အခုလေးတင် ရန်ကုန်-မန္တလေး Express ကားပေါ်မှာ ဖြစ်ပျက်သွားတာဗျာ

အခုလေးတင် ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်ပျက်သွားတာဗျာ

ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် … (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်)

ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်…

ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်…

ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ

ယဉ်မောင်းအားကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်…

” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်”

” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”

ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့

အဒေါ်ကြီးအသံဟိန်းထွက်လာသည်…” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့”

ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကြလေသည် …အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန်သွားတာကိုး …..

အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ

” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ”

ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့်နောက်ကြောင်းပြန်လှည့်မောင်းခဲ့ရလေသည်…

” ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံရောက်ပါပြီဗျ ဆင်းလို့ရပါပြီ”

” အို ဆင်းမလို့မဟုတ်ပါဘူးငါ့တူရယ်ကားစထွက်တော့သမီးကမှာလိုက်လို့ပါ အုတ်ဖိုတာဆုံရောက်ရင်

နောက်ထပ်ဆေးတခွက်ထပ်သောက်ဖို့မမေ့နဲ့ဆိုလို့ပါကွယ်”

သေပီဆရာ….

ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ…

credit to original




















credit to original


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *