မကြိုးစားပဲ လွဲသွားတဲ့ နောင်တမျိုးတော့ မဖြစ်စေနဲ့ (ဘဝအတွက် မှတ်သားစရာများ)

ဘဝအတွက် မှတ်သားစရာများ…..

၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။

၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ဝင်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။

၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်းသွားတတ်တယ်။

၄။ လူ့ ဘဝခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။

၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ်။

၆။ သင့်ရဲ့ အိမ်နီးနားချင်း မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့၊ သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ။

ရ။ သင်တစ်ဘဝလုံးမှာ တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်မယ် အဲဒါကတော့ သင်အိုသွားခြင်းပါပဲ။

၈။ သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ။

၉ ။ အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ။ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။

၁၀။ ကြိုးစားပြီးမှ နောင်တရရင် ရပါစေ၊ မကြိုးစားပဲ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး။

Credit to Original Writer

Zawgyi. .

ဘဝအတြက္ မွတ္သားစရာမ်ား…..

၁။ ေရညစ္တစ္စက္ေၾကာင့္ ေရၾကည္တစ္ခြက္ ညစ္ပတ္သြားတယ္။ ေရၾကည္တစ္စက္ေၾကာင့္ ေရညစ္တစ္ခြက္ ဘယ္ေတာ့မွ ၾကည္လင္လာမွာ မဟုတ္ပါဘူး။

၂။ ဘယ္သူ႕မွ ခိုးယူမသြားနိုင္တဲ့ အရာသုံးမ်ိဳး ရွိတယ္။ ဗိုက္ထဲကို ဝင္ၿပီးတဲ့ အစာ၊ စိတ္အတြင္းထဲက အိပ္မက္နဲ႕ ဦးေနာက္ထဲအထိ ဖတ္မွတ္ထားတဲ့ စာေကာင္းေပမြန္မ်ား ျဖစ္ပါတယ္။

၃။ ျမင္းေတြဟာ ေပ်ာ့ေျပာင္းတဲ့ လမ္းေပၚမွာ ခြာလိပ္သြားတတ္တယ္။ လူေတြဟာလည္း ခ်ိဳျမေသာစကားသံမ်ားၾကားမွာ ႏွစ္မြန္းသြားတတ္တယ္။

၄။ လူ႕ ဘဝခရီးမွာ ကံဆိုးျခင္းနဲ႕ ကံေကာင္းျခင္းဆိုတာ သဲသဲကြဲကြဲ မခြဲထားပါဘူး။ ကံဆိုးျခင္းကေန ႐ုန္းထြက္နိုင္ရင္ ကံေကာင္းျခင္းျဖစ္ၿပီး၊ ကံေကာင္းျခင္းအေပၚ ဇိမ္ခံေနရင္ ကံဆိုးျခင္း ျဖစ္လာမွာပါ။

၅။ တကယ္လို႔ သင္စာမဖတ္ခဲ့ဘူး ဆိုရင္ မိုင္ေပါင္း တစ္ေသာင္း ခရီးထြက္ရင္လည္း စာပို႔လုလင္အဆင့္သာျဖစ္တယ္။

၆။ သင့္ရဲ႕ အိမ္နီးနားခ်င္း မနက္ ( ၂ )နာရီအထိ စႏၵာယားတီးေနရင္လည္း စိတ္မဆိုးပါနဲ႕၊ သူ႕ကို မနက္ ( ၄ )နာရီမွာႏွိုးၿပီး နားေထာင္လို႔ အရမ္းေကာင္းေၾကာင္း ေျပာျပလိုက္ပါ။

ရ။ သင္တစ္ဘဝလုံးမွာ ေတာက္ေလွ်ာက္သာ ေစာင့္ေမွ်ာ္ေနမယ္ဆိုရင္ ေျပာင္းလဲမူ တစ္ခုသာ ျဖစ္ေပၚမယ္ အဲဒါကေတာ့ သင္အိုသြားျခင္းပါပဲ။

၈။ သူငယ္ခ်င္းအစစ္ဆိုတာ ေျပာမကုန္တဲ့ စကားေတြ ရွိေနတာမဟုတ္ပါဘူး။ ေျပာစရာမရွိတဲ့ အခ်ိန္လည္း ေအာင့္သက္သက္ မခံစားရျခင္းပါ။

၉ ။ အခ်ိန္ဟာ စိတ္အနာကို ကုစားနိုင္တဲ့ သမားေတာ္ႀကီးပါ။ ျပႆနာကို ေျဖရွင္းေပးနိုင္တဲ့ ဆရာႀကီးေတာ့ မဟုတ္ပါဘူး ။

၁၀။ ႀကိဳးစားၿပီးမွ ေနာင္တရရင္ ရပါေစ၊ မႀကိဳးစားပဲ လြဲသြားတဲ့ ေနာင္တမ်ိဳးေတာ့ မလိုခ်င္ဘူး။

Credit to Original Writer


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *