“အေဖတစ္ေယာက္ သမီးဆီသို႔ ေရးပို႔ခဲ့သည့္ စာ” (သင္၏ သားသမီးမ်ား ကိုလည္း ေပးဖတ္ပါ။)
ဤစာကို ေဟာင္ေကာင္ နံမည္ႀကီး တီဗြီ ခ်ယ္နယ္တြင္ အသံလႊင့္သူလည္းျဖစ္ ခေလး စိတ္ပညာဆိုင္ရာ ပါရဂူ တစ္ေယာက္လည္း ျဖစ္ေသာ ဖခင္တစ္ေယာက္မွ သူ၏ သမီးျဖစ္သူထံသို႔ ေရးသားခဲ့ပါသည္။
အဆိုပါ စာပါ အေၾကာင္းအရာမ်ားသည္ အသက္ႀကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ သားသမီးျဖစ္ေစ မိဘျဖစ္ေစ ကြၽႏ္ုပ္တို႔အားလုံးအတြက္ အႀကဳံးဝင္ပါသည္။ မိဘမ်ားမွ သားသမီးမ်ားကို ဆုံးမသည့္အခါ အဆိုပါ အေၾကာင္းအရာမ်ားကို ေျပာဆို သင္ၾကားေပးသင့္ပါသည္။
သမီးေရ
ေဖေဖဒီစာကို ေရးလိုက္တာ အေၾကာင္း အရင္း ၃ခုရွိပါတယ္။
၁။ ဘဝရယ္၊ ကံၾကမၼာ ရယ္၊ ကံဆိုးမိုးေမွာင္ က်မႈရယ္ ဆိုတဲ့ အရာေတြဟာ ဘယ္ေတာ့မွ ႀကိဳတင္ မွန္းဆလို႔ မရပါဘူး။ ေဖေဖတို႔ ဘယ္ေလာက္ သက္တမ္းအထိ ေနရမယ္ဆိုတာလည္း ဘယ္သူမွ မသိႏိုင္ပါဘူး။
၂။ ေဖေဖဟာ သမီးတို႔ရဲ႕အေဖျဖစ္တယ္။ တကယ္လို႔ ဒီအေၾကာင္းအရာေတြကို အေဖမွ မေျပာရင္ တျခားဘယ္သူမွ သမီးတို႔ကို ေျပာျပလိမ့္မွာ မဟုတ္ပါဘူး။
၃။ ေဖေဖ့ရဲ႕ ခါးသီးခဲ့ဲတဲ့ အေတြ႕အႀကဳံေပၚမွာ အေျခ ခံၿပီးေရးထားတဲ့ အေၾကာင္းတရားေတြဟာ သမီးတို႔အတြက္ မလိုလားအပ္တဲ့ စိတ္ႏွလုံးထိခိုက္ စရာကိစၥေတြကို တဖက္တလမ္းကဖယ္ရွားေပး ႏိုင္ပါ လိမ့္မယ္။ ေအာက္မွာေျပာျပမယ့္ အေၾကာင္းအရာေတြကို သမီးဘဝ တစ္ေလ်ာက္ သတိရေနပါေနာ္။
၁။ သမီးအေပၚမေကာင္းတဲ့ သူေတြအ တြက္ ထိခိုက္ပူေဆြးေဒါသ ထြက္မေနပါနဲ႔။ သမီးရဲ႕ေမေမနဲ႔ ေဖေဖ ကလြဲၿပီးေတာ့ သမီးတို႔ အေပၚကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံဖို႔ ဘယ္သူမွာမွ တာဝန္မရွိပါဘူး။ သမီးအေပၚမွာ ေကာင္းတဲ့သူေတြ အတြက္ေတာ့ တန္ဖိုးထားၿပီး ေက်းဇူးတင္လိုက္ပါ။ ဒါေပမယ့္ သမီး အေနနဲ႔ သတိထားစရာ အခ်က္ေတာ့ ရွိတယ္။ လူတိုင္းမွာ စိတ္ခံစားမႈအေျခအေနေတြ အမ်ိဳးမ်ိဳး ေျပာင္းလဲေန တယ္။
လူတစ္ေယာက္က သမီးအေပၚ ေကာင္းတယ္ဆိုတာဟာ သူဟာ သမီးအေပၚ အၿမဲတမ္းေကာင္းမြန္စြာ ဆက္ဆံ မယ္လို႔ မဆိုလို ပါဘူး။ သူ႔ကို သမီးရဲ႕ တကယ့္ မိတ္ေဆြ အစစ္လို႔ အလ်င္အျမန္ဆုံးျဖတ္ခ်က္ မခ်လိုက္ပါနဲ႔။
၂။ ေလာကမွ မရွိမျဖစ္ လိုအပ္တဲ့ သူဆိုတာ ဘယ္သူမွ မရွိပါဘူး။ ဒီကမာၻေပၚမွာ သမီးပိုင္ဆိုင္စရာ ဘာမွမရွိဘူး။ ဒီအခ်က္ကို သေဘာေပါက္ထားရင္ သမီးနားမွာ ရွိေနတဲ့သူေတြ သမီးကို မလိုအပ္ေတာ့တဲ့အခါ သမီး အလိုအပ္ဆုံး လူေတြကို ဆုံးရႈံး ရတဲ့ အခါ ဘဝတစ္ေလ်ာက္ အဆင္ေျပစြာေနသြားႏိုင္ ပါၿပီ။
၃။ ဘဝက တိုတိုေလးပါ။
သမီး ဒီေန႔မွာ အခ်ိန္ျဖဳန္းလိုက္မယ္ ဆိုရင္ မနက္ျဖန္က်ရင္ သမီးဘဝက သမီးကို ခ်န္ ထားခဲ့တယ္လို႔ ခံစားရ လိမ့္မယ္။ သမီးရဲ႕ဘဝကို ျမန္ျမန္ တန္ဖိုး ထားေလေလ သမီး ဘဝမွာ ေပ်ာ္႐ႊင္စရာေတြကို ပိုင္ဆိုင္ရေလေလပဲ။
၄။ အခ်စ္ဆိုတာ တဒဂၤေလး ျဖစ္သြားတဲ့ ခံစားခ်က္ေလးပါ။ အဲ့ဒီခံစားခ်က္ေလးဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် တေျဖးေျဖး ေမွးမွိန္ေပ်ာက္ကြယ္ သြားပါ လိမ့္မယ္။ သမီးသိပ္ခ်စ္ ရပါတယ္ ဆိုတဲ့ လူတစ္ေယာက္သမီး ကို စြန႔္ခြာ သြားတဲ့အခါ ခဏေလး သည္းခံလိုက္ပါ။ အခ်ိန္ေတြက သမီးရဲ႕ နာက်င္ဝမ္းနည္းမႈေတြကို ေဆးေၾကာေပးသြားမွာပါ။
အခ်စ္ရဲ႕ ခ်ိဳၿမိန္ျခင္း နဲ႔ အလွတရားကို သိပ္အမြန္းမတင္ပါနဲ႔။ အဲ့လိုပဲ အခ်စ္ေၾကာင့္ ပူေဆြးေသာကေရာက္ရတဲ့ အရာေတြကို ပုံႀကီးမခ်ဲ႕လိုက္ပါနဲ႔။
၅။ ေအာင္ျမင္ေနတဲ့ လူေတြၾကားထဲမွာ ပညာေရး အေျခခံမေကာင္းခဲ့တဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒီအဓိပၸါယ္က သမီး ပညာေရးမွာ မႀကိဳးစားလည္း ေအာင္ျမင္ႏိုင္တယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။
သမီးဆည္းပူးခဲ့သမွ်အသိပညာ ဗဟုသုတ မွန္သမွ်ဟာ သမီးဘဝအတြက္ လက္နက္ေတြတပ္ဆင္ေပး လိုက္တာ ပါပဲ။ ႏုံခ်ာစုတ္ျပတ္တဲ့ ဘဝကေန ခ်မ္းသာတဲ့ ဘဝကို သြားႏိုင္ ပါတယ္။ ဒါေပမယ့္ ႏုံံခ်ာတဲ့ဘဝကေန အစျပဳမွကို ျဖစ္မယ္။
၆။ ေဖေဖ အသက္ႀကီးလာတဲ့အခါ သမီးအေနနဲ႔ ေဖေဖ့ကို ေငြေၾကးဥစၥာေထာက္ပံ့ ေပးဖို႔ိမေမွ်ာ္လင့္ပါဘူး။ ဒီလိုပဲ သမီးကိုလည္း ဘဝတစ္ေလွ်ာက္လုံးစာအတြက္ ေငြေၾကးကို ေဖေဖ ေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။
ေဖ့ေဖ့တာဝန္က သမီးအ႐ြယ္ေရာက္ၿပီး ကိုယ့္ဟာကိုယ္ ရပ္တည္ႏိုင္တဲ့အထိပဲ တာဝန္ယူေပးမွာပါ။ ေနာက္ပိုင္းကိစၥကေတာ့ သမီးအျပင္ထြက္တဲ့ အခါ ဘတ္စ္ ကားစီးၿပီးထြက္ခ်င္တာလား ဇိမ္ခံကားေလးနဲ႔ ၿငိမ့္ၿငိမ့္ေလးထြက္ခ်င္လားဆိုတာ သမီးရဲ႕ဆုံးျဖတ္ခ်က္ျဖစ္သြားပါၿပီ။
၇။ သမီး ရဲ႕ စကားလုံးေတြကို တဖက္သား နားဝင္ေအာင္ အေလးထားၿပီးေျပာပါ။ ဒါေပမယ့္ တျခားသူေတြ ဆီကေတာ့ အဲ့လိုျပန္ရ လိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ သမီးအေနနဲ႔ လူေတြအေပၚ ေကာင္းေအာင္ေနလို႔ရတယ္။
ဒါေပမယ့္္ တျခားသူေတြက သမီးအေပၚျပန္ေကာင္း လိမ့္မွာပဲလို႔ ဘယ္ေတာ့မွ မေမွ်ာ္လင့္ပါနဲ႔။ ဒီအခ်က္ကို သမီး နားမလည္ဘူးဆိုရင္ ေနာက္ဆုံး သမီးဒုကၡေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္။
၈။ ေဖေဖ့ ဘဝတစ္ေလွ်ာက္မွာ ထီထိုးတာ အႀကိမ္ႀကိမ္ပဲ။ ဒါေပမယ့္တစ္ခါမွ ဆုေၾကးေငြ မရခဲ့ဖူးဘူး။ အဲ့ဒါဘာ အဓိပၸါယ္လဲ ဆိုေတာ့ သမီး ခ်မ္းသာခ်င္ရင္ အလုပ္ကိုႀကိဳးစားလုပ္ရမယ္။ အလကားရတဲ့ ထမင္းတနပ္ ဆိုတာ ဘယ္ေတာ့မွမရွိပါဘူး။
၉။ သမီးနားမွာ ေဖေဖ ေနတဲ့အခ်ိန္ ဘယ္ေလာက္ပဲ ရွိေနပါေစ ရွိေနတဲ့ အခ်ိန္တိုင္းကို တန္ဖိုးထားေပး သမီးေရ။ ေနာက္ဘဝမွ ေဖေဖတို႔ ျပန္ေတြ႕ဖို႔ဆိုတာ မေသခ်ာဘူးေလ။
သမီးရဲ႕ ေဖေဖ
#credit
“အဖေတစ်ယောက် သမီးဆီသို့ ရေးပို့ခဲ့သည့် စာ” (သင်၏ သားသမီးများ ကိုလည်း ပေးဖတ်ပါ။)
ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ်တွင် အသံလွှင့်သူလည်းဖြစ် ခလေး စိတ်ပညာဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီးဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။
အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။ မိဘများမှ သားသမီးများကို ဆုံးမသည့်အခါ အဆိုပါ အကြောင်းအရာများကို ပြောဆို သင်ကြားပေးသင့်ပါသည်။
သမီးရေ
ဖေဖေဒီစာကို ရေးလိုက်တာ အကြောင်း အရင်း ၃ခုရှိပါတယ်။
၁။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင် ကျမှုရယ် ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင် မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက် သက်တမ်းအထိ နေရမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။
၂။ ဖေဖေဟာ သမီးတို့ရဲ့အဖေဖြစ်တယ်။ တကယ်လို့ ဒီအကြောင်းအရာတွေကို အဖေမှ မပြောရင် တခြားဘယ်သူမှ သမီးတို့ကို ပြောပြလိမ့်မှာ မဟုတ်ပါဘူး။
၃။ ဖေဖေ့ရဲ့ ခါးသီးခဲ့ဲတဲ့ အတွေ့အကြုံပေါ်မှာ အခြေ ခံပြီးရေးထားတဲ့ အကြောင်းတရားတွေဟာ သမီးတို့အတွက် မလိုလားအပ်တဲ့ စိတ်နှလုံးထိခိုက် စရာကိစ္စတွေကို တဖက်တလမ်းကဖယ်ရှားပေး နိုင်ပါ လိမ့်မယ်။ အောက်မှာပြောပြမယ့် အကြောင်းအရာတွေကို သမီးဘဝ တစ်လျောက် သတိရနေပါနော်။
၁။ သမီးအပေါ်မကောင်းတဲ့ သူတွေအ တွက် ထိခိုက်ပူဆွေးဒေါသ ထွက်မနေပါနဲ့။ သမီးရဲ့မေမေနဲ့ ဖေဖေ ကလွဲပြီးတော့ သမီးတို့ အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။ သမီးအပေါ်မှာ ကောင်းတဲ့သူတွေ အတွက်တော့ တန်ဖိုးထားပြီး ကျေးဇူးတင်လိုက်ပါ။ ဒါပေမယ့် သမီး အနေနဲ့ သတိထားစရာ အချက်တော့ ရှိတယ်။ လူတိုင်းမှာ စိတ်ခံစားမှုအခြေအနေတွေ အမျိုးမျိုး ပြောင်းလဲနေ တယ်။
လူတစ်ယောက်က သမီးအပေါ် ကောင်းတယ်ဆိုတာဟာ သူဟာ သမီးအပေါ် အမြဲတမ်းကောင်းမွန်စွာ ဆက်ဆံ မယ်လို့ မဆိုလို ပါဘူး။ သူ့ကို သမီးရဲ့ တကယ့် မိတ်ဆွေ အစစ်လို့ အလျင်အမြန်ဆုံးဖြတ်ချက် မချလိုက်ပါနဲ့။
၂။ လောကမှ မရှိမဖြစ် လိုအပ်တဲ့ သူဆိုတာ ဘယ်သူမှ မရှိပါဘူး။ ဒီကမ္ဘာပေါ်မှာ သမီးပိုင်ဆိုင်စရာ ဘာမှမရှိဘူး။ ဒီအချက်ကို သဘောပေါက်ထားရင် သမီးနားမှာ ရှိနေတဲ့သူတွေ သမီးကို မလိုအပ်တော့တဲ့အခါ သမီး အလိုအပ်ဆုံး လူတွေကို ဆုံးရှုံး ရတဲ့ အခါ ဘဝတစ်လျောက် အဆင်ပြေစွာနေသွားနိုင် ပါပြီ။
၃။ ဘဝက တိုတိုလေးပါ။
သမီး ဒီနေ့မှာ အချိန်ဖြုန်းလိုက်မယ် ဆိုရင် မနက်ဖြန်ကျရင် သမီးဘဝက သမီးကို ချန် ထားခဲ့တယ်လို့ ခံစားရ လိမ့်မယ်။ သမီးရဲ့ဘဝကို မြန်မြန် တန်ဖိုး ထားလေလေ သမီး ဘဝမှာ ပျော်ရွှင်စရာတွေကို ပိုင်ဆိုင်ရလေလေပဲ။
၄။ အချစ်ဆိုတာ တဒင်္ဂလေး ဖြစ်သွားတဲ့ ခံစားချက်လေးပါ။ အဲ့ဒီခံစားချက်လေးဟာ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ် သွားပါ လိမ့်မယ်။ သမီးသိပ်ချစ် ရပါတယ် ဆိုတဲ့ လူတစ်ယောက်သမီး ကို စွန့်ခွာ သွားတဲ့အခါ ခဏလေး သည်းခံလိုက်ပါ။ အချိန်တွေက သမီးရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ဆေးကြောပေးသွားမှာပါ။
အချစ်ရဲ့ ချိုမြိန်ခြင်း နဲ့ အလှတရားကို သိပ်အမွန်းမတင်ပါနဲ့။ အဲ့လိုပဲ အချစ်ကြောင့် ပူဆွေးသောကရောက်ရတဲ့ အရာတွေကို ပုံကြီးမချဲ့လိုက်ပါနဲ့။
