ေခတ္ဆိုး ေခတ္ပ်က္ႀကီးထဲမွာ…
လူတိုင္း အႏၲရာယ္ေပါင္းစုံနဲ႔ နီးကပ္ေနတယ္..ဆိုတာ ကိုယ့္ေတြ႕ႀကဳံခဲ့ၿပီ…
သမီးေက်ာင္းလစာသြင္းရင္း တီခ်ယ္နဲ႔ ေဆြးေႏြးၿပီး တကၠစီငွားဖို႔ ထြက္လာတာပဲ
ေဖာ့ကန္ ေကာင္းေဆး႐ုံမ်က္ႏွာခ်င္းဆိုင္လမ္းမေပၚေနာ္။
လူျမင္ကြင္း မိန္းလမ္းမက်ယ္ႀကီးေပၚ။
သမီးသူငယ္ခ်င္းေမေမနဲ႔ ႏွစ္ေယာက္သား စကားတေျပာေျပာနဲ႔ေပါ့။
႐ုတ္တရက္ဆိုသလို ဆိုင္ကယ္တစ္စီးနဲ႔ လူႏွစ္ေယာက္ ကိုယ့္ရင္ဘက္ကို ဆြဲျဖဳတ္တာ😔
ရင္ဘတ္ဟစိျဖစ္ၿပီး လူကေၾကာင္ၿပီး ရပ္ၾကည့္ေနတုန္း ျဗဳန္းဆို ေဘးကသူငယ္ခ်င္းက သူခိုးသူခိုေအာ္ၿပီး ေနာက္ကေျပးလိုက္ရွာတယ္….
ေဘးနားမွာ ကားေပၚက လူငယ္ေတြ…ေဈးဆိုင္ေတြထဲက လူေပါင္းစုံနဲ႔
ယုတ္စြအဆုံး အဲ့သူခိုးဂ်ပိုးဆိုင္ကယ္နဲ႔ တိုက္မိမလို ျဖစ္သြားတဲ့ စက္ဘီးေပၚကဦးေလးႀကီး အဆုံး
ဘာတစ္လုံးမွ ဝင္မေျပာၾကသလို ဘာတစ္ခုမွလည္း အကူအညီ မေပးၾကပါဘူး။
စက္ဘီးနဲ႔ ၿငိေနလို႔ တန္းေျပးမရပဲ ရပ္ေနသလိုျဖစ္ေနတာေတာင္အနီးအနားဝန္းက်င္က ေယာက်ၤားဘသား တို႔က
ၾကည့္ဖူးေနက် ႐ုပ္ရွင္ကားထဲက သည္းထိတ္ရင္ဖို ဇာတ္ဝင္ခန္းတစ္ခု ၾကည့္ေနရတဲ့ မ်က္ႏွာေပးမ်ိဳးေတြနဲ႔😔😔
သူခိုးဂ်ပိုးက ဖိနပ္ပါ ကြၽတ္က်ေနခဲ့ေသးတာေနာ္
ကိုယ္အေဖာ္သူငယ္ခ်င္းက ငိုမလိုေတြျဖစ္ စိတ္မေကာင္းေတြျဖစ္ စိုးရိမ္ေပးေနရွာတယ္
ကိုယ္ကေတာ့တရားသမားမဟုတ္ေပမယ့္ ရင္တုန္ပန္းတုန္ တရားနဲ႔ေျဖေပါ့😔😔
ဒီေခတ္ဆိုး ေခတ္ပ်က္ႀကီးထဲမွာ ငါလည္း ဒီလို ဒီလို ခံခဲ့ရတယ္ လို႔ ေျပာစရာရတာေပါ့လို႔ သူငယ္ခ်င္ကို ျပန္ႏွစ္သိမ့္ေနေသးတာ😔😔
ဥစၥာရင္းမွန္လို႔ ျပန္ရတယ္ပဲဆိုဆို…မပ်က္ခ်ိန္တန္ေသးလို႔ မပ်က္ေသးတာပဲ ေျပာေျပာ
ေရွ႕ဆက္သြားရမယ့္လမ္းေၾကာင္း ကေန အေၾကာင္းမယ္မယ္ရရ မရွိပဲ ေနာက္ျပန္လွည့္ၿပီးလာမိတာ အရမ္းမွန္သြားတယ္
ဆြဲႀကိဳးေလးက ကိုယ္ဆြဲျဖဳတ္ခံရတဲ့ေနရာမွာ အပုံလိုက္ေလး😊
ေပ်ာ္လိုက္တာဆိုတာ ႏွစ္ေယာက္သားဖတ္ၿပီး လမ္းေပၚမွာ ေအာ္ေနၾကတာ…
အဲ့က်မွ သူရဲေကာင္းေတြ အလွ်ိဳလွ်ိဳ ေပၚလာေတာ့တယ္😂😂
ထင္ေတာ့ထင္တယ္ အဲ့ေကာင္ေတြ ေနာက္ကို လွည့္ၾကည့္ လွည့္ၾကည့္ လုပ္သြားတယ္😂
ဟယ္…ကံေကာင္းလိုက္တာ😂
ဒီဘက္လမ္းကူးလာခဲ့ ေတာ္ေနၾကာ ေနာက္တစ္ေခါက္ ျပန္လာရွာေနအုံးမယ္ဆိုတာက ပါေသး😂
ေပ်ာ္စရာရွိေတာ့ ကူေပ်ာ္ေပးၾကရွာပါတယ္😊
အမ်ိဳးေတြ အသိေတြက မဝတ္ပါနဲ႔ မဝတ္ပါနဲ႔ ခနခနသတိေပးၾကေပမယ့္
ကိုယ့္အေနကလည္း ဝတ္ေနက်ဟာ တကူးတကျဖဳတ္ဖို႔ လက္မေရာက္ျဖစ္ေနတာ။
ခုေတာ့ သင္ခန္းစာအႀကီးႀကီးရပါၿပီလို႔ ေခတ္ခါမေကာင္း ဒုစ႐ိုက္မႈေတြ ပိုမိုမ်ားျပားလာၿပီး
ကိုယ္အသိေတြ ကိုယ့္ပတ္ဝန္းက်င္က လူေတြ တစ္ေယာက္မဟုတ္ တစ္ေယာက္ ေဘးအႏၲရာယ္ ႀကဳံေနရခ်ိန္ေတြမွာသြားသတိ လာသတိ အၿမဲရွိဖို႔
ဒီ post ေလးကို ေရးလိုက္ရပါတယ္ရွင့္
ျမန္မာျပည္ႀကီး အျမန္ဆုံးေအးခ်မ္းၿပီး သူခိုးဂ်ပိုးဓားျပ ရန္က အျမန္ဆုံးလြတ္ကင္းရပါေစ🙏
မေကာင္းတဲ့လူနည္းစုကို ေကာင္းတဲ့လူအမ်ားစုကမေၾကာက္မ႐ြံ႕ တြန္းလွန္ႏိုင္ၾကပါေစ🙏
source Daw Thida Swe
ခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ…
လူတိုင်း အန္တရာယ်ပေါင်းစုံနဲ့ နီးကပ်နေတယ်..ဆိုတာ ကိုယ့်တွေ့ကြုံခဲ့ပြီ…
သမီးကျောင်းလစာသွင်းရင်း တီချယ်နဲ့ ဆွေးနွေးပြီး တက္ကစီငှားဖို့ ထွက်လာတာပဲ
ဖော့ကန် ကောင်းဆေးရုံမျက်နှာချင်းဆိုင်လမ်းမပေါ်နော်။
လူမြင်ကွင်း မိန်းလမ်းမကျယ်ကြီးပေါ်။
သမီးသူငယ်ချင်းမေမေနဲ့ နှစ်ယောက်သား စကားတပြောပြောနဲ့ပေါ့။
ရုတ်တရက်ဆိုသလို ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ကိုယ့်ရင်ဘက်ကို ဆွဲဖြုတ်တာ😔
ရင်ဘတ်ဟစိဖြစ်ပြီး လူကကြောင်ပြီး ရပ်ကြည့်နေတုန်း ဗြုန်းဆို ဘေးကသူငယ်ချင်းက သူခိုးသူခိုအော်ပြီး နောက်ကပြေးလိုက်ရှာတယ်….
ဘေးနားမှာ ကားပေါ်က လူငယ်တွေ…ဈေးဆိုင်တွေထဲက လူပေါင်းစုံနဲ့
ယုတ်စွအဆုံး အဲ့သူခိုးဂျပိုးဆိုင်ကယ်နဲ့ တိုက်မိမလို ဖြစ်သွားတဲ့ စက်ဘီးပေါ်ကဦးလေးကြီး အဆုံး
ဘာတစ်လုံးမှ ဝင်မပြောကြသလို ဘာတစ်ခုမှလည်း အကူအညီ မပေးကြပါဘူး။
စက်ဘီးနဲ့ ငြိနေလို့ တန်းပြေးမရပဲ ရပ်နေသလိုဖြစ်နေတာတောင်အနီးအနားဝန်းကျင်က ယောင်္ကျားဘသား တို့က
ကြည့်ဖူးနေကျ ရုပ်ရှင်ကားထဲက သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတစ်ခု ကြည့်နေရတဲ့ မျက်နှာပေးမျိုးတွေနဲ့😔😔
သူခိုးဂျပိုးက ဖိနပ်ပါ ကျွတ်ကျနေခဲ့သေးတာနော်
ကိုယ်အဖော်သူငယ်ချင်းက ငိုမလိုတွေဖြစ် စိတ်မကောင်းတွေဖြစ် စိုးရိမ်ပေးနေရှာတယ်
ကိုယ်ကတော့တရားသမားမဟုတ်ပေမယ့် ရင်တုန်ပန်းတုန် တရားနဲ့ဖြေပေါ့😔😔
ဒီခေတ်ဆိုး ခေတ်ပျက်ကြီးထဲမှာ ငါလည်း ဒီလို ဒီလို ခံခဲ့ရတယ် လို့ ပြောစရာရတာပေါ့လို့ သူငယ်ချင်ကို ပြန်နှစ်သိမ့်နေသေးတာ😔😔
ဥစ္စာရင်းမှန်လို့ ပြန်ရတယ်ပဲဆိုဆို…မပျက်ချိန်တန်သေးလို့ မပျက်သေးတာပဲ ပြောပြော
ရှေ့ဆက်သွားရမယ့်လမ်းကြောင်း ကနေ အကြောင်းမယ်မယ်ရရ မရှိပဲ နောက်ပြန်လှည့်ပြီးလာမိတာ အရမ်းမှန်သွားတယ်
ဆွဲကြိုးလေးက ကိုယ်ဆွဲဖြုတ်ခံရတဲ့နေရာမှာ အပုံလိုက်လေး😊
ပျော်လိုက်တာဆိုတာ နှစ်ယောက်သားဖတ်ပြီး လမ်းပေါ်မှာ အော်နေကြတာ…
အဲ့ကျမှ သူရဲကောင်းတွေ အလျှိုလျှို ပေါ်လာတော့တယ်😂😂
ထင်တော့ထင်တယ် အဲ့ကောင်တွေ နောက်ကို လှည့်ကြည့် လှည့်ကြည့် လုပ်သွားတယ်😂
ဟယ်…ကံကောင်းလိုက်တာ😂
ဒီဘက်လမ်းကူးလာခဲ့ တော်နေကြာ နောက်တစ်ခေါက် ပြန်လာရှာနေအုံးမယ်ဆိုတာက ပါသေး😂
ပျော်စရာရှိတော့ ကူပျော်ပေးကြရှာပါတယ်😊
အမျိုးတွေ အသိတွေက မဝတ်ပါနဲ့ မဝတ်ပါနဲ့ ခနခနသတိပေးကြပေမယ့်
ကိုယ့်အနေကလည်း ဝတ်နေကျဟာ တကူးတကဖြုတ်ဖို့ လက်မရောက်ဖြစ်နေတာ။
ခုတော့ သင်ခန်းစာအကြီးကြီးရပါပြီလို့ ခေတ်ခါမကောင်း ဒုစရိုက်မှုတွေ ပိုမိုများပြားလာပြီး
ကိုယ်အသိတွေ ကိုယ့်ပတ်ဝန်းကျင်က လူတွေ တစ်ယောက်မဟုတ် တစ်ယောက် ဘေးအန္တရာယ် ကြုံနေရချိန်တွေမှာသွားသတိ လာသတိ အမြဲရှိဖို့
ဒီ post လေးကို ရေးလိုက်ရပါတယ်ရှင့်
မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပြီး သူခိုးဂျပိုးဓားပြ ရန်က အမြန်ဆုံးလွတ်ကင်းရပါစေ🙏
မကောင်းတဲ့လူနည်းစုကို ကောင်းတဲ့လူအများစုကမကြောက်မရွံ့ တွန်းလှန်နိုင်ကြပါစေ🙏
source Daw Thida Swe
Leave a Reply