မျက်ရည်ခိုင်မှ ဖတ်ပါ
ငါ…ကျေနပ်ပါပြီ
ငါ…အိပ်ယာထဲ .. လဲတဲ့ အခါ …….မိုးလင်းတဲ့ အခါ …..ငယ်စဉ်ကလေ…
မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာစိုးလို့…ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့် ..ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲ ..ကျေနပ်ပါပြီ ။
အစာကျွေးတဲ့ အခါ…ငယ်စဉ်ကလေ…..
မင်းတို့ကြီးထွားရှင်သန်ဖို့ စျေးကြီးတဲ့ ….အာဟာရမုန့်တွေ ငါဝင်အောင်ကျွေးခဲ့ပေမဲ့….
ငါ့ကိုတော့ အစာကြေ တဲ့…ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲကျေနပ်ပါပြီ.. ။
ငါ အစား မဝင်တဲ့အခါ…ငယ်စဉ်ကလေ…..
ထမင်းတစ်ပန်းကန် စားကုန်ဖို့အိမ်ရှေ့အိမ်နောက်လှည့်ပတ်ပြေးလွား
နာရီရှည်ကြာလို့ ငါမညောင်းခဲ့ပေမဲ့ငါ့ကိုတော့ မိနစ်ပိုင်းလောက်
အားစိုက်ကျွေးရင်ပဲကျေနပ်ပါပြီ .. ။
ငါ အိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ …..
လေးထိုးလို့ ၊ ဖျားလို့ ၊ ဝမ်းလျှော လို့ရောဂါစုံ ဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း
ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်..အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါမထနိုင်တဲ့ အခါ….ငယ်စဉ်ကလေ….
ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း…လက်ကလေးတွေသန်မာအောင်
ကြိုးစားပေးခဲ့တဲ့ ငါ့ကို ..မင်းတို့လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါ တွေ့ချင်တဲ့အခါ….ငယ်စဉ်ကလေ….
လပေါင်များစွာ ခြေကိုဖြောင့်စင်းပြီးသီချင်းဆိုပေးရင်း
ခြေထောက်လေးတွေ သန်မာအောင်နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ ..မင်းတို့
ခြေထောက်လေးတွေ အသုံးချပြီးခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ .. ။
ငါမလှုပ်ရှား နိုင်တဲ့အခါ ….ငယ်စဉ်ကလေ….
နူးညံပေ့ဆိုတဲ့ အဝတ် အထည်တောင်..နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမဲ့
အသ်ိလွတ်ချိန်အထိ အရှက် လုံစွာ…ငါ့ကို ဂရုတစိုက် ဖုံးပေး ရင်ပဲ
ကျေနပ်ပါပြီ .. ။
ငါ ထွက်သွားတဲ့အခါ ….
ထိုအချိန်မှ လေ……
ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့နောင်တအမွေ.. မရစေချင် လို့
ပြုစုခွင့်ရတုန်း ..ပြုစုနိုင်ကြဖို့အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ …. ။
#Credit. .
မ်က္ရည္ခိုင္မွ ဖတ္ပါ
ငါ…ေက်နပ္ပါၿပီ
ငါ…အိပ္ယာထဲ .. လဲတဲ့ အခါ …….မိုးလင္းတဲ့ အခါ …..ငယ္စဥ္ကေလ…
မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာစိုးလို႔…ငါေန႕စဥ္ ေရႏြေးနဲ႕ သစ္ေပးခဲ့ေပမယ့္ ..ငါ့ကိုေတာ့
ေရေအးနဲ႕ သစ္ေပးရင္ပဲ ..ေက်နပ္ပါၿပီ ။
အစာေကြၽးတဲ့ အခါ…ငယ္စဥ္ကေလ…..
မင္းတို႔ႀကီးထြားရွင္သန္ဖို႔ ေစ်းႀကီးတဲ့ ….အာဟာရမုန့္ေတြ ငါဝင္ေအာင္ေကြၽးခဲ့ေပမဲ့….
ငါ့ကိုေတာ့ အစာေၾက တဲ့…ဆန္ျပဳတ္က်ဲေလး ေကြၽးရင္ပဲေက်နပ္ပါၿပီ.. ။
ငါ အစား မဝင္တဲ့အခါ…ငယ္စဥ္ကေလ…..
ထမင္းတစ္ပန္းကန္ စားကုန္ဖို႔အိမ္ေရွ႕အိမ္ေနာက္လွည့္ပတ္ေျပးလြား
နာရီရွည္ၾကာလို႔ ငါမေညာင္းခဲ့ေပမဲ့ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္
အားစိုက္ေကြၽးရင္ပဲေက်နပ္ပါၿပီ .. ။
ငါ အိပ္မေပ်ာ္တဲ့ အခါငယ္စဥ္ကေလ …..
ေလးထိုးလို႔ ၊ ဖ်ားလို႔ ၊ ဝမ္းေလွ်ာ လို႔ေရာဂါစုံ ျဖစ္တတ္တဲ့
မင္းတို႔တစ္ေတြကို ျပဳစုယုယရင္း တစ္လမအိပ္ရလို႔လည္း
ငါမၿငီးျငဴခဲ့ေပမဲ့ ေဝဒနာေၾကာင့္..အိပ္မေပ်ာ္တဲ့ငါ့ကို
တစ္ရက္ ႏွစ္ရက္သီးခံၾကည့္ေပးရင္ပဲ
ေက်နပ္ပါၿပီ .. ။
ငါမထနိုင္တဲ့ အခါ….ငယ္စဥ္ကေလ….
ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ဆိုေပးရင္း…လက္ကေလးေတြသန္မာေအာင္
ႀကိဳးစားေပးခဲ့တဲ့ ငါ့ကို ..မင္းတို႔လက္ကေလးေတြကို
ခဏတာအသုံးခ်ၿပီး ထူေပးၾကရင္ပဲ
ေက်နပ္ပါၿပီ .. ။
ငါ ေတြ႕ခ်င္တဲ့အခါ….ငယ္စဥ္ကေလ….
လေပါင္မ်ားစြာ ေျခကိုေျဖာင့္စင္းၿပီးသီခ်င္းဆိုေပးရင္း
ေျခေထာက္ေလးေတြ သန္မာေအာင္ႏွိပ္နယ္ေပးခဲ့တဲ့ ငါ့ဆီ ..မင္းတို႔
ေျခေထာက္ေလးေတြ အသုံးခ်ၿပီးခဏလာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ .. ။
ငါမလႈပ္ရွား နိုင္တဲ့အခါ ….ငယ္စဥ္ကေလ….
ႏူးညံေပ့ဆိုတဲ့ အဝတ္ အထည္ေတာင္..နာမွာစိုးလို႔ အသာအယာ ဝတ္ေပးခဲ့ေပမဲ့
အသ္ိလြတ္ခ်ိန္အထိ အရွက္ လုံစြာ…ငါ့ကို ဂ႐ုတစိုက္ ဖုံးေပး ရင္ပဲ
ေက်နပ္ပါၿပီ .. ။
ငါ ထြက္သြားတဲ့အခါ ….
ထိုအခ်ိန္မွ ေလ……
ငါ့သား ငါ့သမီး ငါ့ေျမးျမစ္ တို႔ေနာင္တအေမြ.. မရေစခ်င္ လို႔
ျပဳစုခြင့္ရတုန္း ..ျပဳစုနိုင္ၾကဖို႔အခြင့္ေပးတာဝန္ေက်ခဲ့ပါရေစ …. ။
#Credit
Leave a Reply