ရေခဲသေတ္တာအနံ့ဆိုးထွက်နေတယ်ဆိုပြီးအိမ်ရှင်မတိုင်းကြုံနေရတဲ့ဒုက္ခစာဖတ်ရမှာမပျင်းပါနဲ့ဆုံးအောင်ဖတ်ပါနော်

ေရခဲေသတၱာအနံ႔ဆိုးထြက္ေနတယ္ဆိုၿပီးအိမ္ရွင္မတိုင္းႀကဳံေနရတဲ့ဒုကၡစာဖတ္ရမွာမပ်င္းပါနဲ႔ဆုံးေအာင္ဖတ္ပါေနာ္

ေရခဲေသတၱာသန႔္ရွင္းေမႊးပ်ံ႕ေနဖို႔ဘာေတြလုပ္ရမလဲ

မီးဖိုခန္းထဲမွာ မရွိမျဖစ္လိုအပ္တဲ့အရာ၊ တစ္အိမ္သားလုံးရဲ႕က်န္းမာေရးအတြက္အေရးပါတဲ့အရာဆိုရင္ ေရခဲေသတၱာကိုၫႊန္ရမွာပါ။

အိမ္ရွင္မတို႔ေတြက ေရခဲေသတၱာထဲမွာ အသားစိမ္းငါးစိမ္း၊ ဟင္းသီးဟင္း႐ြက္၊

အသီးအႏွံ၊ ေသာက္စရာအေအးေတြ၊ ျပန္ေႏႊးစားဦးမယ့္ထမင္းဟင္းေတြ စသျဖင့္ စုံစုံစိစိထားရွိၾကရတာျဖစ္ပါတယ္။

ဒီလိုေနရာတစ္ခုဟာ သန႔္ရွင္းမႈ႕မရွိ႕ညစ္ပတ္ေနမယ္ဆိုရင္ အစာအဆိပ္သင့္မႈေတြ၊ အစားေၾကာင့္ေဘးျဖစ္တာေတြ ႀကဳံရႏိုင္ပါတယ္။

ဒါေၾကာင့္ ေရခဲေသတၱာေလးသန႔္ရွင္းေမႊးပ်ံ႕ေနေစဖို႔ ဒီအခ်က္ ၅ ခ်က္နဲ႔ ေရခဲေသတၱာေလး သန႔္ရွင္းၾကပါ။

ေရခဲေသတၱာေလး သန႔္ရွင္းၾကမယ္

အခ်ိန္ေပးသန႔္စင္ပါ

ေရခဲေသတၱာသန႔္ရွင္းရာမွာ အတြင္းဘက္၊ သူ႔မွာပါဝင္တဲ့ အစိတ္အပိုင္းေတြနဲ႔ ေရခဲေသတၱာအျပင္ဘက္ဆိုၿပီး ၃ ပိုင္းခြဲျခားသန႔္စင္ရမွာျဖစ္ပါတယ္။

ေရခဲေသတၱာကို ေရေတြ၊ ဆပ္ျပာေတြအမ်ားႀကီးနဲ႔ ကိုယ့္စိတ္ႀကိဳက္ေဆးခ်င္သလိုေဆးဖို႔ အဆင္မေျပပါဘူး။

ေရခဲေသတၱာတစ္ခုလုံးသန႔္စင္ေမႊးပ်ံ႕သြားဖို႔အတြက္ အခ်ိန္နည္းနည္းေတာ့ေပးရပါမယ္။ ပထမဆုံးအေနနဲ႔ မီးကိုပိတ္ပါ။ေရခဲေသတၱာထဲက မသန႔္ရွင္းတဲ့

ညစ္ပတ္ေနတဲ့ေရခဲေတြ ေပ်ာ္က်သြားဖို႔အတြက္ ခဏေစာင့္ရပါမယ္။ ၿပီးမွ ေဘးနံရံက ခြက္ေတြ၊ အထဲက စင္အဆင့္ေလးေတြကို အကုန္ျဖဳတ္ရမွာျဖစ္ပါတယ္။

စင္အဆင့္ေလးေတြကို အကုန္ျဖဳတ္ၿပီးမွ သန႔္ရွင္းပါ

သန႔္စင္နည္းမ်ား

ေရခဲေသတၱာအတြင္းပိုင္းကို သန႔္ရွင္းဖို႔အတြက္ ေရနဲ႔ ဗနီဂါ(ရွာလကာရည္)ကို ဆတူေရာၿပီး ပက္ဖ်န္းကာ ပဝါပိုင္းေလးနဲ႔ ျပန္ပြတ္သုတ္ပါ။

ေရခဲေသတၱာထဲကစင္အဆင့္ေလးေတြ၊ ေဘးနံရံက ခြက္ေတြ အားလုံးကိုေတာ့ ဆပ္ျပာရည္ေရာထားတဲ့ ေရေႏြးေႏြးသုံးၿပီး ေဖာ့တုံး၊

ပန္းကန္ေဆးဖတ္ေလးေတြနဲ႔ ပြတ္တိုက္သန႔္စင္ကာ အျပင္မွာပဲအေျခာက္ခံထားရမွာပဲျဖစ္ပါတယ္။

ေရခဲေသတၱာအျပင္မ်က္ႏွာျပင္ကိ ေတာ့ မီးဖိုေခ်ာင္သုံး Microfiber အဝတ္စေလးေတြကို ေရစြတ္ၿပီး ေသေသခ်ာခ်ာပြတ္တိုက္သန႔္စင္ေပးသင့္ပါတယ္။

အနံ႔ဆိုးေတြဖယ္ရွားဖို႔

ေရခဲေသတၱာထဲက အနံ႔ဆိုးေတြအတြက္ ေရခဲေသတၱာကိုသန႔္ရွင္းလိုက္႐ုံနဲ႔ မလုံေလာက္ပါဘူး။

အနံ႔ဆိုးေတြကို စုပ္ယူႏိုင္မယ့္ အကူပစၥည္းေလးေတြသုံးဖို႔လိုအပ္ပါေသးတယ္။

တန္ဖိုးလည္းနည္း တကယ္လည္းထိေရာက္တာကေတာ့ မုန႔္ဖုတ္ဆိုဒါ၊ မီးေသြးနဲ႔ ႀကိတ္ခြဲထားတဲ့ေကာ္ဖီေစ့တို႔ပါပဲ။

မုန႔္ဖုတ္ဆိုဒါ၊ မီးေသြး၊ ေကာ္ဖီ စတဲ့ ကိုယ္ႏွစ္သက္တဲ့အရာကို ခြက္ေလးထဲထည့္ၿပီး ေရခဲေသတၱာထဲမွာထားေပးပါ။

ဒီအရာေတြက အနံ႔ဆိုးေတြကို အေကာင္းဆုံးစုပ္ယူဖယ္ရွားေပးပါလိမ့္မယ္။ အသီးအႏွံေတြထားတဲ့ေနရာမွာေတာ့

စကၠဴအိတ္အညိဳေတြကို လုံးေခ်ၿပီးထားေပးျခင္းအားျဖင့္ အမွည့္လြန္သြားတဲ့အသီးအႏွံရဲ႕ အနံ႔ေတြကို ဖယ္ရွားေပးၿပီးသားျဖစ္ေစပါလိမ့္မယ္။

ေရခဲေသတၱာေနာက္မွ ဂက္စ္ပိုက္မ်ား

ေရခဲေသတၱာေနာက္မွာရွိတဲ့ ဂက္စ္ပိုက္ေတြ၊ ကြိဳင္ေတြကိုလည္း ၆ လတစ္ႀကိမ္ သန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။

ဒီေနရာမွာ ဖုန္ေတြ၊ အမႈိက္ေတြ၊ ဆံပင္ေတြနဲ႔ ၿငိေနခဲ့ရင္ ေရခဲေသတၱာရဲ႕စြမ္းေဆာင္ရည္က်ေစပါတယ္။

ဒီေနရာကို သန႔္ရွင္းမယ္ဆိုရင္ေတာ့ ပိုသတိထားရပါမယ္။

ေရေတြ၊ စိုတဲ့အရည္ေတြနဲ႔ လုံးဝမထိေတြ႕ေစဘဲ ေျခာက္ေျခာက္ေသြ႕ေသြ႕သန႔္ရွင္းရမွာျဖစ္ပါတယ္။

ဘုရားပန္းအိုးေဆးတဲ့ ဘရပ္ရွ္အတံေလးနဲ႔ ပြတ္တိုက္ခါခ်ႏိုင္သလို၊ Dryer နဲ႔လည္း စုပ္ယူသန႔္စင္ႏိုင္ပါတယ္။

3: စနစ္တက်ထားသိုထားရင္ ေရခဲေသတၱာသန႔္ရွင္းေမႊးပ်ံ႕မႈကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္ (Photo: Shutterstock)

စနစ္တက်ထားသိုတတ္မႈ

သန႔္ရွင္းေမႊးပ်ံ႕ေအးျမတဲ့ ေရခဲေသတၱာေလးရဖို႔ စနစ္တက်ထားသိုသိမ္းဆည္းတတ္မႈကလည္း အေရး ပါပါတယ္။

အေအးဆို အေအး၊ အသီးဆိုအသီး အိတ္ေလးေတြ ဘူးေလးေတြနဲ႔

စနစ္တက် လုံလုံၿခဳံၿခဳံသိမ္းဆည္းရမွာျဖစ္သလို တစ္ခုခုကိုထုတ္ယူတဲ့အခါ ျပန္ထားတဲ့အခါမွာလည္း စိတ္ရွည္ရွည္နဲ႔ သပ္သပ္ရပ္ရပ္လုပ္ေဆာင္တဲ့အက်င့္ရွိဖို႔လိုပါတယ္။

Refrigerator storage box ေလးေတြက ေရခဲေသတၱာကိုအမ်ားႀကီးသပ္ရပ္သန႔္ရွင္းေစတာမို႔ ဝယ္ယူသုံးစြဲဖို႔အႀကံျပဳခ်င္ပါတယ္။

ေရခဲေသတၱာကို ေန႔စဥ္ ဒါမွမဟုတ္ ႏွစ္ရက္ျခားတစ္ခါ စစ္ေဆးၾကည့္ရႈဖို႔လည္းလိုပါတယ္။ ပုပ္သိုးမႈိတက္ေနတဲ့အရာေတြ၊ သက္တမ္းကုန္သြားတဲ့အစားအေသာက္ေတြ၊

ထမင္းဟင္းအက်န္ေတြ စတဲ့ေရခဲေသတၱာကို ညစ္ပတ္ေစမယ့္အရာမွန္သမွ်ကို အၿမဲေစာင့္ၾကည့္ဖယ္ရွားတတ္ဖို႔က တကယ့္ကိုအေရးႀကီးတဲ့အခ်က္ပါပဲ..။

ေရခဲေသတၱာဖြင့္လိုက္တိုင္း စိတ္ခ်မ္းသာရၿပီး က်န္းမာတဲ့မိသားစုေလးျဖစ္ႏိုင္ဖို႔ ကြၽန္ေတာ္မွ်ေဝခဲ့တဲ့ အခ်က္ေလးေတြအတိုင္း မေမ့မေလ်ာ့လုပ္ေဆာင္ၾကည့္ပါေနာ္။

အားလုံးအဆင္ေျပက်ပါေစ (ခရစ္ဒစ္)

unicode..

ရေခဲသေတ္တာအနံ့ဆိုးထွက်နေတယ်ဆိုပြီးအိမ်ရှင်မတိုင်းကြုံနေရတဲ့ဒုက္ခစာဖတ်ရမှာမပျင်းပါနဲ့ဆုံးအောင်ဖတ်ပါနော်

ရေခဲသေတ္တာသန့်ရှင်းမွှေးပျံ့နေဖို့ဘာတွေလုပ်ရမလဲ

မီးဖိုခန်းထဲမှာ မရှိမဖြစ်လိုအပ်တဲ့အရာ၊ တစ်အိမ်သားလုံးရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့အရာဆိုရင် ရေခဲသေတ္တာကိုညွှန်ရမှာပါ။

အိမ်ရှင်မတို့တွေက ရေခဲသေတ္တာထဲမှာ အသားစိမ်းငါးစိမ်း၊ ဟင်းသီးဟင်းရွက်၊

အသီးအနှံ၊ သောက်စရာအအေးတွေ၊ ပြန်နွှေးစားဦးမယ့်ထမင်းဟင်းတွေ စသဖြင့် စုံစုံစိစိထားရှိကြရတာဖြစ်ပါတယ်။

ဒီလိုနေရာတစ်ခုဟာ သန့်ရှင်းမှု့မရှိ့ညစ်ပတ်နေမယ်ဆိုရင် အစာအဆိပ်သင့်မှုတွေ၊ အစားကြောင့်ဘေးဖြစ်တာတွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် ရေခဲသေတ္တာလေးသန့်ရှင်းမွှေးပျံ့နေစေဖို့ ဒီအချက် ၅ ချက်နဲ့ ရေခဲသေတ္တာလေး သန့်ရှင်းကြပါ။

ရေခဲသေတ္တာလေး သန့်ရှင်းကြမယ်

အချိန်ပေးသန့်စင်ပါ

ရေခဲသေတ္တာသန့်ရှင်းရာမှာ အတွင်းဘက်၊ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေနဲ့ ရေခဲသေတ္တာအပြင်ဘက်ဆိုပြီး ၃ ပိုင်းခွဲခြားသန့်စင်ရမှာဖြစ်ပါတယ်။

ရေခဲသေတ္တာကို ရေတွေ၊ ဆပ်ပြာတွေအများကြီးနဲ့ ကိုယ့်စိတ်ကြိုက်ဆေးချင်သလိုဆေးဖို့ အဆင်မပြေပါဘူး။

ရေခဲသေတ္တာတစ်ခုလုံးသန့်စင်မွှေးပျံ့သွားဖို့အတွက် အချိန်နည်းနည်းတော့ပေးရပါမယ်။ ပထမဆုံးအနေနဲ့ မီးကိုပိတ်ပါ။ရေခဲသေတ္တာထဲက မသန့်ရှင်းတဲ့

ညစ်ပတ်နေတဲ့ရေခဲတွေ ပျော်ကျသွားဖို့အတွက် ခဏစောင့်ရပါမယ်။ ပြီးမှ ဘေးနံရံက ခွက်တွေ၊ အထဲက စင်အဆင့်လေးတွေကို အကုန်ဖြုတ်ရမှာဖြစ်ပါတယ်။

စင်အဆင့်လေးတွေကို အကုန်ဖြုတ်ပြီးမှ သန့်ရှင်းပါ

သန့်စင်နည်းများ

ရေခဲသေတ္တာအတွင်းပိုင်းကို သန့်ရှင်းဖို့အတွက် ရေနဲ့ ဗနီဂါ(ရှာလကာရည်)ကို ဆတူရောပြီး ပက်ဖျန်းကာ ပဝါပိုင်းလေးနဲ့ ပြန်ပွတ်သုတ်ပါ။

ရေခဲသေတ္တာထဲကစင်အဆင့်လေးတွေ၊ ဘေးနံရံက ခွက်တွေ အားလုံးကိုတော့ ဆပ်ပြာရည်ရောထားတဲ့ ရေနွေးနွေးသုံးပြီး ဖော့တုံး၊

ပန်းကန်ဆေးဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်စင်ကာ အပြင်မှာပဲအခြောက်ခံထားရမှာပဲဖြစ်ပါတယ်။

ရေခဲသေတ္တာအပြင်မျက်နှာပြင်ကိ တော့ မီးဖိုချောင်သုံး Microfiber အဝတ်စလေးတွေကို ရေစွတ်ပြီး သေသေချာချာပွတ်တိုက်သန့်စင်ပေးသင့်ပါတယ်။

အနံ့ဆိုးတွေဖယ်ရှားဖို့

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေအတွက် ရေခဲသေတ္တာကိုသန့်ရှင်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။

အနံ့ဆိုးတွေကို စုပ်ယူနိုင်မယ့် အကူပစ္စည်းလေးတွေသုံးဖို့လိုအပ်ပါသေးတယ်။

တန်ဖိုးလည်းနည်း တကယ်လည်းထိရောက်တာကတော့ မုန့်ဖုတ်ဆိုဒါ၊ မီးသွေးနဲ့ ကြိတ်ခွဲထားတဲ့ကော်ဖီစေ့တို့ပါပဲ။

မုန့်ဖုတ်ဆိုဒါ၊ မီးသွေး၊ ကော်ဖီ စတဲ့ ကိုယ်နှစ်သက်တဲ့အရာကို ခွက်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပေးပါ။

ဒီအရာတွေက အနံ့ဆိုးတွေကို အကောင်းဆုံးစုပ်ယူဖယ်ရှားပေးပါလိမ့်မယ်။ အသီးအနှံတွေထားတဲ့နေရာမှာတော့

စက္ကူအိတ်အညိုတွေကို လုံးချေပြီးထားပေးခြင်းအားဖြင့် အမှည့်လွန်သွားတဲ့အသီးအနှံရဲ့ အနံ့တွေကို ဖယ်ရှားပေးပြီးသားဖြစ်စေပါလိမ့်မယ်။

ရေခဲသေတ္တာနောက်မှ ဂက်စ်ပိုက်များ

ရေခဲသေတ္တာနောက်မှာရှိတဲ့ ဂက်စ်ပိုက်တွေ၊ ကွိုင်တွေကိုလည်း ၆ လတစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

ဒီနေရာမှာ ဖုန်တွေ၊ အမှိုက်တွေ၊ ဆံပင်တွေနဲ့ ငြိနေခဲ့ရင် ရေခဲသေတ္တာရဲ့စွမ်းဆောင်ရည်ကျစေပါတယ်။

ဒီနေရာကို သန့်ရှင်းမယ်ဆိုရင်တော့ ပိုသတိထားရပါမယ်။

ရေတွေ၊ စိုတဲ့အရည်တွေနဲ့ လုံးဝမထိတွေ့စေဘဲ ခြောက်ခြောက်သွေ့သွေ့သန့်ရှင်းရမှာဖြစ်ပါတယ်။

ဘုရားပန်းအိုးဆေးတဲ့ ဘရပ်ရှ်အတံလေးနဲ့ ပွတ်တိုက်ခါချနိုင်သလို၊ Dryer နဲ့လည်း စုပ်ယူသန့်စင်နိုင်ပါတယ်။

3: စနစ်တကျထားသိုထားရင် ရေခဲသေတ္တာသန့်ရှင်းမွှေးပျံ့မှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ် (Photo: Shutterstock)

စနစ်တကျထားသိုတတ်မှု

သန့်ရှင်းမွှေးပျံ့အေးမြတဲ့ ရေခဲသေတ္တာလေးရဖို့ စနစ်တကျထားသိုသိမ်းဆည်းတတ်မှုကလည်း အရေး ပါပါတယ်။

အအေးဆို အအေး၊ အသီးဆိုအသီး အိတ်လေးတွေ ဘူးလေးတွေနဲ့

စနစ်တကျ လုံလုံခြုံခြုံသိမ်းဆည်းရမှာဖြစ်သလို တစ်ခုခုကိုထုတ်ယူတဲ့အခါ ပြန်ထားတဲ့အခါမှာလည်း စိတ်ရှည်ရှည်နဲ့ သပ်သပ်ရပ်ရပ်လုပ်ဆောင်တဲ့အကျင့်ရှိဖို့လိုပါတယ်။

Refrigerator storage box လေးတွေက ရေခဲသေတ္တာကိုအများကြီးသပ်ရပ်သန့်ရှင်းစေတာမို့ ဝယ်ယူသုံးစွဲဖို့အကြံပြုချင်ပါတယ်။

ရေခဲသေတ္တာကို နေ့စဉ် ဒါမှမဟုတ် နှစ်ရက်ခြားတစ်ခါ စစ်ဆေးကြည့်ရှုဖို့လည်းလိုပါတယ်။ ပုပ်သိုးမှိုတက်နေတဲ့အရာတွေ၊ သက်တမ်းကုန်သွားတဲ့အစားအသောက်တွေ၊

ထမင်းဟင်းအကျန်တွေ စတဲ့ရေခဲသေတ္တာကို ညစ်ပတ်စေမယ့်အရာမှန်သမျှကို အမြဲစောင့်ကြည့်ဖယ်ရှားတတ်ဖို့က တကယ့်ကိုအရေးကြီးတဲ့အချက်ပါပဲ..။

ရေခဲသေတ္တာဖွင့်လိုက်တိုင်း စိတ်ချမ်းသာရပြီး ကျန်းမာတဲ့မိသားစုလေးဖြစ်နိုင်ဖို့ ကျွန်တော်မျှဝေခဲ့တဲ့ အချက်လေးတွေအတိုင်း မမေ့မလျော့လုပ်ဆောင်ကြည့်ပါနော်။

အားလုံးအဆင်ပြေကျပါစေ (ခရစ်ဒစ်)


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *