ယနေ့ဖတ်မိတဲ့စာ…ငါတို့ ဘာကြောင့် ဆင်းရဲသွားတာလဲ…..?

ယနေ့ဖတ်မိတဲ့စာ….

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ…..?

ပရီမီယာ ၁ထုပ် ၂၀၀ ဖြစ်သွားပြီတဲ့။၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၅ထုပ်ပဲရတော့တယ်။

အရင်က တနေ့ ၁ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။ ငါ့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ ?

ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။ ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ ?

ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။ ငါ့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ ?

ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါ့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ ?

ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။ ငါ့ဆီ ၅၀သားဘယ်ရောက်သွားတာလဲ ?

ငါတို့က ဆင်းရဲတာကို။ ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။ အံမယ် မထင်နဲ့ တော့ ။

USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု ဈေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။

ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။

ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ ရှာဝယ်ပေးနေပြီ။

ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ ? ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ ?

ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင်ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ ?

စဉ်းစားရင်း …………

[email protected] Myint.

ယေန႕ဖတ္မိတဲ့စာ….

ငါတို႔ ဘာေၾကာင့္ဆင္းရဲသြားတာလဲ…..?

ပရီမီယာ ၁ထုပ္ ၂၀၀ ျဖစ္သြားၿပီတဲ့။၁၀၀၀ ဖိုး အရင္က ၁၀ ထုပ္ရေပမယ့္ အခု ၅ထုပ္ပဲရေတာ့တယ္။

အရင္က တေန႕ ၁ထုပ္ေဖ်ာ္ေသာက္ေနရတဲ့ေကာ္ဖီဟာ အခုေတာ့ အမႈန႔္တဝက္ နဲ႕ ေကာ္ဖီ တခြက္လုပ္လိုက္ရၿပီ။ ငါ့ေကာ္ဖီ တဝက္ ဘယ္သူယူသြားတာလဲ ?

ၾကက္ဥတလုံး အရင္က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ျဖစ္သြားၿပီ။ မနက္တိုင္း ထမင္းနဲ႕ ၾကက္ဥေၾကာ္စားေနရတဲ့ငါ။ အခုေတာ့ တရက္ျခားပဲ ၾကက္ဥနဲ႕ စားနိုင္ေတာ့တယ္။ ငါ့ၾကက္ဥေတြ ဘယ္သူယူသြားတာလဲ ?

ဆိုင္ကယ္ေလး နဲ႕ အလုပ္သြားေတာ့ ဆီထည့္ရဦးမယ္။ အရင္က ၁၀၀၀ ေပးရင္ ဆီ ေရသန႔္၁ဘူးရတယ္။ ခု ၁၀၀၀ က ေရသန႔္ဘူး ၃ပုံ ၁ပုံပဲရေတာ့တယ္။ ငါ့ဆီဘူးတဝက္ေက်ာ္ ဘယ္ေရာက္သြားတာလဲ ?

ဆန္ဆိုင္ေရာက္ေတာ့ စားေနၾကေပၚဆန္းက ၄၀၀၀ နီးပါးျဖစ္သြားလို႔ တဆင့္နိမ့္တဲ့ဆန္ပဲ ယူခဲ့ရတယ္။ ငါ့ေပၚဆန္းဆန္ကို တျခားဆန္နဲ႕ ဘယ္သူယူလဲသြားတာလဲ ?

ပဲဆီအရင္က ၈၀၀၀ ကို ၁ပိသာရတယ္။ အခုေတာ့ ၅၀ သားပဲရေတာ့မယ္တဲ့။ ငါ့ဆီ ၅၀သားဘယ္ေရာက္သြားတာလဲ ?

ငါတို႔က ဆင္းရဲတာကို။ ခ်မ္းသာတဲ့သူေတြ ကေတာ့ ေအးေဆးပါတဲ့။ အံမယ္ မထင္နဲ႕ ေတာ့ ။

USA Skincare မွ သုံးတဲ့ ဟိုအမႀကီးလဲ အခု ေဈးခ်ိဳတဲ့ Korea Brand ေတြေမႊႏွောက္ရွာေနရၿပီ။

ကားကို 0 milage နဲ႕ Brand New စစ္စစ္ စီးခ်င္ပါတယ္ဆိုတဲ့ ဟိုအကိုလဲ သူ႕ရွိတဲ့ကားေလးမပြန္းမပဲ့ေအာင္ ဥစၥာေျခာက္ေနရၿပီ။

ကေလးဖိနပ္ ၊ လြယ္အိတ္ကို BPA Free ေတြ ၊ Singapore Brand ေတြမွ ဝယ္ေပးတဲ့ ဟိုေမေမလဲ တ႐ုတ္ကလာတဲ့ ေရဘူးေလးေတြ၊ အိတ္ေလးေတြ ရွာဝယ္ေပးေနၿပီ။

ငါတို႔ ဘာေၾကာင့္ဆင္းရဲသြားတာလဲ ? ငါတို႔ပစၥည္းေတြ ဘာလို႔ တဆင့္နိမ့္ေတြျဖစ္ကုန္တာလဲ ?

ကိုယ္လုပ္မွ ကိုယ္စားရမွာလို႔ခံယူထားတဲ့ ငါတို႔ အတြက္ အလုပ္ အစြမ္းကုန္ႏႈန္းအတိုင္း မပ်င္းမရိ အလုပ္လုပ္တာေတာင္ငါတို႔ ဘာလို႔တျဖည္းျဖည္းဆင္းရဲလာတာလဲ ?

စဥ္းစားရင္း …………

[email protected] Myint


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *