နှစ်ခွဖြစ်လို့ ဖြတ်လိုက်ရတာတွေ ခုမှ နှမျောလိုက်တာ….

နှစ်ခွဖြစ်လို့ ဖြတ်လိုက်ရတာတွေ ခုမှ နှမျောလိုက်တာ

“ကိုယ့်ကိုယ်ကိုယ် သဘောအကျဆုံးက ဆံပင်ပဲ”

ဆေးနည်းတစ်ခု လုပ်ကြည့်တာ ၂ ကြိမ်တည်းနဲ့ သိသာတယ်။

အစောက သိခဲ့ရင် နှစ်ခွဖြစ်လို့ဆိုပြီး ညှပ်ချခဲ့ရတဲ့ ဆံပင် တစ်ထွာကျော်ကို နှမျောနေရတော့မှာ မဟုတ်ဘူး။

ရှားစောင်းလက်ပတ် ၂ ချပ်လောက်ရှာ ဘေးအစွန်းနှဖက်ကို လှီးချ ပြီးတော့ အနေတော်တုံး။

အုန်းဆီ စစ်စစ်ကို မီးဖိုပေါ်တင် ပူလာရင် စောစောကတုံးထားတဲ့ ရှားစောင်း တုံးတွေထည့်။ ပြီးရင်မွှေ အရောင် ပြောင်းလာရင် ဇကာနဲ့စစ် ဆီပဲယူထား။

ကြက်သွန်နီကို ထောင်း ဒါမှမဟုတ် blender နဲ့ကြိတ် ရေစစ်အသေးနဲ့စစ် ညှစ်ချ အရည်ပဲယူ။ ပြီးရင် စောစောကဆီထဲ ကြက်သွန်နီ အရည်ထည့်။

ပြီးရင် ဦးရေပြားကို နှိပ်ပြီး ရွှဲရွှဲလိမ်းပေး ခနထုံးထား။

မိနစ် ၂၀ လောက်နေရင် ခေါင်းလျှော်ချလိုက် ဆံပင်ခြောက်တာနဲ့ ကိုယ့်ဆံသားနဲ့ အရသာကိုက ထူးနေမယ်။

ခု ၂ ခါပဲ ရှိသေးတယ် ဆံပင် မငြိတော့ဘူး။ ထူသိပ်သိပ် ပြန်ဖြစ်လာသလို ခံစားရတယ်။

၂ ခွနဲ့ ကျွတ်တာ သိသိသာသာ လျော့သွားပြီ။ လုပ်ကြည့်ကြပါ အစ်မ ညီမတို့။

ဆီနဲ့ ကြက်သွန် ဆတူမရောနဲ့နော် ဆီ ၁၀ သားမှ ကြက်သွန်အရည် ဟင်းခပ်ဇွန်းနဲ့ ၂ ဇွန်း ပြည့်ပြည့်ပဲထည့်တာ။

Shwe Paing

 

ႏွစ္ခြျဖစ္လို႔ ျဖတ္လိုက္ရတာေတြ ခုမွ ႏွေမ်ာလိုက္တာ

“ကိုယ့္ကိုယ္ကိုယ္ သေဘာအက်ဆုံးက ဆံပင္ပဲ”

ေဆးနည္းတစ္ခု လုပ္ၾကည့္တာ ၂ ႀကိမ္တည္းနဲ႔ သိသာတယ္။

အေစာက သိခဲ့ရင္ ႏွစ္ခြျဖစ္လို႔ဆိုၿပီး ညႇပ္ခ်ခဲ့ရတဲ့ ဆံပင္ တစ္ထြာေက်ာ္ကို ႏွေမ်ာေနရေတာ့မွာ မဟုတ္ဘူး။

ရွားေစာင္းလက္ပတ္ ၂ ခ်ပ္ေလာက္ရွာ ေဘးအစြန္းႏွဖက္ကို လွီးခ် ၿပီးေတာ့ အေနေတာ္တုံး။

အုန္းဆီ စစ္စစ္ကို မီးဖိုေပၚတင္ ပူလာရင္ ေစာေစာကတုံးထားတဲ့ ရွားေစာင္း တုံးေတြထည့္။ ၿပီးရင္ေမႊ အေရာင္ ေျပာင္းလာရင္ ဇကာနဲ႔စစ္ ဆီပဲယူထား။

ၾကက္သြန္နီကို ေထာင္း ဒါမွမဟုတ္ blender နဲ႔ႀကိတ္ ေရစစ္အေသးနဲ႔စစ္ ညႇစ္ခ် အရည္ပဲယူ။ ၿပီးရင္ ေစာေစာကဆီထဲ ၾကက္သြန္နီ အရည္ထည့္။

ၿပီးရင္ ဦးေရျပားကို ႏွိပ္ၿပီး ႐ႊဲ႐ႊဲလိမ္းေပး ခနထုံးထား။

မိနစ္ ၂၀ ေလာက္ေနရင္ ေခါင္းေလွ်ာ္ခ်လိုက္ ဆံပင္ေျခာက္တာနဲ႔ ကိုယ့္ဆံသားနဲ႔ အရသာကိုက ထူးေနမယ္။

ခု ၂ ခါပဲ ရွိေသးတယ္ ဆံပင္ မၿငိေတာ့ဘူး။ ထူသိပ္သိပ္ ျပန္ျဖစ္လာသလို ခံစားရတယ္။

၂ ခြနဲ႔ ကြၽတ္တာ သိသိသာသာ ေလ်ာ့သြားၿပီ။ လုပ္ၾကည့္ၾကပါ အစ္မ ညီမတို႔။

ဆီနဲ႔ ၾကက္သြန္ ဆတူမေရာနဲ႔ေနာ္ ဆီ ၁၀ သားမွ ၾကက္သြန္အရည္ ဟင္းခပ္ဇြန္းနဲ႔ ၂ ဇြန္း ျပည့္ျပည့္ပဲထည့္တာ။

Shwe Paing


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *