ငါမကုန်ဘူး မင်းကုန်တာ….အရမ်းကောင်းလို့ ကျော်မသွားပါနဲ့

ငါမကုန်ဘူးမင်းကုန်တာ….

တခါတုန်းက သူဌေးကြီးတစ်ယောက်ဆီမှာ မောင်မြဆိုတဲ့ အလုပ်သမားတစ်ယောက်ရှိတယ်။ တနေ့တော့ သူဌေးကြီးက အလုပ်သမားကိုခေါ်ပြီး ရိုးသားဖို့ဆုံးမတယ်။

အဲ့ဒါကို မောင်မြက သူဌေးကြီးကိုကြိမ်းဝါးတယ်။ ဒီသူဌေး ငါလည်တာ သူသိမလားပေါ့။

နောက်နေ့ကစပြီး သူဌေးကအလုပ်သမားတွေကို မနက်စာပဲပြုတ်ထမင်းကျွေးရာမှာ သူကတမင်သက်သက်ပိုစားပစ်တယ်။

အဲ့လိုနဲ့ ပိုပိုစားလာလိုက်တာ ၃ – ၄ ပန်းကန်စားနိုင်တော့ ဝမ်းသာတယ်။ သူဌေးကြီးတနေ့တော့ ဘေးကဖြတ်သွားရင်းပြောတယ်။

“ငါမကုန်ဘူး၊ မင်းကုန်မှာ” တဲ့။အဲ့ဒါနဲ့ မောင်မြက အလုပ်သမားတွေဝါးဖို့ ထားတဲ့ကွမ်းကို တနေ့လုံးမပြတ်ဝါးတယ်။ သူဌေးကြီးကသိတယ်ဘာမှမပြောဘူး။

မောင်မြက သူဌေးပိုက်ဆံပိုကုန်မယ့်နည်းလမ်းရှာတယ်။ နေ့လည်နဲ့ ညစာကို ၃ – ၄ ပန်းကန်စားပစ်တယ်။

သူဌေးကို ကျန်အလုပ်သမားတွေကတိုင်ကြတယ်။ သူဌေးက “ငါမကုန်ဘူး။ သူကုန်မှာ” လို့ပြောတော့ ကျန်တဲ့သူတွေက နားမလည်ဘူး။

ဒါတင်အားမရတော့ မောင်မြကဧည့်သည်တည်တဲ့ ဆေးပေါ့လိပ်ကိုယူသောက်တယ်။ သောက်တာမှ တနေ့လုံးတဟွတ်ဟွတ်နဲ့ဖွာတာ။

နောက်ဆုံးအလုပ်သမားတွေသောက်တဲ့ အကြမ်းအိုးထဲမှာတောင် လက်ဖက်ခြောက်ကို တနေ့ထက်တနေ့ ပိုတိုးတိုးပြီးခတ်တယ်။ ကျန်တဲ့သူတွေက သူနဲ့မသောက်နိုင်လို့ သူ့အတွက်အကြမ်းအိုးသပ်သပ်ထားရတယ်။

သူဌေးကြီးက “မောင်မြ … ငါမကုန်ဘူး။ မင်းကုန်မှာလို့ ပြောတယ်။” မောင်မြက ဒီသူဌေးသူကုန်နေတာတောင်မသိဘူး။ အရူးလို့ ရယ်တယ်။

အဲ့ဒီလိုနဲ့ နှစ်အနည်းငယ်အကြာမှာ အလုပ်ထဲမှာပါအချောင်ခို ကျန်အလုပ်သမားတွေကိုပါပျက်စီးအောင်လုပ်လာတော့ သူဌေးကြီးကမောင်မြကို အလုပ်ထုတ်လိုက်ရတယ်။

အဲ့ဒီမှာ မောင်မြပြဿနာတက်တာပဲ။

၁။ ဒီလိုသူဌေးကောင်းဆီမှာ သူလုပ်ခဲ့တဲ့လုပ်ရပ်သတင်းပြန့်သွားလို့ သူ့ကိုဘယ်သူမှအလုပ်မပေးဘူး။

၂။ မနက် – နေ့လည် – ညစာကို ထမင်း ၃ -၄ ပန်းကန်မှမစားရရင် မတင်းတိမ်ဘူး။ အလုပ်မရှိရတဲ့အထဲ တနေ့လုံးဗိုက်ကဆာနေတော့တာ။

