ရန်ကုန်မြို့က ဆံပင်ရှည်တဲ့မိန်းကလေးတွေ သတိထားသင့်တဲ့အခြေအနေ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံမှာ အမျိုးသမီးတွေရဲ့ ဆံပင်ကို ကော်နဲ့ပက်တဲ့ ဖြစ်ရပ်တွေဖြစ်နေတယ်လို့ အဆိုပါမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။
အခုလို အမျိုးသမီးတွေရဲ့ဆံပင်ကို ကော်ရည်နဲ့ ပက်တဲ့ဖြစ်ရပ်အပေါ် နားမလည်နိုင် ဖြစ်နေကြရပြီး ကာယကံရှင်တချို့က ဝမ်းနည်းခံစားရတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေမှာ အခြားသူတွေ သတိထားနိုင်ဖို့ မျှဝေထားကြပါတယ်။
အဲ့ဒီလမ်းဆုံမရောက်တာ ကြာလှနေပြီ အခုတခဏလေးအတွင်းမှ ဖြစ်သွားတာ။ အမြဲအရှည်နဲ့ပဲနေလာတာ အရမ်းဝမ်းနည်းတာပဲ ကော်ရည်က အင်္ကျ ီနဲ့ အသားပါလောင်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးငယ်တစ်ဦးက လူမှုကွန်ယက်ဖေ့စ်ဘုတ်မှာ အခုလ ၇ ရက်နေ့က အသိပေးထားပါတယ်။
ဒီလိုဖြစ်ရပ်မျိုးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့ကလည်း ဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေးထားတာလည်း တွေ့ရပါတယ်။
ဒီဖြစ်ရပ်အပေါ် ထင်ကြေးပေးပြောဆိုမှုအမျိုးမျိုးရှိနေပြီး အမျိုးသမီးေွကတော့ ဆံပင်ကို ခေါင်းစီးထားဖို့နဲ့ အပြင်ထွက်ရင် သတိထားနေကြရပြီ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဒေသခံအမျိုးသမီးတွေ ခံစားနေရတယ်လို့ သိရပါတယ်။
YBS ပေါ်မှာလည်း ဆံပင်ရှည်တဲ့ မိန်းကလေးတွေကို ကပ်ကြေးနဲ့ ဆံပင်ဖြတ်ခြင်း၊ ပီကေနဲ့ကပ်ခြင်း စသဖြင့် ထိခိုက်စေဖို့ မျိုးစုံလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ YBS ပေါ်မှာ ဆံပင်တွေ ကော်နဲ့ အကပ်ခံလိုက်ရတဲ့ မိန်းကလေးတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
ညီမ ဒီတခါနဲ့ဆို ဆံပင်ကို ကော်တွေနဲ့ အကပ်ခံရတာ နှစ်ခါရှိပါပြီရှင့်။ ပထမတစ်ခါက ဆံပင်အတွင်းထဲထိ နှိုက်ညှပ်လိုက်ရပါတယ်ရှင့်။ အခု ဒီတခါကတော့ အပြင်ပိုင်းလေးကိုပဲ ကပ်သွားတာရှင့်။ ဘယ်လိုမှ လုပ်လို့ မရပါဘူး ညှပ်လိုက်ရတယ်ရှင့်။
တော်တော်ယုတ်မာပါတယ်။ ညီမမျက်ရည်ပါ ကျရပါတယ်။ YBS 12 Bus ပေါ်မှာပါရှင့်။ မိန်းကလေးများအားလုံး ညီမလိုမဖြစ်ဖို့ ဂရုစိုက်ကြပါနော်။ ဆံပင်တွေလဲ ကုန်ပါပြီ။
အမျိုးသမီးများကို ယခုလို ထူးထူးဆန်းဆန်းအကြမ်းဖက်တဲ့ ပုံစံမျိုး ယခုနောက်ပိုင်းမှာ ခပ်စိတ်စိတ် တွေ့မြင်လာရတာကြောင့် အထူးသတိထားဖို့ လိုအပ်နေပြီဖြစ်ပါတယ။် ဖြစ်နိုင်ပါက ဆံပင်ကို စည်းနှောင်ခြင်း၊ ကျစ်ဆံမြီးကျစ်ခြင်း၊ ဆံထုံးထုံးခြင်း၊တို့ လုပ်ဆောင်သွားသင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။
Credit
ရန္ကုန္ၿမိဳ႕က ဆံပင္ရွည္တဲ့မိန္းကေလးေတြ သတိထားသင့္တဲ့အေျခအေန
ရန္ကုန္တုိင္းေဒသႀကီး၊ ဒဂံုၿမိဳ႕သစ္ ေျမာက္ပို္င္းၿမိဳ႕နယ္ ၇/၈ လမ္းဆံုမွာ အမ်ိဳးသမီးေတြရဲ႕ ဆံပင္ကို ေကာ္နဲ႔ပက္တဲ့ ျဖစ္ရပ္ေတြျဖစ္ေနတယ္လုိ႔ အဆိုပါၿမိဳ႕နယ္မွာ ေနထုိင္သူေတြက ေျပာပါတယ္။
အခုလုိ အမ်ိဳးသမီးေတြရဲ႕ဆံပင္ကို ေကာ္ရည္နဲ႔ ပက္တဲ့ျဖစ္ရပ္အေပၚ နားမလည္ႏုိင္ ျဖစ္ေနၾကရၿပီး ကာယကံရွင္တခ်ိဳ႕က ဝမ္းနည္းခံစားရတဲ့အတြက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ အျခားသူေတြ သတိထားႏုိင္ဖို႔ မွ်ေဝထားၾကပါတယ္။
အဲ့ဒီလမ္းဆံုမေရာက္တာ ၾကာလွေနၿပီ အခုတခဏေလးအတြင္းမွ ျဖစ္သြားတာ။ အျမဲအရွည္နဲ႔ပဲေနလာတာ အရမ္းဝမ္းနည္းတာပဲ ေကာ္ရည္က အက်ၤ ီနဲ႔ အသားပါေလာင္သြားတယ္လို႔ ကိုယ္တုိင္ႀကံဳေတြ႔ခဲ့ရတဲ့ အမ်ိဳးသမီးငယ္တစ္ဦးက လူမႈကြန္ယက္ေဖ့စ္ဘုတ္မွာ အခုလ ၇ ရက္ေန႔က အသိေပးထားပါတယ္။
ဒီလိုျဖစ္ရပ္မ်ိဳးကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၄ရက္ေန႔ကလညး္ ျဖစ္ပြားခဲ့ၿပီး ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ဆုိင္ရာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ အသိေပးထားတာလည္း ေတြ႔ရပါတယ္။
ဒီျဖစ္ရပ္အေပၚ ထင္ေၾကးေပးေျပာဆိုမႈအမ်ိဳးမ်ိဳးရွိေနၿပီး အမ်ိဳးသမီးေြကေတာ့ ဆံပင္ကို ေခါင္းစီးထားဖို႔နဲ႔ အျပင္ထြက္ရင္ သတိထားေနၾကရၿပီ ျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာ မလံုျခံဳမႈေတြကို ေဒသခံအမ်ိဳးသမီးေတြ ခံစားေနရတယ္လုိ႔ သိရပါတယ္။
YBS ေပၚမွာလည္း ဆံပင္ရွည္တဲ့ မိန္းကေလးေတြကို ကပ္ေၾကးနဲ႔ ဆံပင္ျဖတ္ျခင္း၊ ပီေကနဲ႔ကပ္ျခင္း စသျဖင့္ ထိခိုက္ေစဖို႔ မ်ိဳးစံုလုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။ YBS ေပၚမွာ ဆံပင္ေတြ ေကာ္နဲ႔ အကပ္ခံလုိက္ရတဲ့ မိန္းကေလးတစ္ဦးရဲ႕ ကိုယ္ေတြ႔ျဖစ္ရပ္ကို ျပန္လည္ ေဖာ္ျပလုိက္ပါတယ္။
ညီမ ဒီတခါနဲ႔ဆို ဆံပင္ကို ေကာ္ေတြနဲ႔ အကပ္ခံရတာ ႏွစ္ခါရွိပါၿပီရွင့္။ ပထမတစ္ခါက ဆံပင္အတြင္းထဲထိ ႏိႈက္ညွပ္လိုက္ရပါတယ္ရွင့္။ အခု ဒီတခါကေတာ့ အျပင္ပုိင္းေလးကိုပဲ ကပ္သြားတာရွင့္။ ဘယ္လိုမွ လုပ္လို႔ မရပါဘူး ညွပ္လုိက္ရတယ္ရွင့္။
ေတာ္ေတာ္ယုတ္မာပါတယ္။ ညီမမ်က္ရည္ပါ က်ရပါတယ္။ YBS 12 Bus ေပၚမွာပါရွင့္။ မိန္းကေလးမ်ားအားလံုး ညီမလိုမျဖစ္ဖို႔ ဂရုစိုက္ၾကပါေနာ္။ ဆံပင္ေတြလဲ ကုန္ပါၿပီ။
အမ်ိဳးသမီးမ်ားကို ယခုလုိ ထူးထူးဆန္းဆန္းအၾကမ္းဖက္တဲ့ ပံုစံမ်ိဳး ယခုေနာက္ပိုင္းမွာ ခပ္စိတ္စိတ္ ေတြ႔ျမင္လာရတာေၾကာင့္ အထူးသတိထားဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ။္ ျဖစ္ႏုိင္ပါက ဆံပင္ကုိ စည္းေႏွာင္ျခင္း၊ က်စ္ဆံၿမီးက်စ္ျခင္း၊ ဆံထံုးထံုးျခင္း၊တို႔ လုပ္ေဆာင္သြားသင့္တယ္လုိ႔ အၾကံျပဳလုိက္ရပါတယ္။
Credit
Leave a Reply