၅။ အောင်မြင်နေတဲ့ လူတွေကြားထဲမှာ ပညာရေး အခြေခံမကောင်းခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအဓိပ္ပါယ်က သမီး ပညာရေးမှာ မကြိုးစားလည်း အောင်မြင်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
သမီးဆည်းပူးခဲ့သမျှအသိပညာ ဗဟုသုတ မှန်သမျှဟာ သမီးဘဝအတွက် လက်နက်တွေတပ်ဆင်ပေး လိုက်တာ ပါပဲ။ နုံချာစုတ်ပြတ်တဲ့ ဘဝကနေ ချမ်းသာတဲ့ ဘဝကို သွားနိုင် ပါတယ်။ ဒါပေမယ့် နုံံချာတဲ့ဘဝကနေ အစပြုမှကို ဖြစ်မယ်။
၆။ ဖေဖေ အသက်ကြီးလာတဲ့အခါ သမီးအနေနဲ့ ဖေဖေ့ကို ငွေကြေးဥစ္စာထောက်ပံ့ ပေးဖို့ိမမျှော်လင့်ပါဘူး။ ဒီလိုပဲ သမီးကိုလည်း ဘဝတစ်လျှောက်လုံးစာအတွက် ငွေကြေးကို ဖေဖေ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။
ဖေ့ဖေ့တာဝန်က သမီးအရွယ်ရောက်ပြီး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့အထိပဲ တာဝန်ယူပေးမှာပါ။ နောက်ပိုင်းကိစ္စကတော့ သမီးအပြင်ထွက်တဲ့ အခါ ဘတ်စ် ကားစီးပြီးထွက်ချင်တာလား ဇိမ်ခံကားလေးနဲ့ ငြိမ့်ငြိမ့်လေးထွက်ချင်လားဆိုတာ သမီးရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။
၇။ သမီး ရဲ့ စကားလုံးတွေကို တဖက်သား နားဝင်အောင် အလေးထားပြီးပြောပါ။ ဒါပေမယ့် တခြားသူတွေ ဆီကတော့ အဲ့လိုပြန်ရ လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သမီးအနေနဲ့ လူတွေအပေါ် ကောင်းအောင်နေလို့ရတယ်။
ဒါပေမယ့် တခြားသူတွေက သမီးအပေါ်ပြန်ကောင်း လိမ့်မှာပဲလို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီအချက်ကို သမီး နားမလည်ဘူးဆိုရင် နောက်ဆုံး သမီးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။
၈။ ဖေဖေ့ ဘဝတစ်လျှောက်မှာ ထီထိုးတာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့်တစ်ခါမှ ဆုကြေးငွေ မရခဲ့ဖူးဘူး။ အဲ့ဒါဘာ အဓိပ္ပါယ်လဲ ဆိုတော့ သမီး ချမ်းသာချင်ရင် အလုပ်ကိုကြိုးစားလုပ်ရမယ်။ အလကားရတဲ့ ထမင်းတနပ် ဆိုတာ ဘယ်တော့မှမရှိပါဘူး။
၉။ သမီးနားမှာ ဖေဖေ နေတဲ့အချိန် ဘယ်လောက်ပဲ ရှိနေပါစေ ရှိနေတဲ့ အချိန်တိုင်းကို တန်ဖိုးထားပေး သမီးရေ။ နောက်ဘဝမှ ဖေဖေတို့ ပြန်တွေ့ဖို့ဆိုတာ မသေချာဘူးလေ။
သမီးရဲ့ ဖေဖေ
#credit
Leave a Reply