လျှပ်စစ်မိုးကြိုး မုန်တိုင်းဆိုတာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မိုးတိမ်တွေအတွင်းမှာ လျှပ်စပ်အဖိုနဲ့လျှပ်စစ်အမတို့ ထိတွေ့ရာက ပြင်းထန်တဲ့ လျှပ်စီးလမ်းကြောင်း ဖြစ်သွားတဲ့သဘောပါ။
မြေပြင်မှာထက် ကောင်းကင်ပေါ်မှာ အဖြစ်များပြီး၊ ဒီလို ဘေး ဆိုးတွေကြောင့် လေယာဉ်တွေမှာ အလွ န်စိတ်ချရတဲ့ လျှပ်လွှဲစနစ်တွေ၊ မိုးကြိုးလွှဲစနစ်တွေ မဖြစ်မနေ တပ်ဆင်ရပါတယ်
မြေပြင်ပေ ါ်မှာလည်း မိုးကြိုးမုန်တိုင်း ဖြစ်လေ့ရှိသော် လည်း ကောင်းက င်ပေါ်မှာလောက် ကြာရှည်ခြင်း ပြင်း ထန်ခြင်း မရှိပါဘူး။ အခုလည်း မက္ကဆီ ကိုမှာ အနှစ်(၁၀၀)မှာ တစ်ကြိမ်ဖြ စ်ဖို့ခက်ခဲတဲ့ မိုးကြိုးမုန်တိုင်းတွေ ကျရောက်ခဲ့ပါတယ်။
ဓာတ်ပုံဆရာ ကလည်း တစ်သက်မှာ တစ်ခါရိုက် ရဖို့မသေချာတဲ့ သဘာဝဖြစ်စဉ်ကြီးကို မိမိရရ မှတ်တမ်းတ င်နိုင်ခဲ့တာပါ။အခု မိုးကြိုး မုန်တိုင်း လက်တံနှာမောင်း (၅၀)ကျော် အထိရှိတယ်လို့ ဆိုပါတယ်။
ဒီဓာတ်ပုံတွေကတော့ (၅)မိနစ်အတွင်းမှာ ရိုက်ကူးထားတဲ့ပုံတွေဖြစ်ပြီး၊ ဓာတ်ပုံဆရာအမည်မှာ Hernando Rivera Cervantes ဖြစ်ပါတယ်။
သူဟာ အသက်(၃၇)နှစ်ဖြစ်ပြီး၊ အခုဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဓာတ်ပုံ(၄၂)ခု ကို တစ်စုတ စ်စည်းတဲ့ ပေါင်းစပ်ဖော်ပြထားတာပါတဲ့။
ချိုင့်ဝှမ်းအတွင်းမှာ ညဘက် မီးတွေထိန်ဝင်းနေတဲ့မြို့ကလေးကို လှပစွာမြင်တွေ့ရပြီး၊ (၁၆၅)စတုရန်းမိုင်အကျယ်ရှိတဲ့ အဲဒီချိုင့်ဝှမ်းလေးကို လျှပ်စီး မုန်တိုင်းက (၅)မိနစ်အတွင်း နေရာအမျိုးမျိုးကနေ သက်ရောက်ခဲ့တာပါ။
ဓာတ်ပုံ ဆရာ Rivera ဟာ အလျှင် အမြန်ရိုက်ချက် တွေနဲ့ ဓာတ်ပုံတွေကို ချိန်သား ကိုက် ရယူခဲ့ပြီး၊ အားလုံးကို တစ်စုတစ်စည်းတဲ့ ပေါင်းစပ် လိုက်တော့ အလွန်လှပတဲ့ ဓာတ်ပုံဖြစ်သွားပါတယ်။
လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
တချို့တော့ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ် မဟုတ်ကြောင်း၊ ဓာတ်ပုံပညာအရ မတူညီတဲ့အချိန်တွေမှာ ရိုက်ယူထားတဲ့ပုံတွေကို တစ်စုတစ်စည်းတည်း ဖော်ပြထားတာဖြစ်လို့ ထူးခြားတဲ့အဖြစ်လို့ ထင်မြင်နေကြတာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒါပေမယ့် သတင်းတွေမှာတော့ ပြည်နယ်ရဲ့ လှုပ်ရှားမှု အမြင့်ဆုံး ကိုလီမာမီးတောင် ကိုလည်း လျှပ်စစ်မုန်တိုင်း သင့်ရောက်ခဲ့ တယ်လို့ ဆိုပါတယ်။
ကိုလီမာပြည်နယ်က မီးတောင်တာဝါ(မီးတောင် စောင့်ကြည့်ရေးစခန်း)ေ တွလည်း ယမန်နေ့ညက လျှပ်စစ်မုန်တိုင်း သင့်ရောက်ခဲ့ပြီး၊မိနစ်(၂၀)ေ လာက်နီးပါး လျှပ်စီး မုန်တိုင်းတွေကြောင့် ဝန်းကျင်တစ်ခုလုံး နေ့ခင်းအတိုင်းပဲလို့ ဆိုေ နကြပါတယ်။
ဓာတ်ပုံဆရာ Rivera ကတော့ ဒီအဖြစ်အပျက် နဲ့ပတ်သက်ပြီး “Night of a Thousand Forks “လို့ အမည်ပေးခဲ့ပါတယ်။
Credit
Credit
Leave a Reply