အမှန်တကယ် အသားဖြူဖွေးချင်တဲ့ သူတွေအနေနဲ့ ပုံမှန်ပြုလုပ်ပေးရမယ့်အရာများ

အမှန်တကယ် အသားဖြူဖွေးချင်တဲ့ သူတွေအနေနဲ့ ပုံမှန်ပြုလုပ်ပေးရမယ့်အရာများ

လူ ၁၀၀ မှာ ၉၀ လောက်ကတော့ အသားဖြူချင်ကြတာချည်းပါပဲ။ အသားဖြူချင်လို့ အသားဖြူဆေးတွေစားတာ၊ အသားဖြူဆေးတွေထိုးတာမျိုးကိုလုပ်မယ့်အစား အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းလေးတွေနဲ့ပဲ အသားဖြူဖွေးလာအောင်လုပ်ပေးလို့ရပါတယ်။

အသားဖြူချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးက ရေများများသောက်ပေးပါ။ ရေကိုပုံမှန်ထက်ပိုပြီး အနည်းဆုံး တစ်နေ့ကို ရေသန့်တစ်လီတာဘူးနဲ့ ၇ ဘူး၊ ၈ ဘူးလောက် သောက်ပေးပါ။

ချက်ချင်းသိသာလာမှာမဟုတ်တဲ့အတွက် ဇွဲရှိဖို့တော့လိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်အသားအရေက သိသိသာသာကို စိုပြေပြီး ကြည်လင်လှပလာတာကို တွေ့ရမှာပါ။

နေလောင်ဒဏ်ကာကွယ်ပေးတဲ့ Skincare Products တွေကို အမြဲသုံးပေးရပါမယ်။ Body Lotion လိမ်းပြီးတိုင်းမှာ Sunscreen ကိုထပ်လိမ်းပေးပါ။ မျက်နှာကိုလည်း Sunscreen လိမ်းပေးဖို့လိုပါတယ်။

ဒါကတော့ ဒုတိယအရေးအကြီးဆုံးအချက်ပါ။ Sunscreen ကိုအိတ်ထဲမှာ အမြဲဆောင်ထားပါ။ အပြင်သွားတဲ့အခါမှာလည်း သုံးနာရီခြားတစ်ခါလောက် Sunscreen ကို ပြန်လိမ်းပေးဖို့လိုအပ်ပါတယ်။

Skincare ကို သေချာဂရုစိုက်ပြီး ပုံမှန်လေးလုပ်ပေးပါ။ အနည်းဆုံးတစ်ပတ်ကို တစ်ခါတော့ Body Scrub လုပ်ပေးရပါမယ်။ Scrub လုပ်ပေးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးနဲ့ချေးတွေကို သန့်စင်သွားစေတဲ့အတွက် အသားအရေကိုဖြူပြီး ကြည်လာစေပါတယ်။

မျက်နှာကိုလည်း Facial Scrub လုပ်ပေးပါ။ သုံးရက်တစ်ခါတော့ မျက်နှာကို Sheet Mask လေးတွေကပ်ပေးပါ။

အသားရေကိုကောင်းမွန်လာစေတဲ့ Skincare Products ကောင်းကောင်းလေးတွေကို ဝယ်သုံးပါ။ ကိုယ့်အသားအရေနဲ့အဆင်ပြေတာမျိုးကိုပဲ ရွေးချယ်သုံးစွဲပါ။ သင့်အသားအရေကသိသိသာသာကို ပြောင်းလဲလာပါလိမ့်မယ်။

တတ်နိုင်တဲ့သူတွေကတော့ နွားနို့နဲ့ရေချိုးပေးပါ။ သင့်အသားအရေက သိသိသာသာကိုဖြူလာတာ တွေ့ရပါလိမ့်မယ်။

အသီးအနှံတွေကိုများများစားပေးပါ။ နေ့တိုင်းအသီးအနှံတွေကို စားပေးဖို့လိုပါတယ်။ Green Tea (သို့) မုန်လာဥနီဖျော်ရည်ကိုလည်း နေ့တိုင်းသောက်ပေးပါ။ အသားအရေဟာ စိုစိုပြေပြေနဲ့လှပလာတာကို တွေ့ရမှာပါ။

