သန်းကြွယ် သူဌေးတွေရဲ့ အကောင်းဆုံး ငွေစုနည်း ၇ သွယ်…

တကယ်တော့ ကျိကျိတက်ချမ်းသာပါတယ်ဆိုတဲ့ ကမ္ဘာ့သူကြွယ်သူဌေးကြီးတွေဟာလည်း သိပ်ပြီးပုံမှန်ဆန်တဲ့ဘဝမှာပဲနေထိုင်ကြပြီး အကြွားအဝါကင်းကင်းနဲ့ ပိုက်ဆံရဲ့တန်ှဖိုးကို ကောင်းကောင်းနားလည်ကြပါတယ်။

ပြီးတော့ သူတို့ကိုဒီလိုနေရာမှာ ရပ်တည်စေတဲ့အချက်တွေထဲ အရေးကြီးတစ်ချက်က ပိုက်ဆံဘယ်လိုရှာလဲဆိုတာထက် ရှာလို့ရလာတဲ့ပိုက်ဆံကို ကျစ်ကျစ်လျစ်လျစ်နဲ့ စီမံခန့်ခွဲ သုံးတတ်စွဲတတ်ပြီး ငွေစုတတ်တဲ့ အကျင့်ကောင်းပါပဲ။

သန်းကြွယ်သူဌေးတွေရဲ့ အကောင်းဆုံး ငွေစုနည်းလမ်း ၇ သွယ် ကို လေ့လာကြည့်ကြရအောင်။

( ၁ ) အကြွေးနဲ့ဝေးအောင်နေ

သူဌေးကြီးတွေက သူတို့ဘဝမှာ ကြွေးမြီဆိုတာမျိုး လုံးဝအဖြစ်မခံဘူး။ အကြွေးကိုအတင်မခံတာဟာ ပိုက်ဆံစုနည်းတစ်မျိုးပါပဲ။ အကြွေးနဲ့ဝေးအောင်နေတာ စိတ်အချရဆုံး နံပါတ်တစ်နည်းလမ်းပါပဲ။

( ၂ ) တိကျသေချာတဲ့ အသုံးအစွဲ အစီအစဉ်

ကိုယ့်ဝင်ငွေကို ဘယ်လိုသုံးစွဲဖို့ ပိုင်းခြားကန့်သတ်မလဲဆိုတာ အရေးကြီးပါတယ်။ ၅၀ ၃၀ ၂၀ နည်းလမ်းနဲ့ မဖြစ်မနေ ကုန်ကျစရိတ် တွေကို ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ တစ်ကိုယ်ရည်လိုအပ်ချက်အတွက် ၃၀ ရာခိုင်နှုန်းနဲ့ ပိုတဲ့ ၂၀ ရာခိုင်နှုန်းကို စုဆောင်းမယ်ဆိုလည်း ဒါကိုတကယ်ဖြစ်အောင်လုပ်ပါ။

( ၃ ) ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး

ဆိုလိုတာကတော့ အသုံးအစွဲလက်မဖွာဖို့၊ အသုံးအဖြုန်း မများဖို့လိုပေမယ့် ကိုယ့်ဘဝအတွက် ဝင်ငွေပိုတိုးတက်လာစေမယ့် အရာတွေကိုတော့ ဝယ်ယူသင့်ပြီး ရေရှည်ရင်းနှီးမြှုပ်နှံပါ။ ဥပမာ လက်ပ်တော့ပ်တွေ၊ နေရာစုံသွားနေရသူအဖို့ သွားလာရေးအဆင်ပြေဖို့ရာ ကားဝယ်ထားမျိုးတွေက ရွှေငန်းလေးလို တစ်နေ့ဥတစ်လုံး ဥပေးမှာအသေအချာပါပဲ။

( ၄ ) ပေးစရာရှိတာအရင်ပေး

ကိုယ့်ပိုက်ဆံတွေရလာပြီဆိုရင် အရင်ဆုံးလုပ်ရမှာက မဖြစ်မနေ မသုံးမဖြစ်၊ မရှိမဖြစ်တဲ့ ခေါင်းပူခေါင်းခဲစရာ စရိတ်စကတွေကို အရင်ပြီးပြတ်အောင်ပေးချေထားလိုက်ဖို့ပါပဲ။

ဒါမှ ပိုတဲ့ပိုက်ဆံကိုမှ ဘယ်လိုဆက်သုံးစွဲသွားမလဲ အရှင်းလင်းဆုံး စဉ်းစားသွားနိုင်မှာဖြစ်တယ်။ ဒါက ပိုက်ဆံကို မလိုတဲ့အပိုမှာမသုံးမိစေဖို့ ချွေတာပြီးသားဖြစ်စေလိမ့်မယ်။ ပိုက်ဆံရလာတိုင်း အပျော်လွန်သုံးဖြုန်းဖို့ပါ နောက်ကိုပို့ထားပြီးသား ဖြစ်လာစေမှာပါ။

( ၅ ) လုံးဝပိုက်ဆံမသုံးဘူးဆိုတဲ့ နေ့ရက်တွေ

ဒီလို လုံးဝပိုက်ဆံမသုံးမယ့် ရက်တွေကို တစ်ပတ် သို့ တစ်လမှာ ဘယ်နှရက်အထိ ထားရှိသွားမလဲ ဆိုတာ သန္ဒိဌာန်ချထားလိုက်ပါ။ သင့်အတွက် အကျိုးထူးပါတယ်။ ဒါက ရိုးရှင်းပြီး အရေးပေါ်သုံးဖို့စွဲဖို့ မလိုမချင်း ပိုက်ဆံကိုလုံးဝမထုတ်မိပါစေနဲ့လေ။

( ၆ ) အကြွေပိုက်ဆံလေးတွေ စုစုထားပါ။

အကြွေပိုက်ဆံလေးတွေကို အထင်မသေးပါနဲ့။ အခွင့်အရေး ရတိုင်း စုဆောင်းထားလိုက်ပါ။ လိုအပ်လာတဲ့အချိန်ဆို အကြွေလေးကိုစုလိုက်ရင် ကော်ဖီတစ်ခွက်စာ၊ မုန့်တစ်နပ်စာ သင့်အတွက်ဖြစ်စေပါတယ်။

( ၇ ) အသစ်မလဲခင် အရင်ပြင်

ကိုယ်ဝယ်ထားတဲ့ပစ္စည်းလေးတွေ ပျက်စီးသွားရင် လွယ်လွယ်လေးအသစ်လဲတတ်တဲ့ အကျင့်ကမကောင်းပါဘူး။ ပြင်သုံးလို့ရရင် သုံးလိုက်ပါဦး။ လုံးဝမရတော့တဲ့အခြေအနေမှစွန့်ပစ်၊ အသစ်လဲ။ ဒါလဲငွေကိုပိုစုလာနိုင်စေတဲ့ ထိရောက်တဲ့အချက်ပါပဲ။

Zawgyi

တကယ္ေတာ့ က်ိက်ိတက္ခ်မ္းသာပါတယ္ဆိုတဲ့ ကမာၻ႔သူႂကြယ္သူေဌးႀကီးေတြဟာလည္း သိပ္ၿပီးပုံမွန္ဆန္တဲ့ဘဝမွာပဲေနထိုင္ၾကၿပီး အႂကြားအဝါကင္းကင္းနဲ႔ ပိုက္ဆံရဲ႕တႏ္ွဖိုးကို ေကာင္းေကာင္းနားလည္ၾကပါတယ္။

ၿပီးေတာ့ သူတို႔ကိုဒီလိုေနရာမွာ ရပ္တည္ေစတဲ့အခ်က္ေတြထဲ အေရးႀကီးတစ္ခ်က္က ပိုက္ဆံဘယ္လိုရွာလဲဆိုတာထက္ ရွာလို႔ရလာတဲ့ပိုက္ဆံကို က်စ္က်စ္လ်စ္လ်စ္နဲ႔ စီမံခန႔္ခြဲ သုံးတတ္စြဲတတ္ၿပီး ေငြစုတတ္တဲ့ အက်င့္ေကာင္းပါပဲ။

သန္းႂကြယ္သူေဌးေတြရဲ႕ အေကာင္းဆုံး ေငြစုနည္းလမ္း ၇ သြယ္ ကို ေလ့လာၾကည့္ၾကရေအာင္။

( ၁ ) အေႂကြးနဲ႔ေဝးေအာင္ေန

သူေဌးႀကီးေတြက သူတို႔ဘဝမွာ ေႂကြးၿမီဆိုတာမ်ိဳး လုံးဝအျဖစ္မခံဘူး။ အေႂကြးကိုအတင္မခံတာဟာ ပိုက္ဆံစုနည္းတစ္မ်ိဳးပါပဲ။ အေႂကြးနဲ႔ေဝးေအာင္ေနတာ စိတ္အခ်ရဆုံး နံပါတ္တစ္နည္းလမ္းပါပဲ။

( ၂ ) တိက်ေသခ်ာတဲ့ အသုံးအစြဲ အစီအစဥ္

ကိုယ့္ဝင္ေငြကို ဘယ္လိုသုံးစြဲဖို႔ ပိုင္းျခားကန႔္သတ္မလဲဆိုတာ အေရးႀကီးပါတယ္။ ၅၀ ၃၀ ၂၀ နည္းလမ္းနဲ႔ မျဖစ္မေန ကုန္က်စရိတ္ ေတြကို ဝင္ေငြရဲ႕ ၅၀ ရာခိုင္ႏႈန္း၊ တစ္ကိုယ္ရည္လိုအပ္ခ်က္အတြက္ ၃၀ ရာခိုင္ႏႈန္းနဲ႔ ပိုတဲ့ ၂၀ ရာခိုင္ႏႈန္းကို စုေဆာင္းမယ္ဆိုလည္း ဒါကိုတကယ္ျဖစ္ေအာင္လုပ္ပါ။

( ၃ ) ေ႐ႊငန္းေလးလို တစ္ေန႔ဥတစ္လုံး

ဆိုလိုတာကေတာ့ အသုံးအစြဲလက္မဖြာဖို႔၊ အသုံးအျဖဳန္း မမ်ားဖို႔လိုေပမယ့္ ကိုယ့္ဘဝအတြက္ ဝင္ေငြပိုတိုးတက္လာေစမယ့္ အရာေတြကိုေတာ့ ဝယ္ယူသင့္ၿပီး ေရရွည္ရင္းႏွီးျမႇဳပ္ႏွံပါ။ ဥပမာ လက္ပ္ေတာ့ပ္ေတြ၊ ေနရာစုံသြားေနရသူအဖို႔ သြားလာေရးအဆင္ေျပဖို႔ရာ ကားဝယ္ထားမ်ိဳးေတြက ေ႐ႊငန္းေလးလို တစ္ေန႔ဥတစ္လုံး ဥေပးမွာအေသအခ်ာပါပဲ။

( ၄ ) ေပးစရာရွိတာအရင္ေပး

ကိုယ့္ပိုက္ဆံေတြရလာၿပီဆိုရင္ အရင္ဆုံးလုပ္ရမွာက မျဖစ္မေန မသုံးမျဖစ္၊ မရွိမျဖစ္တဲ့ ေခါင္းပူေခါင္းခဲစရာ စရိတ္စကေတြကို အရင္ၿပီးျပတ္ေအာင္ေပးေခ်ထားလိုက္ဖို႔ပါပဲ။

ဒါမွ ပိုတဲ့ပိုက္ဆံကိုမွ ဘယ္လိုဆက္သုံးစြဲသြားမလဲ အရွင္းလင္းဆုံး စဥ္းစားသြားႏိုင္မွာျဖစ္တယ္။ ဒါက ပိုက္ဆံကို မလိုတဲ့အပိုမွာမသုံးမိေစဖို႔ ေခြၽတာၿပီးသားျဖစ္ေစလိမ့္မယ္။ ပိုက္ဆံရလာတိုင္း အေပ်ာ္လြန္သုံးျဖဳန္းဖို႔ပါ ေနာက္ကိုပို႔ထားၿပီးသား ျဖစ္လာေစမွာပါ။

( ၅ ) လုံးဝပိုက္ဆံမသုံးဘူးဆိုတဲ့ ေန႔ရက္ေတြ

ဒီလို လုံးဝပိုက္ဆံမသုံးမယ့္ ရက္ေတြကို တစ္ပတ္ သို႔ တစ္လမွာ ဘယ္ႏွရက္အထိ ထားရွိသြားမလဲ ဆိုတာ သႏၵိဌာန္ခ်ထားလိုက္ပါ။ သင့္အတြက္ အက်ိဳးထူးပါတယ္။ ဒါက ႐ိုးရွင္းၿပီး အေရးေပၚသုံးဖို႔စြဲဖို႔ မလိုမခ်င္း ပိုက္ဆံကိုလုံးဝမထုတ္မိပါေစနဲ႔ေလ။

( ၆ ) အေႂကြပိုက္ဆံေလးေတြ စုစုထားပါ။

အေႂကြပိုက္ဆံေလးေတြကို အထင္မေသးပါနဲ႔။ အခြင့္အေရး ရတိုင္း စုေဆာင္းထားလိုက္ပါ။ လိုအပ္လာတဲ့အခ်ိန္ဆို အေႂကြေလးကိုစုလိုက္ရင္ ေကာ္ဖီတစ္ခြက္စာ၊ မုန႔္တစ္နပ္စာ သင့္အတြက္ျဖစ္ေစပါတယ္။

( ၇ ) အသစ္မလဲခင္ အရင္ျပင္

ကိုယ္ဝယ္ထားတဲ့ပစၥည္းေလးေတြ ပ်က္စီးသြားရင္ လြယ္လြယ္ေလးအသစ္လဲတတ္တဲ့ အက်င့္ကမေကာင္းပါဘူး။ ျပင္သုံးလို႔ရရင္ သုံးလိုက္ပါဦး။ လုံးဝမရေတာ့တဲ့အေျခအေနမွစြန႔္ပစ္၊ အသစ္လဲ။ ဒါလဲေငြကိုပိုစုလာႏိုင္ေစတဲ့ ထိေရာက္တဲ့အခ်က္ပါပဲ။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *