အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာ..

တခါက နိုင်ငံငယ်လေးတခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန် အင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတပါး ရှိတယ်။

ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေးကို သိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ် တွေကို သဘောကျလို့ အခွင့်အရေးတခု ပေးလိုက်ပါတယ်။

အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတခုပါ။ ဘုရင်ငယ်လေး အတွက် အချိန်တနှစ် ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်။ မေးခွန်းက “လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ” တဲ့။

အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာ ပါဘဲ။ တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်။ ဒါပေမယ့် အချိန်းတနှစ် ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့။

အဲဒါနဲ့ သူ့တိုင်းပြည်မှာ ရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေပါ မကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်။

ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာ ရှိတဲ့ စုန်းမအိုကြီး တယောက်သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်။

စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကို တောင်းဆိုလိုက်ပါတယ်။ အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေး နီးလာပါပြီ။ စုန်းမကြီးဟာလည်း သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ် လို့ ဆိုပါတယ်။

တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုးရဆုံး သူငယ်ချင်းလည်းဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်း စစ်ဦးစီးလည်း ဖြစ်တဲ့ အမတ်ကြီးနဲ့ သူ့ကို လက်ထပ်ပေးဖို့ ပါဘဲ။

ဘုရင်လေးလည်း အလွန်တုန်လှုပ် ချောက်ချားနေတာပေါ့။ စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင် ဆိုရွားလှတယ်။ သွားကလည်း ရှေသွား တချောင်ထဲရှိတယ်၊ အနံ့အသက်ကလည်း ဆိုရွားလှတယ်၊ စကားအပြောအဆို ကလည်း ကြမ်းတမ်း ညစ်ညမ်းလှတယ်။ ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့။

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်။

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက် အဖြေကို စုန်းမကြီးက ပေးလိုက်ပါတော့တယ်။ အဖြေကတော့ “လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ ဘဝကို သူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ” တဲ့။

ထိုအခါမှ ပြည်သူတွေလည်း အဖြေကိုသိပြီး ဘုရင်ကြီးကလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ် ပြုလိုက်ပါတော့တယ်။ အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ။

ဘုရင်လေးလည်း ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကို တပြိုင်နက် ခံစားနေရပြီပေါ့။ သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်းနဲ့ အလွန် မသတီစရာ စုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့။

အမတ်ကြီးလည်း ဆိုးရွားလှတဲ့ ဘဝကို ရင်ဆိုင်ဖို့ မင်္ဂလာ အိပ်ခန်းတွင်းကို ဝင်သွားရပြီ။ ဒါပေမယ့် အိပ်ခန်းတွင်း မှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေး တယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့။ “ဘာတွေဖြစ်ကုန်ပြီလဲ မိန်းကလေးရေ” လို့ လှမ်းမေးလိုက်တယ်။

ထိုအခါ မိန်းမပျိုက “သင်ဟာ ကျွန်မနဲ့ ပထမဦးဆုံး တွေ့တဲ့အချိန်မှာ အလွန် မသတီစရာ ကောင်းတဲ့ ရုပ်နဲ့ တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်။ ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့ သင့်ကို အခွင့်အရေးတခု ပေးချင်ပါတယ်။ ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလို လှပမွေးပျံ့တဲ့ ပုံစံနဲ့ တွေ့မြင်နိုင်အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြန်ပြောလိုက် ပါတယ်။

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်။ အမတ်ကြီးလည်း သေချာစဉ်းစားပြီး အဖြေပေးရတော့မယ်။ နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေ အလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူ အိပ်မလား။

ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကို ပြသပြီး ကိုယ်ပိုင်အချိန် ဖြစ်တဲ့ ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ပိုင်ဆိုင်မှာလား။ အမတ်ကြီး ဘာရွေးလိုက်တယ် ဆိုတာကို ဆက်မဖတ်သေးဘဲ မိတ်ဆွေကိုယ်တိုင် ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ။

အမတ်ကြီး ရွေးချယ်လိုက်တာ ကတော့ “မင်းသဘောအတိုင်း ပါဘဲကွာ” တဲ့။ အဲဒီစကားကို ကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်း ကြေညာလိုက် ပါတော့တယ်။ “အချိန်တိုင်း လှပတဲ့ ပုံစံနဲ့ ရှင့်ကို မြင်တွေ့စေ ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမ ဘဝကို သူမ စိတ်ကြိုက် စီမံခွင့် ရရှိခဲ့လို့ပါ” တဲ့။

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ။ မိတ်ဆွေရဲ့ မိန်းကလေးဟာ သူတို့ စိတ်တိုင်းကျ သူတို့ ဘဝကို စီမံခွင့် မရခဲ့ရင် မိတ်ဆွေရဲ့ အခြေအနေဟာလည်း နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူး ပေါ့နော်။

ထိုအခါမွ ျပည္သူေတြလည္း အေျဖကိုသိၿပီး ဘုရင္ႀကီးကလည္း စစ္မျပဳေတာ့ဘဲ ဘုရင္ေလးတို႔ တိုင္းျပည္နဲ႕ မဟာမိတ္ ျပဳလိုက္ပါေတာ့တယ္။ အမတ္ႀကီးနဲ႕ စုန္းမႀကီးတို႔ရဲ႕ မဂၤလာပြဲ ဘယ္လိုျဖစ္သြားလဲ။

ဘုရင္ေလးလည္း ေပ်ာ္႐ႊင္ျခင္းနဲ႕ ဝမ္းနည္းျခင္းေတြကို တၿပိဳင္နက္ ခံစားေနရၿပီေပါ့။ သိမ္ေမြ႕ယဥ္ေက်းတဲ့ သူငယ္ခ်င္းနဲ႕ အလြန္ မသတီစရာ စုန္းမတို႔ရဲ႕ လက္တြဲရမယ့္ ဘဝအေရးကို စဥ္းစားမိလို႔ေပါ့။

အမတ္ႀကီးလည္း ဆိုး႐ြားလွတဲ့ ဘဝကို ရင္ဆိုင္ဖို႔ မဂၤလာ အိပ္ခန္းတြင္းကို ဝင္သြားရၿပီ။ ဒါေပမယ့္ အိပ္ခန္းတြင္း မွာေတာ့ အလြန္လွပတဲ့ အမ်ိဳးအမီးေလး တေယာက္ ထိုင္ေနတာကို ေတြ႕လိုက္ရလို႔ အရမ္းအံ့ၾသသြားတာေပါ့။ “ဘာေတြျဖစ္ကုန္ၿပီလဲ မိန္းကေလးေရ” လို႔ လွမ္းေမးလိုက္တယ္။

ထိုအခါ မိန္းမပ်ိဳက “သင္ဟာ ကြၽန္မနဲ႕ ပထမဦးဆုံး ေတြ႕တဲ့အခ်ိန္မွာ အလြန္ မသတီစရာ ေကာင္းတဲ့ ႐ုပ္နဲ႕ ေတြ႕ေပမဲ့ ၾကင္နာစြာ ဆက္ဆံခဲ့တယ္။ ဒီအတြက္ေၾကာင့္ စိတ္ထားေကာင္းတဲ့ သင့္ကို အခြင့္အေရးတခု ေပးခ်င္ပါတယ္။ ဒါကေတာ့ ေန႕ဘက္ ဒါမွမဟုတ္ ညဘက္ ရွင္ႀကိဳက္တဲ့ အခ်ိန္ပိုင္းမွာ အခုလို လွပေမြးပ်ံ့တဲ့ ပုံစံနဲ႕ ေတြ႕ျမင္နိုင္ေအာင္ ဖန္ဆင္းထားမယ္လို႔ ဆုံးျဖတ္ထားပါတယ္” လို႔ ျပန္ေျပာလိုက္ ပါတယ္။

ဘယ္ေလာက္မ်ား ရက္စက္ နာက်င္ေစတဲ့ ေမးခြန္းပါလိမ့္။ အမတ္ႀကီးလည္း ေသခ်ာစဥ္းစားၿပီး အေျဖေပးရေတာ့မယ္။ ေန႕ပိုင္းမွာ ေခ်ာေမာလွပတဲ့ မိန္းကေလးကို မိတ္ေဆြေတြ အလည္မွာ ျပသၿပီး ညအခ်ိန္မွာ စုန္းမႀကီးနဲ႕ အတူတူ အိပ္မလား။

ဒါမွမဟုတ္ ေန႕ပိုင္းမွာ စုန္းမႀကီးကို ျပသၿပီး ကိုယ္ပိုင္အခ်ိန္ ျဖစ္တဲ့ ညအခ်ိန္မွာ ေပ်ာ္႐ႊင္ဖြယ္ရာ အခ်ိန္ေတြကို ပိုင္ဆိုင္မွာလား။ အမတ္ႀကီး ဘာေ႐ြးလိုက္တယ္ ဆိုတာကို ဆက္မဖတ္ေသးဘဲ မိတ္ေဆြကိုယ္တိုင္ ဆိုရင္ေကာ ဘာကိုေ႐ြးခ်ယ္မွာလဲ။

အမတ္ႀကီး ေ႐ြးခ်ယ္လိုက္တာ ကေတာ့ “မင္းသေဘာအတိုင္း ပါဘဲကြာ” တဲ့။ အဲဒီစကားကို ၾကားလိုက္တဲ့အခါ အမ်ိဳးသမီးေလးက ေအာက္ပါအတိုင္း ေၾကညာလိုက္ ပါေတာ့တယ္။ “အခ်ိန္တိုင္း လွပတဲ့ ပုံစံနဲ႕ ရွင့္ကို ျမင္ေတြ႕ေစ ခ်င္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူမ ဘဝကို သူမ စိတ္ႀကိဳက္ စီမံခြင့္ ရရွိခဲ့လို႔ပါ” တဲ့။

ပုံျပင္ေလးရဲ႕ အဓိက ဆိုလိုရင္းက ဘာလဲ။ မိတ္ေဆြရဲ႕ မိန္းကေလးဟာ သူတို႔ စိတ္တိုင္းက် သူတို႔ ဘဝကို စီမံခြင့္ မရခဲ့ရင္ မိတ္ေဆြရဲ႕ အေျခအေနဟာလည္း ေန႕ ဒါမွမဟုတ္ ည ပိုင္းေတြမွာ မလွပနိုင္ေတာ့ဘူး ေပါ့ေနာ္။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *