ဘုရားရှင်အား နေ့စဉ် သောက်တော်ရေချမ်း ကပ်လှူခြင်းအကျိုးဆက်(ကောင်းလွန်းလို့ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်ခန့်ကဖြစ်မည်။စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ မိုးတားဆိုသော မြို့လေးတစ်မြို့ ရှိခဲ့လေသည်။
ထိုမြို့တွင် ဒေါ်ရွှေဥဆိုလျှင် မသိသူမရှိ၊ မြို့၏အချမ်းသာဆုံး သူဋ္ဌေးမကြီးပင်။ သူ့မှာ သားလေးတစ်ယောက် ရှိလေသည်။
ထိုသားလေး ၁၀တန်းအောင်၍ ရန်ကုန်တွင် ဘော်ဒါဆောင်နေရန် ထွက်ခွာသွားရတော့မည် ဆိုတော့ ယခုလိုမှာရှာသည်။
“သားရေ.. အမေအခုပြောမယ့်စကားတွေကို သေချာမှတ်ထား၊ တစ်ကယ်လည်းလိုက်နာ၊ ဘာဖြစ်လို့လည်းဆိုတော့ အမေ့မှာ ဒီစကားမျိုးတစ်ခါပြောရင် ၃ရက်လောက် ဖျားနာရတာကြောင့်ပဲ”
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က ဒီမိုးတာမြို့မှာပဲ ဆင်းရဲမွဲတေလှတဲ့ မုဆိုးမ သားအမိနှစ်ယောက် ရှိခဲ့ဖူးတယ်ငါ့သား၊ ယောက်ကျားကလည်းဆုံး ကိုယ်ပိုင်လယ်ကလည်းမရှိတော့ သူတစ်ပါးဆီမှာပဲ အငှါးလိုက်ရတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတာပေါ့။
ဒါတောင်မှ သားအမိနှစ်ယောက် ထမင်းနပ်မှန်ရုံလေးပဲ ဆိုပါတော့ကွယ်။“တဲအိမ်လေးဆိုလည်း မပြင်ရတာကြာတော့ မိုးတောင်မလုံတော့ဘူး။
သမီးလေးကဆယ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်၊အဝတ်အစားဆိုလည်း အရှက်လုံရုံပဲ ဝတ်နိုင်ရှာတယ်။ပိုက်ဆံလည်းမရှိရှာတော့ ကျောင်းလည်းမနေနိုင်ဘူး၊
အဲ့တော့ စာလည်းမတတ်ရှာဘူး” သူနဲ့ရွယ်တူ ကလေးတွေမှာတော့ အဝတ်အစားထည်လဲ၊အစားအသောက်ကပြည့်စုံ၊နေရာတာလည်းလုံလုံခြုံခြုံနဲ့ဆိုတော့ သူလည်း တခြားကလေးတွေလို ချမ်းသာချင်တာပေါ့။
ဒါနဲ့ တစ်နေ့ရွာဦးကျောင်းဆရာတော်ကြီးကျောင်းပေါ် စွတ်ရွတ်တက်သွားပြီး၊ဆရာတော်ကြီးကိုတွေ့တော့ လျှောက်ရှာတာပေါ့”
“အရှင်ဘုရား၊ တပည့်တော်တို့သားအမိကျ ဆင်းရဲသလောက် သူများတွေကျ ချမ်းသာကြပါတယ်၊တပည့်တော်တိုလည့်း ချမ်းသာချင်ပါတယ်ဘုရား။
ချမ်းသာမယ့် နည်းလေးဘာလေး တပည့်တော်မကို ဆရာတော်ကြီး သင်ပေးပါ့ဘုရား”..
“အဲ့ဒိမှာဆရာတော်ကြီးက ကလေးမလေးကို ခေါ်ပြီးကျောင်းအပေါ်ထပ်က ပြတင်းပေါက်ကို ဖွင့်ပြတာပေါ့။
ပြတင်းပေါက်ကနေကြည့်ရင် မိုးတားမြို့ကိုကပ်စီးနေတဲ့ ဧရာဝတီမြစ်ကြီးကို မြင်ရတယ်လေ၊အဲ့မှာ ဆရာတော်ကြီးက ”သမီးလေး…ဒီမြစ်ထဲကရေကိုခပ်ယူရင် ပိုက်ဆံပေးရသလားလို့မေးတော့ ကလေးမက မပေးရပါဘူးဘုရား။
သမီး..ဒီမြစ်ထဲကရေကို သမီးနိုင်သလောက်ခပ်ပြီး အိမ်မှာရှိတဲ့ ဘုရားဆင်းတုတော်ကို သောက်တော်ရေအမြဲကပ်ရမယ်ကွဲ့၊
အေး..ကပ်တဲ့အခါလည်း တစ်ကယ့် ဘုရားရှင်ကို ကပ်နေရတဲ့အလား စိတ်ကရည်မှန်းပြီးလှူ… ဟုတ်ပြီလား.. ဒါဆိုသမီးတနေ့ချမ်းသာလာလိမ့်မယ်”
အဲ့နေ့ကစပြီးကလေးမလေး သူရေသောက်တိုင်း အိမ်ကဘုရားကို သောက်တော်ရေ အမြဲကပ်တယ်၊ သူ့တစ်ဘဝလုံးမှာ ပြုတဲ့ကုသိုလ်ဆိုလို့ ဒီသောက်တော်ရေကပ်တဲ့ ကုသိုလ်တစ်ခုလေးပဲရှိတာ။
ကလေးမလေးအသက်တော့ မရှည်ရှာပါဘူး။နောက်၃နှစ် လောက်ကြာတော့ ရောဂါတစ်ခုနဲ့ဆုံးတာပါပဲ။
ဘဝကအရွယ်နဲ့မမျှအောင်ကြမ်းတာကိုး နောက်ဘဝကျဒီမိုးတားမြို့က သူဋ္ဌေးမကြီးတစ်ဦးရဲ့ ဗိုက်မှာလူဝင်စားပြီး သူဋ္ဌေးသမီးလေးဖြစ်လာတယ်။
တစ်နေ့သိတတ်တဲ့ အချိန်ရောက်တဲ့ အတိတ်ဘဝကို သတိရတဲ့ဥာဏ်ပါလာအတွက် ဘဝဟောင်းကိုမှတ်မိတယ်။
”ငါ ဒီလိုချမ်းသာလာတာ ရွာဦးကျောင်း ဆရာတော်ကြီးကျေးဇူးကြောင့်ပဲ၊ ဆရာတော်ကြီးကိုကျေးဇူးဆပ်တဲ့ အနေနဲ့ သွားကန်တော့ရမယ်”ဆိုပြီး မိဘနှစ်ပါးကို ခေါ်ကာ ကျောင်းကိုလာခဲ့ကြတာပေါ့။
သူတို့ကကျောင်းကိုအဝင် ဘဝဟောင်းကအမေက ကျောင်းကအထွက်တွေ့ကြတော့ သားအမိနှစ်ယောက်ဖက်ပြီး ငိုကြတာပေါ့။
ဆရာတော်ကြီးဆီရောက် နောက်ကြောင်းတွေကို သိရတဲ့အခါ အရင်ဘဝအမေကိုလည်..း သူ့အိမ်မှာပဲခေါ်ထားပြီး ပြုစုစောင့်ရှောက်လိုက်တော့တာပေါ့။
သူဋ္ဌေးမလေး အသက်ကြီးလာတော့ “ငါအရင်ဘဝက ရေလေးလှူတာတောင်ဒီလောက်ချမ်းသာရင် ကျောင်းကန်၊ ဘုရားတွေသာလှူရင်တော့ ပြောစရာတောင်ရှိမှာ မဟုတ်ဘူးဆိုပြီး လှူလိုက်တာ….
အခုဆိုရင်ဒီမိုးတာမှာ သူမလှူဖူးတာ မရှိသလောက် ဖြစ်နေပြီသားရဲ့၊ ငါ့သား..အဲ့မိန်းကလေးဟာ တစ်ခြားသူမဟုတ်ဘူး၊ မင်းအမေကိုယ်တိုင်ပါပဲကွယ်။
သားလည်းရောက်ရာအရပ်မှာ ဘုရားရှင်ကို ဆွမ်းတော်၊ ရေတော်ကပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့”လို့ ဆုံးမလွှတ်လိုက်သတဲ့..။
ကဲ…စာဖတ်သူတို့လည်း တစ်နေ့တစ်နေ့ကုသိုလ်မရမှာမပူကြပါနဲ့..။ အိမ်ကဘုရားကို သောက်တော်ရေ၊ဆွမ်း ရှိတာလေးနဲ့ ဖြူဖြူစင်စင်ကပ်လှူကြပါ။ တစ်နေ့အကျိုးထူးကြမှာပါနော်။
credit. .
Zawgyi. .
ဘုရားရွင္အား ေန႕စဥ္ ေသာက္ေတာ္ေရခ်မ္း ကပ္လႉျခင္းအက်ိဳးဆက္(ေကာင္းလြန္းလို႔ဖတ္ျဖစ္ေအာင္ဖတ္ေပးပါ)
လြန္ခဲ့ေသာႏွစ္ေပါင္း ၆၀ေက်ာ္ခန့္ကျဖစ္မည္။စစ္ကိုင္းတိုင္း၊ကသာခရိုင္၊ မိုးတားဆိုေသာ ၿမိဳ႕ေလးတစ္ၿမိဳ႕ ရွိခဲ့ေလသည္။
ထိုၿမိဳ႕တြင္ ေဒၚေ႐ႊဥဆိုလွ်င္ မသိသူမရွိ၊ ၿမိဳ႕၏အခ်မ္းသာဆုံး သူ႒ေးမႀကီးပင္။ သူ႕မွာ သားေလးတစ္ေယာက္ ရွိေလသည္။
ထိုသားေလး ၁၀တန္းေအာင္၍ ရန္ကုန္တြင္ ေဘာ္ဒါေဆာင္ေနရန္ ထြက္ခြာသြားရေတာ့မည္ ဆိုေတာ့ ယခုလိုမွာရွာသည္။
“သားေရ.. အေမအခုေျပာမယ့္စကားေတြကို ေသခ်ာမွတ္ထား၊ တစ္ကယ္လည္းလိုက္နာ၊ ဘာျဖစ္လို႔လည္းဆိုေတာ့ အေမ့မွာ ဒီစကားမ်ိဳးတစ္ခါေျပာရင္ ၃ရက္ေလာက္ ဖ်ားနာရတာေၾကာင့္ပဲ”
ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၀ ေက်ာ္ေလာက္က ဒီမိုးတာၿမိဳ႕မွာပဲ ဆင္းရဲမြဲေတလွတဲ့ မုဆိုးမ သားအမိႏွစ္ေယာက္ ရွိခဲ့ဖူးတယ္ငါ့သား၊ ေယာက္က်ားကလည္းဆုံး ကိုယ္ပိုင္လယ္ကလည္းမရွိေတာ့ သူတစ္ပါးဆီမွာပဲ အငွါးလိုက္ရတယ္၊ တစ္ေန႕လုပ္မွ တစ္ေန႕စားရတာေပါ့။
ဒါေတာင္မွ သားအမိႏွစ္ေယာက္ ထမင္းနပ္မွန္႐ုံေလးပဲ ဆိုပါေတာ့ကြယ္။“တဲအိမ္ေလးဆိုလည္း မျပင္ရတာၾကာေတာ့ မိုးေတာင္မလုံေတာ့ဘူး။
သမီးေလးကဆယ္ႏွစ္ေက်ာ္ေက်ာ္ေလးပဲ ရွိေသးတယ္၊အဝတ္အစားဆိုလည္း အရွက္လုံ႐ုံပဲ ဝတ္နိုင္ရွာတယ္။ပိုက္ဆံလည္းမရွိရွာေတာ့ ေက်ာင္းလည္းမေနနိုင္ဘူး၊
အဲ့ေတာ့ စာလည္းမတတ္ရွာဘူး” သူနဲ႕႐ြယ္တူ ကေလးေတြမွာေတာ့ အဝတ္အစားထည္လဲ၊အစားအေသာက္ကျပည့္စုံ၊ေနရာတာလည္းလုံလုံၿခဳံၿခဳံနဲ႕ဆိုေတာ့ သူလည္း တျခားကေလးေတြလို ခ်မ္းသာခ်င္တာေပါ့။
ဒါနဲ႕ တစ္ေန႕႐ြာဦးေက်ာင္းဆရာေတာ္ႀကီးေက်ာင္းေပၚ စြတ္႐ြတ္တက္သြားၿပီး၊ဆရာေတာ္ႀကီးကိုေတြ႕ေတာ့ ေလွ်ာက္ရွာတာေပါ့”
“အရွင္ဘုရား၊ တပည့္ေတာ္တို႔သားအမိက် ဆင္းရဲသေလာက္ သူမ်ားေတြက် ခ်မ္းသာၾကပါတယ္၊တပည့္ေတာ္တိုလည့္း ခ်မ္းသာခ်င္ပါတယ္ဘုရား။
ခ်မ္းသာမယ့္ နည္းေလးဘာေလး တပည့္ေတာ္မကို ဆရာေတာ္ႀကီး သင္ေပးပါ့ဘုရား”..
“အဲ့ဒိမွာဆရာေတာ္ႀကီးက ကေလးမေလးကို ေခၚၿပီးေက်ာင္းအေပၚထပ္က ျပတင္းေပါက္ကို ဖြင့္ျပတာေပါ့။
ျပတင္းေပါက္ကေနၾကည့္ရင္ မိုးတားၿမိဳ႕ကိုကပ္စီးေနတဲ့ ဧရာဝတီျမစ္ႀကီးကို ျမင္ရတယ္ေလ၊အဲ့မွာ ဆရာေတာ္ႀကီးက ”သမီးေလး…ဒီျမစ္ထဲကေရကိုခပ္ယူရင္ ပိုက္ဆံေပးရသလားလို႔ေမးေတာ့ ကေလးမက မေပးရပါဘူးဘုရား။
သမီး..ဒီျမစ္ထဲကေရကို သမီးနိုင္သေလာက္ခပ္ၿပီး အိမ္မွာရွိတဲ့ ဘုရားဆင္းတုေတာ္ကို ေသာက္ေတာ္ေရအၿမဲကပ္ရမယ္ကြဲ႕၊
ေအး..ကပ္တဲ့အခါလည္း တစ္ကယ့္ ဘုရားရွင္ကို ကပ္ေနရတဲ့အလား စိတ္ကရည္မွန္းၿပီးလႉ… ဟုတ္ၿပီလား.. ဒါဆိုသမီးတေန႕ခ်မ္းသာလာလိမ့္မယ္”
အဲ့ေန႕ကစၿပီးကေလးမေလး သူေရေသာက္တိုင္း အိမ္ကဘုရားကို ေသာက္ေတာ္ေရ အၿမဲကပ္တယ္၊ သူ႕တစ္ဘဝလုံးမွာ ျပဳတဲ့ကုသိုလ္ဆိုလို႔ ဒီေသာက္ေတာ္ေရကပ္တဲ့ ကုသိုလ္တစ္ခုေလးပဲရွိတာ။
ကေလးမေလးအသက္ေတာ့ မရွည္ရွာပါဘူး။ေနာက္၃ႏွစ္ ေလာက္ၾကာေတာ့ ေရာဂါတစ္ခုနဲ႕ဆုံးတာပါပဲ။
ဘဝကအ႐ြယ္နဲ႕မမွ်ေအာင္ၾကမ္းတာကိုး ေနာက္ဘဝက်ဒီမိုးတားၿမိဳ႕က သူ႒ေးမႀကီးတစ္ဦးရဲ႕ ဗိုက္မွာလူဝင္စားၿပီး သူ႒ေးသမီးေလးျဖစ္လာတယ္။
တစ္ေန႕သိတတ္တဲ့ အခ်ိန္ေရာက္တဲ့ အတိတ္ဘဝကို သတိရတဲ့ဥာဏ္ပါလာအတြက္ ဘဝေဟာင္းကိုမွတ္မိတယ္။
”ငါ ဒီလိုခ်မ္းသာလာတာ ႐ြာဦးေက်ာင္း ဆရာေတာ္ႀကီးေက်းဇူးေၾကာင့္ပဲ၊ ဆရာေတာ္ႀကီးကိုေက်းဇူးဆပ္တဲ့ အေနနဲ႕ သြားကန္ေတာ့ရမယ္”ဆိုၿပီး မိဘႏွစ္ပါးကို ေခၚကာ ေက်ာင္းကိုလာခဲ့ၾကတာေပါ့။
သူတို႔ကေက်ာင္းကိုအဝင္ ဘဝေဟာင္းကအေမက ေက်ာင္းကအထြက္ေတြ႕ၾကေတာ့ သားအမိႏွစ္ေယာက္ဖက္ၿပီး ငိုၾကတာေပါ့။
ဆရာေတာ္ႀကီးဆီေရာက္ ေနာက္ေၾကာင္းေတြကို သိရတဲ့အခါ အရင္ဘဝအေမကိုလည္..း သူ႕အိမ္မွာပဲေခၚထားၿပီး ျပဳစုေစာင့္ေရွာက္လိုက္ေတာ့တာေပါ့။
သူ႒ေးမေလး အသက္ႀကီးလာေတာ့ “ငါအရင္ဘဝက ေရေလးလႉတာေတာင္ဒီေလာက္ခ်မ္းသာရင္ ေက်ာင္းကန္၊ ဘုရားေတြသာလႉရင္ေတာ့ ေျပာစရာေတာင္ရွိမွာ မဟုတ္ဘူးဆိုၿပီး လႉလိုက္တာ….
အခုဆိုရင္ဒီမိုးတာမွာ သူမလႉဖူးတာ မရွိသေလာက္ ျဖစ္ေနၿပီသားရဲ႕၊ ငါ့သား..အဲ့မိန္းကေလးဟာ တစ္ျခားသူမဟုတ္ဘူး၊ မင္းအေမကိုယ္တိုင္ပါပဲကြယ္။
သားလည္းေရာက္ရာအရပ္မွာ ဘုရားရွင္ကို ဆြမ္းေတာ္၊ ေရေတာ္ကပ္ဖို႔ ဘယ္ေတာ့မွ မေမ့ပါနဲ႕”လို႔ ဆုံးမလႊတ္လိုက္သတဲ့..။
ကဲ…စာဖတ္သူတို႔လည္း တစ္ေန႕တစ္ေန႕ကုသိုလ္မရမွာမပူၾကပါနဲ႕..။ အိမ္ကဘုရားကို ေသာက္ေတာ္ေရ၊ဆြမ္း ရွိတာေလးနဲ႕ ျဖဴျဖဴစင္စင္ကပ္လႉၾကပါ။ တစ္ေန႕အက်ိဳးထူးၾကမွာပါေနာ္။
credit. .
Leave a Reply