အသတ်ခံရမဲ့နေ့ကို စောင့်နေတဲ့ ထောင်သားဟာ နောက်ဆုံးဆန္ဒအနေနဲ့ ဘောပင်နှင့် စာရွက်တစ်ရွက်ကို သူတောင်းပါတယ်။
မိနစ်အနည်းငယ်ကြာ ရေးပြီးတဲ့နောက် သူဟာ ထောင့် ကင်းစောင့်ကိုခေါပြီး သူ့အမေရဲ့လက်ထဲကို ဒီစာ ပို့ပေးဖို့ နောက်ဆုံးဆန္ဒအနေနဲ့ သူတောင်းဆိုခဲ့တယ်။
စာထဲမှာ ရေးထားတာက……
အမေ တကယ်လို့များ ဒီကမ္ဘာကြီးမှာ တရားမျှတမှု ပိုပြီးရှိခဲ့မယ်ဆိုရင် ကျွန်တော်တစ်ဦးတည်း မဟုတ်ပဲ အမေနှင့် ကျွန်တော် နှစ်ယောက်လုံး သေဒဏ်ကျလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရဲ့ဘ၀ ဒီလိုပုံဖြစ်လာဖို့အတွက် အမေမှာ အပြစ်မကင်းဘူး။ အမေပြန်သတိရပါ …
ကျွန်တော်လိုကောင်လေးတစ်ယောက်ဟာ စက်ဘီးတစ်စီး ခိုးလာခဲ့တုန်းကပေါ့……
အဖေမတွေ့ရအောင် အဲဒီ စက်ဘီးကို ဝှက်ဖို့ အမေကျွန်တော်ကို ကူညီခဲ့တယ်လေ။
အိမ်နီးချင်းတစ်ယောက်ရဲ့ လက်ကိုင်အိတ်ထဲက ငွေကို ကျွန်တော်ခိုးယူခဲ့တုန်းကရော အမေ မှတ်မိရဲ့လား?
အမေ ကျွန်တော်နှင့်အတူ ဈေးတန်းကိုသွားပြီး သုံးခဲ့ကြတယ်လေ။ အဖေနှင့် ကျွန်တော် စကားများကြပြီး အဖေအိမ်ကထွက်သွားတုန်းကရော မှတ်မိရဲ့လား?
ကျောင်းစာမေးပွဲကြီးရဲ့ ရလဒ်တွေကို ကျွန်တော်ခိုးယူပြီးနောက် ကျောင်းက ထုတ်ခံခဲ့ရတာကို အဖေဟာ မှားကြောင်း ပြချင်ခဲ့ရုံပါ။
အမေ … ကျွန်တော်ဟာ ကလေးတစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ် ပြသနာကောင်တစ်ယောက် အဖြစ်မကြာသေးဘူး ကျွန်တော်ဟာ ပုံမမှန် ကြီးပြင်းလာတဲ့ ယောက်ျားရင့်မာကြီးတစ်ယောက် ဖြစ်ခဲ့ပြီ။
အမေ … ကျွန်တော်ဟာ လမ်းမှန်ကို ပြသပေးဖို့ ကြပ်မှတ်ပေးဖို့ လိုအပ်နေတဲ့ ကလေးတစ်ယောက်ပါ။ အလိုလိုက် အကြိုက် ဆောင်ပေးတာ လိုအပ်တဲ့ ကလေးတစ်ယောက် မဟုတ်ဘူး အမေ။
ဒါပေမဲ့ ..အမေ့ကို ကျွန်တော် ခွင့်လွှတ်ပါတယ်။ ကျွန်တော် ဒီစာကို ကမ္ဘာအနှံ့နှံ့က မိဘတွေထံ ရောက်သွားစေချင်တယ်။
ဒီအတွက် ပညာရေးဟာ လူကောင်း လူဆိုး အရာသွင်းပေးနိုင်တဲ့အရာ ဖြစ်ကြောင်း သူတို့ သိကြလိမ့်မယ်။
ကျေးဇူးတင်ပါတယ်အမေ ……ကျွန်တော်ကို အသက်ပေးပြီးမွေးခဲ့တဲ့အတွက်ကော၊အသက်ဆုံးရအောင်လဲ ကူညီပေးခဲ့တဲ့အတွက်ကော ကျေးဇူးတင်ပါတယ်။
အမေ့ရဲ့ အပြစ်သား………။
မှတ်သားစရာပါ။”သားသမီးကို မဆုံးမသောသူသည် မိမိသားသမီးကို ဒုက္ခရောက်ရာသို့ ပို့၏။
သားသမီးကို ချစ်သော မိဘတို့သည် ငယ်သော အရွယ်မှစ၍ သားသမီးကိုဆုံးမတတ်၏။
crd_to_owner_with_respec
zawgyi
အသတ္ခံရမဲ့ေန႔ကို ေစာင့္ေနတဲ့ ေထာင္သားဟာ ေနာက္ဆုံးဆႏၵအေနနဲ႔ ေဘာပင္ႏွင့္ စာ႐ြက္တစ္႐ြက္ကို သူေတာင္းပါတယ္။
မိနစ္အနည္းငယ္ၾကာ ေရးၿပီးတဲ့ေနာက္ သူဟာ ေထာင့္ ကင္းေစာင့္ကိုေခါၿပီး သူ႔အေမရဲ႕လက္ထဲကို ဒီစာ ပို႔ေပးဖို႔ ေနာက္ဆုံးဆႏၵအေနနဲ႔ သူေတာင္းဆိုခဲ့တယ္။
စာထဲမွာ ေရးထားတာက……
အေမ တကယ္လို႔မ်ား ဒီကမာၻႀကီးမွာ တရားမွ်တမႈ ပိုၿပီးရွိခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တစ္ဦးတည္း မဟုတ္ပဲ အေမႏွင့္ ကြၽန္ေတာ္ ႏွစ္ေယာက္လုံး ေသဒဏ္က်လိမ့္မယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္ရဲ႕ဘ၀ ဒီလိုပုံျဖစ္လာဖို႔အတြက္ အေမမွာ အျပစ္မကင္းဘူး။ အေမျပန္သတိရပါ …
ကြၽန္ေတာ္လိုေကာင္ေလးတစ္ေယာက္ဟာ စက္ဘီးတစ္စီး ခိုးလာခဲ့တုန္းကေပါ့……
အေဖမေတြ႕ရေအာင္ အဲဒီ စက္ဘီးကို ဝွက္ဖို႔ အေမကြၽန္ေတာ္ကို ကူညီခဲ့တယ္ေလ။
အိမ္နီးခ်င္းတစ္ေယာက္ရဲ႕ လက္ကိုင္အိတ္ထဲက ေငြကို ကြၽန္ေတာ္ခိုးယူခဲ့တုန္းကေရာ အေမ မွတ္မိရဲ႕လား?
အေမ ကြၽန္ေတာ္ႏွင့္အတူ ေဈးတန္းကိုသြားၿပီး သုံးခဲ့ၾကတယ္ေလ။ အေဖႏွင့္ ကြၽန္ေတာ္ စကားမ်ားၾကၿပီး အေဖအိမ္ကထြက္သြားတုန္းကေရာ မွတ္မိရဲ႕လား?
ေက်ာင္းစာေမးပြဲႀကီးရဲ႕ ရလဒ္ေတြကို ကြၽန္ေတာ္ခိုးယူၿပီးေနာက္ ေက်ာင္းက ထုတ္ခံခဲ့ရတာကို အေဖဟာ မွားေၾကာင္း ျပခ်င္ခဲ့႐ုံပါ။
အေမ … ကြၽန္ေတာ္ဟာ ကေလးတစ္ေယာက္ပါ။ ဆယ္ေက်ာ္သက္အ႐ြယ္ ျပသနာေကာင္တစ္ေယာက္ အျဖစ္မၾကာေသးဘူး ကြၽန္ေတာ္ဟာ ပုံမမွန္ ႀကီးျပင္းလာတဲ့ ေယာက္်ားရင့္မာႀကီးတစ္ေယာက္ ျဖစ္ခဲ့ၿပီ။
အေမ … ကြၽန္ေတာ္ဟာ လမ္းမွန္ကို ျပသေပးဖို႔ ၾကပ္မွတ္ေပးဖို႔ လိုအပ္ေနတဲ့ ကေလးတစ္ေယာက္ပါ။ အလိုလိုက္ အႀကိဳက္ ေဆာင္ေပးတာ လိုအပ္တဲ့ ကေလးတစ္ေယာက္ မဟုတ္ဘူး အေမ။
ဒါေပမဲ့ ..အေမ့ကို ကြၽန္ေတာ္ ခြင့္လႊတ္ပါတယ္။ ကြၽန္ေတာ္ ဒီစာကို ကမာၻအႏွံ႔ႏွံ႔က မိဘေတြထံ ေရာက္သြားေစခ်င္တယ္။
ဒီအတြက္ ပညာေရးဟာ လူေကာင္း လူဆိုး အရာသြင္းေပးႏိုင္တဲ့အရာ ျဖစ္ေၾကာင္း သူတို႔ သိၾကလိမ့္မယ္။
ေက်းဇူးတင္ပါတယ္အေမ ……ကြၽန္ေတာ္ကို အသက္ေပးၿပီးေမြးခဲ့တဲ့အတြက္ေကာ၊အသက္ဆုံးရေအာင္လဲ ကူညီေပးခဲ့တဲ့အတြက္ေကာ ေက်းဇူးတင္ပါတယ္။
အေမ့ရဲ႕ အျပစ္သား………။
မွတ္သားစရာပါ။”သားသမီးကို မဆုံးမေသာသူသည္ မိမိသားသမီးကို ဒုကၡေရာက္ရာသို႔ ပို႔၏။
သားသမီးကို ခ်စ္ေသာ မိဘတို႔သည္ ငယ္ေသာ အ႐ြယ္မွစ၍ သားသမီးကိုဆုံးမတတ္၏။
crd_to_owner_with_respec
Leave a Reply