တစိမ့်စိမ့်နဲ့ ဘေးဖြစ်နေစေတဲ့ လူတော်တော်များများသတိမထားမိသော အိမ်တွင်းအန္တရာယ်တွေ
အိမ်ဆိုတာ လုံခြုံမှု၊ စိတ်အပန်းပြေမှုတွေ အပေးနိုင်ဆုံးသော အကောင်းဆုံးနေရာလို့ လူတိုင်းခံယူထားတတ်ကြပါတယ်။အန္တရာယ်ကင်းတယ်လို့ ယုံကြည်ထားတဲ့ အိမ်ထဲမှာ လူတိုင်းလိုလိုသတိမထားမိတဲ့ အန္တရာယ်တွေရှိနေတာကြောင့် ရှောင်ရှားနိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။
မှို
နေရောင်ခြည်လုံးဝမရတဲ့ စိုထိုင်းထိုင်းနေရာတွေ၊မြေအောက်ခန်းနေရာတွေ၊ မျက်နှာကြက်၊ ကြမ်းခင်း၊ ပရိဘောဂအဟောင်းတွေရဲ့ခြေထောက်တွေနဲ့ ပြတင်းပေါက်၊ တံခါးပေါက်ရေထုတ်ပိုက်၊ ရေချိုးခန်းတို့မှာ မှိုတွေ ရှိနေတတ်ပါတယ်။မှိုတွေအရမ်းများလာတဲ့ အခါ ချောင်းဆိုး၊ နှာချေ၊ ယားယံ၊ ခေါင်းကိုက်တာကစလို့အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တတ်ပါတယ်။
ခဲ
ခဲပါတဲ့ အိမ်သုတ်ဆေးသုံးရင် ဆေးမှုန်၊ ဆေးခဲတွေကြမ်းပေါ် အဝတ်အစားတွေပေါ်၊ကလေးကစားစရာတွေပေါ် ကျကုန်ရင် လက်ကနေ တဆင့် ခဲမှုန်တွေ ပါးစပ်ထဲ ဝင်နိုင်ပါတယ်။ခဲဆိပ်သင့်ရင် စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ သွေးတိုးခြင်း၊ မျိုးပွားမှုအတွက် အခက်အခဲဖြစ်စေခြင်း၊ကလေးများ ကြီးထွားမှု နှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။
သန့်ရှင်းရေးပစ္စည်းများ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ အစွန်းချွတ်ဆေး၊ကြွေကြေးချွတ်ဆေးစတဲ့ သန့်ရှင်းရေး ပစ္စည်းတွေမှာ အဆိပ်အတောက်တွေပါပြီးအဲဒါတွေကို ကိုင်တွယ်ပြီးရင် သေချာစွာ ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။အဲ့ဒီအဆိပ် အတောက်တွေကြောင့် အသက်ရှူခက်ခဲခြင်း၊ နာတာရှည် ခေါင်းကိုက်ခြင်း၊ဦးနှောက်၊အသည်းနဲ့ကျောက်ကပ် ကို ပျက်စီးစေခြင်း၊ လေသင်တုန်းဖြတ်ခြင်း စတာတွေ ဖြစ်နိုင်လို့ပါ။
ကော်ဇော
ကော်ဇောအကြာကြီး ခင်းထားပြီး သန့်ရှင်းရေး မလုပ်ဘူးဆိုရင် အမှုန်အမွှားနဲ့ ပိုးပေါင်းစုံ ကပ်ငြိနေတာကြောင့်အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနဲ့ အသည်း၊ သိုင်းရွိုက်ဂလင်းတွေကို ဆိုးကျိုးပေးနိုင်ပါတယ်။လေသန့်ဖြန်းဆေး အဆိပ်အတောက်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းအချို့ကြောင့် ပါးစပ်၊ အစာပြွန်၊ အစာအိမ်တွင် အနာဖြစ်ခြင်း၊ချောင်းဆိုးရင်ကျပ်ဖြစ်ခြင်း တို့အပြင် ကင်ဆာအထိပါ ဖြစ်နိုင်တာကြောင့် စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။
ကလေးနို့ဘူး ရောဂါပိုး အများဆုံး ကပ်ငြိနိုင်တာက ကလေးနို့ဘူးတွေဖြစ်ပြီး နို့ဘူးတွေ ဆေးကြောတဲ့အခါ အရမ်းအပူပေးပြီးခဏခဏ ဆေးတဲ့အခါမျိုးမှာပလတ်စတစ်က ဓာတ်ပြောင်းပြီး နို့ထဲကို ရောသွားတတ်တာကြောင့် သတိချပ်သင့်ပါတယ်။
ပရုတ်လုံး
အဝတ်တွေ၊ စာအုပ်တွေ ပိုးမကိုက်အောင်ဆိုပြီး ပရုတ်လုံးသုံးကြသလို တချို့ကလည်း ပန်းခြံထဲ၊အိမ်ကြမ်းခင်းတွေမှာ အင်းဆက်တွေ မလာအောင် ထားတတ်ကြပါတယ်။ပရုတ်လုံးကို ခဏခဏ လက်နဲ့ကိုင်တာများရင် ပရုတ်လုံးထဲက အဆိပ်အတောက်တွေ အရေပြားတို့၊မျက်လုံးထဲတို့ ဝင်တဲ့အခါ အော့အန်ခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။
အလှကုန်များ
ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းကုန်၊ အလှကုန်တွေကို ဆက်မသုံးသင့်ပါဘူး။ယားယံတာ၊ ဓာတ်မတည့်တာကစလို့ ကင်ဆာရောဂါအထိ ဖြစ်နိုင်လို့ပါ။
အပူခံ မကပ်ဒယ်အိုး
အပူခံပြီး မကပ်တဲ့ ပလတ်စတစ်တစ်မျိုးကို ဒယ်အိုးအတွင်းပိုင်းမှာ ကပ်ထားတဲ့ လူသုံးများ မီးဖိုချောင်သုံး ပစ္စည်းတွေကိုထာဝရ မသုံးစွဲသင့်ဘူးလို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ဒီလို အိုးခွက်တွေနဲ့ပဲ အမြဲလိုလို ချက်ပြုတ်မယ်ဆိုရင် အိုးတွင်းကပ်ထားတဲ့ပလတ်စတစ်က ဓာတ်ပြောင်းပြီး ဆိုးကျိုးတွေ ပေးနိုင်လို့ပါ။
Credit
တစိမ့္စိမ့္နဲ႔ ေဘးျဖစ္ေနေစတဲ့ လူေတာ္ေတာ္မ်ားမ်ားသတိမထားမိေသာ အိမ္တြင္းအႏၲရာယ္ေတြ
အိမ္ဆိုတာ လုံၿခဳံမႈ၊ စိတ္အပန္းေျပမႈေတြ အေပးႏိုင္ဆုံးေသာ အေကာင္းဆုံးေနရာလို႔ လူတိုင္းခံယူထားတတ္ၾကပါတယ္။အႏၲရာယ္ကင္းတယ္လို႔ ယုံၾကည္ထားတဲ့ အိမ္ထဲမွာ လူတိုင္းလိုလိုသတိမထားမိတဲ့ အႏၲရာယ္ေတြရွိေနတာေၾကာင့္ ေရွာင္ရွားႏိုင္ဖို႔အတြက္ မွ်ေဝေပးခ်င္ပါတယ္။
မႈိ
ေနေရာင္ျခည္လုံးဝမရတဲ့ စိုထိုင္းထိုင္းေနရာေတြ၊ေျမေအာက္ခန္းေနရာေတြ၊ မ်က္ႏွာၾကက္၊ ၾကမ္းခင္း၊ ပရိေဘာဂအေဟာင္းေတြရဲ႕ေျခေထာက္ေတြနဲ႔ ျပတင္းေပါက္၊ တံခါးေပါက္ေရထုတ္ပိုက္၊ ေရခ်ိဳးခန္းတို႔မွာ မႈိေတြ ရွိေနတတ္ပါတယ္။မႈိေတြအရမ္းမ်ားလာတဲ့ အခါ ေခ်ာင္းဆိုး၊ ႏွာေခ်၊ ယားယံ၊ ေခါင္းကိုက္တာကစလို႔အသက္ရႉ လမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တတ္ပါတယ္။
ခဲ
ခဲပါတဲ့ အိမ္သုတ္ေဆးသုံးရင္ ေဆးမႈန္၊ ေဆးခဲေတြၾကမ္းေပၚ အဝတ္အစားေတြေပၚ၊ကေလးကစားစရာေတြေပၚ က်ကုန္ရင္ လက္ကေန တဆင့္ ခဲမႈန္ေတြ ပါးစပ္ထဲ ဝင္ႏိုင္ပါတယ္။ခဲဆိပ္သင့္ရင္ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္း၊ ေသြးတိုးျခင္း၊ မ်ိဳးပြားမႈအတြက္ အခက္အခဲျဖစ္ေစျခင္း၊ကေလးမ်ား ႀကီးထြားမႈ ေႏွးေကြးၿပီး ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ ထိခိုက္တာေတြ ျဖစ္ႏိုင္ပါတယ္။
သန႔္ရွင္းေရးပစၥည္းမ်ား ဆပ္ျပာမႈန႔္၊ ဆပ္ျပာခဲ၊ အစြန္းခြၽတ္ေဆး၊ေႂကြေၾကးခြၽတ္ေဆးစတဲ့ သန႔္ရွင္းေရး ပစၥည္းေတြမွာ အဆိပ္အေတာက္ေတြပါၿပီးအဲဒါေတြကို ကိုင္တြယ္ၿပီးရင္ ေသခ်ာစြာ ေဆးေၾကာသန႔္စင္ဖို႔ လိုအပ္ပါတယ္။အဲ့ဒီအဆိပ္ အေတာက္ေတြေၾကာင့္ အသက္ရႉခက္ခဲျခင္း၊ နာတာရွည္ ေခါင္းကိုက္ျခင္း၊ဦးေႏွာက္၊အသည္းနဲ႔ေက်ာက္ကပ္ ကို ပ်က္စီးေစျခင္း၊ ေလသင္တုန္းျဖတ္ျခင္း စတာေတြ ျဖစ္ႏိုင္လို႔ပါ။
ေကာ္ေဇာ
ေကာ္ေဇာအၾကာႀကီး ခင္းထားၿပီး သန႔္ရွင္းေရး မလုပ္ဘူးဆိုရင္ အမႈန္အမႊားနဲ႔ ပိုးေပါင္းစုံ ကပ္ၿငိေနတာေၾကာင့္အေရျပားေရာဂါ၊ အသက္ရႉလမ္းေၾကာင္းေရာဂါနဲ႔ အသည္း၊ သိုင္း႐ြိဳက္ဂလင္းေတြကို ဆိုးက်ိဳးေပးႏိုင္ပါတယ္။ေလသန႔္ျဖန္းေဆး အဆိပ္အေတာက္ျဖစ္ေစတဲ့ ပါဝင္ပစၥည္းအခ်ိဳ႕ေၾကာင့္ ပါးစပ္၊ အစာႁပြန္၊ အစာအိမ္တြင္ အနာျဖစ္ျခင္း၊ေခ်ာင္းဆိုးရင္က်ပ္ျဖစ္ျခင္း တို႔အျပင္ ကင္ဆာအထိပါ ျဖစ္ႏိုင္တာေၾကာင့္ စနစ္တက် သုံးစြဲဖို႔ လိုအပ္ပါတယ္။
ကေလးႏို႔ဘူး ေရာဂါပိုး အမ်ားဆုံး ကပ္ၿငိႏိုင္တာက ကေလးႏို႔ဘူးေတြျဖစ္ၿပီး ႏို႔ဘူးေတြ ေဆးေၾကာတဲ့အခါ အရမ္းအပူေပးၿပီးခဏခဏ ေဆးတဲ့အခါမ်ိဳးမွာပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ႏို႔ထဲကို ေရာသြားတတ္တာေၾကာင့္ သတိခ်ပ္သင့္ပါတယ္။
ပ႐ုတ္လုံး
အဝတ္ေတြ၊ စာအုပ္ေတြ ပိုးမကိုက္ေအာင္ဆိုၿပီး ပ႐ုတ္လုံးသုံးၾကသလို တခ်ိဳ႕ကလည္း ပန္းၿခံထဲ၊အိမ္ၾကမ္းခင္းေတြမွာ အင္းဆက္ေတြ မလာေအာင္ ထားတတ္ၾကပါတယ္။ပ႐ုတ္လုံးကို ခဏခဏ လက္နဲ႔ကိုင္တာမ်ားရင္ ပ႐ုတ္လုံးထဲက အဆိပ္အေတာက္ေတြ အေရျပားတို႔၊မ်က္လုံးထဲတို႔ ဝင္တဲ့အခါ ေအာ့အန္ျခင္း၊ မ်က္စိအတြင္းတိမ္ျဖစ္ျခင္းမွ ကင္ဆာအထိပါ ျဖစ္ႏိုင္ပါတယ္။
အလွကုန္မ်ား
ေဈးႀကီးေပးဝယ္ထားရတယ္ဆိုၿပီး သက္တမ္းကုန္၊ အလွကုန္ေတြကို ဆက္မသုံးသင့္ပါဘူး။ယားယံတာ၊ ဓာတ္မတည့္တာကစလို႔ ကင္ဆာေရာဂါအထိ ျဖစ္ႏိုင္လို႔ပါ။
အပူခံ မကပ္ဒယ္အိုး
အပူခံၿပီး မကပ္တဲ့ ပလတ္စတစ္တစ္မ်ိဳးကို ဒယ္အိုးအတြင္းပိုင္းမွာ ကပ္ထားတဲ့ လူသုံးမ်ား မီးဖိုေခ်ာင္သုံး ပစၥည္းေတြကိုထာဝရ မသုံးစြဲသင့္ဘူးလို႔ ေဆးပညာရွင္ေတြက အႀကံျပဳထားပါတယ္။ဒီလို အိုးခြက္ေတြနဲ႔ပဲ အၿမဲလိုလို ခ်က္ျပဳတ္မယ္ဆိုရင္ အိုးတြင္းကပ္ထားတဲ့ပလတ္စတစ္က ဓာတ္ေျပာင္းၿပီး ဆိုးက်ိဳးေတြ ေပးႏိုင္လို႔ပါ။
Credit
Leave a Reply