၃။ ကွမ်းနဲ့ဆေးလိပ်ကလည်း အဆက်မပြတ် မဝါးရ၊မသောက်ရရင် မနေနိုင်တော့ဘူး။ ခံတွင်းချဉ်တာ တနေ့လုံးဘယ်လိုမှနေလို့မရဘူး။

၄။ ဆန်မရှိရတဲ့အထဲ ရေပါသောက်လို့အဆင်မပြေဘူး။ လက်ဖက်ခြောက်လက်တစ်ဆုပ်နှစ်ဆုပ်မှမခတ်ရရင် ရေနွေးတောင်သောက်ရတာ အရသာမရှိတော့ဘူး။

၅။ အဆိုးဆုံးက ကွမ်း၊ ဆေးလိပ်နဲ့ ထမင်းကို တနင့်တပိုးနှစ်နဲ့ချီစားထားတော့ ရောဂါဖြစ်တာ။

အဲ့ဒီတော့မှ မောင်မြက ကိုယ့်လုပ်ရပ်ရဲ့အကျိုးဆက်ကို ကိုယ်ပြန်မြင်ပြီး “ငါမကုန်ဘူး။ မင်းကုန်မှာ”ဆိုတာကို သဘောပေါက်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဆရာတော်တစ်ပါးက ကျောင်းမှာပန်းရံနဲ့လက်သမားအဖွဲ့ကို ကျောင်းလာရင် ဆွမ်းဟင်းအပိုနဲ့ ထမင်းကျွေးလေ့ရှိတယ်။

တညနေတော့ ဆရာတော်ကထမင်းအတွက်စီစဉ်ပေးပြီးတော့ အဲ့ဒီအဖွဲ့ပြန်သွားတဲ့အခါမှာ ဝတ္တုငွေသိမ်းဖို့ကြည့်လိုက်တော့ မတွေ့တော့ဘူး။

စောစောကဒကာတစ်ယောက်လာလှူသွားတဲ့ ငွေ ၄ သောင်းလောက်ပါသွားတယ်။ဆရာတော်ကခေါ်မေးတော့ သူတို့မယူပါဘူးပေါ့။

ဒကာပြန်တာနဲ့ မင်းတို့အဖွဲ့လာတယ်။ မင်တို့ပြန်တာနဲ့ ဝတ္တုငွေစာအိတ်က ရှာမတွေ့တော့ဘူး။မင်းတို့သိအောင်ပြောပြမယ်။

“ကိုယ့်ကိုပံ့ပိုးကျွေးမွေးနေတဲ့လူတွေဆီက မခိုးမလိမ်နဲ့။ အဲ့လိုလုပ်ခဲ့ရင် သံသရာတစ်ခုလုံးမကြီးပွားဘူး။”

“ငါမကုန်ဘူး။ ဒကာလည်းမကုန်ဘူး။ ဒကာကလည်း လှူကတည်းကစိတ်ပြတ်သားပြီးသား။”

“ငါတို့မကုန်ဘူး၊ မင်းတို့ကုန်မှာ” လို့ ဆရာတော်ကဆုံးမတယ်။

ဒါကိုလိမ်ရင် – ထောက်ပံ့နေတဲ့သူတွေမကုန်မခမ်းဘူး။ မင်းတို့ပဲကုန်မှာ။

လိမ်မှစားရရင် – တသက်လုံးလိမ်မှ ထမင်းဝတတ်တယ်။ အကျင့်နဲ့ကြမ္မာက ရောင်ပြန်ဟပ်တယ်။

အဓိကပြောချင်တာက မိမိကိုအထောက်အပံ့ဖြစ်စေတဲ့ မည်သူ့ကိုမဆို မလိမ်နဲ့မခိုးမဝှက်နဲ့။

ယုံကြည်လို့ငွေချေးတာမျိုးကိုလည်း ပြန်မပေးပဲမနေကြနဲ့။ ပိုဆင်းရဲတတ်တယ်။

ယုံကြည်မှုကိုအလွဲသုံးစားမလုပ်နဲ့။ ယုံကြည်မှုတသက်လုံးဆုံးရှုံးတတ်တယ်။

အဲ့လို လိမ်လည်ခိုးဝှက်ခဲ့ရင် ဘယ်တော့ထမင်းမဝဘူး။ငါမကုန်ဘူး။ မင်းကုန်တာ။

Credit / Richard Myo Than

———————–

ငါမကုန္ဘူးမင္းကုန္တာ….

တခါတုန္းက သူေဌးႀကီးတစ္ေယာက္ဆီမွာ ေမာင္ျမဆိုတဲ့ အလုပ္သမားတစ္ေယာက္ရွိတယ္။ တေန႔ေတာ့ သူေဌးႀကီးက အလုပ္သမားကိုေခၚၿပီး ႐ိုးသားဖို႔ဆုံးမတယ္။

အဲ့ဒါကို ေမာင္ျမက သူေဌးႀကီးကိုႀကိမ္းဝါးတယ္။ ဒီသူေဌး ငါလည္တာ သူသိမလားေပါ့။

ေနာက္ေန႔ကစၿပီး သူေဌးကအလုပ္သမားေတြကို မနက္စာပဲျပဳတ္ထမင္းေကြၽးရာမွာ သူကတမင္သက္သက္ပိုစားပစ္တယ္။

အဲ့လိုနဲ႔ ပိုပိုစားလာလိုက္တာ ၃ – ၄ ပန္းကန္စားႏိုင္ေတာ့ ဝမ္းသာတယ္။ သူေဌးႀကီးတေန႔ေတာ့ ေဘးကျဖတ္သြားရင္းေျပာတယ္။

“ငါမကုန္ဘူး၊ မင္းကုန္မွာ” တဲ့။အဲ့ဒါနဲ႔ ေမာင္ျမက အလုပ္သမားေတြဝါးဖို႔ ထားတဲ့ကြမ္းကို တေန႔လုံးမျပတ္ဝါးတယ္။ သူေဌးႀကီးကသိတယ္ဘာမွမေျပာဘူး။

ေမာင္ျမက သူေဌးပိုက္ဆံပိုကုန္မယ့္နည္းလမ္းရွာတယ္။ ေန႔လည္နဲ႔ ညစာကို ၃ – ၄ ပန္းကန္စားပစ္တယ္။

သူေဌးကို က်န္အလုပ္သမားေတြကတိုင္ၾကတယ္။ သူေဌးက “ငါမကုန္ဘူး။ သူကုန္မွာ” လို႔ေျပာေတာ့ က်န္တဲ့သူေတြက နားမလည္ဘူး။

ဒါတင္အားမရေတာ့ ေမာင္ျမကဧည့္သည္တည္တဲ့ ေဆးေပါ့လိပ္ကိုယူေသာက္တယ္။ ေသာက္တာမွ တေန႔လုံးတဟြတ္ဟြတ္နဲ႔ဖြာတာ။

ေနာက္ဆုံးအလုပ္သမားေတြေသာက္တဲ့ အၾကမ္းအိုးထဲမွာေတာင္ လက္ဖက္ေျခာက္ကို တေန႔ထက္တေန႔ ပိုတိုးတိုးၿပီးခတ္တယ္။ က်န္တဲ့သူေတြက သူနဲ႔မေသာက္ႏိုင္လို႔ သူ႔အတြက္အၾကမ္းအိုးသပ္သပ္ထားရတယ္။

သူေဌးႀကီးက “ေမာင္ျမ … ငါမကုန္ဘူး။ မင္းကုန္မွာလို႔ ေျပာတယ္။” ေမာင္ျမက ဒီသူေဌးသူကုန္ေနတာေတာင္မသိဘူး။ အ႐ူးလို႔ ရယ္တယ္။

အဲ့ဒီလိုနဲ႔ ႏွစ္အနည္းငယ္အၾကာမွာ အလုပ္ထဲမွာပါအေခ်ာင္ခို က်န္အလုပ္သမားေတြကိုပါပ်က္စီးေအာင္လုပ္လာေတာ့ သူေဌးႀကီးကေမာင္ျမကို အလုပ္ထုတ္လိုက္ရတယ္။

အဲ့ဒီမွာ ေမာင္ျမျပႆနာတက္တာပဲ။

၁။ ဒီလိုသူေဌးေကာင္းဆီမွာ သူလုပ္ခဲ့တဲ့လုပ္ရပ္သတင္းျပန႔္သြားလို႔ သူ႔ကိုဘယ္သူမွအလုပ္မေပးဘူး။

၂။ မနက္ – ေန႔လည္ – ညစာကို ထမင္း ၃ -၄ ပန္းကန္မွမစားရရင္ မတင္းတိမ္ဘူး။ အလုပ္မရွိရတဲ့အထဲ တေန႔လုံးဗိုက္ကဆာေနေတာ့တာ။

၃။ ကြမ္းနဲ႔ေဆးလိပ္ကလည္း အဆက္မျပတ္ မဝါးရ၊မေသာက္ရရင္ မေနႏိုင္ေတာ့ဘူး။ ခံတြင္းခ်ဥ္တာ တေန႔လုံးဘယ္လိုမွေနလို႔မရဘူး။

၄။ ဆန္မရွိရတဲ့အထဲ ေရပါေသာက္လို႔အဆင္မေျပဘူး။ လက္ဖက္ေျခာက္လက္တစ္ဆုပ္ႏွစ္ဆုပ္မွမခတ္ရရင္ ေရေႏြးေတာင္ေသာက္ရတာ အရသာမရွိေတာ့ဘူး။

၅။ အဆိုးဆုံးက ကြမ္း၊ ေဆးလိပ္နဲ႔ ထမင္းကို တနင့္တပိုးႏွစ္နဲ႔ခ်ီစားထားေတာ့ ေရာဂါျဖစ္တာ။

အဲ့ဒီေတာ့မွ ေမာင္ျမက ကိုယ့္လုပ္ရပ္ရဲ႕အက်ိဳးဆက္ကို ကိုယ္ျပန္ျမင္ၿပီး “ငါမကုန္ဘူး။ မင္းကုန္မွာ”ဆိုတာကို သေဘာေပါက္သြားတယ္။

လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္က ဆရာေတာ္တစ္ပါးက ေက်ာင္းမွာပန္းရံနဲ႔လက္သမားအဖြဲ႕ကို ေက်ာင္းလာရင္ ဆြမ္းဟင္းအပိုနဲ႔ ထမင္းေကြၽးေလ့ရွိတယ္။

တညေနေတာ့ ဆရာေတာ္ကထမင္းအတြက္စီစဥ္ေပးၿပီးေတာ့ အဲ့ဒီအဖြဲ႕ျပန္သြားတဲ့အခါမွာ ဝတၱဳေငြသိမ္းဖို႔ၾကည့္လိုက္ေတာ့ မေတြ႕ေတာ့ဘူး။

ေစာေစာကဒကာတစ္ေယာက္လာလႉသြားတဲ့ ေငြ ၄ ေသာင္းေလာက္ပါသြားတယ္။ဆရာေတာ္ကေခၚေမးေတာ့ သူတို႔မယူပါဘူးေပါ့။

ဒကာျပန္တာနဲ႔ မင္းတို႔အဖြဲ႕လာတယ္။ မင္တို႔ျပန္တာနဲ႔ ဝတၱဳေငြစာအိတ္က ရွာမေတြ႕ေတာ့ဘူး။မင္းတို႔သိေအာင္ေျပာျပမယ္။

“ကိုယ့္ကိုပံ့ပိုးေကြၽးေမြးေနတဲ့လူေတြဆီက မခိုးမလိမ္နဲ႔။ အဲ့လိုလုပ္ခဲ့ရင္ သံသရာတစ္ခုလုံးမႀကီးပြားဘူး။”

“ငါမကုန္ဘူး။ ဒကာလည္းမကုန္ဘူး။ ဒကာကလည္း လႉကတည္းကစိတ္ျပတ္သားၿပီးသား။”

“ငါတို႔မကုန္ဘူး၊ မင္းတို႔ကုန္မွာ” လို႔ ဆရာေတာ္ကဆုံးမတယ္။

ဒါကိုလိမ္ရင္ – ေထာက္ပံ့ေနတဲ့သူေတြမကုန္မခမ္းဘူး။ မင္းတို႔ပဲကုန္မွာ။

လိမ္မွစားရရင္ – တသက္လုံးလိမ္မွ ထမင္းဝတတ္တယ္။ အက်င့္နဲ႔ၾကမၼာက ေရာင္ျပန္ဟပ္တယ္။

အဓိကေျပာခ်င္တာက မိမိကိုအေထာက္အပံ့ျဖစ္ေစတဲ့ မည္သူ႔ကိုမဆို မလိမ္နဲ႔မခိုးမဝွက္နဲ႔။

ယုံၾကည္လို႔ေငြေခ်းတာမ်ိဳးကိုလည္း ျပန္မေပးပဲမေနၾကနဲ႔။ ပိုဆင္းရဲတတ္တယ္။

ယုံၾကည္မႈကိုအလြဲသုံးစားမလုပ္နဲ႔။ ယုံၾကည္မႈတသက္လုံးဆုံးရႈံးတတ္တယ္။

အဲ့လို လိမ္လည္ခိုးဝွက္ခဲ့ရင္ ဘယ္ေတာ့ထမင္းမဝဘူး။ငါမကုန္ဘူး။ မင္းကုန္တာ။

Credit / Richard Myo Than


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *