“ညညဖုန်းပွတ်ပြီးမှ အိပ်တတ်သူတွေအတွက် ပိုင်းလော့ဆရာတော်ရဲ့ အကောင်းဆုံးဥပမာ”






Credit

ပန်းသည်နဲ့ငါးသည်နဲ့ ခင်နေတာတစ်ရက် အိမ်ပြန်နောက်ကျတော့ ငါးသည်က ပန်းသည်အိမ်မှာလိုက်ပြီး ညအိပ်ရသတဲ့။ ညကျတော့ငါးသည်က ပန်းနံ့တွေနဲ့မအိပ်တတ်ဘူးတဲ့။ နောက်ဆုံးကျတော့ ငါးလေးတစ်ကောင်ကို နှာခေါင်းနားမှာကိုင်ထားပြီးမှ အိပ်လို့ရသတဲ့။

ညညဖုန်းကလေးပွတ်ပြီးမှ အိပ်လို့ရတယ်ဆိုတာလည်း စောစောကငါးသည်နဲ့ တူတူပါပဲတဲ့။ တရားလေးအာရုံပြုပြီး ဆင်ခြင်သုံးသပ်ပြီး တွေးခေါ်ပြီးအိပ်ရမယ့်အစား ဖုန်းပွတ်ပွတ်နေတာ ပန်းရနံ့နဲ့အိပ်မပျော်လို့ ငါးနံ့နဲ့မှအိပ်ပျော်တဲ့ ငါးသည်နဲ့သွားတူနေပါသတဲ့။

မကောင်းမှုရှောင်ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားဆိုတာ လွယ်လွယ်ခက်ခက်ဖြစ်အောင် လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စုပ္ပန်ဟာ အဖိုးအတန်ဆုံးနဲ့ ပြန်မရနိုင်တော့တဲ့ အချိန်ဖြစ်လို့ပါတဲ့။

ပိုင်းလော့ဆရာတော်ဟောတာပါ။ မွန်မြတ်လှတဲ့တရားအလှူအတွက် တပည့်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးကို ကျေးဇူးအများကြီးတင်ပါတယ်။

Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *