မြန်မာနိုင်ငံအခြေစိုက် တူရကီသံရုံးကလည်း တူရကီငလျင်ဒဏ်ခံပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လှူဒါန်းနိုင်ကြောင်း ၄င်းတို့ရဲ့ သံရုံးစာမျက်နှာကနေ ကြေညာထားပြီး
credit to orginal
Video Player
ကြက်သီးထစရာ လူတစ်သောင်းကျော်သေဆုံးစေပြီး တိုက်ကြီးတွေပြိုကျအောင် လှုပ်ခပ်နေတဲ့ ငလျင်ရဲ့(ရုပ်သံဖိုင်)
ရုပ်သံဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။
ဝဋ်ကြွေးပါလာခဲ့ရင်…ရှောင်လွှဲလို့မရပါလား
တူရကီဆီးရီးယားငလျင်ကြီး-သေဆုံးသူ တစ်သောင်းခွဲ ရှိလာ
ကယ်ဆယ်ရေးပစ္စည်းတွေ လာရောက်လှူဒါန်းဖို့ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးအကူအညီတောင်းခံ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူဦးရေဟာ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်လေးရက်မြောက်နေ့မှာ နှစ်နိုင်ငံပေါင်း တစ်သောင်းခွဲအထိ ရှိလာပါပြီ။
ဒါက ဒီနေ့မနက်ပိုင်းအထိ အတည်ပြုနိုင်တဲ့စာရင်းဖြစ်ပြီးကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေလို့ အရေအတွက်ထပ်တိုးလာနိုင်မယ်လို့ တွက်ဆရပါတယ်။
မြန်မာနိုင်ငံအခြေစိုက် တူရကီသံရုံးကလည်း တူရကီငလျင်ဒဏ်ခံပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လှူဒါန်းနိုင်ကြောင်း ၎င်းတို့ရဲ့ သံရုံးစာမျက်နှာကနေ ကြေညာထားပြီး
လှူဒါန်းလိုတဲ့ တူရကီနိုင်ငံသားတွေ၊ မြန်မာမိတ်ဆွေတွေနဲ့ အခြားသောမိတ်ဆွေတွေအနေနဲ့ ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေကို ထုပ်ပိုးယူဆောင်လာပြီး
အမှတ် ၁၉(အေဘီ)၊ ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ တူရကီသံရုံးထံ လာရောက်လှူဒါန်းပေးဖို့ ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။
credit to orginal
Leave a Reply