ဆရာတော်ကြီးတွေပြောကုန်ပြီဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့

ဆရာတော်ကြီးတွေပြောကုန်ပြီဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့

ဒ္ဓဘာသာဝင်တိုင်း သိထားသင့်ပါတယ်။

ဆရာတော်ကြီးတွေပြောကုန်ပြီဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့။

မခွဲမစိတ်ပါဘဲ သစ်သီးတွေရက်ရှည်ဘုရားရှေ့လှူလို့မထိုက်ပါဘူး။

သတိထားစရာပါ၊ကုသိုလ်မရရင်နေပါစေ အကုသိုလ်ကံတော့ အဖြစ်မခံနိုင်ပါ။

သာသနာ နှင့် ကန်တော့ပွဲ

ကျွန်ုပ် = ဒကာ အဲ့ဒါ ဘာလုပ်ဖို့လဲ ။

ဒကာ = ကန်တော့ပွဲ ဘုရား ။

ကျွန်ုပ် = ကန်တော့ပွဲတော့ ကျုပ်လည်းမြင်တာပေါ့ ၊ ဘာလုပ်ဖို့လဲလို့မေးတာ ဒကာရဲ့။

ဒကာ = “သာသနာပွဲ”လေ ၊ ဘုရားရှေ့မှာ ထားမလို့ဘုရား ။

ကျွန်ုပ် = ဒါဆို မထားနဲ့ ၊ ပြန်ယူသွားတော့ “သာသနာ”ဆိုတာ အဆုံးအမကို ပြောတာ ။ “သာသနာ”ကိုလေးစားရင်ဘုရားအဆုံးအမအတိုင်းနေ ။

ဒကာ = လူကြီးတွေက ထားခိုင်းလို့ပါ ဘုရား ။

ကျွန်ုပ် = အဲဒီလူကြီးဆိုတဲ့ လူကြီးတွေကို ပြောလိုက်ပါ ။ တို့ဘုရားက ညနေစာ မဘုဉ်းပေးဘူး အုန်းသီး ငှက်ပျောသီးဆိုတာ စားစရာတွေဖြစ်တဲ့အတွက် ဘုရားရှေ့မှာ ရက်ရှည်လများ အကြာကြီးမထားနဲ့ ။

လုံးဝ မသင့်တော်ဘူး ။ အားလုံး”ဒိဋ္ဌဓမ္မကံ”တွေ ထိုက်ကုန်လိမ့်မယ်လို့ ။

ဒကာ = တင်ပါ့ တပည့်တော် ပြန်ပြောလိုက်ပါ့မယ် ဘုရား ။

မှတ်ချက်//မခွဲ မခြမ်း အလုံးလိုက်သော

သစ်သီးများကို ရဟန်းတော်များ

ကိုယ်တိုင် ခွဲခြမ်း၍ မသုံးဆောင်အပ်ပါ

သုံးဆောင်လျှင် အာပတ် သင့်၏ ။

အကယ်၍ သစ်သီးများ ကပ်လှူလိုလျှင်သုံးဆောင်နိုင်လောက်သောအတုံးကလေးများ ပြုလုပ်၍သာကပ်လှူကောင်းပါသည်။

ငှက်ပျောသီး ကဲ့သို့ မှည့်မှစား၍ရသော အသီးများကိုအစိမ်းသက်သက် အခိုင်လိုက်ဘုရားခန်းတွင် မကပ်လှူအပ်ပါ။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

ကျွဲကူးဆိပ် ဖိုးသိန်း /ထပ်ဆင့်မျှဝေသည်။

(အခုခေတ်မှာ လုပ်သင့် မလုပ်သင့်မသိပဲ ငွေကြေး အကုန်ကျခံပြီးလုပ်နေကြသူများ အတွက်ရည်ရွယ်ပါသည်။)

Zawgyi

ဆရာေတာ္ႀကီးေတြေျပာကုန္ၿပီဒိ႒ဓမၼကံ ထိုက္လိမ့္မယ္တဲ့

ဒၶဘာသာဝင္တိုင္း သိထားသင့္ပါတယ္။

ဆရာေတာ္ႀကီးေတြေျပာကုန္ၿပီဒိ႒ဓမၼကံ ထိုက္လိမ့္မယ္တဲ့။

မခြဲမစိတ္ပါဘဲ သစ္သီးေတြရက္ရွည္ဘုရားေရွ႕လႉလို႔မထိုက္ပါဘူး။

သတိထားစရာပါ၊ကုသိုလ္မရရင္ေနပါေစ အကုသိုလ္ကံေတာ့ အျဖစ္မခံနိုင္ပါ။

သာသနာ ႏွင့္ ကန္ေတာ့ပြဲ

ကၽြန္ုပ္ = ဒကာ အဲ့ဒါ ဘာလုပ္ဖို႔လဲ ။

ဒကာ = ကန္ေတာ့ပြဲ ဘုရား ။

ကၽြန္ုပ္ = ကန္ေတာ့ပြဲေတာ့ က်ဳပ္လည္းျမင္တာေပါ့ ၊ ဘာလုပ္ဖို႔လဲလို႔ေမးတာ ဒကာရဲ့။

ဒကာ = “သာသနာပြဲ”ေလ ၊ ဘုရားေရွ႕မွာ ထားမလို႔ဘုရား ။

ကၽြန္ုပ္ = ဒါဆို မထားနဲ႔ ၊ ျပန္ယူသြားေတာ့ “သာသနာ”ဆိုတာ အဆုံးအမကို ေျပာတာ ။ “သာသနာ”ကိုေလးစားရင္ဘုရားအဆုံးအမအတိုင္းေန ။

ဒကာ = လူႀကီးေတြက ထားခိုင္းလို႔ပါ ဘုရား ။

ကၽြန္ုပ္ = အဲဒီလူႀကီးဆိုတဲ့ လူႀကီးေတြကို ေျပာလိုက္ပါ ။ တို႔ဘုရားက ညေနစာ မဘုဥ္းေပးဘူး အုန္းသီး ငွက္ေပ်ာသီးဆိုတာ စားစရာေတြျဖစ္တဲ့အတြက္ ဘုရားေရွ႕မွာ ရက္ရွည္လမ်ား အၾကာႀကီးမထားနဲ႔ ။

လုံးဝ မသင့္ေတာ္ဘူး ။ အားလုံး”ဒိ႒ဓမၼကံ”ေတြ ထိုက္ကုန္လိမ့္မယ္လို႔ ။

ဒကာ = တင္ပါ့ တပည့္ေတာ္ ျပန္ေျပာလိုက္ပါ့မယ္ ဘုရား ။

မွတ္ခ်က္//မခြဲ မျခမ္း အလုံးလိုက္ေသာ

သစ္သီးမ်ားကို ရဟန္းေတာ္မ်ား

ကိုယ္တိုင္ ခြဲျခမ္း၍ မသုံးေဆာင္အပ္ပါ

သုံးေဆာင္လၽွင္ အာပတ္ သင့္၏ ။

အကယ္၍ သစ္သီးမ်ား ကပ္လႉလိုလၽွင္သုံးေဆာင္နိုင္ေလာက္ေသာအတုံးကေလးမ်ား ျပဳလုပ္၍သာကပ္လႉေကာင္းပါသည္။

ငွက္ေပ်ာသီး ကဲ့သို႔ မွည့္မွစား၍ရေသာ အသီးမ်ားကိုအစိမ္းသက္သက္ အခိုင္လိုက္ဘုရားခန္းတြင္ မကပ္လႉအပ္ပါ။

ဆရာေတာ္ဦးေဇာတိက(မဟာၿမိဳင္ေတာရ)

ကၽြဲကူးဆိပ္ ဖိုးသိန္း /ထပ္ဆင့္မၽွေဝသည္။

(အခုေခတ္မွာ လုပ္သင့္ မလုပ္သင့္မသိပဲ ေငြေၾကး အကုန္က်ခံၿပီးလုပ္ေနၾကသူမ်ား အတြက္ရည္ရြယ္ပါသည္။)

 


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *