တစ္ခ်ိဳ႕ကေျပာတယ္…မိန္းမကိုေပးလိုက္ၿပီးတဲ့ေငြဟာျပန္ေတာင္းဖို႔အရမ္းခက္တယ္တဲ့..အကုန္မေပးပဲကိုယ့္အတြက္ခ်န္ၿပီးဖြက္ထားရတယ္ေျပာလို႔ဟိုအရင္က သူမသိဘဲ တစ္ကိုယ္ထဲသုံးခဲ့ဖူးတာေတြက သိပ္ကိုမွားသြားခဲ့တယ္။
ကၽြန္ေတာ္ ေနမေကာင္းျဖစ္ခ်ိန္ေန႔ရက္မ်ားစြာဝင္ေငြမရွိလို႔ေဆးခန္းျပဖို႔ေဝလာေဝးဆန္ဝယ္ဖို႔ေတာင္ေငြမရွိတအခါကၽြန္ေတာ္မသိတဲ့ သူ႔စုဗူးေလးကိုေဖာက္တယ္။
မိန္းမွာစုထားတာရွိတယ္ေျပာၿပီးကၽြန္ေတာ့္နဖူးကိုအသာစမ္းလို႔ေဆးခန္းသြားမယ္ဆန္၀ယ္မယ္ဘာမွစိတ္မပူနဲ႔တဲ့..ကၽြန္ေတာ္ေလ သူ႔အျပဳံးေတြကိုၾကည့္ကၽြန္ေတာ့္အျပဳအမူေတြကိုျပန္သတိရေတာ့ရင္ထဲမွာဆို႔နင့္သြားခဲ့ရဖူးတယ္။
တစ္ခ်ိဳ႕ကေျပာတယ္…မိန္းမဆိုတာ ကိုယ့္အေပၚ မီးေသေနရမယ္တဲ့ကိုယ္ေျပာတာဘာမဆို လိုက္နာတဲ့သူမ်ိဳး ျဖစ္ရမယ္ဆိုလို႔…ဟိုအရင္တစ္ခါက အလုပ္ကအျပန္သူ႔ကိုအိမ္မွာမေတြ႕ေတာ့စိတ္တိုၿပီးစကားမ်ားၾကရတဲ့အခါသူ႔ကိုလက္နဲ႔ ရြယ္လိုက္မိတာ သိပ္ကိုမွားသြားတယ္
ကၽြန္ေတာ့လက္ကိုေသခ်ာၾကည့္ၿပီး သူဟာေလမ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာတယ္။အခုရြယ္လိုက္တဲ့လက္အတြက္..လက္စြပ္ေလးသူသြားလုပ္တာတဲ့။အဲဒီလိုနဲ႔ သူ႔မ်က္ႏွာကိုၾကည့္ၿပီးရင္ထဲမခ်ိေအာင္ နာက်င္ခဲ့ရဖူးတာလဲရွိတယ္။
တစ္ခ်ိဳ႕ကေျပာတယ္ကိုယ့္မိဘေလာက္ဘယ္အရာမွအေရးမႀကီးဘူးတဲ့ကိုယ့္မိဘကို အဓိကျပဳစုေစာင့္ေရွာက္ရမယ္ဆိုလို႔ဟိုအရင္တုန္းက ကၽြန္ေတာ့္မိဘအတြက္ကိုပဲ အျမဲတမ္းဦးစားေပးၿပီး သတိတရနဲ႔ေပးကမ္းခဲ့တာကအိမ္ေထာင္ရွင္ကၽြန္ေတာ့အတြက္ေတာ့ သိပ္ကိုတစ္ကိုယ္ေကာင္းဆန္သလိုျဖစ္သြားမွန္းသိခဲ့ရဖူးတယ္။
ကၽြန္ေတာ့္မိဘအတြက္ပုံမွန္ေပးေနၾကေငြေလးကိုသက္သက္ဖယ္လိုက္မိတဲ့ လကုန္ရက္တစ္ရက္မွာ
မိန္းမကေျပာတယ္
အခုဒီလခအထဲကေန ေယာကၤ်ားဆီမွာပိုက္ဆံနဲနဲေလာက္မပိုဘူးလားတဲ့..ဟာ မိန္းမကလဲကြာ ဘယ္ကလာပိုရမွာလဲ ဒီမွာအခုခြဲျခမ္းလိုက္တာအားလုံးကြက္တိဘဲေလ ဘာလုပ္မလို႔လဲလို႔ျပန္ေမးလိုက္ေတာ့
မ်က္ႏွာနဲနဲညိဳးၿပီးဘာမွမဟုတ္ေတာ့ပါဘူးေယာကၤ်ားရယ္တဲ့ဒီလိုနဲ႔ဘဲ ကၽြန္ေတာ့္မိဘဆီကိုေငြပို႔ၿပီး ေနာက္ေန႔မနက္မွာ မိန္းမရဲ့ဖုန္းဆီကို ဖုန္း၀င္လာေတာ့မိန္းမကဖုန္းနားမွာမရွိဘူး ေရအိမ္ထဲသြားေနလို႔ ကၽြန္ေတာ္ေကာက္ကိုင္လိုက္တယ္။
ဖုန္းကို နားအနားကိုကပ္လိုက္ၿပီး ဟယ္လိုလို႔မလုပ္ရေသးခင္မွာဘဲ တဖက္ကအေလာတႀကီးနဲ႔စကားစေျပာပါေတာ့တယ္
သမီးလား..အေမအခုအေရးႀကီးေနလို႔ သမီးဆီကို ထက္ၿပီးဖုန္းေခၚလိုက္ရတာ သမီးဆီကေန အေမပိုက္ဆံေျပာထားတာအဆင္ေျပနိုင္လားသမီးေလး ဒီမွာသမီးအေဖကလဲေတာ္ေတာ္ေလးေနမေကာင္းျဖစ္ေနတယ္
ဒီႏွစ္ကမိုးအရမ္းရြာလို႔ သီးႏွံေတြလဲေရနစ္ေတာ့ အေမတို႔ဆီမွာေတာ္ေတာ္ေလးအခတ္အခဲျဖစ္ေနတယ္သမီးရယ္..သမီးမွာအဆင္ေျပရင္ အေမ့ကိုပိုက္ဆံနဲနဲေလာက္ကူပါအုံးေနာ္တဲ့…
နားထဲၾကားလိုက္ရတဲ့အသံေၾကာင့္ ကၽြန္ေတာ္ဟာ ဆြံ့အသြားမိတယ္..တဖတ္က ဆက္ေျပာတယ္ ဟယ္လို ဟယ္လို သမီးေလး အေမေျပာတာၾကားလားတဲ့ ” ေအာ္ အေမ့သမီးမဟုတ္ပါဘူးအေမ ကၽြန္ေတာ္ပါ အေမ့သမီးက ေနာက္ေဖးသြားေနလို႔ ကၽြန္ေတာ္ဖုန္းကိုင္လိုက္တာပါ”
ဟယ္..အေမက သမီးထင္လို႔ စကားေတြေလာေလာနဲ႔ေျပာလိုက္မိတာပါ အားနာလိုက္တာသားရယ္တဲ့..ၾကည့္စမ္းး ကၽြန္ေတာ္ကို ေယာက္ခမလုပ္သူက အားနာလို႔တဲ့ေလ သူ႔သမီးရဲ့ရွာစာမရွိေတာ့ သူေျပာတဲ့စကားအတြက္ ကၽြန္ေတာ့္ကိုအားနာသြားမွာေပါ့ကၽြန္ေတာ္ခ်က္ခ်င္းဘဲ စကားျပန္ေျပာလိုက္ပါတယ္
ဟာ မဟုတ္တာဘဲအေမရယ္ ကၽြန္ေတာ့္ကိုဘာအားနာစရာရွိလို႔လဲ အေမတို႔အခတ္အခဲကိုကၽြန္ေတာ္လဲအခုလိုသိမွျဖစ္မွာေပါ့ ဘာမွစိတ္မပူနဲ႔ေနာ္ ကၽြန္ေတာ္အေမ့သမီးနဲ႔တိုင္ပင္ၿပီး အေမတို႔အခတ္အခဲကိုအဆင္ေျပေအာင္လုပ္မွာပါ မပူနဲ႔ေတာ့ေနာ္
ကၽြန္ေတာ့္ရဲ့စကားေၾကာင့္ တစ္ဖတ္ကဖုန္းသံထဲမွာ တရႈံ႔ရႈံ႔နဲ႔ငိုေနသံကိုၾကားေနရတယ္ကၽြန္ေတာ္မၾကားရက္လို႔ ဖုန္းကိုျပန္ခ်လိုက္ၿပီး အေနာက္ကိုလွည့္လိုက္ေတာ့ ေၾသာ္ မိန္းမလုပ္သူက ကၽြန္ေတာ့္အေနာက္နားမွာေရာက္ေနတာကိုးဖုန္းေျပာေနတဲ့အသံေတြကိုသူၾကားသြားၿပီပဲမ်က္ရည္ေတြရစ္ဝဲေနတဲ့ မိန္းမရဲ့မ်က္ႏွာကိုၾကည့္ၿပီး ကၽြန္ေတာ္သူ႔ကိုျပဳံးျပလိုက္ပါတယ္
အဲ့ဒီ့ေနာက္ သူ႔အနားကထြက္လာခဲ့ၿပီး ကၽြန္ေတာ္သတိထားလိုက္မိတာကကၽြန္ေတာ့္မိန္းမဟာ သူ႔မိဘကိုေကၽြးခ်င္ေပးခ်င္တာေလးေတြရွိခဲ့ေပမယ့္ တစ္ခ်ိန္လုံးကၽြန္ေတာ့္မ်က္ႏွာကိုၾကည့္ၿပီး လင္မယားခ်င္းေတာင္ ေျပာရမွာအားနာေနခဲ့တာေတြရွိလိမ့္မယ္ဆိုတာပါပဲ။
ဒီလိုမ်ိဳးအျဖစ္ေတြ သူခံစားခဲ့ရတာ ဘယ္ေလာက္ေတာင္မ်ားေနခဲ့မလဲလို႔ေတြးမိေတာ့ကၽြန္ေတာ့္စိတ္ထဲလုံး၀မေကာင္းခဲ့ဘူး။ကၽြန္ေတာ္ဟာ ကိုယ့္မိဘတစ္ဘက္တည္းကိုပဲ ဂ႐ုစိုက္မိခဲ့တာမဟုတ္လား။တကယ္ဆိုရင္ သူ႔မိဘဘက္ကိုလဲ ကၽြန္ေတာ္ဂ႐ုစိုက္မိခဲ့ရမွာေပါ့၊
ေအးအတူပူအမၽွဆိုတဲ့သေဘာတရားမွာ သူ႔မိဘအတြက္ေတာ့ သူ႔ကိုပူပင္ေစခဲ့ၿပီးကိုယ့္မိဘအတြက္ေတာ့ ကိုယ္ကေအးျမေစခဲ့တယ္မဟုတ္လားကၽြန္ေတာ့္မိန္းမကိုကၽြန္ေတာ္ခ်စ္တယ္ဆိုတာ ဘာလဲလို႔ကိုယ့္ကိုယ္ကို အႀကိမ္ႀကိမ္ျပန္ေမးေနမိခဲ့တယ္။
အဲဒါေၾကာင့္ ကၽြန္ေတာ္ေျပာခ်င္တာကေတာ့ေလ
အိမ္ေထာင္တစ္ခုမွာ ဇနီးမယားဆိုတာေငြေၾကးဥစၥာနဲ႔အတူ အျခားကိစၥေတြမွာ ကၽြန္ေတာ္တို႔ေယာကၤ်ားေတြသတိမျပဳမိတဲ့ အခြင့္အေရးေတာ္ေတာ္မ်ားမ်ားဆုံးရႈံးေနခဲ့ရတာေတြ အမ်ားႀကီးရွိလိမ့္မယ္ဆိုတာပါပဲ။
တကယ္ေတာ့ ေဘးစကားေတြဟာအလကားပါဗ်ာ
ကိုယ့္ရဲ့အိမ္ေထာင္ေရးဟာ ကိုယ္တိုင္အသိဆုံးျဖစ္ရင္ကိုယ္တိုင္ကပဲ အေကာင္းဆုံးေတြးေခၚနိုင္ၿပီး အေကာင္းဆုံးသာယာခ်မ္းေျမ့မူကိုတည္ေဆာက္နိုင္ၾကမွာပါ။
ေလာက၌ ရွိရွိၾကသမၽွကုန္ေသာ မိသားစုအားလုံး သာယာခ်မ္းေျမ့နိုင္ၾကပါေစ…Credit – မူရင္းေရးသားသူ
တစ်ချို့ကပြောတယ်…မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာပြန်တောင်းဖို့အရမ်းခက်တယ်တဲ့..အကုန်မပေးပဲကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲသုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်။
ကျွန်တော် နေမကောင်းဖြစ်ချိန်နေ့ရက်များစွာဝင်ငွေမရှိလို့ဆေးခန်းပြဖို့ဝေလာဝေးဆန်ဝယ်ဖို့တောင်ငွေမရှိတအခါကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ်။
မိန်းမှာစုထားတာရှိတယ်ပြောပြီးကျွန်တော့်နဖူးကိုအသာစမ်းလို့ဆေးခန်းသွားမယ်ဆန်ဝယ်မယ်ဘာမှစိတ်မပူနဲ့တဲ့..ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့်ကျွန်တော့်အပြုအမူတွေကိုပြန်သတိရတော့ရင်ထဲမှာဆို့နင့်သွားခဲ့ရဖူးတယ်။
တစ်ချို့ကပြောတယ်…မိန်းမဆိုတာ ကိုယ့်အပေါ် မီးသေနေရမယ်တဲ့ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုး ဖြစ်ရမယ်ဆိုလို့…ဟိုအရင်တစ်ခါက အလုပ်ကအပြန်သူ့ကိုအိမ်မှာမတွေ့တော့စိတ်တိုပြီးစကားများကြရတဲ့အခါသူ့ကိုလက်နဲ့ ရွယ်လိုက်မိတာ သိပ်ကိုမှားသွားတယ်
ကျွန်တော့လက်ကိုသေချာကြည့်ပြီး သူဟာလေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။အခုရွယ်လိုက်တဲ့လက်အတွက်..လက်စွပ်လေးသူသွားလုပ်တာတဲ့။အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီးရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်။
တစ်ချို့ကပြောတယ်ကိုယ့်မိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ကိုယ့်မိဘကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုန်းက ကျွန်တော့်မိဘအတွက်ကိုပဲ အမြဲတမ်းဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်ကျွန်တော့အတွက်တော့ သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ်။
ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာ
မိန်းမကပြောတယ်
အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံနဲနဲလောက်မပိုဘူးလားတဲ့..ဟာ မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့
မျက်နှာနဲနဲညိုးပြီးဘာမှမဟုတ်တော့ပါဘူးယောင်္ကျားရယ်တဲ့ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမရဲ့ဖုန်းဆီကို ဖုန်းဝင်လာတော့မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့ ကျွန်တော်ကောက်ကိုင်လိုက်တယ်။
ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ်
သမီးလား..အမေအခုအရေးကြီးနေလို့ သမီးဆီကို ထက်ပြီးဖုန်းခေါ်လိုက်ရတာ သမီးဆီကနေ အမေပိုက်ဆံပြောထားတာအဆင်ပြေနိုင်လားသမီးလေး ဒီမှာသမီးအဖေကလဲတော်တော်လေးနေမကောင်းဖြစ်နေတယ်
ဒီနှစ်ကမိုးအရမ်းရွာလို့ သီးနှံတွေလဲရေနစ်တော့ အမေတို့ဆီမှာတော်တော်လေးအခတ်အခဲဖြစ်နေတယ်သမီးရယ်..သမီးမှာအဆင်ပြေရင် အမေ့ကိုပိုက်ဆံနဲနဲလောက်ကူပါအုံးနော်တဲ့…
နားထဲကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ဟာ ဆွံ့အသွားမိတယ်..တဖတ်က ဆက်ပြောတယ် ဟယ်လို ဟယ်လို သမီးလေး အမေပြောတာကြားလားတဲ့ ” အော် အမေ့သမီးမဟုတ်ပါဘူးအမေ ကျွန်တော်ပါ အမေ့သမီးက နောက်ဖေးသွားနေလို့ ကျွန်တော်ဖုန်းကိုင်လိုက်တာပါ”
ဟယ်..အမေက သမီးထင်လို့ စကားတွေလောလောနဲ့ပြောလိုက်မိတာပါ အားနာလိုက်တာသားရယ်တဲ့..ကြည့်စမ်းး ကျွန်တော်ကို ယောက်ခမလုပ်သူက အားနာလို့တဲ့လေ သူ့သမီးရဲ့ရှာစာမရှိတော့ သူပြောတဲ့စကားအတွက် ကျွန်တော့်ကိုအားနာသွားမှာပေါ့ကျွန်တော်ချက်ချင်းဘဲ စကားပြန်ပြောလိုက်ပါတယ်
ဟာ မဟုတ်တာဘဲအမေရယ် ကျွန်တော့်ကိုဘာအားနာစရာရှိလို့လဲ အမေတို့အခတ်အခဲကိုကျွန်တော်လဲအခုလိုသိမှဖြစ်မှာပေါ့ ဘာမှစိတ်မပူနဲ့နော် ကျွန်တော်အမေ့သမီးနဲ့တိုင်ပင်ပြီး အမေတို့အခတ်အခဲကိုအဆင်ပြေအောင်လုပ်မှာပါ မပူနဲ့တော့နော်
ကျွန်တော့်ရဲ့စကားကြောင့် တစ်ဖတ်ကဖုန်းသံထဲမှာ တရှုံ့ရှုံ့နဲ့ငိုနေသံကိုကြားနေရတယ်ကျွန်တော်မကြားရက်လို့ ဖုန်းကိုပြန်ချလိုက်ပြီး အနောက်ကိုလှည့်လိုက်တော့ သြော် မိန်းမလုပ်သူက ကျွန်တော့်အနောက်နားမှာရောက်နေတာကိုးဖုန်းပြောနေတဲ့အသံတွေကိုသူကြားသွားပြီပဲမျက်ရည်တွေရစ်ဝဲနေတဲ့ မိန်းမရဲ့မျက်နှာကိုကြည့်ပြီး ကျွန်တော်သူ့ကိုပြုံးပြလိုက်ပါတယ်
အဲ့ဒီ့နောက် သူ့အနားကထွက်လာခဲ့ပြီး ကျွန်တော်သတိထားလိုက်မိတာကကျွန်တော့်မိန်းမဟာ သူ့မိဘကိုကျွေးချင်ပေးချင်တာလေးတွေရှိခဲ့ပေမယ့် တစ်ချိန်လုံးကျွန်တော့်မျက်နှာကိုကြည့်ပြီး လင်မယားချင်းတောင် ပြောရမှာအားနာနေခဲ့တာတွေရှိလိမ့်မယ်ဆိုတာပါပဲ။
ဒီလိုမျိုးအဖြစ်တွေ သူခံစားခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့မလဲလို့တွေးမိတော့ကျွန်တော့်စိတ်ထဲလုံးဝမကောင်းခဲ့ဘူး။ကျွန်တော်ဟာ ကိုယ့်မိဘတစ်ဘက်တည်းကိုပဲ ဂရုစိုက်မိခဲ့တာမဟုတ်လား။တကယ်ဆိုရင် သူ့မိဘဘက်ကိုလဲ ကျွန်တော်ဂရုစိုက်မိခဲ့ရမှာပေါ့၊
အေးအတူပူအမျှဆိုတဲ့သဘောတရားမှာ သူ့မိဘအတွက်တော့ သူ့ကိုပူပင်စေခဲ့ပြီးကိုယ့်မိဘအတွက်တော့ ကိုယ်ကအေးမြစေခဲ့တယ်မဟုတ်လားကျွန်တော့်မိန်းမကိုကျွန်တော်ချစ်တယ်ဆိုတာ ဘာလဲလို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်မေးနေမိခဲ့တယ်။
အဲဒါကြောင့် ကျွန်တော်ပြောချင်တာကတော့လေ
အိမ်ထောင်တစ်ခုမှာ ဇနီးမယားဆိုတာငွေကြေးဥစ္စာနဲ့အတူ အခြားကိစ္စတွေမှာ ကျွန်တော်တို့ယောင်္ကျားတွေသတိမပြုမိတဲ့ အခွင့်အရေးတော်တော်များများဆုံးရှုံးနေခဲ့ရတာတွေ အများကြီးရှိလိမ့်မယ်ဆိုတာပါပဲ။
တကယ်တော့ ဘေးစကားတွေဟာအလကားပါဗျာ
ကိုယ့်ရဲ့အိမ်ထောင်ရေးဟာ ကိုယ်တိုင်အသိဆုံးဖြစ်ရင်ကိုယ်တိုင်ကပဲ အကောင်းဆုံးတွေးခေါ်နိုင်ပြီး အကောင်းဆုံးသာယာချမ်းမြေ့မူကိုတည်ဆောက်နိုင်ကြမှာပါ။
လောက၌ ရှိရှိကြသမျှကုန်သော မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ…Credit – မူရင်းရေးသားသူ
Leave a Reply