သမီးကို သူဆင်းရဲမယူနဲ့လို့အဖေ ဘာကြောင့်ပြောရသလဲ

ဒီပို႔ေလးကို ေတြ႕တဲ့သူတိုင္း ေက်ာ္မသြားပါနဲ႔ေနာ္… … သူဆင္းရဲကိုမယူနဲ႔သမီး.

သူဆင္းရဲကိုမယူနဲ့သမီး

သမီး… သမီးကို သူဆင္းရဲမယူနဲ႔လို႔အေဖ ဘာေၾကာင့္ေျပာရသလဲ

အဲဒီေန႔က သမီးက သမီးခ်စ္သူကိုအိမ္ေခၚလာၿပီး “အေဖ.. ဒါ သမီးခ်စ္သူ သမီး သူနဲ႔လက္ထပ္မယ္” လို႔ ေျပာခဲ့တယ္ေနာ္။

ေနာက္ေတာ့ သမီးကို အဲဒီလူနဲ႔သေဘာမတူႏိုင္ဘူးလို႔ အေဖေျပာခဲ့တယ္။

ဘာေၾကာင့္လဲလို႔ သမီးေမးေတာ့ “ဆင္းရဲလို႔” လို႔ အေဖေျဖတယ္။ အဲဒီတုန္းက အေဖ့ကိုၾကည့္တဲ့ သမီးရဲ႕အၾကည့္ကို အေဖမေမ့ခဲ့ပါဘူး။ သမီးရဲ႕အၾကည့္ထဲမွာ ငါ့အေဖက ေငြမက္လိုက္တာ၊ ႀကီးက်ယ္လိုက္တာဆိုတာ ပါေနတယ္

အေဖဘယ္လို႐ွင္းျပရမလဲ… ကိုယ့္သမီး အထင္လဲြသြားတာေလာက္ ခံစားရတာ မ႐ွိပါဘူး သမီး..

“သူ ပိုက္ဆံမ႐ွိလို႔ေပါ့ ဟုတ္လား.. ေဖေဖ” လို႔ သမီးျပန္ေမးခဲ့တယ္ေနာ္။ မဟုတ္ဘူး သမီး.. သူဆင္းရဲတာက ပိုက္ဆံဆင္းရဲတာ မဟုတ္ဘူး… သူဆင္းရဲတဲ့အခ်က္ ေလးခ်က္ကို အေဖေတြ႔လိုက္တယ္

ရည္မွန္းခ်က္ဆင္းရဲတယ္

အဲဒီေန႔က အေဖ့ေ႐ွ႕မွာ သမီးတို႔ရပ္ေနတဲ့အခ်ိန္ သမီးေဘးမွာရပ္ေနတဲ့ သူက မ်က္စိကလယ္ကလယ္နဲ႔ ၾကည့္ရတာ စိတ္ဓာတ္မခိုင္သလိုပါပဲ။ သမီးတို႔ရဲ႕အနာဂတ္အေၾကာင္း အေဖေမးေတာ့ သူ႔မွာ စကားထစ္ထစ္အအနဲ႔ ဦးတည္ရာမ႐ွိခဲ့ဘူး

အခုခ်ိန္မွာ သူ႔မွာ အိမ္ဝယ္ ကားဝယ္ဖို႔ ပိုက္ဆံမ႐ွိတာမို႔ အေဖ သူ႔ကို မလိုလားမွာစိုးတယ္လို႔ သူေျပာတယ္။ တကယ္တမ္းေျပာရရင္ သူ႔ပိုက္ဆံမ႐ွိလို႔ သူ႔ကို အေဖမလိုလားတာ မဟုတ္ဘူး။ သူ႔မွာ ေငြေၾကးဥစၥာ႐ွာဖို႔ “ရည္မွန္းခ်က္မရွိ” တာကို အေဖမလိုလားတာပါ။

သူေဌးသားတစ္ေယာက္နဲ႔ ေတာင္သူလယ္သမား ဆင္းရဲသားတစ္ေယာက္ ဘယ္သူ႔ကိုေ႐ြးမွာလဲလို႔ အေဖ့ကို သမီးေမးခဲ့ရင္ အေဖမေျဖတတ္ဘူး။ ဆင္းရဲေတာ့ ဘာျဖစ္လဲ.. လူတိုင္း ဆင္းရဲဖူးတာပဲ… ဒါေပမယ့္ အသက္ငယ္႐ြယ္ခ်ိန္မွာ ဘဝကို ျဖစ္သလို ေရလိုက္ငါးလိုက္ပဲ ျဖတ္သန္းခ်င္တဲ့စိတ္ဆႏၵ မ႐ွိရဘူး

လူတိုင္းက ျဖဴစင္လွပတဲ့အခ်စ္တစ္ခုကို ပိုင္ဆိုင္ခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ဘဝတစ္ခုကို ထူေထာင္တဲ့အခါ သူနဲ႔အတူ ထမင္းရည္လွ်က္၊ တဲအိုပ်က္မွာ သမီး တစ္သက္မေနႏိုင္ပါဘူး။ ဘဝတစ္ခုကို သမီးတို႔ လက္ေတြ႔က်က် ရင္ဆိုင္ၾကရမွာပါပဲ။

2️အေတြးအေခၚဆင္းရဲတယ္

လူ႔ဘဝရဲ႕ဒီတစ္သက္မွာ လူဆင္းရဲေပမယ့္ အေတြးအေခၚ မဆင္းရဲရဘူး သမီး

ေယာက္်ားေလးဆိုတဲ့မ်ဳိးက နဂိုတည္းက ေနာက္က်မွ ရင့္က်က္ၾကတယ္။ သမီးက အ႐ြယ္မေရာက္ခင္ကတည္းက အရာရာသိတတ္ေနၿပီ။ သမီးတို႔ ႏွစ္ေယာက္ အိမ္ေထာင္ဘဝထူေထာင္ၾကမယ့္အျဖစ္ကို အေဖေယာင္လို႔ေတာင္ မေတြးရဲခဲ့ဘူး

ေယာက္်ားေလးဆိုတဲ့မ်ဳိးက နဂိုတည္းက ေနာက္က်မွ ရင့္က်က္ၾကတယ္။ သမီးက အ႐ြယ္မေရာက္ခင္ကတည္းက အရာရာသိတတ္ေနၿပီ။

သမီးတို႔ ႏွစ္ေယာက္ အိမ္ေထာင္ဘဝထူေထာင္ၾကမယ့္အျဖစ္ကို အေဖေယာင္လို႔ေတာင္ မေတြးရဲခဲ့ဘူး

သူက ကြန္ပ်ဴတာဂိမ္းေဆာ့တာ ႀကိဳက္တယ္တဲ့.. ဒါက ဘာမွေတာ့ မဟုတ္ပါဘူး.. အေဖလည္း ဂိမ္းေဆာ့တာပဲေလ။ ဒါေပမယ့္ အလုပ္ကျပန္ေရာက္တာနဲ႔ ဖိနပ္တစ္ဘက္၊ ေျခအိတ္တစ္ဘက္ပစ္ထုတ္ၿပီး ဘာအေရးအေၾကာင္းကိစၥမွ စိတ္မဝင္စားေတာ့ဘဲ ဂိမ္းထဲထိုးဝင္သြားတာမ်ဳိးက မရဘူး။

သူ႔အတြက္ သမီးက ထမင္းကမ္း ေရကမ္းေပးေနရဦးမွာ

သမီးက စာဖတ္တာကိုႀကိဳက္တယ္.. ထက္တယ္

လူႀကီးသူမေတြ႔ဆံုပဲြေတြမွာ သူတို႔နဲ႔ သမီး စကားဝင္ဆန္႔ေျပာဆိုႏိုင္တယ္။ လူတိုင္းက သမီးကို သြက္သြက္လက္လက္႐ွိတယ္လို႔ ေျပာၾကတယ္။ ဟိုေန႔က အေဖ့ေ႐ွ႕မွာထိုင္ေနတဲ့ အဲဒီေကာင္ေလးက အမွန္အတိုင္းေျပာရရင္ ေခါင္းဗလာ၊ ဦးေႏွာက္ဗလာ၊ စကားလံုးဗလာပဲ သမီး..

ဘဝဆိုတာ သမီးရည္းစားတုန္းကလို ေပ်ာ္႐ႊင္ေနမွာ မဟုတ္ဘူးသမီး။ ပ်င္းရိၿငီးေငြ႔ဖြယ္ရာပါ။ ဘဝကို ေပ်ာ္႐ႊင္ေစဖို႔၊ သက္ဝင္လႈပ္႐ွားဖို႔ဆိုတာ လူတစ္ဦးတစ္ေယာက္တည္းရဲ႕ အေတြးအေခၚနဲ႔မရဘူး သမီး…. သူ႔အေတြး၊ ကိုယ့္အေတြးေတြ ဖလွယ္မွ်ေဝၾကမွ ဘဝက စိတ္ဝင္စားစရာေကာင္းတာ..

အေဖမွတ္မိပါေသးတယ္.. အေမ့ဝမ္းထဲကေန ထြက္လာတုန္းက တျခားကေလးေတြက ငိုေပမယ့္ သမီးကၿပံဳးရယ္ၿပီး ထြက္လာတယ္။ သမီးက ငယ္ငယ္ေလးတည္းက အရယ္သန္တယ္။ ဘယ္ေရာက္ေရာက္ လူတကာ ႏွစ္သက္တာကို ခံရတယ္။ သမီး တစ္သက္လံုး ၿပံဳးေပ်ာ္ရယ္ေမာႏိုင္ဖို႔ အေဖေမွ်ာ္လင့္တယ္ သမီး…

3️⃣ အသိပညာဆင္းရဲတယ္

သူသံုးတဲ့ဖုန္းနဲ႔ ကြန္ပ်ဴတာက ေနာက္ဆံုးေပၚေတြ။ သူ႔အခုဝင္ေငြေလာက္နဲ႔ ဘာလို႔ ကိုယ္မတတ္ႏိုင္ေလာက္တဲ့အရာေတြကို ဝယ္သံုးရသလဲ…

မူလဇစ္ျမစ္က အေရးပါတယ္တဲ့။ ဟုတ္ပါတယ္.. မူလဇစ္ျမစ္ေကာင္းတိုင္း အရာရာေကာင္းသြားတာေတာ့ မဟုတ္ဘူး။

အေဖအသက္၅ဝေက်ာ္ အေတြ႔အႀကံဳအရ လူတစ္ေယာက္ရဲ႕ မိသားစုဟာ အဲဒီလူရဲ႕အက်င့္စ႐ိုက္နဲ႔ မိသားစုအေတြးအျမင္ကို အနည္းအမ်ား သက္ေရာက္ေစႏိုင္တယ္ဆိုတာပါပဲ။ သူ႔ကိုယ္ေပၚမွာ အဲဒီအေတြးအျမင္မ်ဳိးကို စျမင္ေနရၿပီ သမီး..

အသိပညာဆင္းရဲတဲ့အျပင္ “အေတြ႔အျမင္လည္းဆင္းရဲ”တာမို႔ သူဟာ အသက္ ၂ဝေက်ာ္တာေတာင္ ဘာမွ မျဖစ္ထြန္းေသးတာ မဆန္းေတာ့ပါဘူး သမီး…

4️⃣ အေမွ်ာ္အျမင္ဆင္းရဲတယ္

သူ႔အိမ္ကဆင္းရဲတာ အေဖသိတယ္။ ဒါက ကိစၥမ႐ွိပါဘူး။ ဒီေခတ္ ဒီအခါက လူငယ္ေတြကို အခြင့္အေရးေတာ္ေတာ္မ်ားမ်ား ေပးထားပါတယ္။ ႀကိဳးစားလိုစိတ္႐ွိင္ သမီးတို႔မွာလည္း အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္မယ္ဆိုတာကို အေဖယံုတယ္။

ဒါေပမယ့္ သမီးတို႔ မဂၤလာေဆာင္ၿပီးရင္ သူက သမီးကို အလုပ္ေပးမလုပ္ေတာ့ဘူး။ အိမ္မွာပဲ လင္ေမြး သားေမြး၊ ထိန္းေက်ာင္းျပဳစုခိုင္းမယ္လို႔ ေျပာတယ္။ အေဖတစ္ေယာက္ျဖစ္တဲ့ အေဖဟာ သူတို႔ရဲ႕အယူအဆေတြကို နားမလည္ခဲ့ဘူး သမီး။ ငယ္ငယ္ေလးတည္းက သမီးကို အေဖေက်ာင္းပို႔၊ ေငြေၾကးေတြကုန္က်ၿပီး ဟိုသင္တန္းတက္ခိုင္း၊ ဒီသင္တန္းတက္ခိုင္းနဲ႔ သမီးကို ဘာမွမခိုင္းခဲ့ဘူး။ ဒါေပမယ့္ ဒီလိုနဲ႔ပဲ သမီးကို တစ္သက္မကုန္ဆံုးေစခ်င္ဘူး

ဘဝဆိုတဲ့ပိုက္ကြန္ကို သမီးအအုပ္ခံၿပီး လင္ေကၽြးသားေမြး အိမ္ေဝယ်ာဝစၥေတြနဲ႔ ေရာဂါေတြေမြး တစ္ႏွစ္ၿပီးတစ္ႏွစ္ သမီးကုန္ဆံုးေနမယ္ဆိုရင္ သမီးကို အေဖ အိမ္ေထာင္မျပဳေစခ်င္ဘူး သမီး။ သမီးကို တစ္သက္လံုး ေကၽြးေမြးထားရမယ္ဆိုရင္ေတာင္ ဒီလိုအသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဘဝကို သမီး ဦးညႊတ္ခါးမကုန္းေစခ်င္ဘူး သမီး..

သမီးကို အေဖ ေကၽြးေမြးလာခဲ့တာ၊ သမီးကို အဘက္ဘက္က ပညာေတြ သင္ယူေစခဲ့တာ၊ သမီးကို ပိုထူးခၽြန္ထက္ျမက္သူျဖစ္ေစခဲ့တာဟာ အနာဂတ္ေကာင္းတစ္ခုကို သမီးပိုင္ဆိုင္ႏိုင္ဖို႔ပါ

သမီးကို သမီးခ်စ္သူနဲ႔ အေဖသေဘာမတူတာဟာ ဒီအခ်က္ေလးခ်က္ေၾကာင့္ပဲ သမီး..

သမီး ၄ႏွစ္အ႐ြယ္တုန္းက လူႀကီးေတြက စေနာက္ၿပီး ႀကီးလာရင္ ဘယ္လိုလူမ်ဳိးကို ယူမလဲလို႔ ေမးတုန္းက သမီးက “ေဖေဖလိုလူမ်ဳိးကို ယူမယ္” လို႔ ေျပာခဲ့တယ္ေနာ္။ အေဖ့လိုလူမ်ဳိး သမီးကိုမယူေစခ်င္တာ သမီးမသိခဲ့ဘူးမဟုတ္လား… အေဖနဲ႔ယူလို႔ သမီးအေမ ေတာ္ေတာ္ပင္ပန္းခဲ့ရတယ္ သမီး..

သမီးဟာ အေဖ့ရဲ႕ထာဝရနတ္သမီးေလးပါ…

တစ္ေန႔ေန႔မွာ အေဖခါးကုန္းလို႔၊ ေျခလွမ္းေတြလည္း ေႏွးလာတဲ့ခ်ိန္ေရာက္တဲ့အထိ၊ စကားေျပာ မပီသေတာ့တဲ့အခ်ိန္ေရာက္တဲ့အထိ သမီးဟာ အေဖ့ရဲ႕နတ္သမီးပါပဲ

အေဖ့ဒီတစ္သက္မွာ ေကာင္းတာ ဆိုးတာ၊ လညတာ စားတာေတြ ေတာ္ေတာ္မ်ားမ်ားလုပ္ခဲ့ၿပီးၿပီ။ ေအာင္ျမင္တာ က်႐ႈံးတာ၊ ခ်ဳိၿမိန္တာ ခါးသက္တာေတြလည္း ျမည္းစမ္းခဲ့ၿပီးၿပီ

မနက္ျဖန္ပဲ ေလာကႀကီးကေန ထြက္ခြာသြားရမယ္ဆိုရင္ေတာင္ အေဖ့မွာေနာင္တမ႐ွိဘူး သမီး…

အေဖ ေငြမက္တာ မဟုတ္ဘူး.. ႀကီးက်ယ္တာ မဟုတ္ဘူး သမီး..

သမီး ေကာင္းမြန္ေပ်ာ္႐ႊင္ေနဖို႔ကိုပဲ အေဖေမွ်ာ္လင့္ခဲ့တာပါ

ဒီအေဖ စိတ္ပူတာက ေငြေၾကးမခ်မ္းသာလို႔ ဆင္းရဲတာကို မဟုတ္ပါဘူး။ ရည္မွန္းခ်က္၊ အေတြးအေခၚ၊ အသိပညာ၊ အေမွ်ာ္အျမင္ေတြ ဆင္းရဲမွာကို စိုးရိမ္တာပါ။

အ႐ြယ္႐ွိခ်ိန္မွာ ေငြေၾကးမခ်မ္းသာရင္ ႀကိဳးစား႐ွာေဖြလို႔ရႏိုင္ေပမယ့္ စိတ္ဓာတ္နဲ႔ စိတ္ေနသေဘာထားေတြ ဆင္းရဲရင္ေတာ့ ကိုယ့္အသိစိတ္နဲ႔ကိုယ္ပဲ ျပဳျပင္လို႔ရမွာျဖစ္တယ္ သမီး

#crd မူရင္းေရးသားသူ

ဒီပို့လေးကို တွေ့တဲ့သူတိုင်း ကျော်မသွားပါနဲ့နော်… … သူဆင်းရဲကိုမယူနဲ့သမီး.

သူဆင်းရဲကိုမယူနဲ့သမီး

သမီး… သမီးကို သူဆင်းရဲမယူနဲ့လို့အဖေ ဘာကြောင့်ပြောရသလဲ

အဲဒီနေ့က သမီးက သမီးချစ်သူကိုအိမ်ခေါ်လာပြီး “အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်” လို့ ပြောခဲ့တယ်နော်။

နောက်တော့ သမီးကို အဲဒီလူနဲ့သဘောမတူနိုင်ဘူးလို့ အဖေပြောခဲ့တယ်။

ဘာကြောင့်လဲလို့ သမီးမေးတော့ “ဆင်းရဲလို့” လို့ အဖေဖြေတယ်။ အဲဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေမမေ့ခဲ့ပါဘူး။ သမီးရဲ့အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာဆိုတာ ပါနေတယ်

အဖေဘယ်လိုရှင်းပြရမလဲ… ကိုယ့်သမီး အထင်လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး..

“သူ ပိုက်ဆံမရှိလို့ပေါ့ ဟုတ်လား.. ဖေဖေ” လို့ သမီးပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး.. သူဆင်းရဲတာက ပိုက်ဆံဆင်းရဲတာ မဟုတ်ဘူး… သူဆင်းရဲတဲ့အချက် လေးချက်ကို အဖေတွေ့လိုက်တယ်

ရည်မှန်းချက်ဆင်းရဲတယ်

အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ရပ်နေတဲ့အချိန် သမီးဘေးမှာရပ်နေတဲ့ သူက မျက်စိကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ်မခိုင်သလိုပါပဲ။ သမီးတို့ရဲ့အနာဂတ်အကြောင်း အဖေမေးတော့ သူ့မှာ စကားထစ်ထစ်အအနဲ့ ဦးတည်ရာမရှိခဲ့ဘူး

အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံမရှိတာမို့ အဖေ သူ့ကို မလိုလားမှာစိုးတယ်လို့ သူပြောတယ်။ တကယ်တမ်းပြောရရင် သူ့ပိုက်ဆံမရှိလို့ သူ့ကို အဖေမလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာရှာဖို့ “ရည်မှန်းချက်မရှိ” တာကို အဖေမလိုလားတာပါ။

သူဌေးသားတစ်ယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတစ်ယောက် ဘယ်သူ့ကိုရွေးမှာလဲလို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေမဖြေတတ်ဘူး။ ဆင်းရဲတော့ ဘာဖြစ်လဲ.. လူတိုင်း ဆင်းရဲဖူးတာပဲ… ဒါပေမယ့် အသက်ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက်ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့စိတ်ဆန္ဒ မရှိရဘူး

လူတိုင်းက ဖြူစင်လှပတဲ့အချစ်တစ်ခုကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် ဘဝတစ်ခုကို ထူထောင်တဲ့အခါ သူနဲ့အတူ ထမင်းရည်လျှက်၊ တဲအိုပျက်မှာ သမီး တစ်သက်မနေနိုင်ပါဘူး။ ဘဝတစ်ခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရမှာပါပဲ။

2️အတွေးအခေါ်ဆင်းရဲတယ်

လူ့ဘဝရဲ့ဒီတစ်သက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး

ယောက်ျားလေးဆိုတဲ့မျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင်ကတည်းက အရာရာသိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝထူထောင်ကြမယ့်အဖြစ်ကို အဖေယောင်လို့တောင် မတွေးရဲခဲ့ဘူး

ယောက်ျားလေးဆိုတဲ့မျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင်ကတည်းက အရာရာသိတတ်နေပြီ။

သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝထူထောင်ကြမယ့်အဖြစ်ကို အဖေယောင်လို့တောင် မတွေးရဲခဲ့ဘူး

သူက ကွန်ပျူတာဂိမ်းဆော့တာ ကြိုက်တယ်တဲ့.. ဒါက ဘာမှတော့ မဟုတ်ပါဘူး.. အဖေလည်း ဂိမ်းဆော့တာပဲလေ။ ဒါပေမယ့် အလုပ်ကပြန်ရောက်တာနဲ့ ဖိနပ်တစ်ဘက်၊ ခြေအိတ်တစ်ဘက်ပစ်ထုတ်ပြီး ဘာအရေးအကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲထိုးဝင်သွားတာမျိုးက မရဘူး။

သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်းပေးနေရဦးမှာ

သမီးက စာဖတ်တာကိုကြိုက်တယ်.. ထက်တယ်

လူကြီးသူမတွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့်ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက်လက်လက်ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ရှေ့မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်းပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး..

ဘဝဆိုတာ သမီးရည်းစားတုန်းကလို ပျော်ရွှင်နေမှာ မဟုတ်ဘူးသမီး။ ပျင်းရိငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင်လှုပ်ရှားဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းရဲ့ အတွေးအခေါ်နဲ့မရဘူး သမီး…. သူ့အတွေး၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ..

အဖေမှတ်မိပါသေးတယ်.. အမေ့ဝမ်းထဲကနေ ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးကပြုံးရယ်ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေးတည်းက အရယ်သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တစ်သက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး…

3️⃣ အသိပညာဆင်းရဲတယ်

သူသုံးတဲ့ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခုဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့အရာတွေကို ဝယ်သုံးရသလဲ…

မူလဇစ်မြစ်က အရေးပါတယ်တဲ့။ ဟုတ်ပါတယ်.. မူလဇစ်မြစ်ကောင်းတိုင်း အရာရာကောင်းသွားတာတော့ မဟုတ်ဘူး။

အဖေအသက်၅ဝကျော် အတွေ့အကြုံအရ လူတစ်ယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့အကျင့်စရိုက်နဲ့ မိသားစုအတွေးအမြင်ကို အနည်းအများ သက်ရောက်စေနိုင်တယ်ဆိုတာပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီအတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး..

အသိပညာဆင်းရဲတဲ့အပြင် “အတွေ့အမြင်လည်းဆင်းရဲ”တာမို့ သူဟာ အသက် ၂ဝကျော်တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး…

4️⃣ အမျှော်အမြင်ဆင်းရဲတယ်

သူ့အိမ်ကဆင်းရဲတာ အဖေသိတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒီခေတ် ဒီအခါက လူငယ်တွေကို အခွင့်အရေးတော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ်ရှိင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ်။

ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ်ပေးမလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်းပြုစုခိုင်းမယ်လို့ ပြောတယ်။ အဖေတစ်ယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး။ ငယ်ငယ်လေးတည်းက သမီးကို အဖေကျောင်းပို့၊ ငွေကြေးတွေကုန်ကျပြီး ဟိုသင်တန်းတက်ခိုင်း၊ ဒီသင်တန်းတက်ခိုင်းနဲ့ သမီးကို ဘာမှမခိုင်းခဲ့ဘူး။ ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တစ်သက်မကုန်ဆုံးစေချင်ဘူး

ဘဝဆိုတဲ့ပိုက်ကွန်ကို သမီးအအုပ်ခံပြီး လင်ကျွေးသားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တစ်နှစ်ပြီးတစ်နှစ် သမီးကုန်ဆုံးနေမယ်ဆိုရင် သမီးကို အဖေ အိမ်ထောင်မပြုစေချင်ဘူး သမီး။ သမီးကို တစ်သက်လုံး ကျွေးမွေးထားရမယ်ဆိုရင်တောင် ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွှတ်ခါးမကုန်းစေချင်ဘူး သမီး..

သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန်ထက်မြက်သူဖြစ်စေခဲ့တာဟာ အနာဂတ်ကောင်းတစ်ခုကို သမီးပိုင်ဆိုင်နိုင်ဖို့ပါ

သမီးကို သမီးချစ်သူနဲ့ အဖေသဘောမတူတာဟာ ဒီအချက်လေးချက်ကြောင့်ပဲ သမီး..

သမီး ၄နှစ်အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကို ယူမလဲလို့ မေးတုန်းက သမီးက “ဖေဖေလိုလူမျိုးကို ယူမယ်” လို့ ပြောခဲ့တယ်နော်။ အဖေ့လိုလူမျိုး သမီးကိုမယူစေချင်တာ သမီးမသိခဲ့ဘူးမဟုတ်လား… အဖေနဲ့ယူလို့ သမီးအမေ တော်တော်ပင်ပန်းခဲ့ရတယ် သမီး..

သမီးဟာ အဖေ့ရဲ့ထာဝရနတ်သမီးလေးပါ…

တစ်နေ့နေ့မှာ အဖေခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့ချိန်ရောက်တဲ့အထိ၊ စကားပြော မပီသတော့တဲ့အချိန်ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့နတ်သမီးပါပဲ

အဖေ့ဒီတစ်သက်မှာ ကောင်းတာ ဆိုးတာ၊ လညတာ စားတာတွေ တော်တော်များများလုပ်ခဲ့ပြီးပြီ။ အောင်မြင်တာ ကျရှုံးတာ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ပြီးပြီ

မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာသွားရမယ်ဆိုရင်တောင် အဖေ့မှာနောင်တမရှိဘူး သမီး…

အဖေ ငွေမက်တာ မဟုတ်ဘူး.. ကြီးကျယ်တာ မဟုတ်ဘူး သမီး..

သမီး ကောင်းမွန်ပျော်ရွှင်နေဖို့ကိုပဲ အဖေမျှော်လင့်ခဲ့တာပါ

ဒီအဖေ စိတ်ပူတာက ငွေကြေးမချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ပါဘူး။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကို စိုးရိမ်တာပါ။

အရွယ်ရှိချိန်မှာ ငွေကြေးမချမ်းသာရင် ကြိုးစားရှာဖွေလို့ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေသဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ကိုယ်ပဲ ပြုပြင်လို့ရမှာဖြစ်တယ် သမီး

#crd မူရင်းရေးသားသူ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *