ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်းလေး

မတောင်းပဲနေရင်ငတ်တော့မှာဆိုပြီး မျက်ရည်လေးဝဲ လမ်းတကာ လိုက်တောင်းနေရတဲ့အဘွား

ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်းလေးပါ။ အဘွားဆိုင်ရှေ့

ချီတုံချတုံနဲ့ ရောက်လာပြီး သမီးရေ အဘွားဗိုက်ဆာလို့ အကြွေ ၂၀၀ လောက်တဲ့၊ ပုံစံကြည့်ပြီး သနားသွားတယ်။ အသက် ၇၀ လောက်ရှိမယ်။

အဲဒါနဲ့ လာ အဘွား ကြာဇံကြော် စားသွားပါဆိုပြီး အဝ ကျွေးလိုက်တယ်။ အဘွားခမျာ စားနေရင်း မျက်ရည်ဝဲတာ မြင်ရတာ စိတ်တောင် မကောင်းဘူး။ စားပြီးတော့ သူ့အကြောင်းလေး ပြောပြတယ်။

သမီးရယ် အဘွားတခါမှ မတောင်းခဲ့ဖူးဘူး အရမ်းရှက်မိတယ်၊ ကိုယ်မတောင်းလဲ လာကျွေးမယ့်သူ မရှိဘူးတဲ့ ဒီအခြေအနေဆိုးကြီးတွေကြောင့် အဘွားအလုပ်ရှင်က အလုပ်တွေ ပါးတော့ အဘွားကို အလုပ်ဖြုတ်လိုက်တယ်။

အလုပ်တွေ အားလုံးနီးပါးလည်း မကောင်းဘူးလေတဲ့။ ပြောနေရင်း သူမငိုမိအောင် ထိန်းထားတဲ့ မျက်နာလေးခုထိမြင်ယောင်တယ်။ သူတောင်းလို့ရတဲ့ငွေလေးနဲ့ ဘုရားပန်းကပ်တယ် လှူတယ်

ကပ်ဘေးမှ လွတ်မြောက်ကြပါစေ ဆုတောင်းတယ်။ တစ်နေ့စာလောက်ငအောင်စားရတယ် မတောင်းပဲနေရင်အဘွားငတ်တော့မှာ ဆိုပြီး စကားရပ်သွားတယ်။

ညီမတို့လည်း တတ်နိင်သလောက် ငွေလေးနဲ့ ဗိုက်ပြည့်အောင် အဝကျွေးတဲ့အတွက်သူ ဆုတွေပေးနေတာအကြာကြီးပဲ။ တကယ်လည်း မျက်ရည်မဆည်နိင်ဘူး။

နောက်တော့ သူထပြီး သမီးလေးရယ် အဘွား သွားပြီနော် ဆိုပြီး ဆုတွေ ထပ်ပေးနေတာ ဝမ်းသာပီတိဖြစ်မိတယ်။

သူ့ပုံလေးမြင်မိကြရင် အတော်သနားမိမှာ။ ဒါပေမဲ့ အဲ့လိုရိုက်ရင်သူ ပိုရှက်သွားမယ်။ ပုံပြပြီး ကိုယ်လှူခဲ့တယ်ဆိုပြီး ပြရင်ဘယ်လောက်တောင် လူသားချင်းမစာနာရာဖြစ်မလဲနော် သူအဝေးရောက်မှ ကိုယ်မသိမသာလေးပဲရိုက်ခဲ့တယ်။

ဒီကာလကြီးမှာ အဆင်မပြေတဲ့သူတွေ အများကြီးပါ အလုပ်ရှင်တို့ရယ်။ ဒီလိုသက်ကြီးရွယ်အိုတွေကို ကိုယ်ချင်းစာပေးပါ။ သူတို့မှာ ကျောထောက်နောက်ခံလူမရှိတဲ့အတွက်

ကိုယ်ပေးမှ သူတို့စားရတဲ့ဘဝလေး ခုတော့သူ မရှက်မကြောက် တနေ့စာ ရဖို့အတွက်တောင်းခဲ့ရပြီ။

Zue Zue Thet Oo‎

ZAWGYI

မေတာင္းပဲေနရင္ငတ္ေတာ့မွာဆိုၿပီး မ်က္ရည္ေလးဝဲ လမ္းတကာ လိုက္ေတာင္းေနရတဲ့အဘြား

ကပ္ဆိုးႀကီးရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ အဘြားတေယာက္ မ်က္ရည္ဝဲၿပီး ညီမတို႔ကို ေျပာျပလာတဲ့ အေၾကာင္းေလးပါ။ အဘြားဆိုင္ေရွ႕

ခ်ီတုံခ်တုံနဲ႔ ေရာက္လာၿပီး သမီးေရ အဘြားဗိုက္ဆာလို႔ အေႂကြ ၂၀၀ ေလာက္တဲ့၊ ပုံစံၾကည့္ၿပီး သနားသြားတယ္။ အသက္ ၇၀ ေလာက္ရွိမယ္။

အဲဒါနဲ႔ လာ အဘြား ၾကာဇံေၾကာ္္ စားသြားပါဆိုၿပီး အဝ ေကြၽးလိုက္တယ္။ အဘြားခမ်ာ စားေနရင္း မ်က္ရည္ဝဲတာ ျမင္ရတာ စိတ္ေတာင္ မေကာင္းဘူး။ စားၿပီးေတာ့ သူ႔အေၾကာင္းေလး ေျပာျပတယ္။

သမီးရယ္ အဘြားတခါမွ မေတာင္းခဲ့ဖူးဘူး အရမ္းရွက္မိတယ္၊ ကိုယ္မေတာင္းလဲ လာေကြၽးမယ့္သူ မရွိဘူးတဲ့ ဒီအေျခအေနဆိုးႀကီးေတြေၾကာင့္ အဘြားအလုပ္ရွင္က အလုပ္ေတြ ပါးေတာ့ အဘြားကို အလုပ္ျဖဳတ္လိုက္တယ္။

အလုပ္ေတြ အားလုံးနီးပါးလည္း မေကာင္းဘူးေလတဲ့။ ေျပာေနရင္း သူမငိုမိေအာင္ ထိန္းထားတဲ့ မ်က္နာေလးခုထိျမင္ေယာင္တယ္။ သူေတာင္းလို႔ရတဲ့ေငြေလးနဲ႔ ဘုရားပန္းကပ္တယ္ လႉတယ္

ကပ္ေဘးမွ လြတ္ေျမာက္ၾကပါေစ ဆုေတာင္းတယ္။ တစ္ေန႔စာေလာက္ငေအာင္စားရတယ္ မေတာင္းပဲေနရင္အဘြားငတ္ေတာ့မွာ ဆိုၿပီး စကားရပ္သြားတယ္။

ညီမတို႔လည္း တတ္နိင္သေလာက္ ေငြေလးနဲ႔ ဗိုက္ျပည့္ေအာင္ အ၀ေကြၽးတဲ့အတြက္သူ ဆုေတြေပးေနတာအၾကာႀကီးပဲ။ တကယ္လည္း မ်က္ရည္မဆည္နိင္ဘူး။

ေနာက္ေတာ့ သူထၿပီး သမီးေလးရယ္ အဘြား သြားၿပီေနာ္ ဆိုၿပီး ဆုေတြ ထပ္ေပးေနတာ ၀မ္းသာပီတိျဖစ္မိတယ္။

သူ႔ပုံေလးျမင္မိၾကရင္ အေတာ္သနားမိမွာ။ ဒါေပမဲ့ အဲ့လို႐ိုက္ရင္သူ ပိုရွက္သြားမယ္။ ပုံျပၿပီး ကိုယ္လႉခဲ့တယ္ဆိုၿပီး ျပရင္ဘယ္ေလာက္ေတာင္ လူသားခ်င္းမစာနာရာျဖစ္မလဲေနာ္ သူအေဝးေရာက္မွ ကိုယ္မသိမသာေလးပဲ႐ိုက္ခဲ့တယ္။

ဒီကာလႀကီးမွာ အဆင္မေျပတဲ့သူေတြ အမ်ားႀကီးပါ အလုပ္ရွင္တို႔ရယ္။ ဒီလိုသက္ႀကီး႐ြယ္အိုေတြကို ကိုယ္ခ်င္းစာေပးပါ။ သူတို႔မွာ ေက်ာေထာက္ေနာက္ခံလူမရွိတဲ့အတြက္

ကိုယ္ေပးမွ သူတို႔စားရတဲ့ဘ၀ေလး ခုေတာ့သူ မရွက္မေၾကာက္ တေန႔စာ ရဖို႔အတြက္ေတာင္းခဲ့ရၿပီ။

Zue Zue Thet Oo‎


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *