အသိတစ်ယောက်ရဲ့ကလေးလေ ခုမှမူလတန်းအရွယ်ရှိသေး ညည ထထယောင်ပြီဆို ” စားမယ်ဝါးမယ် စားချင်လို့ပါ” ဆိုပြီး အသံပြဲကြီးနဲ့အော်အော်ငိုတာ ဘေးအိမ်ကသူတွေ လန့်ကိုနိုးကြကော။ အစက မိဘတွေက ချော့သိပ်လိုက် အိပ်ပျော်သွားလိုက် ပျောက်သွားမယ်ထင်တာ။ ဒါပေမဲ့ ညတိုင်းဆိုသလို အဲ့လို ထထအော်ငိုတော့ မိဘတွေက ကလေးကို မေးကြည့်ရတော့တာပေါ့ ။
ကလေးကလည်း… သူတို့တွေ စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်ပြီး လာလာကျွေးကြတာ စားမယ်လည်းလုပ်ကော
အကုန်ပျောက်ပျောက်သွားပြီး စားလို့လည်းရဘူး “ဟီးးးးဟီးးးးး”ဆိုပြီး ငိုတော့တာ ။ မိဘတွေကလည်း အိမ်ကရှိတာလေးတွေ ထုတ်ကျွေး ပေမဲ့ ကလေးက “အိပ်မက်ထဲက ဟာနဲ့ တူဘူး တူဘူး” ဆိုပြီး မစားပဲ အော်ငိုနေတော့တာ ။
ဒါနဲ့ပဲ နားလည်တဲ့သူတစ်ယောက်က ဆရာတော်တွေနဲ့ပြကြည့် မေးမြန်းကြည့်ပါလားအကြံပေးတာနဲ့အစွမ်းထက်တဲ့ဆရာတော်တစ်ပါးကို အိမ်ပင့် ဆွမ်းကပ် မေးမြန်းကြည့်တော့ ။
ဆရာတော်က………… ကလေးအတွက် အဆောင်လက်ဖွဲ့လေးပေးခဲ့တယ်။ “အတန်အသင့်တော့ ကြာဦးမှာပဲ ဒါပေမဲ့ စိတ်မပူနဲ့ ဘာမှ မဖြစ်ဘူး ဝဋ်ကြွေးကုန်ရင် အလိုလိုပြီးသွားမှာတဲ့” ဒါနဲ့ပဲ ဘာတွေများ လုပ်ခဲ့လို့လည်းဘုရားလို့ မေးမြန်းကြည့်တော့………။
ဆရာတော်က……………… ပြောရတော့ခက်သား ဒီကလေးက အရင်ဘဝက စားကောင်းသောက်ဖွယ်တွေချက်ပြီဆို
” fb ပေါ်တင်ပြီး ရှိရှိသမျှ fri တွေကို ပြတော့တာပဲ ” ဒီနေ့တော့ ဖြစ်သလိုလေး ” ဆိုပြီး စားပွဲခုံအပြည့် ခင်းကျင်း ပြထားတာတွေ…………ထူးထူးဆန်းဆန်းအစားအသောက်တွေကိုမလှလှအောင်ပြင်ပြီး ချက်ပြတာတွေ ဒေသစာရှားရှားပါးပါးတွေကို ဓါတ်ပုံသေသေချာချာရိုက်တင်တာတွေ ” စားကြပါအူး ဆိုပြီး ဆိုင်မှာ ဝါးတီးစွဲနေတဲ့ ဟင်းတွေ fb တင် နှိပ်စက်တာတို့………… အဲ့လိုတွေ လုပ်ခဲ့လို့ပါတဲ့ ။ တကယ် ကြောက်စာကြီးနော်!!!!.
Crd
Crd
Leave a Reply