ပြည်နာချိန်မှာ အငမ်းမရ စီးပွားရှာနေတဲ့ သူတွေဖတ်ဖို့ မိုးကုတ်ဆရာတော်ဘုရာကြီးရဲ့မိန့်ကြားချက်….
ပြည်နာချိန်မှာ အငမ်းမရ စီးပွားရှာနေသူတွေကို ပြောချင်နေတုန်း မိုးကုတ်ဆရာတော်ကြီးရဲ့ဒကာရင်းကုန်သည်တစ်ဦးက တရားနာခါနီးမှကပ်ပြီးရောက်လာတယ်….
ဆရာတော်ကိုကန်တော့ပြီး ”ဒီလိုပဲဘုရား၊ ခုချိန်မှာ တပည့်တော်လှောင်ထားတဲ့ကုန်တွေက အပြင်မှာ ရှားပါးချိန်ဆိုတော့ဖောက်သည်တွေက လက်မလည်အောင်ဖြစ်နေလို့ မနည်းဖြတ်ခဲ့ရတယ်”လို့လျှောက်တယ်။
ဆရာတော်ကြီးက “အလုပ်ဆိုတာကတော့ ကိုယ်က အနားမယူတတ်ရင် မသေမချင်း ရှုပ်နေမှာပေါ့ကွာ” ဆိုတော့”ဒီလိုလည်းမဟုတ်သေးဘူး ဆရာတော်…..
စီးပွားရှာ ပြည်နာမှ-ဆိုသလိုပဲ ခုချိန်မျိုးမှာမှ ပိုပြီးရောင်းကောင်းတာ”တဲ့ဒကာကြီးသုံးလိုက်တဲ့ စကားပုံကိုကြားလိုက်တော့
ဆရာတော်ကြီးက သိပ်ပြီးမနှစ်ခြိုက်တဲ့သဘောနဲ့ ကြည့်ရင်း ”အေး-သုဿန်မှာ လူသေကောင်တူးမြှုပ်ပြီး အသက်မွေးကြတဲ့ ဒွန်းစဏ္ဍားတွေလည်း မင်းတို့လိုပဲကွ……
သူများတွေ ငိုကြီးချက်မနဲ့ လူသေအလောင်းထမ်းလာတာမြင်ရင် သူတို့က ပြုံးနေတာပဲ။ သူများငိုရလေ သူတို့က ဝင်ငွေကောင်းလေဆိုသလို ဖြစ်နေတာကိုးကွ…..
ခုလည်း မင်းတို့ဟာက သူများအခက်တွေ့လေမင်းတို့က ပျော်လေဆိုတော့ ဒါ ဒွန်းစဏ္ဍားပျော်ပျော်နေကြတာမဟုတ်လား” လို့ မိန့်ကြားလိုက်တယ်……
ဓမ္မဘေရီဆရာတော်တရားသံဝေ ရကြပါစေ( မထေရ်မြတ်တို့စကားဝိုင်း(၃)မှ)
(Credit Original Uploader)ပြန်လည်မျှဝေသည်မိတ်ဆွေများအားချစ်ခင်မူ့ဖြင့်..
ျပည္နာခ်ိန္မွာ အငမ္းမရ စီးပြားရွာေနတဲ့ သူေတြဖတ္ဖို႔ မိုးကုတ္ဆရာေတာ္ဘုရာႀကီးရဲ႕မိန႔္ၾကားခ်က္….
ျပည္နာခ်ိန္မွာ အငမ္းမရ စီးပြားရွာေနသူေတြကို ေျပာခ်င္ေနတုန္း မိုးကုတ္ဆရာေတာ္ႀကီးရဲ႕ဒကာရင္းကုန္သည္တစ္ဦးက တရားနာခါနီးမွကပ္ၿပီးေရာက္လာတယ္….
ဆရာေတာ္ကိုကန္ေတာ့ၿပီး ”ဒီလိုပဲဘုရား၊ ခုခ်ိန္မွာ တပည့္ေတာ္ေလွာင္ထားတဲ့ကုန္ေတြက အျပင္မွာ ရွားပါးခ်ိန္ဆိုေတာ့ေဖာက္သည္ေတြက လက္မလည္ေအာင္ျဖစ္ေနလို႔ မနည္းျဖတ္ခဲ့ရတယ္”လို႔ေလွ်ာက္တယ္။
ဆရာေတာ္ႀကီးက “အလုပ္ဆိုတာကေတာ့ ကိုယ္က အနားမယူတတ္ရင္ မေသမခ်င္း ရႈပ္ေနမွာေပါ့ကြာ” ဆိုေတာ့”ဒီလိုလည္းမဟုတ္ေသးဘူး ဆရာေတာ္…..
စီးပြားရွာ ျပည္နာမွ-ဆိုသလိုပဲ ခုခ်ိန္မ်ိဳးမွာမွ ပိုၿပီးေရာင္းေကာင္းတာ”တဲ့ဒကာႀကီးသုံးလိုက္တဲ့ စကားပုံကိုၾကားလိုက္ေတာ့
ဆရာေတာ္ႀကီးက သိပ္ၿပီးမႏွစ္ၿခိဳက္တဲ့သေဘာနဲ႔ ၾကည့္ရင္း ”ေအး-သုႆန္မွာ လူေသေကာင္တူးျမႇဳပ္ၿပီး အသက္ေမြးၾကတဲ့ ဒြန္းစ႑ားေတြလည္း မင္းတို႔လိုပဲကြ……
သူမ်ားေတြ ငိုႀကီးခ်က္မနဲ႔ လူေသအေလာင္းထမ္းလာတာျမင္ရင္ သူတို႔က ၿပဳံးေနတာပဲ။ သူမ်ားငိုရေလ သူတို႔က ဝင္ေငြေကာင္းေလဆိုသလို ျဖစ္ေနတာကိုးကြ…..
ခုလည္း မင္းတို႔ဟာက သူမ်ားအခက္ေတြ႕ေလမင္းတို႔က ေပ်ာ္ေလဆိုေတာ့ ဒါ ဒြန္းစ႑ားေပ်ာ္ေပ်ာ္ေနၾကတာမဟုတ္လား” လို႔ မိန္႔ၾကားလိုက္တယ္……
ဓမၼေဘရီဆရာေတာ္တရားသံေဝ ရၾကပါေစ( မေထရ္ျမတ္တို႔စကားဝိုင္း(၃)မွ)
(Credit Original Uploader)ျပန္လည္မွ်ေဝသည္မိတ္ေဆြမ်ားအားခ်စ္ခင္မူ႔ျဖင့္..
Leave a Reply