“ ရင်မှာ မျက်ရည်စတွေနဲ့ ၊ ငိုခဲ့ရပေါ့ “

“သာထူးတစ်ယောက်နဲ့တော့ စိတ်ညစ်ပါတယ် ညီမရယ်”

ကျောင်းရောက်မဆိုက် ကြားလိုက်ရတဲ့ လက်ထောက် ဆရာမရဲ့ ညည်းသံ။ သူ ညည်းလည်း ညည်းရှာပေမယ်။ ဒီသာထူးဟာ သူ့အတန်းမှာ အသက်အကြီးဆုံးနဲ့ လူကောင်အထွားဆုံး။ အစအနောက်သန်တဲ့အထဲ အဆဲ အဆိုလေးပါစွက်ချင်လို့ ဆရာမတွေက ခဏခဏ ဆူရ ငေါက်ရတဲ့သူ။

ရန်ဖြစ်ကြပြီဟေ့ဆိုရင် တစ်ဖက်လူ ဘယ်သူလဲသာ မေး။ ကျန်တစ်ဖက်က သာထူးဆိုတာ ကျိန်းသေ။ ကလေး တွေ အပြောအရ ရွာထဲမှာလည်း သူက လက်စလက်န ရှိတယ်ဆိုပဲ။ တစ်ခါက အတန်းဖော်တွေနဲ့ရန်ဖြစ်တော့ သူ့ကို ငတက်ပြားခေါ်ရပါ့မလားလို့ လက်သီးစွမ်းပြလိုက် တာ တစ်ဖက်ကလေးမှာ ရှေ့သွားနှစ်ချောင်းကျိုးပါလေ ရောလား။ ပါလေရာငပွ …ထီခနဲဆို စီခနဲဆိုတဲ့ သာထူး။

အဆော့မက်ချက်ကလည်း တရုတ်ပြည်က စွန်းဝူခုန်း မြန်မာပြည်ထဲ မျက်စိလည်ပြီး သူ့အမေဗိုက်ထဲ ဝင်စား သလားမှတ်ရ။ တစ်ခါကလည်း ကျောင်းပိတ်ရက်ကြီးကို ကျောင်းပေါ်ခိုးတက်သတဲ့။ ကျောင်းတိုင်ကနေ တွယ် တက်ပြီး ဂျက်ချထားတဲ့ပြတင်းတံခါးကို ရအောင်ဖွင့်တက် တာ။ တခြားကလေးတွေက လာတိုင်တော့မှ ဒင်းကို ခေါ်စစ်ရတယ်။

ဖြစ်ပုံက သောကြာနေ့ညနေ ကျောင်းဆင်းတော့ ပြန်ချင်ဇောနဲ့ လွယ်အိတ်မေ့ခဲ့တယ်ဆိုပဲ။ ပိတ်ရက်မှာ သင်္ချာအိမ်စာတွက်မထားရင် ကျောင်းဖွင့်ရက် အဆော်ခံ ရမှာကြောက်ပြီး လွယ်အိတ်ကိုတက်ယူတာပါလို့ မျက်နှာ ငယ်ငယ်နဲ့ ဖြေရှင်းလာတဲ့ သာထူး။ နောက်မလုပ်ရဲအောင် တော့ တော်တော်လေးဆူပေးလိုက်ရတယ်။ ဒီအဖြစ်ကို ကြည့်ပြီး သာထူးတစ်ယောက်ဟာ စာတော့အာရုံစိုက်ရှာ သားပဲလို့ မထင်လိုက်နဲ့နော်။ အဆော့မှာထိပ် စာမှာဘိတ် ဆိုတာ သာထူးရဲ့ဂုဏ်ပုဒ်။

လူတကာနဲ့ ရန်ဖြစ်ချင်တဲ့ သာထူး။ အဆော့မက် သလောက် အဆဲသန်တဲ့သာထူး။ ကျောင်းတက် မှန် သလောက် စာဖျင်းလှတဲ့ သာထူး။ ဒီသာထူးဟာ ကျွန်မ ကိုတော့ အတော်ခင်ရှာတဲ့သူပါ။ သူ့ကို ဘယ်သူကမေးမေး ကျောင်းအုပ်ဆရာမကြီးကို အချစ်ဆုံးတဲ့။ ချစ်ရခြင်း အကြောင်းက တခြားတော့မထင်နဲ့။ ပုံပြင်ပြောပြလို့၊ ကဗျာတွေ သင်ပေးလို့တဲ့လေ။

သာထူးဟာ မနက်အစောကြီး ကျောင်းလာ။ ဝန်ထမ်း အိမ်မှာနေတဲ့ ကျွန်မအတွက် ရေခပ်ရမလား၊ ထင်းသယ် ပေးရမလား၊ ဈေးဝယ်ရမလား ကျွန်မ ဝေယျာဝစ္စအားလုံး ကန်ထရိုက်ဆွဲထားတဲ့ကလေး။ တစ်ခါတလေများဆို ကျွန်မအတွက် တောပန်းတောင်ပန်းလေးတွေပါ ယူလာ ပေးတတ်သေးရဲ့။ ကျွန်မက သူ့အတွက် စာအုပ်၊ ခဲတံလေး တွေ၊ မောင်လေးအင်္ကျီတစ်ပတ်နွမ်းလေးတွေ၊ ဆပ်ပြာ အမွှေးခဲလေးတွေ၊ သနပ်ခါးခဲလေးတွေ လက်ဆောင် ပြန် ပေးတဲ့အခါ သူ့ခမျာ ရွာထဲမယ်ကြွားမဆုံးပေါ့။

ကျွန်မတို့ ဆရာ ဆရာမဆိုတာကလည်း ကိုယ့်ဆီ ရောက်လာတဲ့ကလေးမှန်သမျှ ဘယ်သူမွေးမွေး ငါ့ကလေး ပဲ တွေးကြတာလေ။ တပည့်တွေကို စာတော်တော့လည်း တော်လို့ချစ်ရတယ်။ စာညံ့တဲ့သူကျ သနားရပြန်ရော။ လိမ္မာအလိုက်သိတဲ့ကလေးကို ကြင်နာရသလို၊ ဆိုးဆိုး ပေပေ တပည့်တွေကိုလည်း တစ်မျိုးသံယောဇဉ်ပိုရပြန် ရော။ ခုလည်း ဒီလိုပေါ့။ သာထူးဆိုးမှန်းပေမှန်း သိပေမယ့် သူလည်း ကိုယ့်သားသမီးထဲက တစ်ယောက်ပဲမဟုတ် လား။ ချစ်ရပြန်တာပဲပေါ့ရှင်။ သူကလည်း အပါးလေး။ ဘယ်သူ့အပေါ်ဆိုးဆိုး ကျွန်မ မငြိုငြင်အောင်တော့ နေတတ်ပါ့။

ဒါပေမယ့် တစ်နေ့မှာတော့ သာထူးနဲ့ ကျွန်မ ထိပ်တိုက်တွေ့ရပါတော့တယ်။ ရွာထဲက အဘွားစိန်ရဲ့ ခြံထဲခိုးဝင်ပြီး မာလကာပင်တက်ရင်း လမ်းကြုံအနေနဲ့ ဘဲဥတွေပါခိုးသတဲ့လေ။ အဘွားကမိတော့ တောင်ဝှေးနဲ့ ရိုက်။ အဲဒီမှာ ဒင်းကထွက်ပြေးရင်း မိုက်မိုက်ရိုင်းရိုင်း တွေ ပြန်ဆဲရုံသာမက လောက်လေးနဲ့ပါပစ်လို့ဆိုပြီး အဘွားက ငိုကြီးချက်မနဲ့ ကျွန်မဆီလာတိုင်ပါတော့တယ်။

ကျွန်မလည်း တော်တော်စိတ်ဆိုးပြီး သာထူးကိုခေါ်။ “နင်က ကျောင်းသားလား၊ သူခိုးလား။ သူခိုးကြီးရင် ဓားပြဖြစ်မယ်။ ဓားပြကနေ သူပုန်ဖြစ်မယ်။ ဒီလောက် တောင် မိုက်ရသလား။ နောက်ဒါမျိုးလုပ်ဦးမလား´´နဲ့ ပါးစပ် ကလည်းပြော။ မတုန်မလှုပ်နဲ့ ခေါင်းကြီး ငုံ့ခံနေတဲ့ သာထူးပခုံးကို လက်ကလည်း ခပ်ကြမ်းကြမ်းလှုပ်ယမ်း တွန်းထိုးနေမိပါတယ်။

သူက ငြိမ်ခံနေလေ ကျွန်မက ဒေါသထွက်လေ။ ဒါနဲ့ပဲ တုတ်ကိုဆွဲပြီး “နင့်ကိုငါ ကျောင်းထုတ်လိုက်ရမလား။ နင် ကျောင်းထွက်မလား ပြောစမ်း …ပြောစမ်း´´နဲ့ ဆိုဆိုပြီး တင်ပါးကို သုံးလေးချက်ဆင့်ရိုက်မိပါတယ်။ ဘယ်လို ပြောပြော ငြိမ်ခံနေတဲ့ သာထူးဟာ ကျောင်းထုတ်မယ်ဆို တော့မှပဲ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး “နောက်မလုပ်တော့ပါ ဘူး ဆရာမရဲ့။ ကျောင်းမထုတ်ပါနဲ့ ဆရာမရဲ့´´နဲ့ ငိုယို တောင်းပန်ပါတော့တယ်။ လက်ကလည်း တင်ပါးလေး ပွတ်ကာပွတ်ကာနဲ့ပေါ့။

ကျွန်မလည်း ဒေါသအလျောက် ရိုက်ပြီးမှ အခန်း ထောင့်ကတိုင်ကိုမှီပြီး တရှုံ့ရှုံ့ရှိုက်နေတဲ့ သာထူးကြောင့် စာသင်ရတာမဖြောင့်တော့ဘဲ စိတ်မကောင်းဖြစ်နေရပါ တော့တယ်။ ညနေကျောင်းဆင်းတဲ့အထိ စိတ်မှာတနုံ့နုံ့။ အိမ်ပြန်ရောက်လို့ အမေ့ကို အကျိုးအကြောင်းပြောပြ တော့ “ဖြစ်ရလေ သမီးရယ်။ အများနဲ့မတူတဲ့ ကလေး တိုင်းမှာ အများနဲ့မတူတဲ့ ဘဝနောက်ခံအခြေအနေရှိတတ် တယ်။ သူ့ကို ဆုံးမပဲ့ပြင်ချင်ရင် သူ့ရဲ့ မိသားစုနောက်ခံ အခြေအနေနဲ့ လိုအပ်ချက်ကို သိအောင်လုပ်ရတယ်။ သမီးတို့တွေ ပညာရေးစိတ်ပညာ သင်ခဲ့ဖူးသားနဲ့။ဆုံးမ ချင်တာ အလျင်မလိုပါနဲ့သမီး။ စုံစမ်းပါဦး”လို့ အမေက အကြံဉာဏ်ပေးပါတယ်။

ဒါနဲ့ပဲ ရွာထဲစနည်းနာကြည့်တော့ သာထူးမိသားစု အကြောင်း စိတ်မကောင်းစရာ သိရပါတော့တယ်။ သူ ငါးနှစ်သားမှာ အဖေက မြွေကိုက်လို့သေ။ အမေက နောက် အိမ်ထောင်ထူ။ ပထွေးက အရက်သမား။ ပထွေးကို အမေလုပ်သူက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့အခါ သာထူးတို့လည်း ဘယ်ခေါင်းဖော်နိုင်ပါ့မလဲ။ ကျောင်း ဖွင့်ချိန် ကျောင်းအပ်ပေးပြီးရင် တာဝန်ကျေပြီထင်တဲ့ အမေ။ အိမ်တကာလည်ဖို့လောက် အလေးထားပြီး သား သမီးရဲ့ နေရေး စားရေး ပညာရေးကို နည်းနည်းမှ စိတ် မဝင်စားတဲ့အမေ။ အချိန်တိုင်းလိုလို မူးနေတတ်ပြီး မြင်မြင် သမျှ အပြစ်ရှာရိုက်နှက်ချင်တဲ့ ပထွေး။ ဒီလူတွေ စိတ် အလိုမကျသမျှ အဆူခံ အဆဲခံ အရိုက်ခံရတာက ကျွန်မ တပည့် သာထူးလေး။

