အချို့သော ဟော့ပေါ့ အနှစ်တွေ၊ မာလာဟင်း အနှစ်တွေကို ဒီလိုဆီတွေနဲ့ ချက်တာပါတဲ့

အချို့သော ဟော့ပေါ့ အနှစ်တွေ၊ မာလာဟင်း အနှစ်တွေကို ဒီလိုဆီတွေနဲ့ ချက်တာပါတဲ့

အချို့သော ဟော့ပေါ့ အနှစ်တွေ၊ မာလာဟင်း အနှစ်တွေကို ဒီလိုဆီတွေနဲ့ ချက်တာပါတဲ့.. တရုတ်တွေ၊ ယိုးဒယားတွေ မြန်မာပြည်တွင်းကို ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Hot Pot အနှစ်တွေကို တွင်တွင်ကျယ်ကျယ် တင်သွင်းရောင်းချလာတယ်။

အဝစား Hot Pot တွေကို လူကြိုက်များလာတဲ့အခါ Hot Pot ဟင်းရည်တွေကို လုံလောက်စွာ ပြုတ်ဖို့ ဝက်ရိုး၊ ကြက်ရိုးတွေ လုံလုံလောက်လောက် မရှိတော့ အဝစား ဘူဖေးဆိုင်တွေမှာ

ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ တရုတ်ပြည်မှာဆို အဲလို အနှစ်တွေကို စားရန်မသင့်အဖြစ် သတ်မှတ်ထားတဲ့ ဟော့ပေါ့အနှစ်တွေကို သုံးလာကြတယ်။

အရင်က တရုတ်ပြည်မကြီး Hot Pot စားသောက်ဆိုင်ကြီးတွေက အမှိုက်စွန့်ပစ်တဲ့ မြောင်းတွေက ရေတွေကို ပြန်စုပ်ပြီး အပေါ်ဆီတွေ ပြန်ခပ်ယူကာ ဓာတုဆေးပစ္စည်းတွေနဲ့ ရောပြီး ဈေးပေါတဲ့ အရသာထူးတဲ့ ဟော့ပေါ့အနှစ်တွေ ထုတ်လုပ်ရောင်းချကြတယ်။

အဲဒါကို သိရှိပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့ကြလို့ အခုဆို သူတို့နိုင်ငံရဲ့ Hotpot ဆိုင်တွေမှာ ဓာတုဆေးတွေနဲ့ လုပ်တဲ့ Hotpot ဆိုင်တွေ တွေ့ရင် ဖမ်းဆီးအရေးယူမှုတွေ လုပ်လာကြတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ Hot Pot ကြိုက်တဲ့ အရှိန်ဟာ မြင့်တက်လာပြီး ရောင်းအားကောင်းလာတဲ့အခါမှာ လတ်ဆတ်တဲ့ ပြုတ်ရည်တွေရဖို့ ဝက်ရိုး၊ ကြက်ရိုး ပြုတ်ရမည့်ကုန်ကျစရိတ်နဲ့ နေရာ၊

ပြုတ်ရမည့်အချိန်တွေက ကြာလာလို့ ယိုးဒယား၊ တရုတ် စားသောက်ဆိုင်တွေက ကျန်တဲ့ Hotpot အရည်တွေကို ပြန်ပြီး အနှစ်လုပ်၊ ကုန်ကြမ်းအဖြစ်သုံးပြီး အနံ့အရသာတွေ ပြည့်ဝအောင် ဓာတုဆေးနဲ့ ပြန်စပ်ကာ

အဲဒီအနှစ်ထည့်လိုက်တာနဲ့ အလွန်အရသာရှိတဲ့ ပျစ်နှစ်တဲ့ ပြုတ်ရည်တွေရပြီး မြန်မာပြည်သားတွေ ရောဂါရအောင် တင်သွင်းရောင်းချလာ၊ ကျယ်ကျယ်ပြန့်ပြန့်ရောင်းလာကြတာကို စိတ်မကောင်းစွာတွေ့နေရတယ်။

FDA လူကြီးတွေလည်း အဲဒီ Hotpot ဓာတုဆေးနဲ့လုပ်ထားတဲ့ အနှစ်ပြုတ်ရည်တွေကို စားသုံးရန် သင့်မသင့် စစ်ဆေးပေးကြပါလို့ မေတ္တာရပ်ခံချင်မိတယ်။ မြန်မာပြည်သူတွေဟာ အိတ်ပေါက်နဲ့ ဖားကောက် နေကြတယ်။

ဆင်းရဲလို့ ပညာမတတ် အသိမရှိ၊ အသိမရှိတော့ လုပ်သင့် မလုပ်သင့် မခွဲခြား မဝေဖန်ပဲ ငါဟာ ရိုးရိုးသားသား ရှာစားနေတာပဲ ဆိုပြီး အသိမျိုးနဲ့ တချို့ဈေးသည်တွေဟာ မြန်မာပြည်သူအများ

ကျန်းမာရေးထိခိုက် နာတာရှည်ရောဂါတွေ ကင်ဆာတွေ အဖြစ်များတဲ့ အရာတွေကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။

သားငါးအစိမ်း၊ ငါးခြောက်တွေအပေါ် ယင်မနားစေရန် ပိုးသတ်ဆေးတွေ ဈေးတွေထဲမှာ အတော်များများ ရေထဲမှာထည့်ပြီး သုံးတတ်ကြတယ်။ ငှက်ပျောသီး သရက်သီးများကို

သယ်ယူပို့ဆောင်ခါနီးတွင် လမ်းမှာ အထားခံအောင် မမှည့်ဆေးတွေ သုံးထားကြလို့ ဈေးတွေထဲရောက်ရင် တော်ရုံမမှည့်တော့ မှည့်ဆေးတွေကို ရေထဲထည့်ပြီး ငှက်ပျောသီး၊ သရက်သီးတွေကို ဝင်းမှည့်ပြီး အရောင်လှစေရန် စိမ်တတ်ကြတယ်။

ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်တွေဆိုတာလည်း ရိတ်သိမ်းတဲ့နေရာကနေ အမှုန်ကြိတ်တဲ့နေရာအထိ သယ်ယူရာလမ်းတလျှောက်မှာ သေချာ ထုတ်ပိုး အခြောက်ခံထားခြင်းမရှိပဲ မိုးမိတဲ့အခါမှာ ကုန်ကြမ်းတွေဟာ

မိုးရေကြောင့် မှိုတွေ ပေါက်ဖွားကာ ကုန်ကြမ်းအဆင့်မှာတင် ကင်ဆာဖြစ်စေနိုင်လို့ စားသုံးရန်မသင့်တဲ့ အနေအထားရောက်နေတာတောင် မှိုတွေကို သန့်စင်ခြင်းမရှိတဲ့အပြင် အရောင်တင်မှုန့်

ငရူတ်သီးမှုန့်တွေ နီနီရဲရဲနဲ့ လှအောင် အရောင်တင်မှုန့်ကို ငရုတ်သီးမဟုတ်တဲ့ အမှုန့်တွေနဲ့ ဆိုးဆေးမှုန့်တွေရောထည့်ကာ ရောင်းဗန်းလှအောင် လုပ်ကြတော့ မြန်မာပြည်သူအများ ကင်ဆာရောဂါတွေ ငယ်ငယ်နဲ့ အဖြစ်များလာတယ်။

ဘယ်လောက်ကြိုးစားတဲ့ မြန်မာပြည်သူတွေ ဖြစ်နေပါစေ အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။ အလုပ်ကြိုးစားလို့ အသင့်အတင့် စုမိလာရင်ပဲ မိသားစုထဲမှာ နာတာရှည်ရောဂါတွေ ဖြစ်ပြီး စီးပွားပြန်ပျက် ဘဝပျက်ကြရတယ်။

အစိုးရက ကောက်တဲ့ အခွန်တွေထဲမှာလည်း ပြည်သူတွေအတွက် အခမဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက် ကုသဖို့အတွက် အခွင့်အရေးတွေ မြန်မာပြည်သူတွေဆီမှာ အခွန်ထမ်းထားကြပေမဲ့ တိုင်းတပါးလိုမျိုး အကျိုးပြန်ခံစားရတာမျိုး မရှိဘူး။

အလုပ်လုပ်ရင်း အခုလိုနေ့စဉ်စားသောက်နေရတဲ့ အစားအစာတွေကြောင့် ကျန်းမာရေးတွေ ထိခိုက်လာရင် အဲဒီမိသားစု ဘဝပျက်ရတယ်။ FDA က ငရုတ်သီးမှုန့် အရောင်တင်မှုန့်တွေ စစ်ဆေးတယ်။

မစားသင့်တဲ့ အရာတွေ ပါတယ်ဆိုတာ တွေ့ပေမဲ့ စက်ရုံလိုက် ဂိုဒေါင်ထဲမှာ ရှိသမျှ ငရုတ်သီးမှုန့်အရောင်တင်မှုန့်တွေကို ဖမ်းဆီး သိမ်းယူ ဖျက်ဆီးတာမျိုးတွေ မလုပ်ကြတော့

ဖမ်းတုန်းသာ ကြောက်ဟန်ပြုပြီး အဖမ်းအဆီး ငြိမ်တဲ့အခါမှာတော့ အဲဒီ ငရုတ်သီးမှုန့်တွေ စားသုံးရန် မသင့်ပုံစံအတိုင်း ပြန်လည်ရောင်းချကြတော့ နစ်နာတာက စားသုံးသူပြည်သူတွေပဲ ခံကြရတယ်။

ဖမ်းမိလို့ ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေတွေကလည်း သိန်းထောင်ဂဏန်းလောက်ပဲ အမြင့်ဆုံး ချမှတ်ထားတော့ ထောင်မကြောက် ဒဏ်ငွေ မကြောက်ပဲ ထင်တိုင်းကြဲနေကြတော့ နောက်ဆုံး ပြည်သူတွေပဲ နာတာရှည်ရောဂါ၊

ကင်ဆာဝေဒနာတွေ ခံစားပြီး သေပွဲဝင်ရတယ်။ ကျိုချက်ပြီး သဘာဝ နွားနို့စစ်စစ်တွေ ထုတ်ထားတဲ့ အိတ်အောက်ခြေမှာ ဘာအမှုန့်မှန်းမသိတာတွေ အဆီခဲလိုအရာတွေ ဆပ်ပြာဆီလို ကပ်နေတာကိုလည်း ဘာမှ မရောတဲ့ နွားနို့စစ်စစ်ဆိုပြီး တရားဝင်ရောင်းခွင့်ပေးထားတယ်။

ရေခဲချောင်း ၊ မာလကာသီ၊ ရှောက်သီး၊ ဆီးသီး၊ သစ်တော်သီး၊ ဂွေးသီးတွေ စိတ်ရောင်းတဲ့အခါမှာ ပါဝါသကြားအမှုန့်နဲ့ ငရုတ်သီးမှုန့်ဆားမှုန့်တွေကို ဖြူးပေးတတ်တယ်။ ရှမ်းခေါက်ဆွဲဆိုင်၊ ကြေးအိုးဆီချက်၊

မုန့်ဟင်းခါးဆိုင်တွေက အစ ပါဝါသကြားကို သုံးကြလို့ စာဒပြီးရင် ရေအလွန်ငတ်ရခြင်းဖြစ်တယ်။ အခုခေတ်စားနေတဲ့ မာလာရှမ်းကော၊ Hotpot တွေမှာလည်း အရသာပိုထိစေရန် ပါဝါသကြားကို ထည့်သုံးကြတယ်။

ပေါက်စီနဲ့ တခြားဟင်းလျာတွေမှာလည်း အရသာပိုထူးရန် အချိုမှုန့်အပြင် ပါဝါသကြားကို ထည့်သုံးကြတယ် ။

ဘီစကစ် ကိတ်ခြောက် ကိတ်မုန့် ဝေဖာတွေမှာလည်း သုံးတတ်ကြတယ်။ခေါက်ဆွဲသုတ်၊ စမူဆာ ၊ ပေါက်စီ၊ အာလူးချောင်း၊ ပဲပြားချောင်း၊ တုံချိုင်းအကင်၊

အကြော်တွေမှာဆို ပါဝါသကြားတွေ သုံးတဲ့အပြင် အပေါစား အရောင်ဆိုးဆေးနဲ့ လုပ်ထားတဲ့ ငရုတ်ဆီ၊ အချဉ်ခဲတွေနဲ့ ဈေးပေါပေါရောင်းနိုင်အောင် လုပ်စားကြတယ်။

ရေခဲချောင်း၊ ရေခဲမုန့်၊ မစ်ရှိတ် ထုတ်လုပ်ရောင်းချသူတချို့က ပါဝါသကြား ဆိုးဆေး အနံ့တုတွေ သုံးတဲ့အပြင် အသီးတု မစ်ရှိတ်ထုတ်တွေကို သုံးကြတယ်။

အခု လူငယ်တွေကြား အကြိုက်များနေတဲ့ ပုလဲဆိုတဲ့ ကောင်ညှင်းအစေ့လုံးတွေဟာ အစာခြေစနစ်ကို ထိခိုက်ပြီး အစာမကြေဖြစ်ကာ လူငယ်တွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အစာအိမ်ရောဂါတွေ ဖြစ်လာကြတယ်။

ပိုဆိုးတာက မြန်မာနိုင်ငံမှာ တခုကို သိထားရင် တခြားဆိုးကျိုးကို မမြင်တတ်ကြတော့ဘူး။ ဒီဆိုင်က နေကြာဆီသုံးတိုင်း ဆီသန့်တာ ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးမဟုတ်ဘူး ။

ဆီတိုင်း နှစ်ခါပြန်ကြော်ရင်၊ သတ်မှတ်ထားတဲ့ မီးပြင်းအားထက်ပို ကြော်မိရင် နေကြာဆီ ဘယ်လောက်စစ်စစ် ဆီရဲ့သဘာဝအရ စားသုံးရန် မသင့်တဲ့ အခြေအနေရောက်သွားပြီ။

ဒါကြောင့် မြန်မာဟင်းတွေ ဆီသန့်သန့်နဲ့ ရောင်းတဲ့ဆိုင်တွေမှာ လာစားနေကျ ဖောက်သည်အများစုဟာ အဝလွန်ပြီး ဝဖိုင်းဝဖိုင်းတွေဖြစ်ကာ အသည်းအဆီဖုံး၊

နှလုံးသွေးကြောပိတ်ရောဂါတွေ လူပိန် လူဝ နှစ်မျိုးလုံး အဖြစ်များလာတာတွေ့ရတယ်။ မြန်မာဟင်းတွေ စားကောင်းတယ်။ ဆီသန့်တဲ့ဆိုင် စားတဲ့သူတွေပဲ အဆီပိတ်ရောဂါ၊ သွေးတိုး၊

ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသဲအဆီဖုံးတာတွေ ဖြစ်တာ များလို့ သတိထားကြပါလို့။

လမ်းဘေးထမင်းဆိုင်တွေမှာတော့ မသန့်ရှင်းလို့ ကူးစက်ရောဂါတွေ ဖြစ်တတ်ပေမဲ့ လမ်းဘေးဆိုင်အများစုဟာ တန်ဖိုးနည်းဖြစ်လို့ မြန်မာဟင်းတော်တော်များများ အပေါ်ဆီလေးသာ မြင်ရပြီး

ရေလုံပြုတ် ဆီပြန်ဖြစ်လို့ အဲလိုရောဂါတွေ လူချမ်းသာတွေလောက် မဖြစ်တတ်ကြောင်း ပြောပြရင်းနဲ့ ပြည်သူအပေါင်း ရှောင်နိုင်ပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။

Aung Kyaw Oo


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *