တစ္ခါက မရည္မြန္ဆိုတဲ့အပ်ိဳႀကီးတစ္ေယာက္႐ွိသတဲ့…တစ္ႏွစ္ၿပီးတစ္ႏွစ္ တစ္ဝါဝင္ပီး တစ္ဝါထြက္လာတာႀကိမ္ဖန္မ်ား လာေသာ္လည္း
မရည္မြန္ဆိုတဲ့အပ်ိဳႀကီး ဖူးစာ႐ွင္ မေတြ႕ေသးဘူးေပါ့ကံေကာင္းခ်င္ေတာ့ တစ္ေန႔
မရည္မြန္တစ္ေယာက္ အျပင္ကို ကိစၥတစ္ခုနဲ႔အသြား ေနာက္ကေန စတိုင္အလန္းစားနဲ႔ ငနဲတစ္ေကာင္ ကပ္လိုက္လာတာ သတိထားမိတယ္။
ဣေႁႏၵ႐ွင္ အပ်ိဳႀကီးပီပီ ေနာက္က ငနဲ ခပ္ခြာခြာ ကပ္လိုက္လာတာ သတိထားမိေတာ့ ရင္ေတြဘာေတြ ခုန္လို႔ေပါ့..
“အဟီး…ငနဲ ငါကို ခ်စ္ေရးဆိုမလို႔နဲ႔ တူတယ္”လိုရာခရီး ေရာက္တာေတာင္ မဝင္ေသးဘဲ ငနဲသားကို အခြင့္အေရး ေပးတဲ့အေနနဲ႔ ဆက္ၿပီး ေလွ်ာက္ေနလိုက္တယ္….
အေတာ္ေလး အခြင့္ေရးေပးၿပီးလမ္းေၾကာင္းကိုဆက္ေလွ်ာက္ ေနေပမယ့္အႏွီငနဲသားဘက္မွ ဘာမွတုန္႔ျပန္မႈမရေတာ့ အပ်ိဳႀကီး မရည္မြန္ တင္းပီေလ
” ဒီမွာ ဒီမွာ..႐ွင္က်မ ေနာက္က ေလွ်ာက္လိုက္ေနတာေတာ္ေတာ္ၾကာေနၿပီ..႐ွင္ဘာေျပာခ်င္တာလဲ ေျပာစရာ႐ွိေျပာ ”အဲ့လို ဒဲ့ဘဲ့ ေရလာေအာင္ ေျမာင္းေပး လိုက္တာေပါ့…ဒီေတာ့ ငနဲသားက
“ဟိုဟို ေျပာစရာ မ႐ွိပါဘူး အစ္မ ”
“ဟင္..ေျပာစရာမ႐ွိရင္ နင္ ငါ့ေနာက္ကို ဘာလို႔ လိုက္ေနတာလဲ..”
“ဟို ဟိုေလ အစ္မႀကီးဖုန္းက Internet WiFi Hotspot ပြင့္ေနလို႔Download လိုက္ဆြဲေနတာ ခင္ဗ် ..ၿပီးေတာ့မယ္ ”
” ငင့္!! ေဒါင္းစား! ေတခ်င္းဆိုး!! ေသေပေတာ့ ”
(သူေပါက္ကြဲဘီေလ )
#Credit; မူရင္းေရးသားသူ
unicode
တစ်ခါက မရည်မွန်ဆိုတဲ့အပျိုကြီးတစ်ယောက်ရှိသတဲ့…တစ်နှစ်ပြီးတစ်နှစ် တစ်ဝါဝင်ပီး တစ်ဝါထွက်လာတာကြိမ်ဖန်များ လာသော်လည်း
မရည်မွန်ဆိုတဲ့အပျိုကြီး ဖူးစာရှင် မတွေ့သေးဘူးပေါ့ကံကောင်းချင်တော့ တစ်နေ့
မရည်မွန်တစ်ယောက် အပြင်ကို ကိစ္စတစ်ခုနဲ့အသွား နောက်ကနေ စတိုင်အလန်းစားနဲ့ ငနဲတစ်ကောင် ကပ်လိုက်လာတာ သတိထားမိတယ်။
ဣန္ဒြေရှင် အပျိုကြီးပီပီ နောက်က ငနဲ ခပ်ခွာခွာ ကပ်လိုက်လာတာ သတိထားမိတော့ ရင်တွေဘာတွေ ခုန်လို့ပေါ့..
“အဟီး…ငနဲ ငါကို ချစ်ရေးဆိုမလို့နဲ့ တူတယ်”လိုရာခရီး ရောက်တာတောင် မဝင်သေးဘဲ ငနဲသားကို အခွင့်အရေး ပေးတဲ့အနေနဲ့ ဆက်ပြီး လျှောက်နေလိုက်တယ်….
အတော်လေး အခွင့်ရေးပေးပြီးလမ်းကြောင်းကိုဆက်လျှောက် နေပေမယ့်အနှီငနဲသားဘက်မှ ဘာမှတုန့်ပြန်မှုမရတော့ အပျိုကြီး မရည်မွန် တင်းပီလေ
” ဒီမှာ ဒီမှာ..ရှင်ကျမ နောက်က လျှောက်လိုက်နေတာတော်တော်ကြာနေပြီ..ရှင်ဘာပြောချင်တာလဲ ပြောစရာရှိပြော ”အဲ့လို ဒဲ့ဘဲ့ ရေလာအောင် မြောင်းပေး လိုက်တာပေါ့…ဒီတော့ ငနဲသားက
“ဟိုဟို ပြောစရာ မရှိပါဘူး အစ်မ ”
“ဟင်..ပြောစရာမရှိရင် နင် ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ..”
“ဟို ဟိုလေ အစ်မကြီးဖုန်းက Internet WiFi Hotspot ပွင့်နေလို့Download လိုက်ဆွဲနေတာ ခင်ဗျ ..ပြီးတော့မယ် ”
” ငင့်!! ဒေါင်းစား! တေချင်းဆိုး!! သေပေတော့ ”
(သူပေါက်ကွဲဘီလေ )
#Credit; မူရင်းရေးသားသူ
Leave a Reply