တစ်ခါမှာဆို အမေလုပ်သူက လင်အမူးသမား အပြစ်တင်မခံရရေး ထမင်းအိုးတစ်လုံးချ။ ငါးသေတ္တာ လေး တစ်ဘူးကြော်ပြီး အိမ်လည်ထွက်သွားတယ်ဆိုပဲ။ သားဖြစ်သူကို မှာခဲ့ပုံက “ဒီနေ့ ဆီဆမ်းစားလိုက်တော့ သာထူး။ ဟင်းက နင့်အဖေဖို့နော်။ ပြီးရင် ကျောင်းသွား တော့။ အိမ်မှာ ကစားမနေနဲ့။ နင့်အဖေနိုးလာဦးမယ်´´တဲ့။ အမေလုပ်သူ ရွာထဲအဆင်း။ သာထူးလေးတစ်ယောက် နောက်ဖေးအမှိုက်ပုံဆင်းပြီး ငါးသေတ္တာဘူးခွံရှာပါလေ ရော။ တွေ့တဲ့အခါ လက်ညှိုးနဲ့ကော်။ အားမရတော့ လျှာနဲ့လျက်။ လျှာကို ဘူးခွံပြတ်စရှလို့ ခမျာမှာ အဲဒီနေ့ စာတောင်မဆိုနိုင်ဘူးဆိုပဲ။ ဖြစ်ရလေ သာထူးရယ်။

အိမ်မှာ ကြင်ကြင်နာနာ ဆက်ဆံတာ မခံခဲ့ရတဲ့ ကလေး။ သူများအပေါ် ရက်စက်တတ်တာ ဘာဆန်းမှာ လဲ။ အမြဲ ဆိုဆဲရိုက်ပုတ်ခံနေရတဲ့ကလေး။ သူများတွေ ကို ရန်လိုတတ်လာတာ ဘာဆန်းမှာလဲ။ အစားဆင်းရဲ အနေဆင်းရဲနဲ့ ဥပေက္ခာပြုခံနေရတဲ့ကလေး။ စာရိတ္တ ပျက်ယွင်းလာတာ ဘာဆန်းမှာလဲ။

အိမ်မှာမပျော်လို့ ကျောင်းရောက်ပြန်တော့ ငတက်ပြား၊ ငပွကြီး နာမည်ဆိုးတွေနဲ့ အများကကြဉ်ခံရတဲ့ကလေး။ မလိမ္မာတာ စာမတော်တာ ဘာဆန်းမှာလဲ။

ဒါတွေကိုသိအောင်မကြိုးစားဘဲ တုတ်စွမ်းပြခဲ့တဲ့ ကျွန်မ ခုတော့ နောင်တမျက်ရည်တွေနဲ့ စိတ်မကောင်း ဖြစ်နေရ ပါတော့တယ်။ ကျွန်မတို့ ဆရာ ဆရာမတွေက လည်း ကလေးတွေကို ဆုံးမပဲ့ပြင်တဲ့နေရာမှာ တတ်သိ လိမ္မာစေချင်တဲ့ စေတနာ မေတ္တာတွေ အရင်းခံကြတာ ဖြစ်ပေမယ့် ကလေးတိုင်းအတွက် ပေတံတစ်ချောင်းတည်း နဲ့ တိုင်းတာအကဲဖြတ်နေလို့ မမှန်ကန်ဘူးဆိုတာ ခုတော့ ကျွန်မသိပါပြီ။ နားလည်ပါပြီ။

မတူညီတဲ့ကလေးတိုင်းမှာ မတူညီတဲ့ ဘဝနောက်ခံတွေ ရှိနေတတ်ကြတယ်ဆိုတာ သာထူးက ကျွန်မကိုသင်ခန်းစာပေးခဲ့ပါပြီ။

ဪ တစ်ခါတလေမှာတော့ ရိုက်သောသူပါ ငိုရ တာမျိုးလည်း ရှိတတ်ပါလားရှင်။ ။

အေးမြတ်မြတ်ဖြိုး(ကံမ)

“သာထူးတစ္ေယာက္နဲ႔ေတာ့ စိတ္ညစ္ပါတယ္ ညီမရယ္”

ေက်ာင္းေရာက္မဆိုက္ ၾကားလိုက္ရတဲ့ လက္ေထာက္ ဆရာမရဲ႕ ညည္းသံ။ သူ ညည္းလည္း ညည္းရွာေပမယ္။ ဒီသာထူးဟာ သူ႔အတန္းမွာ အသက္အႀကီးဆုံးနဲ႔ လူေကာင္အထြားဆုံး။ အစအေနာက္သန္တဲ့အထဲ အဆဲ အဆိုေလးပါစြက္ခ်င္လို႔ ဆရာမေတြက ခဏခဏ ဆူရ ေငါက္ရတဲ့သူ။

ရန္ျဖစ္ၾကၿပီေဟ့ဆိုရင္ တစ္ဖက္လူ ဘယ္သူလဲသာ ေမး။ က်န္တစ္ဖက္က သာထူးဆိုတာ က်ိန္းေသ။ ကေလး ေတြ အေျပာအရ ႐ြာထဲမွာလည္း သူက လက္စလက္န ရွိတယ္ဆိုပဲ။ တစ္ခါက အတန္းေဖာ္ေတြနဲ႔ရန္ျဖစ္ေတာ့ သူ႔ကို ငတက္ျပားေခၚရပါ့မလားလို႔ လက္သီးစြမ္းျပလိုက္ တာ တစ္ဖက္ကေလးမွာ ေရွ႕သြားႏွစ္ေခ်ာင္းက်ိဳးပါေလ ေရာလား။ ပါေလရာငပြ …ထီခနဲဆို စီခနဲဆိုတဲ့ သာထူး။

အေဆာ့မက္ခ်က္ကလည္း တ႐ုတ္ျပည္က စြန္းဝူခုန္း ျမန္မာျပည္ထဲ မ်က္စိလည္ၿပီး သူ႔အေမဗိုက္ထဲ ဝင္စား သလားမွတ္ရ။ တစ္ခါကလည္း ေက်ာင္းပိတ္ရက္ႀကီးကို ေက်ာင္းေပၚခိုးတက္သတဲ့။ ေက်ာင္းတိုင္ကေန တြယ္ တက္ၿပီး ဂ်က္ခ်ထားတဲ့ျပတင္းတံခါးကို ရေအာင္ဖြင့္တက္ တာ။ တျခားကေလးေတြက လာတိုင္ေတာ့မွ ဒင္းကို ေခၚစစ္ရတယ္။

ျဖစ္ပုံက ေသာၾကာေန႔ညေန ေက်ာင္းဆင္းေတာ့ ျပန္ခ်င္ေဇာနဲ႔ လြယ္အိတ္ေမ့ခဲ့တယ္ဆိုပဲ။ ပိတ္ရက္မွာ သခ်ၤာအိမ္စာတြက္မထားရင္ ေက်ာင္းဖြင့္ရက္ အေဆာ္ခံ ရမွာေၾကာက္ၿပီး လြယ္အိတ္ကိုတက္ယူတာပါလို႔ မ်က္ႏွာ ငယ္ငယ္နဲ႔ ေျဖရွင္းလာတဲ့ သာထူး။ ေနာက္မလုပ္ရဲေအာင္ ေတာ့ ေတာ္ေတာ္ေလးဆူေပးလိုက္ရတယ္။ ဒီအျဖစ္ကို ၾကည့္ၿပီး သာထူးတစ္ေယာက္ဟာ စာေတာ့အာ႐ုံစိုက္ရွာ သားပဲလို႔ မထင္လိုက္နဲ႔ေနာ္။ အေဆာ့မွာထိပ္ စာမွာဘိတ္ ဆိုတာ သာထူးရဲ႕ဂုဏ္ပုဒ္။

လူတကာနဲ႔ ရန္ျဖစ္ခ်င္တဲ့ သာထူး။ အေဆာ့မက္ သေလာက္ အဆဲသန္တဲ့သာထူး။ ေက်ာင္းတက္ မွန္ သေလာက္ စာဖ်င္းလွတဲ့ သာထူး။ ဒီသာထူးဟာ ကြၽန္မ ကိုေတာ့ အေတာ္ခင္ရွာတဲ့သူပါ။ သူ႔ကို ဘယ္သူကေမးေမး ေက်ာင္းအုပ္ဆရာမႀကီးကို အခ်စ္ဆုံးတဲ့။ ခ်စ္ရျခင္း အေၾကာင္းက တျခားေတာ့မထင္နဲ႔။ ပုံျပင္ေျပာျပလို႔၊ ကဗ်ာေတြ သင္ေပးလို႔တဲ့ေလ။

သာထူးဟာ မနက္အေစာႀကီး ေက်ာင္းလာ။ ဝန္ထမ္း အိမ္မွာေနတဲ့ ကြၽန္မအတြက္ ေရခပ္ရမလား၊ ထင္းသယ္ ေပးရမလား၊ ေဈးဝယ္ရမလား ကြၽန္မ ေဝယ်ာဝစၥအားလုံး ကန္ထ႐ိုက္ဆြဲထားတဲ့ကေလး။ တစ္ခါတေလမ်ားဆို ကြၽန္မအတြက္ ေတာပန္းေတာင္ပန္းေလးေတြပါ ယူလာ ေပးတတ္ေသးရဲ႕။ ကြၽန္မက သူ႔အတြက္ စာအုပ္၊ ခဲတံေလး ေတြ၊ ေမာင္ေလးအက်ႌတစ္ပတ္ႏြမ္းေလးေတြ၊ ဆပ္ျပာ အေမႊးခဲေလးေတြ၊ သနပ္ခါးခဲေလးေတြ လက္ေဆာင္ ျပန္ ေပးတဲ့အခါ သူ႔ခမ်ာ ႐ြာထဲမယ္ႂကြားမဆုံးေပါ့။

ကြၽန္မတို႔ ဆရာ ဆရာမဆိုတာကလည္း ကိုယ့္ဆီ ေရာက္လာတဲ့ကေလးမွန္သမွ် ဘယ္သူေမြးေမြး ငါ့ကေလး ပဲ ေတြးၾကတာေလ။ တပည့္ေတြကို စာေတာ္ေတာ့လည္း ေတာ္လို႔ခ်စ္ရတယ္။ စာညံ့တဲ့သူက် သနားရျပန္ေရာ။ လိမၼာအလိုက္သိတဲ့ကေလးကို ၾကင္နာရသလို၊ ဆိုးဆိုး ေပေပ တပည့္ေတြကိုလည္း တစ္မ်ိဳးသံေယာဇဥ္ပိုရျပန္ ေရာ။ ခုလည္း ဒီလိုေပါ့။ သာထူးဆိုးမွန္းေပမွန္း သိေပမယ့္ သူလည္း ကိုယ့္သားသမီးထဲက တစ္ေယာက္ပဲမဟုတ္ လား။ ခ်စ္ရျပန္တာပဲေပါ့ရွင္။ သူကလည္း အပါးေလး။ ဘယ္သူ႔အေပၚဆိုးဆိုး ကြၽန္မ မၿငိဳျငင္ေအာင္ေတာ့ ေနတတ္ပါ့။

ဒါေပမယ့္ တစ္ေန႔မွာေတာ့ သာထူးနဲ႔ ကြၽန္မ ထိပ္တိုက္ေတြ႕ရပါေတာ့တယ္။ ႐ြာထဲက အဘြားစိန္ရဲ႕ ၿခံထဲခိုးဝင္ၿပီး မာလကာပင္တက္ရင္း လမ္းႀကဳံအေနနဲ႔ ဘဲဥေတြပါခိုးသတဲ့ေလ။ အဘြားကမိေတာ့ ေတာင္ေဝွးနဲ႔ ႐ိုက္။ အဲဒီမွာ ဒင္းကထြက္ေျပးရင္း မိုက္မိုက္႐ိုင္း႐ိုင္း ေတြ ျပန္ဆဲ႐ုံသာမက ေလာက္ေလးနဲ႔ပါပစ္လို႔ဆိုၿပီး အဘြားက ငိုႀကီးခ်က္မနဲ႔ ကြၽန္မဆီလာတိုင္ပါေတာ့တယ္။

ကြၽန္မလည္း ေတာ္ေတာ္စိတ္ဆိုးၿပီး သာထူးကိုေခၚ။ “နင္က ေက်ာင္းသားလား၊ သူခိုးလား။ သူခိုးႀကီးရင္ ဓားျပျဖစ္မယ္။ ဓားျပကေန သူပုန္ျဖစ္မယ္။ ဒီေလာက္ ေတာင္ မိုက္ရသလား။ ေနာက္ဒါမ်ိဳးလုပ္ဦးမလား´´နဲ႔ ပါးစပ္ ကလည္းေျပာ။ မတုန္မလႈပ္နဲ႔ ေခါင္းႀကီး ငုံ႔ခံေနတဲ့ သာထူးပခုံးကို လက္ကလည္း ခပ္ၾကမ္းၾကမ္းလႈပ္ယမ္း တြန္းထိုးေနမိပါတယ္။

သူက ၿငိမ္ခံေနေလ ကြၽန္မက ေဒါသထြက္ေလ။ ဒါနဲ႔ပဲ တုတ္ကိုဆြဲၿပီး “နင့္ကိုငါ ေက်ာင္းထုတ္လိုက္ရမလား။ နင္ ေက်ာင္းထြက္မလား ေျပာစမ္း …ေျပာစမ္း´´နဲ႔ ဆိုဆိုၿပီး တင္ပါးကို သုံးေလးခ်က္ဆင့္႐ိုက္မိပါတယ္။ ဘယ္လို ေျပာေျပာ ၿငိမ္ခံေနတဲ့ သာထူးဟာ ေက်ာင္းထုတ္မယ္ဆို ေတာ့မွပဲ မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ၿပီး “ေနာက္မလုပ္ေတာ့ပါ ဘူး ဆရာမရဲ႕။ ေက်ာင္းမထုတ္ပါနဲ႔ ဆရာမရဲ႕´´နဲ႔ ငိုယို ေတာင္းပန္ပါေတာ့တယ္။ လက္ကလည္း တင္ပါးေလး ပြတ္ကာပြတ္ကာနဲ႔ေပါ့။

ကြၽန္မလည္း ေဒါသအေလ်ာက္ ႐ိုက္ၿပီးမွ အခန္း ေထာင့္ကတိုင္ကိုမွီၿပီး တရႈံ႕ရႈံ႕ရႈိက္ေနတဲ့ သာထူးေၾကာင့္ စာသင္ရတာမေျဖာင့္ေတာ့ဘဲ စိတ္မေကာင္းျဖစ္ေနရပါ ေတာ့တယ္။ ညေနေက်ာင္းဆင္းတဲ့အထိ စိတ္မွာတႏုံ႔ႏုံ႔။ အိမ္ျပန္ေရာက္လို႔ အေမ့ကို အက်ိဳးအေၾကာင္းေျပာျပ ေတာ့ “ျဖစ္ရေလ သမီးရယ္။ အမ်ားနဲ႔မတူတဲ့ ကေလး တိုင္းမွာ အမ်ားနဲ႔မတူတဲ့ ဘဝေနာက္ခံအေျခအေနရွိတတ္ တယ္။ သူ႔ကို ဆုံးမပဲ့ျပင္ခ်င္ရင္ သူ႔ရဲ႕ မိသားစုေနာက္ခံ အေျခအေနနဲ႔ လိုအပ္ခ်က္ကို သိေအာင္လုပ္ရတယ္။ သမီးတို႔ေတြ ပညာေရးစိတ္ပညာ သင္ခဲ့ဖူးသားနဲ႔။ဆုံးမ ခ်င္တာ အလ်င္မလိုပါနဲ႔သမီး။ စုံစမ္းပါဦး”လို႔ အေမက အႀကံဉာဏ္ေပးပါတယ္။

ဒါနဲ႔ပဲ ႐ြာထဲစနည္းနာၾကည့္ေတာ့ သာထူးမိသားစု အေၾကာင္း စိတ္မေကာင္းစရာ သိရပါေတာ့တယ္။ သူ ငါးႏွစ္သားမွာ အေဖက ေႁမြကိုက္လို႔ေသ။ အေမက ေနာက္ အိမ္ေထာင္ထူ။ ပေထြးက အရက္သမား။ ပေထြးကို အေမလုပ္သူက ဖိန္႔ဖိန္႔တုန္ေအာင္ ေၾကာက္ရတဲ့အခါ သာထူးတို႔လည္း ဘယ္ေခါင္းေဖာ္ႏိုင္ပါ့မလဲ။ ေက်ာင္း ဖြင့္ခ်ိန္ ေက်ာင္းအပ္ေပးၿပီးရင္ တာဝန္ေက်ၿပီထင္တဲ့ အေမ။ အိမ္တကာလည္ဖို႔ေလာက္ အေလးထားၿပီး သား သမီးရဲ႕ ေနေရး စားေရး ပညာေရးကို နည္းနည္းမွ စိတ္ မဝင္စားတဲ့အေမ။ အခ်ိန္တိုင္းလိုလို မူးေနတတ္ၿပီး ျမင္ျမင္ သမွ် အျပစ္ရွာ႐ိုက္ႏွက္ခ်င္တဲ့ ပေထြး။ ဒီလူေတြ စိတ္ အလိုမက်သမွ် အဆူခံ အဆဲခံ အ႐ိုက္ခံရတာက ကြၽန္မ တပည့္ သာထူးေလး။

တစ္ခါမွာဆို အေမလုပ္သူက လင္အမူးသမား အျပစ္တင္မခံရေရး ထမင္းအိုးတစ္လုံးခ်။ ငါးေသတၱာ ေလး တစ္ဘူးေၾကာ္ၿပီး အိမ္လည္ထြက္သြားတယ္ဆိုပဲ။ သားျဖစ္သူကို မွာခဲ့ပုံက “ဒီေန႔ ဆီဆမ္းစားလိုက္ေတာ့ သာထူး။ ဟင္းက နင့္အေဖဖို႔ေနာ္။ ၿပီးရင္ ေက်ာင္းသြား ေတာ့။ အိမ္မွာ ကစားမေနနဲ႔။ နင့္အေဖႏိုးလာဦးမယ္´´တဲ့။ အေမလုပ္သူ ႐ြာထဲအဆင္း။ သာထူးေလးတစ္ေယာက္ ေနာက္ေဖးအမႈိက္ပုံဆင္းၿပီး ငါးေသတၱာဘူးခြံရွာပါေလ ေရာ။ ေတြ႕တဲ့အခါ လက္ညႇိဳးနဲ႔ေကာ္။ အားမရေတာ့ လွ်ာနဲ႔လ်က္။ လွ်ာကို ဘူးခြံျပတ္စရွလို႔ ခမ်ာမွာ အဲဒီေန႔ စာေတာင္မဆိုႏိုင္ဘူးဆိုပဲ။ ျဖစ္ရေလ သာထူးရယ္။

အိမ္မွာ ၾကင္ၾကင္နာနာ ဆက္ဆံတာ မခံခဲ့ရတဲ့ ကေလး။ သူမ်ားအေပၚ ရက္စက္တတ္တာ ဘာဆန္းမွာ လဲ။ အၿမဲ ဆိုဆဲ႐ိုက္ပုတ္ခံေနရတဲ့ကေလး။ သူမ်ားေတြ ကို ရန္လိုတတ္လာတာ ဘာဆန္းမွာလဲ။ အစားဆင္းရဲ အေနဆင္းရဲနဲ႔ ဥေပကၡာျပဳခံေနရတဲ့ကေလး။ စာရိတၱ ပ်က္ယြင္းလာတာ ဘာဆန္းမွာလဲ။

အိမ္မွာမေပ်ာ္လို႔ ေက်ာင္းေရာက္ျပန္ေတာ့ ငတက္ျပား၊ ငပြႀကီး နာမည္ဆိုးေတြနဲ႔ အမ်ားကၾကဥ္ခံရတဲ့ကေလး။ မလိမၼာတာ စာမေတာ္တာ ဘာဆန္းမွာလဲ။

ဒါေတြကိုသိေအာင္မႀကိဳးစားဘဲ တုတ္စြမ္းျပခဲ့တဲ့ ကြၽန္မ ခုေတာ့ ေနာင္တမ်က္ရည္ေတြနဲ႔ စိတ္မေကာင္း ျဖစ္ေနရ ပါေတာ့တယ္။ ကြၽန္မတို႔ ဆရာ ဆရာမေတြက လည္း ကေလးေတြကို ဆုံးမပဲ့ျပင္တဲ့ေနရာမွာ တတ္သိ လိမၼာေစခ်င္တဲ့ ေစတနာ ေမတၱာေတြ အရင္းခံၾကတာ ျဖစ္ေပမယ့္ ကေလးတိုင္းအတြက္ ေပတံတစ္ေခ်ာင္းတည္း နဲ႔ တိုင္းတာအကဲျဖတ္ေနလို႔ မမွန္ကန္ဘူးဆိုတာ ခုေတာ့ ကြၽန္မသိပါၿပီ။ နားလည္ပါၿပီ။

မတူညီတဲ့ကေလးတိုင္းမွာ မတူညီတဲ့ ဘဝေနာက္ခံေတြ ရွိေနတတ္ၾကတယ္ဆိုတာ သာထူးက ကြၽန္မကိုသင္ခန္းစာေပးခဲ့ပါၿပီ။

ဪ တစ္ခါတေလမွာေတာ့ ႐ိုက္ေသာသူပါ ငိုရ တာမ်ိဳးလည္း ရွိတတ္ပါလားရွင္။ ။

ေအးျမတ္ျမတ္ၿဖိဳး(ကံမ)


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *