ယောက္ခမရဲ့ဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းလိုက်သောအခါ

ယောက္ခမရဲ့ဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းလိုက်သောအခါ

တစ်ခါကအမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။

စကားများရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့။

ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရပေမဲ့လည်း ထမင်းခူးပေးရတယ်။ ပြီးတော့ အစခပ်သိမ်း ပြင်ဆင်ပေးရတယ်ပေါ့။

တစ်နေ့တော့… ဒီဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။

အဖေဖြစ်သူကလည်းယောက္ခမစားတဲ့ ထမင်းတိုင်းမှာ အဆိပ် ဆေးကိုနေ့စဉ် နည်းနည်းစီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးလိုက်သတဲ့။ပြီးတော့ ဆေးလဲ ပေးလိုက်ပါ သတဲ့။

ဆေးခပ်နေတဲ့ ၆ လအတွင်းမှာ ယောက္ခမကို ကြည်ကြည်ဖြူဖြူနဲ့ ပြောဆိုဆက်ဆံ ရမယ်လို့လဲ မှာလိုက်တယ်။ဒါမှလည်း သေကြောင်းကြံကြောင်းကို ဘယ်သူမှ မသိမှာ ဖြစ်ကြောင်းလည်း ရှင်းပြလိုက်တယ်လေ။

ဒါကြောင့် အဆိပ်ဆေးရသွားတဲ့ ချွေးမဖြစ်သူဟာ နေ့တိုင်း သူ့ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ အဆိပ်ကို ထည့်ပါတယ်။

ဒီတော့ အဆိပ်ထည့်တဲ့ ကာလအတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။

ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။

ပတ်ဝန်းကျင်မှာလည်း ချွေးမလိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။

ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာပြီး အဆင်ပြေစွာ နေလာခဲ့ကြပါတယ်။ဒီတော့ အဆိပ်ခက်မိတဲ့ ချွေးမလုပ်သူဟာ နောင်တရမိနေသတဲ့။

ဒါကြောင့် ချွေးမဖြစ်သူဟာ သူ့အဖေထံ ပြန်သွားပြီးလက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါလို့ တောင်းဆိုတော့တာပေါ့။

ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။”ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားဆေးပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။

သမီးရဲ့ စိတ်ထဲမှာ ယောက္ခမအပေါ်မှာ ကိန်းအောင်းနေတဲ့“အာဃာတဆိုတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ” တဲ့ ။

လောကကြီးမှာ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါဟိုလူမကောင်းဘူး၊ ဒီလူ မကောင်းဘူးလို့ ပြောနေမယ့် အစားအရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင်အရင်ပြောင်းလဲ ကြည့်လိုက်ပါလို့တိုက်တွန်းရင်း တဆင့် ပြန်လည် မျှဝေပေးလိုက်ပါရစေ။

Credit. .

Zawgyi. .

ေယာကၡမရဲ႕ဒဏ္ေတြကို မခံနိုင္လို႔ ေခြၽးမျဖစ္သူ အမ်ိဳးသမီးက သူမရဲ႕အေဖျဖစ္သူထံ သြားၿပီး အႀကံအဉာဏ္ေတာင္းလိုက္ေသာအခါ

တစ္ခါကအမ်ိဳးသမီး တစ္ဦးဟာ အိမ္ေထာင္က်ၿပီးေတာ့ အမ်ိဳးသားရဲ႕ အိမ္မွာ ေနရပါတယ္။ဒီေတာ့ ေယာကၡမနဲ႕ ေန႕တိုင္း ေျပာဆိုဆက္ဆံရတဲ့အခါ ဘယ္လိုမွ မတည့္ဘူးတဲ့။

စကားမ်ားရတာေတြ၊ ရန္ျဖစ္ရတာေတြ ခဏခဏျဖစ္ၿပီး စိတ္လည္း အင္မတန္ ညစ္ေနရတာေပါ့။ယဥ္ေက်းမႈအရလည္း ျဖစ္၊ ဘာသာေရးအရလည္း ျဖစ္ေတာ့ ေယာကၡမကို ၾကည့္မရေပမဲ့လည္း ထမင္းခူးေပးရတယ္။ ၿပီးေတာ့ အစခပ္သိမ္း ျပင္ဆင္ေပးရတယ္ေပါ့။

တစ္ေန႕ေတာ့… ဒီဒဏ္ေတြကို မခံနိုင္လို႔ ေခြၽးမျဖစ္သူ အမ်ိဳးသမီးက သူမရဲ႕ အေဖျဖစ္သူထံ သြားၿပီး အႀကံအဉာဏ္ေတာင္းတယ္။ အေဖျဖစ္သူကလည္းေယာကၡမစားတဲ့ ထမင္းတိုင္းမွာ အဆိပ္ ေဆးကိုေန႕စဥ္ နည္းနည္းစီ ခက္ၿပီး ၆ လအတြင္း မသိမသာ နဲ႕ ေသဆုံး သြားေအာင္ လုပ္ရန္ရေၾကာင္း နည္းလမ္းေပးလိုက္သတဲ့။ၿပီးေတာ့ ေဆးလဲ ေပးလိုက္ပါ သတဲ့။

ေဆးခပ္ေနတဲ့ ၆ လအတြင္းမွာ ေယာကၡမကို ၾကည္ၾကည္ျဖဴျဖဴနဲ႕ ေျပာဆိုဆက္ဆံ ရမယ္လို႔လဲ မွာလိုက္တယ္။ဒါမွလည္း ေသေၾကာင္းႀကံေၾကာင္းကို ဘယ္သူမွ မသိမွာ ျဖစ္ေၾကာင္းလည္း ရွင္းျပလိုက္တယ္ေလ။

ဒါေၾကာင့္ အဆိပ္ေဆးရသြားတဲ့ ေခြၽးမျဖစ္သူဟာ ေန႕တိုင္း သူ႕ေယာကၡမစားတဲ့ ထမင္းတိုင္းမွာ အဆိပ္ကို ထည့္ပါတယ္။

ဒီေတာ့ အဆိပ္ထည့္တဲ့ ကာလအတြင္းေတာ့ အဆင္ေျပေအာင္ ေပါင္းရမယ္ဆိုၿပီးေတာ့ ေကာင္းမြန္စြာ ေျပာဆိုဆက္ဆံပါတယ္။

ဒီလိုနဲ႕ ေျပာဆိုဆက္ဆံမႈ ယဥ္ေက်းၿပီး အေလ်ာ့ေပးတတ္တဲ့ ေခြၽးမေၾကာင့္ ေယာကၡမလည္း ေျပာင္းလဲ လာပါတယ္။တျဖည္းျဖည္း အေကာင္းျမင္ေပးတတ္လာၿပီး အတၱေတြနည္းလို႔ အဆင္ေျပလာၾကပါတယ္။ပတ္ဝန္းက်င္မွာလည္း ေခြၽးမလိမၼာေၾကာင္း ေတာ္ေၾကာင္းကို သတင္းေကာင္းမ်ား ေျပာေလ့ ရွိပါတယ္။

ဒါေၾကာင့္မို႔ သူတို႔ မိသားစုေလးဟာ အေတာ္ေလး သာယာၿပီး အဆင္ေျပစြာ ေနလာခဲ့ၾကပါတယ္။ဒီေတာ့ အဆိပ္ခက္မိတဲ့ ေခြၽးမလုပ္သူဟာ ေနာင္တရမိေနသတဲ့။ ဒါေၾကာင့္ ေခြၽးမျဖစ္သူဟာ သူ႕အေဖထံ ျပန္သြားၿပီးလက္ရွိ ခက္ထားတဲ့ အဆိပ္ကို ေျပေအာင္ လုပ္နိုင္တဲ့ ေဆးျပန္ေပးပါလို႔ ေတာင္းဆိုေတာ့တာေပါ့။

ဒါနဲ႕ အေဖက ျပန္ေျဖပါတယ္။”ငါ့သမီးကို ေပးလိုက္တာ အဆိပ္မဟုတ္ပါဘူး။ ေန႕စဥ္ က်န္းမာေစဖို႔ အားေဆးပါဝင္တဲ့ ဗီတာမင္ ေဆးေတြပါ။

သမီးရဲ႕ စိတ္ထဲမွာ ေယာကၡမအေပၚမွာ ကိန္းေအာင္းေနတဲ့“အာဃာတဆိုတဲ့ အဆိပ္ကိုသာ အေဖ ဖယ္ရွားေပးလိုက္တာပါ” တဲ့ ။ေလာကႀကီးမွာ လူေတြနဲ႕ ေျပာဆိုဆက္ဆံတဲ့အခါဟိုလူမေကာင္းဘူး၊ ဒီလူ မေကာင္းဘူးလို႔ ေျပာေနမယ့္ အစားအရင္ဆုံး ကိုယ္ကိုယ္ကို ေကာင္းေအာင္အရင္ေျပာင္းလဲ ၾကည့္လိုက္ပါလို႔တိုက္တြန္းရင္း တဆင့္ ျပန္လည္ မွ်ေဝေပးလိုက္ပါရေစ။

Credit


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *