မီးသဂြိုဟ်ပြီးခဲ့ပေမဲ့လည်း ၇လအကြာမှာ အိမ်ပြန်ရောက်လာခဲ့လို့ မိသားစုဝင်တွေထိတ်လန့်ခဲ့ရတဲ့အဖြစ်….
ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံကအမျိုးသားတစ်ဦးရဲ့ အိမ်ပြန်ခရီးဟာ ထင်ထားသလို ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး။
အကြောင်းကတော့ လွန်းခဲ့တဲ့ ၇ လခန့်က Sako rm Sacheewa အမည်ရှိတဲ့အမျိုးသားဟာ သူအလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းသဘောၤပေါ်မှာရောဂါတစ်ခုနဲ့ သေဆုံးသွားခဲ့လို့
ရဲအရာရှိတွေကအဆိုပါအလောင်းကိုနေရပ်သို့ပြန်ပို့ခဲ့လို့ပါပဲ။
Sakorm ရဲ့ညီဖြစ်သူကတော့ အဆို ပါရုပ်အလောင်းက Sakorm မဟုတ်မှန်း သတိထားမိခဲ့ပါတယ်။
အကြောင်းကတော့ Sakorm ဟာရှေ့သွားနှစ်ချောင်းမရှိပေမယ့် ရုပ်အလောင်းကတော့ ရှေ့သွားနှစ်ချောင်းရှိနေခဲ့လို့ပါပဲ။
3ရက်အကြာမှာတော့ဆေးရုံက အဆိုပါရုပ်အလောင်းဟာ Sakorm ဖြစ်မှန်း အတည်ပြုခဲ့လို့ မိသားစုဝင်တွေကလည်း ရွေးချယ်စရာ မရှိတဲ့အဆုံး Sakorm လို့သတ်မှတ်ပြီး သဂြိုဟ်ခဲ့ကြတာပါ။
Sakormမှာလည်းငါးဖမ်းသဘောၤပေါ် သွားရောက်လုပ်ကိုင်ခဲ့တဲ့2နှစ်လုံးလုံးမှာနေအိမ်ကိုလုံးဝအဆက်အသွယ်မပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
Sakormနေအိမ်သို့ရောက်ရှိလာခဲ့ချိန်မှာတော့သူ့ရဲ့မော င်နှမတွေက သရဲဟုတ်မဟုတ် Sakorm ရဲ့အသားကိုထိကြည့်ပြီး အတည်ပြုခဲ့ပါတယ်။
မိခင်ဖြစ်သူကတောင် ‘ နင် သေပြီးသွားပြီလေ ၊ဘာလို့ ပြန်လာတာလဲ’ ဆိုပြီး မေးခဲ့ပါသေးတယ်။ ရွာသူကြီးကိုယ်တိုင်က Sakorm ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပါတယ် ။
ဒါကြောင့်Sakormဟာသူငါးဖမ်းသဘောၤပေါ်မှာ အလု ပ်လုပ်ကိုင်ခဲ့စဉ်အချိန်က နိုင်ငံခြားအလုပ်သမားတစ်ဦးဟာ သူ့ရဲ့မှတ်ပုံတင်ကို ခိုးယူသွားခဲ့ကြောင်း အဖြစ်အပျက်အကြောင်းအရာတွေကို သေချာရှင်းပြခဲ့ရပါတယ်။
နောက်ဆုံးမှ လူအများက ယုံကြည်သွားခဲ့လို့၊ Sakorm ရဲ့အိမ်ပြန်ခရီးက ကြိုဆိုမယ့်သူ မရှိခဲ့ပဲ လူတွေကြောက်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့ပါတော့တယ်။
မူရင်းရေးသူအား credit ပေးပါတယ်။
ခရက်ဒစ်
Leave a Reply