1 ဒီဂရီပဲ လိုပါတယ်… (စီးပွားရေးလောကမှာ အားဖြစ်စေလို့ ဖတ်ကြည့်စေချင်တယ်)
နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို အတိုးနဲ့ယူပြီး စီးပွားရေးလုပ်တယ်။လုပ်ငန်း အောက်သက် မကြေတော့ အလှမ်းကျယ် အလယ်လပ်ပြီး အခက်အခဲတွေ ဖြစ်ကုန်တယ်။
ဒီတော့ အကူအညီ လာတောင်းတယ်။ သူ လာတောင်းတာက လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့မဟုတ်ဘူး။ ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့။
အခြေအနေ အားလုံးနားထောင်ပြီးတော့ အရိုးခံ အကြံပေးမိတယ်။ ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့။
စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။ အတိုးနဲ့ ယူထားတဲ့ သူတွေကို သွားတွေ့ပြီး ရှင်းပြလိုက်ပါ။ အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။ အတိုး တွတော့ ရပ်ပေးပါ။
အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ်လို့တောင်းပန်။ ငွေရှင်တိုင်းက ငွေပဲ ပြန်လိုချင်တာ။ မင်းထောင်ကျတာ မလိုချင်ဘူး။
ဒီတော့ အချိန်ကြာပါစေ။ လစဉ်လတိုင်း နိုင်သလောက် သွင်းပြီး အကြွေးဆပ်ပါမယ်လို့ညှိ။ ဒီဘက်ကလည်းအကြွေးတွေ ပြန်ဆပ်နိုင်အောင်အသုံးအစွဲလျော့၊ ရိုးရိုးသားသား အောက်ခြေကနေ အလုပ် ပြန်စလုပ်ကွာ၊ ငါတို့လည်း ဝိုင်းဝန်းမှာပေါ့လို့အားပေးမိတယ်။
ဒါပေမယ့် သူမျက်လုံးတွေကြည့်ရတာ ယုံကြည်ချက် မရှိတော့ဘူး။ ကိုယ်ပြောတာလည်း ခေါင်းထဲမဝင်တော့ဘူး ထင်တယ်။ အတတ်နိုင်ဆုံး ပြန်ကြိုးစားမယ်။ ခုအကူအညီကို ကျေးဇူး တင်တယ်ပြောတယ်။
ပြီးတော့ သူ ထွက်သွား လိုက်တယ်။ နောက်ထပ်ပြန်မတွေ့ဖြစ်ကြတော့ဘူး။ ဘဝမှာ နှစ်ခါ သုံးခါထက် ပိုရှုံးလာရင် ယုံကြည်မှု တွေ ပျက်ပြားလာတယ်။
စမ်းသပ်မှုတစ်ခုမှာ …
ငါးမန်းတစ်ကောင်ကို လှောင်ကန်ထဲမှာထည့် မှန်အမာ တချပ် ကြားခံထားပြီး ဟိုဘက် အခြမ်းမှာ ငါးအသေးတွေ လွှတ်ထားကြည့်တယ်။
မှန် တဘက်က ငါးလေးတွေကို မြင်ပြီး ငါးမန်းက စားဖို့ပြေးဟပ်တော့ မှန်နဲ့တိုက်မိတယ်။ဒေါသ ထွက်လာတယ်။ ထပ်ပြေးပြီး ဟပ်တယ်။ ထပ်ထိတယ်။ ထပ်ဟပ်တယ်။ ထပ်ထိတယ်။
တဖြည်းဖြည်း ထိတာများလာတော့ ငါးမန်းရဲ့ယုံကြည်မှု ပျက်ပြားသွားတယ်။ နောက်နေ့ထပ်ကြိုးစားတယ်။ ထပ်ထိပြန်တယ်။
ငါးမန်း လုံးဝ မှတ်သွားတယ်။ အဲဒီနားကို လာတောင် မလာတော့ဘူး။ ဒီတော့မှ မှန်ကို ဖယ်လိုက်တယ်။
ငါးလေးတွေနဲ့သူနဲ့ တကန်တည်း ဖြစ်သွားတယ်။ ငါးလေးတွေ သူနား ဖြတ်ကူးသွားတာတောင် ငါးမန်းဟာ လိုက်မဟပ်တော့ဘူး။
လူတွေ ချကြွေးတဲ့ အစာပဲ စားတော့တယ်။ ဖမ်းစားနိုင်ပါရက်နဲ့ မဖမ်းနိုင်တော့ဘူးလို့ထင်မြင်ပြီး ငါးမန်းဟာ အစွမ်းအစမဲ့ သွားတယ်။
ဒီငါးမန်းလိုပါပဲ။ အရှုံးများလာရင် လုပ်လို့ဖြစ် ပါတော့မလားဆိုတဲ့ သံသယ ဝင်လာတယ်။ သံသယဝင်ပြီဆိုတာနဲ့ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တယ်။
ယုံကြည်မှု ပျောက်ဆုံးသွားရင်တော့ ဘဝမှာ အားလုံး ဆုံးရှုံးကုန်တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက်ကြီးက ဘဝရဲ့ရနိုင်ခွင့် ရပိုင်ခွင့်တွေ အားလုံးကို စုပ်ယူခြေမွ နိုင်ပါတယ်။
လူတိုင်းမှာလည်း ယုံကြည်မှု ပျောက်ဆုံးကုန်တဲ့ အချိန်တွေ၊ သံသယ ဝဲဂယက်ကြီး ထဲကနေ မနည်းလွတ်အောင် ရုန်းနေရတဲ့ အချိန်တွေ ရှိတယ်။
ဒီလိုအချိန်တိုင်းမှာ ကိုယ်ရဲ့ ရုန်းကန်တွန်းတိုက်ချက်တိုင်းဟာ အလကား မဖြစ်သွားဘူး ဆိုတာ သိဖို့လိုပါတယ်။
စတိပ်ဂျော့ပြောတဲ့မိန့်ခွန်းမှ အဓိကအချက်သုံးချက်(Apple) ရဲ့ခေါင်းကိုင်ဖခင် စတိပ်ဂျော့ စတန်းဖိုဒ်တက္ကသိုလ် အတွက် ပြောခဲ့တဲ့မိန့်ခွန်းမှာ အဓိကအချက်သုံးချက်ပါတယ်။
ပထမအချက်က ဘဝရဲ့ အမှတ်စက်တွေ စပ်ဆက်ကုန်တဲ့ အကြောင်းပါ။ စတိပ်ဂျော့ ဘဝမှာ ကျဆုံးမှုတွေ များပါတယ်။မွေးထဲက စွန့်ပစ်ခံခဲ့ရတာ၊ ကျောင်းစရိတ် ကြီးမြင့်လို့ ကျောင်းထွက်ခဲ့ရတာ။
သူတည်ထောင် ခဲ့တဲ့ ကုမ္ပဏီရဲ့ အအောင်မြင်ဆုံး အချိန်မှာ သူ့ကိုကုမ္ပဏီက ထုတ်ပစ်ခဲ့တာ စသည်ဖြင့်ပေါ့။
သူ ကျောင်းထွက်မယ် ဆုံးဖြတ်ပြီးတုန်းက အားနေတာနဲ့အလကား မနေဘဲ ကျောင်းက ဖွင့်ထားတဲ့ စာလုံး အလှရေးတဲ့ သင်တန်း သွားတက် နေပါတယ်။ ဒါက သူစိတ်ဝင်စားတဲ့ ကွန်ပြူတာနဲ့ မဆိုင်ပါဘူး။ အနုပညာနဲ့ဆိုင်တယ်။
ဒါပေမယ့် နောင်ဆယ်နှစ်အကြာ ပထမဆုံး “မက်ကင်းတော့ရှ် ကွန်ပြူတာ”ကို စလုပ်တဲ့ အချိန်မှာဒီစာလုံးအလှ တွေကို သတိရပြီး ထည့်ခဲ့တယ်။ ကွန်ပြူတာမှာပထမဆုံး စာလုံးပုံစံအလှကို ကမ္ဘာမှာ (Apple) က စထည့်နိုင်ခဲ့တယ်။
အနုပညာနဲ့ကွန်ပြူတာကို အဲဒီသင်တန်းတက်နေချိန်က ဆက်စပ်သွားမယ်လို့ သူဘယ်လိုမှ မထင်ခဲ့ဘူး။ ဒါကြောင့် ဘဝမှာလုပ်ဆောင်နေတဲ့ အရာတွေကို အမှတ်စက်ချနေတယ် သဘောထား။ မအောင်မြင်ခင်မှာ ရှေ့ကို ကျော်ကြည့်ပြီး အစက်တွေ ဆက်ကြည့်လို့မရဘူး။
အောင်မြင် ပြီးမှ ပြန်ကြည့်တော့ အစက်တွေ အကုန်လုံးက ဆက်စပ် နေတယ်၊ အလကား မဖြစ်သွားဘူးလို့ ပြောခဲ့ပါတယ်။
ဘဝမှာ ရှေ့ဆက်တိုးလို့မရတော့ဘူးလို့ထင်သွားပြီး ယုံကြည်မှုတွေ ပျောက်ဖူးတယ်။
ပုံပြင်ထဲက အစွမ်းအစ မရှိတော့ဘဲ သူများချကြွေးတာ စားနေရတဲ့ ငါးမန်းကြီးကိုမြင်ယောင်ပြီး ထပ်တွန်းရုန်းကန် ခဲ့တယ်။
ရုန်းကန်နေတာ ကြာလည်း ဘာမှ အရာမထင်လာတော့ စိတ်ဓာတ် ကျလာတယ်။ စိတ်အားကုန်ခါနီး စတိပ်ဂျော့ ရဲ့ အစက်တွေ အကြောင်း ဖတ်မိတော့ တနေ့ဆက်စပ် သွားမှာပါလို့ ကိုယ်ဟာကိုယ် အားပေးမာန်တင်းဖူးတယ်။
အောင်မြင်ဖို့ကအများကြီး မလိုပါဘူး။ အလုပ်ကိုမက်မောစိတ်နဲ့ကြိုးစားမှု၊ ဉာဏ်နဲ့ ဆင်ခြင် ချိန်ဆမှု၊ အလုပ်ကိုယ်ကျင့်တရားနဲ့အချိန်အတိုင်းအတာတစ်ခု။ ဒါတွေပဲ လိုတယ်။ ဒါတွေကို မဆုတ်မနစ် စိုက်လိုက်မတ်တပ် လုပ်နိုင်အောင်တော့ယုံကြည်မှုလိုပါတယ်။
ရေကို အပူပေးရင် အငွေ့စပြန်မယ့် ရေဆူမှတ် ရှိတယ်။ ဒီရေဆူမှတ်က (၁၀၀) ဒီဂရီဆို (၉၉) ဒီဂရီရောက်တဲ့ထိ မဆူသေးဘူး။ မဆူသေးသရွေ့အရည်ကနေ အငွေ့မဖြစ်သေးဘူး။ ဒီချိန်မှာ အပူမပေးဘဲ ရပ်လိုက်ရင် ရေက ရေပါပဲ။ (၉၉) ဒီဂရီအားထုတ်ခဲ့သမျှ အလကားဖြစ်သွားမယ်။
နောက်ထပ် (၁) ဒီဂရီစာ ထပ်အပူပေးလိုက်တာနဲ့(၁၀၀) ပြည့်ပြီး ရေထဆူမယ်။ အရည် ဘဝကနေ အငွေ့ဘဝ ထပြောင်း လေထဲလွှင့်တက်သွားမယ်။
ဒါကြောင့် ကျွန်တော်တို့ကြိုးစားနေသရွေ့ အောင်မြင်မယ်ဆိုတာ ယုံနေဖိုတော့လိုတယ်။ အမှတ်စက်တွေက အချိန်စေ့ရင် ဆက်စပ်သွားပါလိမ့်မယ်။ ရေကလည်း (၁၀၀) ဒီဂရီပြည့်ရင် ဆူပါလိမ့်မယ်။
တခါတလေ ဘဝသစ် ပြောင်းသွားဖို့၊ လေထုအမြင့်ထဲ လွှင့်တက်သွားဖို့က (၁) ဒီဂရီ ပဲလိုပါတယ်။ အားမလျော့လိုက်ပါနဲ့။
Credit
1 ဒီဂရီပဲ လိုပါတယ္… (စီးပြားေရးေလာကမွာ အားျဖစ္ေစလို႔ ဖတ္ၾကည့္ေစခ်င္တယ္)
နယ္ကမိတ္ေဆြတစ္ေယာက္ သူမ်ားေငြေတြကို အတိုးနဲ႔ယူၿပီး စီးပြားေရးလုပ္တယ္။လုပ္ငန္း ေအာက္သက္ မေၾကေတာ့ အလွမ္းက်ယ္ အလယ္လပ္ၿပီး အခက္အခဲေတြ ျဖစ္ကုန္တယ္။
ဒီေတာ့ အကူအညီ လာေတာင္းတယ္။ သူ လာေတာင္းတာက လုပ္ငန္း အခက္အခဲေတြကို ေျဖရွင္းဖို႔မဟုတ္ဘူး။ ဒီအသိုင္းအဝိုင္းကေန အၿပီးေရွာင္ထြက္သြားဖို႔။
အေျခအေန အားလုံးနားေထာင္ၿပီးေတာ့ အ႐ိုးခံ အႀကံေပးမိတယ္။ ခုလိုတဲ့ ပမာဏကိုကူညီမယ္။ ေရွာင္ေတာ့ မထြက္ပါနဲ႔။
စီးပြားေရး ဆိုတာ ေႂကြတလွည့္ ၾကက္တစ္ခုန္ပါပဲ။ အတိုးနဲ႔ ယူထားတဲ့ သူေတြကို သြားေတြ႕ၿပီး ရွင္းျပလိုက္ပါ။ အခက္အခဲ ျဖစ္သြားတယ္။ ေၾကေအာင္ ျပန္ဆပ္ပါမယ္။ အတိုး တြေတာ့ ရပ္ေပးပါ။
အရင္းေတြကို အရစ္က် ခြဲဆပ္ပါမယ္လို႔ေတာင္းပန္။ ေငြရွင္တိုင္းက ေငြပဲ ျပန္လိုခ်င္တာ။ မင္းေထာင္က်တာ မလိုခ်င္ဘူး။
ဒီေတာ့ အခ်ိန္ၾကာပါေစ။ လစဥ္လတိုင္း ႏိုင္သေလာက္ သြင္းၿပီး အေႂကြးဆပ္ပါမယ္လို႔ညႇိ။ ဒီဘက္ကလည္းအေႂကြးေတြ ျပန္ဆပ္ႏိုင္ေအာင္အသုံးအစြဲေလ်ာ့၊ ႐ိုး႐ိုးသားသား ေအာက္ေျခကေန အလုပ္ ျပန္စလုပ္ကြာ၊ ငါတို႔လည္း ဝိုင္းဝန္းမွာေပါ့လို႔အားေပးမိတယ္။
ဒါေပမယ့္ သူမ်က္လုံးေတြၾကည့္ရတာ ယုံၾကည္ခ်က္ မရွိေတာ့ဘူး။ ကိုယ္ေျပာတာလည္း ေခါင္းထဲမဝင္ေတာ့ဘူး ထင္တယ္။ အတတ္ႏိုင္ဆုံး ျပန္ႀကိဳးစားမယ္။ ခုအကူအညီကို ေက်းဇူး တင္တယ္ေျပာတယ္။
ၿပီးေတာ့ သူ ထြက္သြား လိုက္တယ္။ ေနာက္ထပ္ျပန္မေတြ႕ျဖစ္ၾကေတာ့ဘူး။ ဘဝမွာ ႏွစ္ခါ သုံးခါထက္ ပိုရႈံးလာရင္ ယုံၾကည္မႈ ေတြ ပ်က္ျပားလာတယ္။
စမ္းသပ္မႈတစ္ခုမွာ …
ငါးမန္းတစ္ေကာင္ကို ေလွာင္ကန္ထဲမွာထည့္ မွန္အမာ တခ်ပ္ ၾကားခံထားၿပီး ဟိုဘက္ အျခမ္းမွာ ငါးအေသးေတြ လႊတ္ထားၾကည့္တယ္။
မွန္ တဘက္က ငါးေလးေတြကို ျမင္ၿပီး ငါးမန္းက စားဖို႔ေျပးဟပ္ေတာ့ မွန္နဲ႔တိုက္မိတယ္။ေဒါသ ထြက္လာတယ္။ ထပ္ေျပးၿပီး ဟပ္တယ္။ ထပ္ထိတယ္။ ထပ္ဟပ္တယ္။ ထပ္ထိတယ္။
တျဖည္းျဖည္း ထိတာမ်ားလာေတာ့ ငါးမန္းရဲ႕ယုံၾကည္မႈ ပ်က္ျပားသြားတယ္။ ေနာက္ေန႔ထပ္ႀကိဳးစားတယ္။ ထပ္ထိျပန္တယ္။
ငါးမန္း လုံးဝ မွတ္သြားတယ္။ အဲဒီနားကို လာေတာင္ မလာေတာ့ဘူး။ ဒီေတာ့မွ မွန္ကို ဖယ္လိုက္တယ္။
ငါးေလးေတြနဲ႔သူနဲ႔ တကန္တည္း ျဖစ္သြားတယ္။ ငါးေလးေတြ သူနား ျဖတ္ကူးသြားတာေတာင္ ငါးမန္းဟာ လိုက္မဟပ္ေတာ့ဘူး။
လူေတြ ခ်ေႂကြးတဲ့ အစာပဲ စားေတာ့တယ္။ ဖမ္းစားႏိုင္ပါရက္နဲ႔ မဖမ္းႏိုင္ေတာ့ဘူးလို႔ထင္ျမင္ၿပီး ငါးမန္းဟာ အစြမ္းအစမဲ့ သြားတယ္။
ဒီငါးမန္းလိုပါပဲ။ အရႈံးမ်ားလာရင္ လုပ္လို႔ျဖစ္ ပါေတာ့မလားဆိုတဲ့ သံသယ ဝင္လာတယ္။ သံသယဝင္ၿပီဆိုတာနဲ႔ယုံၾကည္မႈေတြ ေပ်ာက္ဆုံးကုန္တယ္။
ယုံၾကည္မႈ ေပ်ာက္ဆုံးသြားရင္ေတာ့ ဘဝမွာ အားလုံး ဆုံးရႈံးကုန္တာပါပဲ။ သံသယဆိုတဲ့ ဝဲဂယက္ႀကီးက ဘဝရဲ႕ရႏိုင္ခြင့္ ရပိုင္ခြင့္ေတြ အားလုံးကို စုပ္ယူေျခမြ ႏိုင္ပါတယ္။
လူတိုင္းမွာလည္း ယုံၾကည္မႈ ေပ်ာက္ဆုံးကုန္တဲ့ အခ်ိန္ေတြ၊ သံသယ ဝဲဂယက္ႀကီး ထဲကေန မနည္းလြတ္ေအာင္ ႐ုန္းေနရတဲ့ အခ်ိန္ေတြ ရွိတယ္။
ဒီလိုအခ်ိန္တိုင္းမွာ ကိုယ္ရဲ႕ ႐ုန္းကန္တြန္းတိုက္ခ်က္တိုင္းဟာ အလကား မျဖစ္သြားဘူး ဆိုတာ သိဖို႔လိုပါတယ္။
စတိပ္ေဂ်ာ့ေျပာတဲ့မိန္႔ခြန္းမွ အဓိကအခ်က္သုံးခ်က္(Apple) ရဲ႕ေခါင္းကိုင္ဖခင္ စတိပ္ေဂ်ာ့ စတန္းဖိုဒ္တကၠသိုလ္ အတြက္ ေျပာခဲ့တဲ့မိန္႔ခြန္းမွာ အဓိကအခ်က္သုံးခ်က္ပါတယ္။
ပထမအခ်က္က ဘဝရဲ႕ အမွတ္စက္ေတြ စပ္ဆက္ကုန္တဲ့ အေၾကာင္းပါ။ စတိပ္ေဂ်ာ့ ဘဝမွာ က်ဆုံးမႈေတြ မ်ားပါတယ္။ေမြးထဲက စြန္႔ပစ္ခံခဲ့ရတာ၊ ေက်ာင္းစရိတ္ ႀကီးျမင့္လို႔ ေက်ာင္းထြက္ခဲ့ရတာ။
သူတည္ေထာင္ ခဲ့တဲ့ ကုမၸဏီရဲ႕ အေအာင္ျမင္ဆုံး အခ်ိန္မွာ သူ႔ကိုကုမၸဏီက ထုတ္ပစ္ခဲ့တာ စသည္ျဖင့္ေပါ့။
သူ ေက်ာင္းထြက္မယ္ ဆုံးျဖတ္ၿပီးတုန္းက အားေနတာနဲ႔အလကား မေနဘဲ ေက်ာင္းက ဖြင့္ထားတဲ့ စာလုံး အလွေရးတဲ့ သင္တန္း သြားတက္ ေနပါတယ္။ ဒါက သူစိတ္ဝင္စားတဲ့ ကြန္ျပဴတာနဲ႔ မဆိုင္ပါဘူး။ အႏုပညာနဲ႔ဆိုင္တယ္။
ဒါေပမယ့္ ေနာင္ဆယ္ႏွစ္အၾကာ ပထမဆုံး “မက္ကင္းေတာ့ရွ္ ကြန္ျပဴတာ”ကို စလုပ္တဲ့ အခ်ိန္မွာဒီစာလုံးအလွ ေတြကို သတိရၿပီး ထည့္ခဲ့တယ္။ ကြန္ျပဴတာမွာပထမဆုံး စာလုံးပုံစံအလွကို ကမာၻမွာ (Apple) က စထည့္ႏိုင္ခဲ့တယ္။
အႏုပညာနဲ႔ကြန္ျပဴတာကို အဲဒီသင္တန္းတက္ေနခ်ိန္က ဆက္စပ္သြားမယ္လို႔ သူဘယ္လိုမွ မထင္ခဲ့ဘူး။ ဒါေၾကာင့္ ဘဝမွာလုပ္ေဆာင္ေနတဲ့ အရာေတြကို အမွတ္စက္ခ်ေနတယ္ သေဘာထား။ မေအာင္ျမင္ခင္မွာ ေရွ႕ကို ေက်ာ္ၾကည့္ၿပီး အစက္ေတြ ဆက္ၾကည့္လို႔မရဘူး။
ေအာင္ျမင္ ၿပီးမွ ျပန္ၾကည့္ေတာ့ အစက္ေတြ အကုန္လုံးက ဆက္စပ္ ေနတယ္၊ အလကား မျဖစ္သြားဘူးလို႔ ေျပာခဲ့ပါတယ္။
ဘဝမွာ ေရွ႕ဆက္တိုးလို႔မရေတာ့ဘူးလို႔ထင္သြားၿပီး ယုံၾကည္မႈေတြ ေပ်ာက္ဖူးတယ္။
ပုံျပင္ထဲက အစြမ္းအစ မရွိေတာ့ဘဲ သူမ်ားခ်ေႂကြးတာ စားေနရတဲ့ ငါးမန္းႀကီးကိုျမင္ေယာင္ၿပီး ထပ္တြန္း႐ုန္းကန္ ခဲ့တယ္။
႐ုန္းကန္ေနတာ ၾကာလည္း ဘာမွ အရာမထင္လာေတာ့ စိတ္ဓာတ္ က်လာတယ္။ စိတ္အားကုန္ခါနီး စတိပ္ေဂ်ာ့ ရဲ႕ အစက္ေတြ အေၾကာင္း ဖတ္မိေတာ့ တေန႔ဆက္စပ္ သြားမွာပါလို႔ ကိုယ္ဟာကိုယ္ အားေပးမာန္တင္းဖူးတယ္။
ေအာင္ျမင္ဖို႔ကအမ်ားႀကီး မလိုပါဘူး။ အလုပ္ကိုမက္ေမာစိတ္နဲ႔ႀကိဳးစားမႈ၊ ဉာဏ္နဲ႔ ဆင္ျခင္ ခ်ိန္ဆမႈ၊ အလုပ္ကိုယ္က်င့္တရားနဲ႔အခ်ိန္အတိုင္းအတာတစ္ခု။ ဒါေတြပဲ လိုတယ္။ ဒါေတြကို မဆုတ္မနစ္ စိုက္လိုက္မတ္တပ္ လုပ္ႏိုင္ေအာင္ေတာ့ယုံၾကည္မႈလိုပါတယ္။
ေရကို အပူေပးရင္ အေငြ႕စျပန္မယ့္ ေရဆူမွတ္ ရွိတယ္။ ဒီေရဆူမွတ္က (၁၀၀) ဒီဂရီဆို (၉၉) ဒီဂရီေရာက္တဲ့ထိ မဆူေသးဘူး။ မဆူေသးသေ႐ြ႕အရည္ကေန အေငြ႕မျဖစ္ေသးဘူး။ ဒီခ်ိန္မွာ အပူမေပးဘဲ ရပ္လိုက္ရင္ ေရက ေရပါပဲ။ (၉၉) ဒီဂရီအားထုတ္ခဲ့သမွ် အလကားျဖစ္သြားမယ္။
ေနာက္ထပ္ (၁) ဒီဂရီစာ ထပ္အပူေပးလိုက္တာနဲ႔(၁၀၀) ျပည့္ၿပီး ေရထဆူမယ္။ အရည္ ဘဝကေန အေငြ႕ဘဝ ထေျပာင္း ေလထဲလႊင့္တက္သြားမယ္။
ဒါေၾကာင့္ ကြၽန္ေတာ္တို႔ႀကိဳးစားေနသေ႐ြ႕ ေအာင္ျမင္မယ္ဆိုတာ ယုံေနဖိုေတာ့လိုတယ္။ အမွတ္စက္ေတြက အခ်ိန္ေစ့ရင္ ဆက္စပ္သြားပါလိမ့္မယ္။ ေရကလည္း (၁၀၀) ဒီဂရီျပည့္ရင္ ဆူပါလိမ့္မယ္။
တခါတေလ ဘဝသစ္ ေျပာင္းသြားဖို႔၊ ေလထုအျမင့္ထဲ လႊင့္တက္သြားဖို႔က (၁) ဒီဂရီ ပဲလိုပါတယ္။ အားမေလ်ာ့လိုက္ပါနဲ႔။
Credit
Leave a Reply