မြန်မာဘုရင်တွေ မိဖုရားများရခြင်း အကြောင်း
မြန်မာဘုရင် အများစုဟာ မိဖုရား များကြပါတယ်။ ဘာကြောင့် မိဖုရား များတာလဲ ဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံ (အင်ရုံစာတမ်း) မှာ စနစ်တကျ ဖော်ပြထားပါတယ်။ မင်းတုန်းမင်း က မိဖုရား အများကြီး ယူတာ မဟုတ်ပါဘူး။
သူကြိုက်လို့ ယူတာ သုံး၊ လေးပါးပဲ။ မင်းတုန်းမင်းလိုပဲ သူ့ထက် မိဖုရား များတဲ့ ဘိုးတော်ဘုရား၊ ဘုရင့်နောင်တို့လည်း သူတို့ယူလို့ များတာ မဟုတ်ပါဘူး။
မြန်မာမင်းများ အုပ်ချုပ်ပုံမှာ ဗဟိုနန်းတော်ရဲ့ လက်အောက်ခံ နယ်စား၊ ရွာစား၊ မြို့စားတွေဟာ ကိုယ့်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်။ တနှစ်မှ တခါ မဖြစ်စလောက် အခွန်လေးပဲ ဆက်သရတာ။ ဒီတော့ သူတို့ အစဉ်အဆက် နယ်စား၊ မြို့စား ဖြစ်ရေးက သူတို့အတွက် အရေးကြီးတယ်။
နောက်တခုက နယ်စား၊ မြို့စားမင်းတွေဟာ ဘုရင်နဲ့ အမျိုး တော်ချင်ကြတယ်။ ဘုရင်နဲ့ အမျိုးတော်ရင် မျက်နှာရှိတယ်၊ ဂုဏ်ရှိတယ်၊ အရှိန်အဝါ ရှိတယ်လို့ သတ်မှတ်ထား ကြတယ်။
အဲ့ဒါကြောင့် ဘုရင်ကို သမီးတော်တို့ နှမတော်တို့ ဆက်သကြတာ။ အဲ့ဒီအခါ ဘုရင့် ယောက္ခမ၊ ဘုရင့် ယောက်ဖဆို တန်းတူနယ်စား၊ မြို့စားချင်းမှာ အသာစီး ရလိုတာလည်း ပါ ပါတယ်။
အဲ့ဒီလို သမီး၊ နှမ ဆက်သရင် ဘုရင်က မငြင်းရဘူး၊ မငြင်းရတာ ထုံးစံပဲ၊ ငြင်းလိုက်ရင် ဆက်သသူက အရှက်ရပြီး ပုန်ကန်မှာ စိုးရတယ်။
ပုန်ကန်တဲ့ အခါမှာ ပုန်ကန်တဲ့သူက “ငါ့သမီး၊ ငါ့နှမ ဆက်သရဲ့သားနဲ့ ငြင်းလို့” ဆိုပြီး အကြောင်းပြ နိုင်တယ်။ အဲ့ဒါကြောင့် လက်အောက်ခံ မြို့စား၊ နယ်စားတွေက သမီး၊ နှမ ဆက်သရင် ဘုရင်က လက်ခံကို လက်ခံရတယ်။
အဲ့ဒါ အနော်ရထာမင်း ခေတ်ကနေ သီပေါမင်းခေတ် အထိ မြန်မာမင်းတို့နှင့် သူ့လက်အောက်ခံ နယ်စား၊ မြို့စားတို့ရဲ့ ဆက်ဆံ ရေးပါပဲ။ အဲ့ဒါ အုပ်ချုပ်ရေး စနစ်တခုပါပဲ။
ဘုရင်အတွက် ဘာကောင်းသလဲ ဆိုတော့ သူ့လက်အောက်ခံ မင်းရဲ့ သမီး၊ နှမ ကိုယ့်လက်ထဲ ရှိနေတော့ အဲ့ဒီ မပုန်ကန် ရဲတော့ဘူး။ အပြန်အလှန် အကျိုးရှိ ကြတယ်။
ဘာကြောင့် မိဖုရားများလဲ ဆိုတော့ အဲ့ဒီလို လက်အောက်ခံတွေက ဆက်သတာ များလို့ မိဖုရား များတာပါ၊ ကာမ၊ ရာဂနဲ့ မဆိုင်ပါဘူး။ မြန်မာမင်းတွေဆိုတာ အိပ်ချင်တဲ့ မိန်းမနဲ့အိပ်၊ ရာဂကို ကြိုက်သလို သောင်းကျန်းလို့ မရပါဘူး။
ဘုရင်ဖြစ်ပြီ ဆိုတာနဲ့ အနောက်ဝန်က “ဘုရင် ဒီည ဘယ်မိဖုရားနဲ့ အိပ်တယ်” ဆိုတာ စာရင်းအတိအကျ လိုက်ယူထားရတာ။ ဘာကြောင့်လဲ ဆိုတော့ ထီးမွေ၊ နန်းမွေ ရှုပ်ထွေးမှာ စိုးလို့။
အနောက်ဝန်က “ဘယ်မိဖုရား၊ ဘယ်မောင်းမ ဘုရင်နဲ့ ညအိပ်တယ်” ဆိုတာ ရက်စွဲ၊ ဘုရင် အဆောင်ကူးချိန် နာရီ အတိအကျ မှတ်ရတာ၊ ဒါမှ မိဖုရားနဲ့ ရတဲ့ကလေးဟာ ဘုရင့်သား အစစ်လား၊ တခြားသူနဲ့ ရတာလား၊ သေချာအောင် အနောက်ဝန် အစောင့်အထိန်းတွေနဲ့ သေချာ စနစ်တကျ လုပ်တာ။
မြန်မာမင်းများ အုပ်ချုပ်ပုံအရ ဘုရင်ဆိုတာ သရမ်းချင်တိုင်း သရမ်းလို့ မရဘူး။ ထီး၊ နန်းအမွေ ဆိုတာ ရှိနေလို့၊ ဒါကြောင့် “တောင်နန်း၊ မြောက်နန်းဆောင် မိဖုရားတွေရဲ့ သားကိုပဲ နန်းလျာထားမယ်” ဆိုတဲ့ စည်းကမ်း ဆိုတာ ဖြစ်လာတာပါ။ မိဖုရားတွေမှာ တောင်နန်း၊ မြောက်နန်း၊ အဆောင်ရ၊ အဆောင်မရ ဆိုတာတွေပါ သူ့အဆင့်နဲ့သူ ဖြစ်လာတာ။
ဘုရင်ကလည်း မိဖုရားအဖြစ် လက်ခံပြီးရင် အငယ်ဆုံး အဆောင်မရ မိဖုရား ဖြစ်စေဦး အနည်းဆုံး စားကြေး ပေးရတယ်၊ ဒီအတိုင်း ပစ်ထားလို့ မရဘူး။ မြန်မာမင်းများ အုပ်ချုပ်ပုံမှာ မိဖုရားမြှောက်တယ် ဆိုတာ ရာဂရူးတာ မဟုတ်ပါဘူး။ ရာထူးပေးရတာ၊ အဆောင်အယောင် ပေးရတာ။ ရာထူးပေးရပြီ ဆိုတာနဲ့ လစာ (စားကြေး) ပေးရတယ်။ ပြီးတော့ လစာ စားကြေးသည်လည်း အဆင့်လိုက် ကွာသွားတယ်။
မြန်မာမင်းတိုင်း မိဖုရားများတယ်၊ မင်းတုန်းမင်းမှ ရွေးပြီး နာမည် ဖျက်ခံရတာဟာ ကိုလိုနီခေတ်က အင်္ဂလိပ်သမိုင်းဆရာတွေ တမင်လုပ်သွားကြတာ။ “မင်းတို့ဘုရင် ကောင်းမှ မကောင်းတာ၊ ဒါကြောင့် ငါတို့ လာအုပ်ချုပ်တယ်” ဆိုတာ ဖြစ်ရလေအောင် တမင်တကာ ဝါဒဖြန့်ကြတာ။
မှတ် ချက်။ ။ ဈန်သစ်အောင် ပို့စ်တွင် ဈာန်သစ်အောင်မှ ဘုန်းတော်ကြီး တပါးအား ရှင်းပြထားသော ကွန်မန့်များအား တည်းဖြတ်၍ အများဖတ်နိုင်ရန် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ (မှန်သည် မှားသည် အငြင်းမပွါးလိုပါ)
ဓမ္မသုတ ကုသိုလ်၊ နော်ဂဲလယ်ထူး (စာပေပရဟိတ)
Zawgyi
ျမန္မာဘုရင္ေတြ မိဖုရားမ်ားရျခင္း အေၾကာင္း
ျမန္မာဘုရင္ အမ်ားစုဟာ မိဖုရား မ်ားၾကပါတယ္။ ဘာေၾကာင့္ မိဖုရား မ်ားတာလဲ ဆိုတာကို ျမန္မာမင္းအုပ္ခ်ဳပ္ပုံ (အင္႐ုံစာတမ္း) မွာ စနစ္တက် ေဖာ္ျပထားပါတယ္။ မင္းတုန္းမင္း က မိဖုရား အမ်ားႀကီး ယူတာ မဟုတ္ပါဘူး။
သူႀကိဳက္လို႔ ယူတာ သုံး၊ ေလးပါးပဲ။ မင္းတုန္းမင္းလိုပဲ သူ႔ထက္ မိဖုရား မ်ားတဲ့ ဘိုးေတာ္ဘုရား၊ ဘုရင့္ေနာင္တို႔လည္း သူတို႔ယူလို႔ မ်ားတာ မဟုတ္ပါဘူး။
ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပုံမွာ ဗဟိုနန္းေတာ္ရဲ႕ လက္ေအာက္ခံ နယ္စား၊ ႐ြာစား၊ ၿမိဳ႕စားေတြဟာ ကိုယ့္နယ္ကို ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရတယ္။ တႏွစ္မွ တခါ မျဖစ္စေလာက္ အခြန္ေလးပဲ ဆက္သရတာ။ ဒီေတာ့ သူတို႔ အစဥ္အဆက္ နယ္စား၊ ၿမိဳ႕စား ျဖစ္ေရးက သူတို႔အတြက္ အေရးႀကီးတယ္။
ေနာက္တခုက နယ္စား၊ ၿမိဳ႕စားမင္းေတြဟာ ဘုရင္နဲ႔ အမ်ိဳး ေတာ္ခ်င္ၾကတယ္။ ဘုရင္နဲ႔ အမ်ိဳးေတာ္ရင္ မ်က္ႏွာရွိတယ္၊ ဂုဏ္ရွိတယ္၊ အရွိန္အဝါ ရွိတယ္လို႔ သတ္မွတ္ထား ၾကတယ္။
အဲ့ဒါေၾကာင့္ ဘုရင္ကို သမီးေတာ္တို႔ ႏွမေတာ္တို႔ ဆက္သၾကတာ။ အဲ့ဒီအခါ ဘုရင့္ ေယာကၡမ၊ ဘုရင့္ ေယာက္ဖဆို တန္းတူနယ္စား၊ ၿမိဳ႕စားခ်င္းမွာ အသာစီး ရလိုတာလည္း ပါ ပါတယ္။
အဲ့ဒီလို သမီး၊ ႏွမ ဆက္သရင္ ဘုရင္က မျငင္းရဘူး၊ မျငင္းရတာ ထုံးစံပဲ၊ ျငင္းလိုက္ရင္ ဆက္သသူက အရွက္ရၿပီး ပုန္ကန္မွာ စိုးရတယ္။
ပုန္ကန္တဲ့ အခါမွာ ပုန္ကန္တဲ့သူက “ငါ့သမီး၊ ငါ့ႏွမ ဆက္သရဲ႕သားနဲ႔ ျငင္းလို႔” ဆိုၿပီး အေၾကာင္းျပ ႏိုင္တယ္။ အဲ့ဒါေၾကာင့္ လက္ေအာက္ခံ ၿမိဳ႕စား၊ နယ္စားေတြက သမီး၊ ႏွမ ဆက္သရင္ ဘုရင္က လက္ခံကို လက္ခံရတယ္။
အဲ့ဒါ အေနာ္ရထာမင္း ေခတ္ကေန သီေပါမင္းေခတ္ အထိ ျမန္မာမင္းတို႔ႏွင့္ သူ႔လက္ေအာက္ခံ နယ္စား၊ ၿမိဳ႕စားတို႔ရဲ႕ ဆက္ဆံ ေရးပါပဲ။ အဲ့ဒါ အုပ္ခ်ဳပ္ေရး စနစ္တခုပါပဲ။
ဘုရင္အတြက္ ဘာေကာင္းသလဲ ဆိုေတာ့ သူ႔လက္ေအာက္ခံ မင္းရဲ႕ သမီး၊ ႏွမ ကိုယ့္လက္ထဲ ရွိေနေတာ့ အဲ့ဒီ မပုန္ကန္ ရဲေတာ့ဘူး။ အျပန္အလွန္ အက်ိဳးရွိ ၾကတယ္။
ဘာေၾကာင့္ မိဖုရားမ်ားလဲ ဆိုေတာ့ အဲ့ဒီလို လက္ေအာက္ခံေတြက ဆက္သတာ မ်ားလို႔ မိဖုရား မ်ားတာပါ၊ ကာမ၊ ရာဂနဲ႔ မဆိုင္ပါဘူး။ ျမန္မာမင္းေတြဆိုတာ အိပ္ခ်င္တဲ့ မိန္းမနဲ႔အိပ္၊ ရာဂကို ႀကိဳက္သလို ေသာင္းက်န္းလို႔ မရပါဘူး။
ဘုရင္ျဖစ္ၿပီ ဆိုတာနဲ႔ အေနာက္ဝန္က “ဘုရင္ ဒီည ဘယ္မိဖုရားနဲ႔ အိပ္တယ္” ဆိုတာ စာရင္းအတိအက် လိုက္ယူထားရတာ။ ဘာေၾကာင့္လဲ ဆိုေတာ့ ထီးေမြ၊ နန္းေမြ ရႈပ္ေထြးမွာ စိုးလို႔။
အေနာက္ဝန္က “ဘယ္မိဖုရား၊ ဘယ္ေမာင္းမ ဘုရင္နဲ႔ ညအိပ္တယ္” ဆိုတာ ရက္စြဲ၊ ဘုရင္ အေဆာင္ကူးခ်ိန္ နာရီ အတိအက် မွတ္ရတာ၊ ဒါမွ မိဖုရားနဲ႔ ရတဲ့ကေလးဟာ ဘုရင့္သား အစစ္လား၊ တျခားသူနဲ႔ ရတာလား၊ ေသခ်ာေအာင္ အေနာက္ဝန္ အေစာင့္အထိန္းေတြနဲ႔ ေသခ်ာ စနစ္တက် လုပ္တာ။
ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပုံအရ ဘုရင္ဆိုတာ သရမ္းခ်င္တိုင္း သရမ္းလို႔ မရဘူး။ ထီး၊ နန္းအေမြ ဆိုတာ ရွိေနလို႔၊ ဒါေၾကာင့္ “ေတာင္နန္း၊ ေျမာက္နန္းေဆာင္ မိဖုရားေတြရဲ႕ သားကိုပဲ နန္းလ်ာထားမယ္” ဆိုတဲ့ စည္းကမ္း ဆိုတာ ျဖစ္လာတာပါ။ မိဖုရားေတြမွာ ေတာင္နန္း၊ ေျမာက္နန္း၊ အေဆာင္ရ၊ အေဆာင္မရ ဆိုတာေတြပါ သူ႔အဆင့္နဲ႔သူ ျဖစ္လာတာ။
ဘုရင္ကလည္း မိဖုရားအျဖစ္ လက္ခံၿပီးရင္ အငယ္ဆုံး အေဆာင္မရ မိဖုရား ျဖစ္ေစဦး အနည္းဆုံး စားေၾကး ေပးရတယ္၊ ဒီအတိုင္း ပစ္ထားလို႔ မရဘူး။ ျမန္မာမင္းမ်ား အုပ္ခ်ဳပ္ပုံမွာ မိဖုရားေျမႇာက္တယ္ ဆိုတာ ရာဂ႐ူးတာ မဟုတ္ပါဘူး။ ရာထူးေပးရတာ၊ အေဆာင္အေယာင္ ေပးရတာ။ ရာထူးေပးရၿပီ ဆိုတာနဲ႔ လစာ (စားေၾကး) ေပးရတယ္။ ၿပီးေတာ့ လစာ စားေၾကးသည္လည္း အဆင့္လိုက္ ကြာသြားတယ္။
ျမန္မာမင္းတိုင္း မိဖုရားမ်ားတယ္၊ မင္းတုန္းမင္းမွ ေ႐ြးၿပီး နာမည္ ဖ်က္ခံရတာဟာ ကိုလိုနီေခတ္က အဂၤလိပ္သမိုင္းဆရာေတြ တမင္လုပ္သြားၾကတာ။ “မင္းတို႔ဘုရင္ ေကာင္းမွ မေကာင္းတာ၊ ဒါေၾကာင့္ ငါတို႔ လာအုပ္ခ်ဳပ္တယ္” ဆိုတာ ျဖစ္ရေလေအာင္ တမင္တကာ ဝါဒျဖန႔္ၾကတာ။
မွတ္ ခ်က္။ ။ ဈန္သစ္ေအာင္ ပို႔စ္တြင္ ဈာန္သစ္ေအာင္မွ ဘုန္းေတာ္ႀကီး တပါးအား ရွင္းျပထားေသာ ကြန္မန႔္မ်ားအား တည္းျဖတ္၍ အမ်ားဖတ္ႏိုင္ရန္ ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။ (မွန္သည္ မွားသည္ အျငင္းမပြါးလိုပါ)
ဓမၼသုတ ကုသိုလ္၊ ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)
Leave a Reply