တစ်ပတ်အတွင်း အကိတ်ဖြစ်အောင် ပြုလုပ်နည်း (၅) မျိုး
မိန်းခလေး ဆိုတာမျိုးက ကိတ်မှ ကြည့်လို့ကောင်းတာ အမှန်ပါပဲ ။ မလှပဲ နေပါစေ အုံးတော့ ၊ ရှိုက်ဖို ကြီးငယ် အသွယ်သွယ်နဲ့
ဖုသင့်တဲ့ နေရာဖု ၊ ဖောင်းသင့်တဲ့ နေရာမှာ ဖောင်းနေမှ ပုရိသ ယောက်ျားတွေရဲ့ ဝိုင်းဝိုင်း လည်ခြင်းကို ခံရ တာပါ ။
ကဲ.. ဒါ့ကြောင့် နေ့ချင်း ညချင်း အကိတ်မ ဖြစ်ချင်တဲ့ LCD ညီမလေးများ အတွက် တပတ်အတွင်း ကိတ်နည်း (၅) မျိုးကို ဖော်ပြပေးလိုက် ပါတယ် ။
၁။ ထိုင်ထ လုပ်ပေးပါ
တနေ့ကို ထိုင်ထ အခါ ၃၀၀၀ လောက် လုပ်ပေးပါ ။ မနက် ၁၀၀၀ ၊ နေ့လယ် ၁၀၀၀ ၊ ညနေ ၁၀၀၀ စသည်ဖြင့် လုပ်ပေးပါ ။ တပတ်အတွင်း ကိတ်လာစေ ရပါမယ် ။
၂။ များများစားပါ
၂၄ နာရီ လုံးလုံး အစားနဲ့ပါးစပ် မပြတ်ဖို့ အရေးကြီး ပါတယ် ။ စားမှ အသားတိုးမည် ။ အသားတိုးမှ ကိတ် နိုင်မည် ။
ဒါ့ကြောင့် ကိတ်ခြင်းနဲ့ စားခြင်းက တိုက်ရိုက်ကို အချိုး ကျပါတယ် ။ များများသာ စားပါ ။
၃။ နေပုံထိုင်ပုံ ပြောင်းလဲပါ။
စားရင်လည်း ကော့ပြီးတော့ စားပါ ။ သွားရင်လည်း ကော့ ပြီးတော့ သွားပါ ။ အိပ်ရင်လည်း ကော့ပြီး အိပ်ပါ ။
စားတာ ၊ သောက်တာ ၊ နေတာ ထိုင်တာက အစ ကော့ နိုင်သမျှ ကော့ထားပါ ။ အကိတ်မ ဖြစ်စေရန် အတွက် ကော့ နိုင်သမျှ အစွမ်းကုန် ကော့မှ တော်ကာ ကျပါမယ် ။ (ဘာကော့ ရမလဲ ဆိုတာ လမ်းမညွှန်ပြတော့ပါ )
၄။ အချိုဓာတ်ကို အသုံးပြုပါ။
ထန်းလျက်ရည် ဖြစ်ဖြစ် ၊ သိကြားရည် ဖြစ်ဖြစ် မိမိ ကိတ်ချင်တဲ့ နေရာတွေကို သုတ်လိမ်းပါ ။
ပြီးတော့ ခပ်ကြီးကြီး ပုရွတ်ဆိတ်အုံပေါ်မှာ ပက်လက်လှန် အိပ်နေပါ ။ ( နေ့ချင်း ညချင်းတောင် ယောင်ကိတ်ကိတ် လာပါလိမ့်မယ်)
၅။ ဆေးစွမ်းကောင်းများ မှီဝဲပါ။
တပတ်အတွင်း အမြန်ဆုံး ကိတ်ဖို့ အတွက် ဆေးစွမ်းကောင်းတွေ အသုံးပြု ရပါမယ် ။
အောက်မှာ မြန်မာ့ အိမ်တွင်းမှု ကိတ်နည်း ဆေးစွမ်း တမျိုး ဖော်ပြပေးထား ပါတယ် ။
ငရုတ်သီး တစ်ပိသာနဲ့ ကလော်သီး တပိသာကို ထောင်းပါ ။ ထို့နောက် ပရုတ်ဆီနှင့်ဆတူ ရော၍ မိမိ ကိတ်ချင်သည့် နေရာကို အုံထားပါ ။
တဖြည်းဖြည်းချင်း ကိတ်သယောင်ယောင် ဖြစ်လာပါလိမ့်မယ် ။
Credit
================
Zawgyi
၁။ ထိုင်ထ လုပ်ပေးပါ
၂။ များများစားပါ
Credit
Posted
in
by
Tags:
Comments
Leave a Reply
Your email address will not be published. Required fields are marked *