သေခါနီး လူကိုဖက်ပြီး မငိုသင့်တဲ့အကြောင်းရင်း…

လူတစ်ယောက်ဟာသေခါနီးဖြစ်နေတဲ့ အချိန်မှာ နှလုံးမခုန်တော့ပါဘူး။ သွေးကြောလေးတွေ အလုပ်မလုပ် တော့ပါဘူး။ ခြေ လက်တွေနဲ့ တစ်ကိုယ်လုံး ဘာမှ မလှုပ်ရှားတော့ဘူး။ အချို့က ခြေလက်တွေ တဖြည်းဖြည်းနဲ့ အေးစက်တောင့်တင်းလာပါတယ်။ အဲဒီအချိန်မှာလူတွေက သေပြီလို့ ဆုံးဖြတ်ကြတယ်။ မိသားစုဝင်တွေက အော်ငိုကြတယ်။

သွေးခုန်နှုန်းရပ်သွားတော့ သေသွားပြီ ထင်လို့လေ။ အဲဒီအချိန်မှာ တကယ်မသေတာက ကြားစိတ်ပါ။ ကြားစိတ်က…နှလုံးသွေးခုန်နှုန်း ရပ်သွားတာတောင်(၃)မိနစ်ကနေ (၅)မိနစ်လောက် ရှင်သန်နေပါသေးတယ်။ တချို့လူတွေက…သေခါနီးလူကို အသက်မထွက်သေးဘူး။ လူမစုံသေးလို့ ဟိုလူ့ကိုစောင့်နေတယ် ဒီလူ့ကို စောင့်နေတယ်လို့ ပြောကြတယ်။

မိသားစုဝင် ရောက်လာတော့ဖက်ပြီး ငိုကြတယ်။ အဲဒါက သေခါနီးလူတစ်ယောက်ကို အပါယ်ဘုံ ရောက်အောင် ပို့နေသလိုပါပဲ။ တကယ်တော့…သူဟာ မိသားစုဝင်ကို စောင့်နေတာမဟုတ်ပါဘူး။ သူပြုခဲ့တဲ့ကုသိုလ်ကံ အကုသိုလ်ကံက အားနည်းနေတယ်။ ဝိပဿနာတရားကလည်း အားထုတ်ဘူးတာ မရှိဘူး။ အဲဒါကြောင့်…သူဟာ အသက်ထွက်ဖို့ဘဝကူးဖို့ သူရဲ့ ကြားသိတဲ့စိတ်က ရှာနေတာပါ။

အဖေ အမေ သားရောက်ပြီ။ သမီးရောက်ပြီ ဘယ်သူဘယ်ဝါ ရောက်ပြီလို့ပြောလိုက်တဲ့အသံ ကြားတာနဲ့ ချက်ချင်း ဘဝကူးသွားတတ်ပါတယ်။ အဲဒီအချိန်အနားမှာရှိတဲ့ မိသားစုဝင်တွေအရမ်းကို သတိရှိပြီး လိမ္မာပါးနပ်ဖို့ လိုပါတယ်။ အပြောအဆို ဆင်ခြင်ရပါမယ်။ အနားမှာရှိတဲ့ မိသားစုက ဖက်ပြီး ငိုနေမယ် ဆိုရင် သေခါနီး လူကိုမကောင်းတဲ့ အပါယ်ဒုဂ္ဂတိဘုံကို ရောက်အောင် ပို့လိုက်သလိုပါပဲ။

အနားမှာရှိတဲ့ မိသားစုက တရားခွေ တိုးတိုးသက်သာ ဖွင့်ထားပေးမယ်။ သူပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုပြောပြမယ်။ ဝိပဿနာတရားတွေ ဟောပြော ပြသပေးနေမယ်ဆိုရင် ကောင်းသော သုဂတိဘုံဘဝကို ရောက်အောင်ပို့ပေးတာပါပဲ။ သေခါနီး လူတစ်ယောက်ကို တကယ် ချစ်ရင်တကယ် တန်ဖိုးထားရင် ကောင်းမွန်တဲ့ဘုံဘဝကို ရောက်စေချင်ရင် နောက်ဆုံးအချိန်လေးမှာ မငိုကြပါနဲ့။

သေသေချာချာ မှတ်သားထားကြစေချင်ပါတယ်။

Zawgyi

လူတစ္ေယာက္ဟာေသခါနီးျဖစ္ေနတဲ့ အခ်ိန္မွာ ႏွလုံးမခုန္ေတာ့ပါဘူး။ ေသြးေၾကာေလးေတြ အလုပ္မလုပ္ ေတာ့ပါဘူး။ ေျခ လက္ေတြနဲ႔ တစ္ကိုယ္လုံး ဘာမွ မလႈပ္ရွားေတာ့ဘူး။ အခ်ိဳ႕က ေျခလက္ေတြ တျဖည္းျဖည္းနဲ႔ ေအးစက္ေတာင့္တင္းလာပါတယ္။ အဲဒီအခ်ိန္မွာလူေတြက ေသၿပီလို႔ ဆုံးျဖတ္ၾကတယ္။ မိသားစုဝင္ေတြက ေအာ္ငိုၾကတယ္။

ေသြးခုန္ႏႈန္းရပ္သြားေတာ့ ေသသြားၿပီ ထင္လို႔ေလ။ အဲဒီအခ်ိန္မွာ တကယ္မေသတာက ၾကားစိတ္ပါ။ ၾကားစိတ္က…ႏွလုံးေသြးခုန္ႏႈန္း ရပ္သြားတာေတာင္(၃)မိနစ္ကေန (၅)မိနစ္ေလာက္ ရွင္သန္ေနပါေသးတယ္။ တခ်ိဳ႕လူေတြက…ေသခါနီးလူကို အသက္မထြက္ေသးဘူး။ လူမစုံေသးလို႔ ဟိုလူ႔ကိုေစာင့္ေနတယ္ ဒီလူ႔ကို ေစာင့္ေနတယ္လို႔ ေျပာၾကတယ္။

မိသားစုဝင္ ေရာက္လာေတာ့ဖက္ၿပီး ငိုၾကတယ္။ အဲဒါက ေသခါနီးလူတစ္ေယာက္ကို အပါယ္ဘုံ ေရာက္ေအာင္ ပို႔ေနသလိုပါပဲ။ တကယ္ေတာ့…သူဟာ မိသားစုဝင္ကို ေစာင့္ေနတာမဟုတ္ပါဘူး။ သူျပဳခဲ့တဲ့ကုသိုလ္ကံ အကုသိုလ္ကံက အားနည္းေနတယ္။ ဝိပႆနာတရားကလည္း အားထုတ္ဘူးတာ မရွိဘူး။ အဲဒါေၾကာင့္…သူဟာ အသက္ထြက္ဖို႔ဘဝကူးဖို႔ သူရဲ႕ ၾကားသိတဲ့စိတ္က ရွာေနတာပါ။

အေဖ အေမ သားေရာက္ၿပီ။ သမီးေရာက္ၿပီ ဘယ္သူဘယ္ဝါ ေရာက္ၿပီလို႔ေျပာလိုက္တဲ့အသံ ၾကားတာနဲ႔ ခ်က္ခ်င္း ဘဝကူးသြားတတ္ပါတယ္။ အဲဒီအခ်ိန္အနားမွာရွိတဲ့ မိသားစုဝင္ေတြအရမ္းကို သတိရွိၿပီး လိမၼာပါးနပ္ဖို႔ လိုပါတယ္။ အေျပာအဆို ဆင္ျခင္ရပါမယ္။ အနားမွာရွိတဲ့ မိသားစုက ဖက္ၿပီး ငိုေနမယ္ ဆိုရင္ ေသခါနီး လူကိုမေကာင္းတဲ့ အပါယ္ဒုဂၢတိဘုံကို ေရာက္ေအာင္ ပို႔လိုက္သလိုပါပဲ။

အနားမွာရွိတဲ့ မိသားစုက တရားေခြ တိုးတိုးသက္သာ ဖြင့္ထားေပးမယ္။ သူျပဳခဲ့တဲ့ ေကာင္းမႈကုသိုလ္ေတြကိုေျပာျပမယ္။ ဝိပႆနာတရားေတြ ေဟာေျပာ ျပသေပးေနမယ္ဆိုရင္ ေကာင္းေသာ သုဂတိဘုံဘဝကို ေရာက္ေအာင္ပို႔ေပးတာပါပဲ။ ေသခါနီး လူတစ္ေယာက္ကို တကယ္ ခ်စ္ရင္တကယ္ တန္ဖိုးထားရင္ ေကာင္းမြန္တဲ့ဘုံဘဝကို ေရာက္ေစခ်င္ရင္ ေနာက္ဆုံးအခ်ိန္ေလးမွာ မငိုၾကပါနဲ႔။

ေသေသခ်ာခ်ာ မွတ္သားထားၾကေစခ်င္ပါတယ္။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *