ကျိုက်ထီးရိုး စေတီတော်ကြီး၏ လူသိနည်းသေးတဲ့ သမိုင်းတချို့

ကျိုက်ထီးရိုး စေတီတော်ကြီး၏ လူသိနည်းသေးတဲ့ သမိုင်းတချို့

တိဿရသေ့နှင့် သိကြားမင်းတည်ခဲ့သော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတည်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော် ကြာမြင့်ခဲ့ပြီဟု စစ်ကဲတော်မင်း မောင်ရွှေနော် ရေးတဲ့ မွန်ရာဇဝင်အရသိရသည်။

ကျိုက်ထီရိုးစေတီသည် ကျိုက်ထိုမြို့နယ်ရှိ အရှေ့ရိုးမတောင်တန်းအပါအဝင် ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိသည်။

ပင်လယ်ပြင်အထက် ပေပေါင်း ၃၆၀၀ ခန့်မြင့်သည်။ ကြီးမား၍ မတ်စောက်သော ကျောက်တောင်တစ်ခု၏ အစွန်းတွင် ကျောက်လုံးကြီးတစ်လုံး ပြုတ်ကျလုနီးပါးတင်နေသည်။

ကျောက်လုံးကြီးသည် လုံးပတ်ပေ ၅၀ ခန့်ရှိသည်။ ကျောက်လုံးတော်ကြီး ထိစပ်တင်ရှိနေသော ကျောက်တောင်စွန်းအကျယ်အဝန်းသည် ၁၅ ပေထက်ပင် မပိုနိုင်ချေ။

နှမ်းဖတ်ကျောက်အမျိုးအစား ကျောက်လုံးကြီးသည် စေတီတော် အပါအဝင်တန်ချိန် ၆၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

ကျောက်လုံးပေါ်တွင် စေတီတစ်ဆူတည်ထားသည်။ ဥာဏ်တော် ၁၅ ပေခန့်မြင့်သည်။

ကင်ပွန်း(ကင်မွန်း) စခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ထိ ၇ မိုင်ခွဲခန့်ဝေးသည်။စခန်းပေါင်း ၂၇ ခုကို ဖြတ်သန်းသွားရသည်။

မွန်ဘာသာ ” ကျိုက်က္ကသိယို” (ရသေ့ရွက်သောဘုရား) မှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာသည်။

စေတီတော်တည်ထားပြီနောက် နှစ်ပေါင်းများစွာ တောဖုံးပျောက်ကွယ်သွားခဲ့သည်။ နှစ်ပေါင်း ၂၄၀၀ ကျော်မျှကျိုက်ထီးရိုးစေတီ တည်ရှိနေကြောင်းတွေမြင်သူ၊သိရှိသူမရှိတော့ချေ။

ခရစ်နှစ် ၁၈၂၃ ခုနှစိ(ဘကြီးတော်ဘုရားလက်ထက် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ တစ်နှစ်မျှအလို) တွင်စစ်တောင်းမြို့ဝန် မင်းလှသင်္ခသူသည်ပျောက်ဆုံးနေသော ကျိုက်ထီးရိုးစေတီကို ပြန်လည်တွေ့ရှိခဲ့သည်။

ထိုစဉ်က ကျောက်လုံးကြီးပေါ်မှ စေတီဥာဏ်တော်မှာ သုံးတောင်မျှသာ မြင့်သည်ဟုဆိုသည်။

ဆင်ပစ်ရန် တောလည်ထွက်ရင်း စစ်တောင်း မြို့ဝန်တွေ့ရှိခဲ့သော ကျိုက်ထီးရိုးစေတီတော်ကို ပြန်လည်တွေ့ရှိသည့်နှစ်မှာပင် စေတီတော်လေးကို ငုံလျက် ဥာဏ်တော် ၁၂ တောင်ရှိ စေတီသစ်ကိုတည်ခဲ့လေသည်။

စစ်တောင်းမြို့မှ စေတီအရောက် လမ်းဖောက်ခဲ့သည်။ နှစ်စဉ်နတ်တော်လရောက်တိုင်း ပွဲတော်ကျင်းပလာခဲ့သည်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi ဖြင့်ဖတ်ပါ

က်ိဳက္ထီးရိုး ေစတီေတာ္ႀကီး၏ လူသိနည္းေသးတဲ့ သမိုင္းတခ်ိဳ႕

တိႆရေသ့ႏွင့္ သိၾကားမင္းတည္ခဲ့ေသာ ဆံေတာ္ရွင္ က်ိဳက္ထီးရိုးေစတီတည္ခဲ့သည္မွာ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္ ၾကာျမင့္ခဲ့ၿပီဟု စစ္ကဲေတာ္မင္း ေမာင္ေ႐ႊေနာ္ ေရးတဲ့ မြန္ရာဇဝင္အရသိရသည္။

က်ိဳက္ထီရိုးေစတီသည္ က်ိဳက္ထိုၿမိဳ႕နယ္ရွိ အေရွ႕ရိုးမေတာင္တန္းအပါအဝင္ ေပါင္းေလာင္းေတာင္ေပၚတြင္ တည္ရွိသည္။

ပင္လယ္ျပင္အထက္ ေပေပါင္း ၃၆၀၀ ခန႔္ျမင့္သည္။ ႀကီးမား၍ မတ္ေစာက္ေသာ ေက်ာက္ေတာင္တစ္ခု၏ အစြန္းတြင္ ေက်ာက္လုံးႀကီးတစ္လုံး ျပဳတ္က်လဳနီးပါးတင္ေနသည္။

ေက်ာက္လုံးႀကီးသည္ လုံးပတ္ေပ ၅၀ ခန့္ရွိသည္။ ေက်ာက္လုံးေတာ္ႀကီး ထိစပ္တင္ရွိေနေသာ ေက်ာက္ေတာင္စြန္းအက်ယ္အဝန္းသည္ ၁၅ ေပထက္ပင္ မပိုနိုင္ေခ်။

ႏွမ္းဖတ္ေက်ာက္အမ်ိဳးအစား ေက်ာက္လုံးႀကီးသည္ ေစတီေတာ္ အပါအဝင္တန္ခ်ိန္ ၆၀၀ ခန့္ရွိမည္ဟု ခန့္မွန္းရသည္။

ေက်ာက္လုံးေပၚတြင္ ေစတီတစ္ဆူတည္ထားသည္။ ဥာဏ္ေတာ္ ၁၅ ေပခန့္ျမင့္သည္။

ကင္ပြန္း(ကင္မြန္း) စခန္းမွ က်ိဳက္ထီးရိုးရင္ျပင္ေတာ္ထိ ၇ မိုင္ခြဲခန့္ေဝးသည္။စခန္းေပါင္း ၂၇ ခုကို ျဖတ္သန္းသြားရသည္။

မြန္ဘာသာ ” က်ိဳက္ကၠသိယို” (ရေသ့႐ြက္ေသာဘုရား) မွ က်ိဳက္ထီးရိုးဟု စကားေ႐ြ႕ေလ်ာလာသည္။

ေစတီေတာ္တည္ထားၿပီေနာက္ ႏွစ္ေပါင္းမ်ားစြာ ေတာဖုံးေပ်ာက္ကြယ္သြားခဲ့သည္။ ႏွစ္ေပါင္း ၂၄၀၀ ေက်ာ္မွ်က်ိဳက္ထီးရိုးေစတီ တည္ရွိေနေၾကာင္းေတြျမင္သူ၊သိရွိသူမရွိေတာ့ေခ်။

ခရစ္ႏွစ္ ၁၈၂၃ ခုႏွစိ(ဘႀကီးေတာ္ဘုရားလက္ထက္ ပထမအဂၤလိပ္-ျမန္မာ စစ္ပြဲမျဖစ္ပြားမီ တစ္ႏွစ္မွ်အလို) တြင္စစ္ေတာင္းၿမိဳ႕ဝန္ မင္းလွသခၤသူသည္ေပ်ာက္ဆုံးေနေသာ က်ိဳက္ထီးရိုးေစတီကို ျပန္လည္ေတြ႕ရွိခဲ့သည္။

ထိုစဥ္က ေက်ာက္လုံးႀကီးေပၚမွ ေစတီဥာဏ္ေတာ္မွာ သုံးေတာင္မွ်သာ ျမင့္သည္ဟုဆိုသည္။

ဆင္ပစ္ရန္ ေတာလည္ထြက္ရင္း စစ္ေတာင္း ၿမိဳ႕ဝန္ေတြ႕ရွိခဲ့ေသာ က်ိဳက္ထီးရိုးေစတီေတာ္ကို ျပန္လည္ေတြ႕ရွိသည့္ႏွစ္မွာပင္ ေစတီေတာ္ေလးကို ငုံလ်က္ ဥာဏ္ေတာ္ ၁၂ ေတာင္ရွိ ေစတီသစ္ကိုတည္ခဲ့ေလသည္။

စစ္ေတာင္းၿမိဳ႕မွ ေစတီအေရာက္ လမ္းေဖာက္ခဲ့သည္။ ႏွစ္စဥ္နတ္ေတာ္လေရာက္တိုင္း ပြဲေတာ္က်င္းပလာခဲ့သည္။

မူရင္းေရးသားသူအားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *