မိဘတိုင်း သားသမီးတိုင်းကို မဆိုလိုဘူးနော်ကောင်းတဲ့မိဘ ရှိသလို ဆိုးတဲ့မိဘလဲ ရှိတယ်။ လိမ္မာတဲ့ သားသမီး ရှိသလို မလိမ္မာတဲ့ သားသမီးလဲ ရှိပါတယ်။
များသောအားဖြင့် သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့စိတ်မျိုးနဲ့ တိုင်းတစ်ပါးထွက်လာပြီး အလုပ်လုပ်နေကြသူအများစုက အသောက်အစား ရှိနေကြပါပေမယ့် လစာထွက်ရင် မိဘတွေကို ဦးဦးဖျားဖျား ပို့ကြတာများပါတယ်။
အသောက်အစား အပျော်အပါး ရှိတတ်ကြပေမယ့် ဘာသာ သာသနာနဲ့ လူမျိုးအကျိုးကို အစုအဖွဲ့အလိုက် ဆောင်ရွက်နေကြတာများသလို မိဘကျေးဇူးကိုလဲ သိတတ် ဆပ်တတ်ကြတာ များပါတယ်။
တပည့်တော်တော်များများထဲမှာ တွေ့ရတာက အလုပ်အကိုင်ကောင်းပြီး ငွေကြေး အဆင်မပြေ ငွေ မစုမိကြတာ များပါတယ်။
အချိန်တန်လို့ပဲ ဖြစ်ဖြစ် အချိန်မတန်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်ပြန် အိမ်ပြန်ကြတဲ့အခါ ငွေကြေး စုမိဆောင်းမိထားသူ သိပ်မရှိပဲ လက်ဗလာနဲ့ ပြန်ကြတာများသလို ကျန်ရှိနေခဲ့တဲ့ မိဘတွေကလဲ သားသမီးတွေ ပြန်လာရင် အဆင်ပြေပြေနေနိုင်အောင်လုပ်ငန်းလေးတွေ အစပျိုးပေးထားဖို့ နေနေသာသာ သားသမီးတွေ နိုင်ငံခြားမှာ ရှိတယ် အချိန်တန် လစာထွက်ရင် ငွေပို့လာမယ်ဆိုတဲ့ စိတ်မျိုးနဲ့ပဲ အေးဆေးမနေပဲ အသောက်အစား အပျော်အပါး လောင်းကစားတွေ များပါတယ်။
တိုင်းတစ်ပါးမှာ ဆင်းဆင်းရဲရဲ လုပ်ကိုင်နေထိုင်ကာ ငွေရှာနေကြတဲ့ သားသမီးတွေကပဲ မိဘကျန်းမာရေးကိစ္စ မဟုတ်တဲ့ လောင်းကစားကြွေးကိုပဲ အလည်မီအောင် ကြိုးစား ဆပ်ပေးနေရင်း ဒုံရင်းဒုံရင်း ဖြစ်နေတတ်ကြတယ်။
ဘာရယ်လို့ မဟုတ်ပါ ဒီပုံလေးကို မြင်ပြီး ဆင်းဆင်းရဲရဲ နေထိုင် လုပ်ကိုင် စားသောက်ကာ မိဘကျေးဇူးဆပ်နေကြတဲ့ လိမ္မာတဲ့ တပည့်တွေကို သတိရသွားလို့ပါဗျာ
ရွှေပါရမီ ပညာဒါန – ထိုင်းနိုင်ငံ
Unicode

Credit to original writer
Leave a Reply