ဆီကြော်မုန့်တွေကိုတော့ ရှောင်ပေးနိုင်ရင်အကောင်းဆုံးပါ။ နောက်တစ်ခုကတော့ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းချုပ်ရင်အသားအရေက ညစ်ပြီးခြောက်လာပါလိမ့်မယ်။ ဒါကြောင့် ဝမ်းမချုပ်အောင်၊ ဝမ်းပုံမှန်သွားအောင် ဂရုစိုက်ပေးပါ။

Gym ပုံမှန်ကစားပေးတာက ချွေးထွက်များတဲ့အတွက် အသားအရေကိုစိုပြေပြီး ကြည်လင်လာစေပါတယ်။ Gym အတွက်အချိန်မပေးနိုင်ရင်လည်း ချွေးထွက်များတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဒါမှမဟုတ်လည်း Spa သွားပြီး ချွေးထုတ်၊ အဆိပ်ထုတ်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

ဒီအချက်လေးတွေအတိုင်းသာ လိုက်လုပ်မယ်ဆိုရင်တော့ အချိန်နှစ်လ၊ သုံးလလောက်မှာ သင့်အသားအရေဟာ သိသိသာသာကိုဖြူပြီး စိုစိုပြေပြေနဲ့ ကြည်လင်လှပလာတာကို တွေ့ရမှာပါ။

Zawgyi

အမွန္တကယ္ အသားျဖဴေဖြးခ်င္တဲ့ သူေတြအေနနဲ႔ ပုံမွန္ျပဳလုပ္ေပးရမယ့္အရာမ်ား

လူ ၁၀၀ မွာ ၉၀ ေလာက္ကေတာ့ အသားျဖဴခ်င္ၾကတာခ်ည္းပါပဲ။ အသားျဖဴခ်င္လို႔ အသားျဖဴေဆးေတြစားတာ၊ အသားျဖဴေဆးေတြထိုးတာမ်ိဳးကိုလုပ္မယ့္အစား အႏၲရာယ္ကင္းတဲ့ သဘာဝနည္းလမ္းေလးေတြနဲ႔ပဲ အသားျဖဴေဖြးလာေအာင္လုပ္ေပးလို႔ရပါတယ္။

အသားျဖဴခ်င္တယ္ဆိုရင္ေတာ့ အေရးအႀကီးဆုံးက ေရမ်ားမ်ားေသာက္ေပးပါ။ ေရကိုပုံမွန္ထက္ပိုၿပီး အနည္းဆုံး တစ္ေန႔ကို ေရသန႔္တစ္လီတာဘူးနဲ႔ ၇ ဘူး၊ ၈ ဘူးေလာက္ ေသာက္ေပးပါ။

ခ်က္ခ်င္းသိသာလာမွာမဟုတ္တဲ့အတြက္ ဇြဲရွိဖို႔ေတာ့လိုပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္အသားအေရက သိသိသာသာကို စိုေျပၿပီး ၾကည္လင္လွပလာတာကို ေတြ႕ရမွာပါ။

ေနေလာင္ဒဏ္ကာကြယ္ေပးတဲ့ Skincare Products ေတြကို အၿမဲသုံးေပးရပါမယ္။ Body Lotion လိမ္းၿပီးတိုင္းမွာ Sunscreen ကိုထပ္လိမ္းေပးပါ။ မ်က္ႏွာကိုလည္း Sunscreen လိမ္းေပးဖို႔လိုပါတယ္။

ဒါကေတာ့ ဒုတိယအေရးအႀကီးဆုံးအခ်က္ပါ။ Sunscreen ကိုအိတ္ထဲမွာ အၿမဲေဆာင္ထားပါ။ အျပင္သြားတဲ့အခါမွာလည္း သုံးနာရီျခားတစ္ခါေလာက္ Sunscreen ကို ျပန္လိမ္းေပးဖို႔လိုအပ္ပါတယ္။

Skincare ကို ေသခ်ာဂ႐ုစိုက္ၿပီး ပုံမွန္ေလးလုပ္ေပးပါ။ အနည္းဆုံးတစ္ပတ္ကို တစ္ခါေတာ့ Body Scrub လုပ္ေပးရပါမယ္။ Scrub လုပ္ေပးျခင္းက ခႏၶာကိုယ္မွာရွိတဲ့ အညစ္အေၾကးနဲ႔ေခ်းေတြကို သန႔္စင္သြားေစတဲ့အတြက္ အသားအေရကိုျဖဴၿပီး ၾကည္လာေစပါတယ္။

မ်က္ႏွာကိုလည္း Facial Scrub လုပ္ေပးပါ။ သုံးရက္တစ္ခါေတာ့ မ်က္ႏွာကို Sheet Mask ေလးေတြကပ္ေပးပါ။

အသားေရကိုေကာင္းမြန္လာေစတဲ့ Skincare Products ေကာင္းေကာင္းေလးေတြကို ဝယ္သုံးပါ။ ကိုယ့္အသားအေရနဲ႔အဆင္ေျပတာမ်ိဳးကိုပဲ ေ႐ြးခ်ယ္သုံးစြဲပါ။ သင့္အသားအေရကသိသိသာသာကို ေျပာင္းလဲလာပါလိမ့္မယ္။

တတ္ႏိုင္တဲ့သူေတြကေတာ့ ႏြားႏို႔နဲ႔ေရခ်ိဳးေပးပါ။ သင့္အသားအေရက သိသိသာသာကိုျဖဴလာတာ ေတြ႕ရပါလိမ့္မယ္။

အသီးအႏွံေတြကိုမ်ားမ်ားစားေပးပါ။ ေန႔တိုင္းအသီးအႏွံေတြကို စားေပးဖို႔လိုပါတယ္။ Green Tea (သို႔) မုန္လာဥနီေဖ်ာ္ရည္ကိုလည္း ေန႔တိုင္းေသာက္ေပးပါ။ အသားအေရဟာ စိုစိုေျပေျပနဲ႔လွပလာတာကို ေတြ႕ရမွာပါ။

ဆီေၾကာ္မုန႔္ေတြကိုေတာ့ ေရွာင္ေပးႏိုင္ရင္အေကာင္းဆုံးပါ။ ေနာက္တစ္ခုကေတာ့ ဝမ္းမခ်ဳပ္ပါေစနဲ႔။ ဝမ္းခ်ဳပ္ရင္အသားအေရက ညစ္ၿပီးေျခာက္လာပါလိမ့္မယ္။ ဒါေၾကာင့္ ဝမ္းမခ်ဳပ္ေအာင္၊ ဝမ္းပုံမွန္သြားေအာင္ ဂ႐ုစိုက္ေပးပါ။

Gym ပုံမွန္ကစားေပးတာက ေခြၽးထြက္မ်ားတဲ့အတြက္ အသားအေရကိုစိုေျပၿပီး ၾကည္လင္လာေစပါတယ္။ Gym အတြက္အခ်ိန္မေပးႏိုင္ရင္လည္း ေခြၽးထြက္မ်ားတဲ့ေလ့က်င့္ခန္းေတြ လုပ္ေပးပါ။ ဒါမွမဟုတ္လည္း Spa သြားၿပီး ေခြၽးထုတ္၊ အဆိပ္ထုတ္တာမ်ိဳးေတြ လုပ္ေပးလို႔ရပါတယ္။

ဒီအခ်က္ေလးေတြအတိုင္းသာ လိုက္လုပ္မယ္ဆိုရင္ေတာ့ အခ်ိန္ႏွစ္လ၊ သုံးလေလာက္မွာ သင့္အသားအေရဟာ သိသိသာသာကိုျဖဴၿပီး စိုစိုေျပေျပနဲ႔ ၾကည္လင္လွပလာတာကို ေတြ႕ရမွာပါ။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *