လင်မယား ၂ ယောက်နဲ့ ဖေ့စ်ဘုတ်ပြသနာ

“ရှင်ဟိုကောင်မလေးပုံအောက်မှာ ဘာလို့အသဲပုံ ပေးရတာလဲ” “ဟမ်သူ့ပုံလေးက ချစ်စရာကောင်းလို့လေ ဘာဖြစ်လို့လဲ” “ဘာ၊ ရှင်က အဲ့ကောင်မကို သဘောကျနေတာလား” “အေးလေ သဘောကျလို့ ပေးတာပေါ့ဟ ”

“ဘာ ဘာပြောလိုက်တယ် ဒါဆိုရှင်အဲ့ကောင်မကို ကြိုက်နေပြီပေါ့” “ခွီး၊ အသဲပေးတိုင်း ကြိုက်ရမယ်လို့ ညည်းအမေဂျီးဒေါ်က သင်ပေးထားတာလား” “အော်ဒီမိန်းမအတွက်နဲ့ ကျုပ်အမေတွေ အဒေါ်တွေပါ ရှင်စော်ကားတယ်ပေါ့” “အေးပါကွာ ထားပါတော့ ငါပဲမှားတာပါ နောက်ဆိုချစ်မကြိုက်ရင် အသဲသွားမပေးတော့ဘူး ဟုတ်ပြီလား” “ဟုတ်ကဲ့ပါ ခိုခို..မွချိ၊မွချိ”

“ဒါနဲ့ ဟိုတစ်ယောက်က ရှင့်ကိုကြိုက်နေလားမသိဘူး မန့်တာတောင် အီကြာကွေးစိမ်ပြီးမန့်တယ်” “ဘယ်တစ်ယောက်တုန်း ဘာအီကြာကွေးတုန်း” “ဟိုဂူးဂူးဂွီးဂွီး ဆိုတဲ့အကောင့်လေအသားလွတ်ကြီး ၀င်အီနေတာ” “သူ့ဘာသာခင်လို့မင်လို့ မန့်တာ ဘာစိတ်မှမရှိပါဘူးဟ”

“ရှင်က အဲ့ကောင်မဘက်က ကာကွယ်ပေးနေတာလား ရှင်သူ့ကိုအီချင်လို့လား” “ကဲသူ့ဘာသာမန့်တာ ငါနဲ့ဘာဆိုင်တုန်းဟ စိတ်ကတိုလာပြီ” “သြော်ရှင်က ဒီကောင်မနဲ့ပတ်သက်ပြီး ကျုပ်ကိုစိတ်တို ရန်လုပ်ချင်တယ်ပေါ့ ဟုတ်လား” “မဟုတ်ရပါဘူးဗျာ တောသူအလှစာဖွဲ့ပြတာပါ ကဲကဲသူ့ကိုဘလော့လိုက်မယ် ဟုတ်ပြီလား” “ကျေနပ်တယ် ခိုခို…မွချိ၊ မွချိ”

“ဒါနဲ့ရှင် ဟိုးအရင်တုန်းက ကောင်မလေးတွေနဲ့အီပြီး အခုနောက်ပိုင်း သိပ်မတွေ့သလိုပဲ” “အသက်လဲကြီးလာတော့ တည်ငြိမ်သင့်ပြီလေ ခုခေတ်ခေးတွေက ညည်းလောက်မှ မလှတာ” “အမယ်မဖြစ်နိုင်ပါဘူး အနည်းဆုံး တစ်ယောက်ယောက်နဲ့တော့ အီနေမှာပါ” “ကဲမဟုတ်ပါဘူးဆို ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားဘူး” “ဒါဖြင့် အရင်အီခဲ့တဲ့သူတွေက ဘယ်ရောက်ကုန်ကြလို့လဲ” “ငါဘယ်သိမလဲဟ သူတို့မအားကြလို့နေမှာပေါ့ ”

“သူတို့မအားတာ ရှင်ကဘယ်လိုသိတာတုန်း ” “နင့်မေကြီးဒေါ် ငါ့ဘာသာတွေးပြီး ပြောတာဟ” “ဒါဆိုသူတို့က ရှင့်အတွေးထဲမှာ အမြဲရှိနေတာပေါ့ ” “သြော်ကဲ အာရုံကနောက်လာပြီ ဒီ Facebook လဲမသုံးတော့ဘူး ဒီအကြောင်းတွေလဲ မပြောနဲ့တော့၊ ကျေနပ်ပြီလား ” “တော်စမ်းပါ၊ တစ်ခြားအကောင့်နဲ့ သူတို့ကို ရှင်ခိုးပြီး အီချင်လို့မဟုတ်လား ” “ဟာဒီမိန်းမ”

မိန်းမဆိုတဲ့အမျိုးက ထင်ချင်ရာထင် တွေးချင်တာတွေးကြတဲ့ အမျိုး

Credit

 








Credit


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *