မနက်စောစော အိပ်ရာမထတတ်တဲ့သူတွေ ဒီစာလေးဖတ်ကြည့်ပါ

မနက်စောစော အိပ်ရာမထတတ်တဲ့သူတွေ ဒီစာလေးဖတ်ကြည့်ပါ

“စောစောထတဲ့ငှက်က အစာပိုဝတယ်” တဲ့။ အဲဒီလိုပဲ လူသားတွေမှာလည်း ဝီရိယရှိရှိနဲ့ စောစောထ၊ ဘဝအစီအစဉ်တွေအတွက် မနက်ခင်းတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူတွေက အောင်မြင်မှုရဖို့ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။

မနက်စောစောဆိုတာ အရုဏ်တက်ချိန် ၄-၅နာရီကို ဆိုလိုတာ မဟုတ်ပါဘူး။ မနက် ၆နာရီလောက်ထရင်ကို တစ်နေ့တာအတွက် ကောင်းကောင်းလုံလောက်နေပါပြီ။ မနက် ၆နာရီ အိပ်ရာထသင့်တဲ့ အကြောင်းရင်းတွေကတော့

၁။ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်ဖော်နိုင်ဖို့ အချိန်ပိုရလို့

၂။ တစ်နေ့တာအတွက် အချိန်ဇယားဆွဲဖို့ အချိန်ရလို့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့အတွက် မနက်ခင်းက အကောင်းဆုံးအချိန်ဖြစ်နေလို့

၄။ အလုပ်သွားဖို့ ပြင်ဆင်ချိန်ပိုရတဲ့အတွက် မနက်စာကို အေးအေးဆေးဆေးစားနိုင်လို့

၅။ မနက်စောစောထတဲ့သူတွေက သူများတွေထက် ခြေတစ်လှမ်းပိုသာနေတတ်လို့ ပဲဖြစ်ပါတယ်။

မနက်အိပ်ရာစောစောထခြင်းက သင့်ဘဝကို ပိုမိုတိုးတက်စေတယ်ဆိုတာ မယုံမရှိနဲ့နော်။

နေ့တိုင်းနေ့တိုင်းကို သာမန်ထက် ၂နာရီနဲ့ မိနစ် ၃ဝပိုစောပြီး ထတတ်တဲ့အကျင့်လုပ်ပါ။

ဒီလိုဆိုရင် တစ်ပတ်စာအတွက် သင့်မှာ အချိန်ပို ၁၇နာရီခွဲ ရလာမယ်။

တစ်လမှာ နာရီပေါင်း ၇ဝကျော်၊ တစ်နှစ်မှာ နာရီပေါင်း ၈၄ဝကျော် ကြိုးစားချိန် ပိုရလာမယ်။

နာရီပေါင်း ၈၄ဝဆိုတာ သူများတွေထက် သာလွန်အောင်မြင်နိုင်ဖို့ လုံလောက်တဲ့အချိန်ပါ။

အဲဒီတော့ သင့်မနက်ခင်းတွေကို အကောင်းဆုံးအသုံးချပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

သူများတွေထက် မြန်အောင်မပြေးနိုင်ရင် သူများတွေထက် တာထွက်စောအောင် ကြိုးစားသင့်တယ်မဟုတ်လား။

မူရင်းရေးသားသူအား လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

Zawgyi ဖြင့်ဖတ်ပါ

မနက္ေစာေစာ အိပ္ရာမထတတ္တဲ့သူေတြ ဒီစာေလးဖတ္ၾကည့္ပါ

“ေစာေစာထတဲ့ငွက္က အစာပိုဝတယ္” တဲ့။ အဲဒီလိုပဲ လူသားေတြမွာလည္း ဝီရိယရွိရွိနဲ႕ ေစာေစာထ၊ ဘဝအစီအစဥ္ေတြအတြက္ မနက္ခင္းေတြကို အေကာင္းဆုံး အသုံးခ်နိဳင္တဲ့သူေတြက ေအာင္ျမင္မႈရဖို႔ ပိုမို လြယ္ကူတာကို ေတြ႕ရပါတယ္။

မနက္ေစာေစာဆိုတာ အ႐ုဏ္တက္ခ်ိန္ ၄-၅နာရီကို ဆိုလိုတာ မဟုတ္ပါဘူး။ မနက္ ၆နာရီေလာက္ထရင္ကို တစ္ေန႕တာအတြက္ ေကာင္းေကာင္းလုံေလာက္ေနပါၿပီ။ မနက္ ၆နာရီ အိပ္ရာထသင့္တဲ့ အေၾကာင္းရင္းေတြကေတာ့

၁။ ကိုယ္စြမ္းကိုယ္စေတြကို ထုတ္ေဖာ္နိုင္ဖို႔ အခ်ိန္ပိုရလို႔

၂။ တစ္ေန႕တာအတြက္ အခ်ိန္ဇယားဆြဲဖို႔ အခ်ိန္ရလို႔ ဤေဆာင္းပါးကို ဂႏၳဝင္မဂၢဇင္းမွ ေရးသားတင္ဆက္သည္။

၃။ ကိုယ့္ကိုယ္ကို တိုးတက္ေအာင္လုပ္ဖို႔အတြက္ မနက္ခင္းက အေကာင္းဆုံးအခ်ိန္ျဖစ္ေနလို႔

၄။ အလုပ္သြားဖို႔ ျပင္ဆင္ခ်ိန္ပိုရတဲ့အတြက္ မနက္စာကို ေအးေအးေဆးေဆးစားနိုင္လို႔

၅။ မနက္ေစာေစာထတဲ့သူေတြက သူမ်ားေတြထက္ ေျခတစ္လွမ္းပိုသာေနတတ္လို႔ ပဲျဖစ္ပါတယ္။

မနက္အိပ္ရာေစာေစာထျခင္းက သင့္ဘဝကို ပိုမိုတိုးတက္ေစတယ္ဆိုတာ မယုံမရွိနဲ႕ေနာ္။

ေန႕တိုင္းေန႕တိုင္းကို သာမန္ထက္ ၂နာရီနဲ႕ မိနစ္ ၃ဝပိုေစာၿပီး ထတတ္တဲ့အက်င့္လုပ္ပါ။

ဒီလိုဆိုရင္ တစ္ပတ္စာအတြက္ သင့္မွာ အခ်ိန္ပို ၁၇နာရီခြဲ ရလာမယ္။

တစ္လမွာ နာရီေပါင္း ၇ဝေက်ာ္၊ တစ္ႏွစ္မွာ နာရီေပါင္း ၈၄ဝေက်ာ္ ႀကိဳးစားခ်ိန္ ပိုရလာမယ္။

နာရီေပါင္း ၈၄ဝဆိုတာ သူမ်ားေတြထက္ သာလြန္ေအာင္ျမင္နိုင္ဖို႔ လုံေလာက္တဲ့အခ်ိန္ပါ။

အဲဒီေတာ့ သင့္မနက္ခင္းေတြကို အေကာင္းဆုံးအသုံးခ်ပါလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

သူမ်ားေတြထက္ ျမန္ေအာင္မေျပးနိုင္ရင္ သူမ်ားေတြထက္ တာထြက္ေစာေအာင္ ႀကိဳးစားသင့္တယ္မဟုတ္လား။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *