆံပင်ဈေးတွေကောင်းတာကြောင့် နွားထိုးကြီးမှာ ဆံပင်ရောင်းသူရော ဝယ်သူပါ များပြားလာတယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာလည်း ဆံပင်ဈေး မြင့်တက်လာမှုကို စိတ်ဝင်စားနေကြပြီး ရောင်းချလိုသူတွေ များပြား နေတယ်လို့ သိရပါတယ်။ဒါပေမယ့် ရန်ကုန်မြို့ လမ်းတွေမှာ ဆံပင်ဝယ်တယ်လို့ လိုက်အော်နေတဲ့သူတွေကတော့ ဂျင်းတွေ များတယ်လို့ သိရပါတယ်။

အလေးချိန်ပိုတဲ့ ဆယ်ပြားစေ့တွေနဲ့ လိုက်ဝယ်နေပြီး နည်းအမျိုးမျိုးနဲ့ အလေးချိန်လျော့အောင် ပြောပြီး ဝယ်ယူနေတယ်လို့ သိရပါတယ်။မန်တလေးတိုငျးဒသေကွီး၊ နှားထိုးကွီးမွို့နယျမှာ ဆံပငျဈေး တစျပိဿာကို ကပြျသိနျး၂ဝကြောျအထိ ပေးဝယျ နတေယျလို့ ဒသေခံတှရေဲ့ ပွောကွားခကြျအရ သိရပါတယျ။




Crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *