ယခု ၂၀၂၃ ခုႏွစ္အတြင္းမွာ ေ႐ႊကို ဝယ္ယူထားသင့္တဲ့ အေၾကာင္းရင္းမ်ား
ယခု ၂၀၂၃ ခုႏွစ္အတြင္းမွာ ေ႐ႊကို ဝယ္ယူထားသင့္တဲ့ အေၾကာင္းရင္းမ်ားကို ဗဟုသုတအျဖစ္ ျပန္လည္ေဝမွ်လိုက္ပါတယ္။
2022 ခုႏွစ္ထဲမွာေတာ့အေမရိကန္ Fed ဗဟိုဘဏ္ဟာ စံခ်ိန္တင္ျမင့္တက္ေနေသာ အင္ဖေလးရွင္းႏႈန္းကို ထိန္းဖို႔ရန္ QT ေပၚလစီကို က်င့္သုံးခဲ့သည္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလထဲမွာေတာ့အေမရိကန္CPI ၫႊန္းကိန္းက 6.5%အထိျပန္က်ဆင္းလာခဲ့ၿပီး 2021 ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္းတႏွစ္ေက်ာ္ၾကာ ကာလအတြင္းမွာအနိမ့္ဆုံးအဆင့္ထိျပန္က်ဆင္းလာခဲ့ျခင္းလည္း ျဖစ္သည္။
အင္ဖေလးရွင္းျပန္က်ဆင္းလာသည့္ လကၡဏာေၾကာင့္ Fed က 2023 ခုႏွစ္ထဲမွာအတိုးႏႈန္းပြိဳင့္ အေရအတြက္ကို ေလွ်ာ့ခ်တိုးဖို႔ရန္ အလားအလာ ရွိေနပါသည္။
၎အေနအထားက ေဒၚလာေငြေၾကးတန္ဖိုးအေပၚ ဖိအားတရပ္အေနျဖင့္ ရွိေစၿပီး ေ႐ႊလို အတိုးထြက္ႏႈန္း မရွိတဲ့အက္ဆက္မ်ိဳးအေပၚ ၌ေတာ့အတက္ပင့္အားအျဖစ္ရွိေစႏိုင္ပါသည္။
2022 ႏွစ္ကုန္ပိုင္းတုန္းကအေမရိကန္ႏိုင္ငံ၌လုပ္ငန္းလုပ္ေနၾကေသာ CEO မ်ားကို စစ္တမ္းေကာက္ယူထားသည့္ CEO မ်ား အစီရင္ခံစာ၌ 98% ေသာ CEO တို႔က ဒီႏွစ္ထဲမွာ ရီဆက္ရွင္းျဖစ္ႏိုင္ေျခ အလားအလာရွိႏိုင္ေၾကာင္း ခန႔္မွန္းသုံးသပ္မႈရွိထားခဲ့ၾကသည္။
အတိတ္ကာလ၌ ျဖစ္ခဲ့တဲ့ ရီဆက္ရွင္းေတြ၌ S & P 500 စေတာ့ၫႊန္းကိန္းဟာပ်မ္းမွ်အားျဖင့္အက်ႏႈန္း -29% အထိက်ဆင္းမႈရွိခဲ့ၿပီး Great Recession ျဖစ္ခဲ့တုန္းကေတာ့ -55% အထိ အက်ရွိခဲ့ဖူးသည္။
ရီဆက္ရွင္းျဖစ္ေပၚသည့္ကာလ၌ စေတာ့ေစ်းကြက္အက်ဘက္ဆင္းေလ့ရွိတတ္ေၾကာင္း သမိုင္းသက္ေသရွိထားခဲ့တာလည္း ျဖစ္ပါသည္။ ၎ကာလမ်ိဳး၌ ေ႐ႊကိုသာ Safe Haven လုပ္မႈ တိုးျမႇင့္ေလ့ရွိပါသည္။
2022 ခုႏွစ္ထဲမွာ ကမာၻအရပ္ရပ္မွ ဗဟိုဘဏ္မ်ားကေ႐ႊအဝယ္တိုးျမႇင့္မႈ ရွိခဲ့ၾကၿပီး 1967 ခုႏွစ္ေနာက္ပိုင္း အဝယ္တိုးမႈအမ်ားဆုံး ပမာဏအထိ စံခ်ိန္တင္ဝယ္ယူမႈ ရွိခဲ့ျခင္းလည္းျဖစ္သည္။
အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြ အဖြဲ႕ (IMF) မွ အစီရင္ခံစာအရေတာ့ဗဟိုဘဏ္ေတြေ႐ႊအဝယ္တိုးျမႇင့္သည့္ အေၾကာင္းရင္း (2) ခ်က္ရွိေၾကာင္းသိရပါသည္။
ပထမအခ်က္ကေတာ့အင္ဖေလးရွင္းျမင့္တက္ေနမႈကိုက်ားကန္ႏိုင္ရန္ေ႐ႊစုေဆာင္းျခင္းျဖစ္ၿပီး ၊ ဒုတိယ အခ်က္ကေတာ့ ေ႐ႊ Reserve ထားရွိမႈကို ျမႇင့္တင္လိုျခင္းေၾကာင့္ ျဖစ္သည္။
ဗဟိုဘဏ္ေတြအဝယ္တိုးမႈေတြဆက္ရွိလာႏိုင္ေသာေၾကာင့္ေ႐ႊေစ်းကြက္ထဲမွာDemand အား ဝင္ေရာက္ႏိုင္မႈဆက္လက္အားေကာင္းႏိုင္ေျခမ်ားေစႏိုင္ပါသည္။
NangKhamThiriOo
Crd
Unicode
ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ ရွှေကို ဝယ်ယူထားသင့်တဲ့ အကြောင်းရင်းများ
ယခု ၂၀၂၃ ခုနှစ်အတွင်းမှာ ရွှေကို ဝယ်ယူထားသင့်တဲ့ အကြောင်းရင်းများကို ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်။
2022 ခုနှစ်ထဲမှာတော့အမေရိကန် Fed ဗဟိုဘဏ်ဟာ စံချိန်တင်မြင့်တက်နေသော အင်ဖလေးရှင်းနှုန်းကို ထိန်းဖို့ရန် QT ပေါ်လစီကို ကျင့်သုံးခဲ့သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့အမေရိကန်CPI ညွှန်းကိန်းက 6.5%အထိပြန်ကျဆင်းလာခဲ့ပြီး 2021 ခုနှစ် အောက်တိုဘာလနောက်ပိုင်းတနှစ်ကျော်ကြာ ကာလအတွင်းမှာအနိမ့်ဆုံးအဆင့်ထိပြန်ကျဆင်းလာခဲ့ခြင်းလည်း ဖြစ်သည်။
အင်ဖလေးရှင်းပြန်ကျဆင်းလာသည့် လက္ခဏာကြောင့် Fed က 2023 ခုနှစ်ထဲမှာအတိုးနှုန်းပွိုင့် အရေအတွက်ကို လျှော့ချတိုးဖို့ရန် အလားအလာ ရှိနေပါသည်။
၎င်းအနေအထားက ဒေါ်လာငွေကြေးတန်ဖိုးအပေါ် ဖိအားတရပ်အနေဖြင့် ရှိစေပြီး ရွှေလို အတိုးထွက်နှုန်း မရှိတဲ့အက်ဆက်မျိုးအပေါ် ၌တော့အတက်ပင့်အားအဖြစ်ရှိစေနိုင်ပါသည်။
2022 နှစ်ကုန်ပိုင်းတုန်းကအမေရိကန်နိုင်ငံ၌လုပ်ငန်းလုပ်နေကြသော CEO များကို စစ်တမ်းကောက်ယူထားသည့် CEO များ အစီရင်ခံစာ၌ 98% သော CEO တို့က ဒီနှစ်ထဲမှာ ရီဆက်ရှင်းဖြစ်နိုင်ခြေ အလားအလာရှိနိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုရှိထားခဲ့ကြသည်။
အတိတ်ကာလ၌ ဖြစ်ခဲ့တဲ့ ရီဆက်ရှင်းတွေ၌ S & P 500 စတော့ညွှန်းကိန်းဟာပျမ်းမျှအားဖြင့်အကျနှုန်း -29% အထိကျဆင်းမှုရှိခဲ့ပြီး Great Recession ဖြစ်ခဲ့တုန်းကတော့ -55% အထိ အကျရှိခဲ့ဖူးသည်။
ရီဆက်ရှင်းဖြစ်ပေါ်သည့်ကာလ၌ စတော့စျေးကွက်အကျဘက်ဆင်းလေ့ရှိတတ်ကြောင်း သမိုင်းသက်သေရှိထားခဲ့တာလည်း ဖြစ်ပါသည်။ ၎င်းကာလမျိုး၌ ရွှေကိုသာ Safe Haven လုပ်မှု တိုးမြှင့်လေ့ရှိပါသည်။
2022 ခုနှစ်ထဲမှာ ကမ္ဘာအရပ်ရပ်မှ ဗဟိုဘဏ်များကရွှေအဝယ်တိုးမြှင့်မှု ရှိခဲ့ကြပြီး 1967 ခုနှစ်နောက်ပိုင်း အဝယ်တိုးမှုအများဆုံး ပမာဏအထိ စံချိန်တင်ဝယ်ယူမှု ရှိခဲ့ခြင်းလည်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ အစီရင်ခံစာအရတော့ဗဟိုဘဏ်တွေရွှေအဝယ်တိုးမြှင့်သည့် အကြောင်းရင်း (2) ချက်ရှိကြောင်းသိရပါသည်။
ပထမအချက်ကတော့အင်ဖလေးရှင်းမြင့်တက်နေမှုကိုကျားကန်နိုင်ရန်ရွှေစုဆောင်းခြင်းဖြစ်ပြီး ၊ ဒုတိယ အချက်ကတော့ ရွှေ Reserve ထားရှိမှုကို မြှင့်တင်လိုခြင်းကြောင့် ဖြစ်သည်။
ဗဟိုဘဏ်တွေအဝယ်တိုးမှုတွေဆက်ရှိလာနိုင်သောကြောင့်ရွှေစျေးကွက်ထဲမှာDemand အား ဝင်ရောက်နိုင်မှုဆက်လက်အားကောင်းနိုင်ခြေများစေနိုင်ပါသည်။
NangKhamThiriOo
Crd
Leave a Reply