ဒီတစ်ဘဝလုံးစာအတွက် လိုက်နာကျင့်သုံးသင့်တဲ့ အချက် (၁၈)ချက်…
(၁) လူတွေကို သူတို့ မျှော်လင့်ထားတာထက် ပိုပေးပါ။ ဝမ်းမြောက်ဝမ်းသာနဲ့ ရက်ရက်ရောရောပေးပါ..။
(၂) သင်နဲ့စကားပြောရတာ အဆင်ပြေတဲ့သူမျိုးကို လက်ထပ်ယူပါ။ အသက်ကြီးလာတာနဲ့အမျှ စကားပြောဆိုဖို့ အဆင်ပြေခြင်းဟာ တခြားအရာတွေထက် ပိုအရေးပါလာပါလိမ့်မယ် …။
(၃) ကြားသမျှကို အကုန်မယုံပါနဲ့။ ရှိသမျှအကုန် မသုံးပါနဲ့။ အိပ်ချင်သလောက် အကုန်မအိပ်လိုက်ပါနဲ့ …။
(၄) “ချစ်တယ်” ဆိုတဲ့စကားကို နားလည်ခံစားပြီးမှသာ ပြောပါ …။
(၅) “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို ပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ပြောပါ …။
(၆) လက်မထပ်ခင် အနည်းဆုံး ခြောက်လလောက် အချိန်ယူလေ့လာပါ …။
(၇) အမှားလုပ်မိပြီဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပြန်ပြင်ပါ …။
(၈) တခြားသူရဲ့ အိပ်မက်တွေကို ဘယ်တော့မှ ပြက်ရယ်မပြုပါနဲ့။ စိတ်ကူးအိပ်မက်မရှိတဲ့သူမျိုးက သိပ်များများစားစားမရှိပါဘူး …။
(၉) နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာချစ်ပါ။ ဒီလိုချစ်လို့ သင်နာကျင်ခံစားရကောင်း ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက ချစ်ခြင်းမေတ္တာပဲရှိပါတယ် …။
(၁၀) အငြင်းပွားစရာရှိတဲ့အခါ မျှမျှတတ ဆွေးနွေးငြင်းခုန်ပါ။ နာမည်တွေခေါ်ပြီး ပြောဆိုတဲ့ အခြေအနေမျိုး မရောက်ပါစေနဲ့ ….
(၁၁) ဆွေမျိုး အသိုင်းအဝိုင်းတွေကိုကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့ …။
(၁၂) မြန်မြန်စဉ်းစားပြီး ဖြေးဖြေးချင်းပြောပါ …။
(၁၃) သင်မဖြေချင်တဲ့ မေးခွန်းမျိုးကို တစ်ယောက်ယောက်က မေးလာခဲ့ရင် “ဘာကြောင့် ဒါကိုသိချင်ရတာလဲ….” လို့ ပြုံးပြီး ပြန်မေးလိုက်ပါ …။
(၁၄) ကြီးမားတဲ့ချစ်ခြင်းနဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေမှာ ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေ ပါဝင်နေတယ်ဆိုတာကို သတိရပါ …။
(၁၅) တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ သင်ခန်းစာယူဖို့ လက်မလွှတ်ပါစေနဲ့ …။
(၁၆) ကိုယ့်ကိုယ်ကို လေးစားပါ… တခြားသူတွေကို လေးစားပါ… ကိုယ်လုပ်ခဲ့သမျှ ကိုယ့်တာဝန် ကိုယ်ယူတတ်ပါစေ …။
(၁၇) ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေကြောင့် အထိအခိုက်မခံပါနဲ့ …။
(၁၈) တစ်ခါတစ်လေ တစ်ယောက်ထဲနေပါ …။
Credit – Kyaw Aye
Zawgyi
ဒီတစ္ဘဝလုံးစာအတြက္ လိုက္နာက်င့္သုံးသင့္တဲ့ အခ်က္ (၁၈)ခ်က္…
(၁) လူေတြကို သူတို႔ ေမွ်ာ္လင့္ထားတာထက္ ပိုေပးပါ။ ဝမ္းေျမာက္ဝမ္းသာနဲ႔ ရက္ရက္ေရာေရာေပးပါ..။
(၂) သင္နဲ႔စကားေျပာရတာ အဆင္ေျပတဲ့သူမ်ိဳးကို လက္ထပ္ယူပါ။ အသက္ႀကီးလာတာနဲ႔အမွ် စကားေျပာဆိုဖို႔ အဆင္ေျပျခင္းဟာ တျခားအရာေတြထက္ ပိုအေရးပါလာပါလိမ့္မယ္ …။
(၃) ၾကားသမွ်ကို အကုန္မယုံပါနဲ႔။ ရွိသမွ်အကုန္ မသုံးပါနဲ႔။ အိပ္ခ်င္သေလာက္ အကုန္မအိပ္လိုက္ပါနဲ႔ …။
(၄) “ခ်စ္တယ္” ဆိုတဲ့စကားကို နားလည္ခံစားၿပီးမွသာ ေျပာပါ …။
(၅) “ေတာင္းပန္ပါတယ္” ဆိုတဲ့စကားကို ေျပာတဲ့အခါ မ်က္လုံးခ်င္းဆုံၿပီး ေျပာပါ …။
(၆) လက္မထပ္ခင္ အနည္းဆုံး ေျခာက္လေလာက္ အခ်ိန္ယူေလ့လာပါ …။
(၇) အမွားလုပ္မိၿပီဆိုတာ သိလိုက္တာနဲ႔ ခ်က္ခ်င္းျပန္ျပင္ပါ …။
(၈) တျခားသူရဲ႕ အိပ္မက္ေတြကို ဘယ္ေတာ့မွ ျပက္ရယ္မျပဳပါနဲ႔။ စိတ္ကူးအိပ္မက္မရွိတဲ့သူမ်ိဳးက သိပ္မ်ားမ်ားစားစားမရွိပါဘူး …။
(၉) နက္နက္ရႈိင္းရႈိင္း ႏွစ္ႏွစ္ကာကာခ်စ္ပါ။ ဒီလိုခ်စ္လို႔ သင္နာက်င္ခံစားရေကာင္း ခံစားရပါလိမ့္မယ္။ ဒါေပမဲ့ ဘဝကိုျပည့္ျပည့္စုံစုံျဖတ္သန္းဖို႔ တစ္ခုတည္းေသာနည္းလမ္းက ခ်စ္ျခင္းေမတၱာပဲရွိပါတယ္ …။
(၁၀) အျငင္းပြားစရာရွိတဲ့အခါ မွ်မွ်တတ ေဆြးေႏြးျငင္းခုန္ပါ။ နာမည္ေတြေခၚၿပီး ေျပာဆိုတဲ့ အေျခအေနမ်ိဳး မေရာက္ပါေစနဲ႔ ….
(၁၁) ေဆြမ်ိဳး အသိုင္းအဝိုင္းေတြကိုၾကည့္ၿပီး လူေတြကို မဆုံးျဖတ္ပါနဲ႔ …။
(၁၂) ျမန္ျမန္စဥ္းစားၿပီး ေျဖးေျဖးခ်င္းေျပာပါ …။
(၁၃) သင္မေျဖခ်င္တဲ့ ေမးခြန္းမ်ိဳးကို တစ္ေယာက္ေယာက္က ေမးလာခဲ့ရင္ “ဘာေၾကာင့္ ဒါကိုသိခ်င္ရတာလဲ….” လို႔ ၿပဳံးၿပီး ျပန္ေမးလိုက္ပါ …။
(၁၄) ႀကီးမားတဲ့ခ်စ္ျခင္းနဲ႔ ႀကီးျမတ္တဲ့ ေအာင္ျမင္မႈေတြမွာ ႀကီးမားတဲ့ စြန္႔လႊတ္စြန္႔စားမႈေတြ ပါဝင္ေနတယ္ဆိုတာကို သတိရပါ …။
(၁၅) တစ္ခုခုကို လက္လႊတ္ဆုံးရႈံးရတဲ့အခါ သင္ခန္းစာယူဖို႔ လက္မလႊတ္ပါေစနဲ႔ …။
(၁၆) ကိုယ့္ကိုယ္ကို ေလးစားပါ… တျခားသူေတြကို ေလးစားပါ… ကိုယ္လုပ္ခဲ့သမွ် ကိုယ့္တာဝန္ ကိုယ္ယူတတ္ပါေစ …။
(၁၇) ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရးကို ဘာမဟုတ္တဲ့ ကိစၥေလးေတြေၾကာင့္ အထိအခိုက္မခံပါနဲ႔ …။
(၁၈) တစ္ခါတစ္ေလ တစ္ေယာက္ထဲေနပါ …။
Credit – Kyaw Aye
Leave a Reply